အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်အမျိုးသားကောင်စီ
မေ ၁၈၊ ၂၀၀၉။

 မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်
                                                                                     မေလ ၁၈ ရက်၊၂၀၀၉

၁။ လက်နက်ကိုင်ငြိမ်းချမ်းရေး အမျိုးသားတပ်ဖွဲ့ဝင်များကို စစ်အာဏာရှင်၏ တပ်မတော်လက်အောက် မှာထားပြီး နယ်စပ်စောင့်တပ်အသွင်သို့ ကူးပြောင်းပစ်ရန် ယနေ့စစ်အာဏာရှင်တို့သည် ကြိုးပမ်းဆောင်ရွက်နေသည်ကို လေ့လာ တွေ့ရသည်။ ဤလုပ်ရပ်သည် တိုင်းပြည်ကို လက်ခုပ်ထဲက ရေကဲ့သို့ သွန်ချသလိုသွန် မှောက်ချင်သလိုမှောက် မိမိ စိတ်ကြိုက် ပြုလုပ်နိုင်ရေးအတွက် စစ်အာဏာရှင်တို့က ကြိုးပမ်းခြင်း ဖြစ်သည်။ အာဏာရှင်တို့၏ စိုးမိုးမှုအောက်နေရ တဲ့ ပြည်သူလူထု၏ ကျွန်သပေါက်ဘဝသက်တန်း ရှည်သွားရေးအတွက် ကြိုးပမ်းချက်သာဖြစ်သည်။

အနာဂတ်တိုင်းပြည်အတွက် အလွန်ရင်လေးဘွယ် ကောင်းပြီး အလွန်အန္တရာယ်များသောလုပ်ရပ် ဖြစ်သည်ကို မွန် အမျိုးသားကောင်စီမှ ရှူမြင်သုံးသပ်မိသည်။

၂။ ယနေ့စစ်အာဏာရှင်တို့၏ လုပ်ဆောင်ချက်သည်အရာရာကို ငွေကြေးနှင့်ဝယ်ယူ၍ရသည်ဟူသော (Money can buy everything) အမြင်ဖြင့် ရဲဘော်တို့၏ မြင့်မြတ်သော အမျိုးသားစိတ်၊ အမျိုးသားယုံ ကြည်ချက်နှင့် အမျိုးသားလွတ်လပ် မှု မျှော်မှန်းချက် မှန်းသမျှတို့ကို ငွေကြေးပေးပြီးဝယ်ယူဖျက်ဆီး ပစ်ရန် စစ်အာဏာရှင်တို့က ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်သည်

၃။ ရဲဘော်တို့အား တိုင်းပြည်ကိုချစ်မြတ်နိုးသော ပြည်သူ့ဘက်တော်သားဘဝမှ တိုင်းပြည်ကို ဖျက်ဆီးသော ပြည်သူ့ အမုန်းခံဘဝသို့ ကူးပြောင်းပစ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ပြည်သူချစ်မြတ်နိုးသော ရဲဘော်တို့ကို ပြည်သူလူထု အလွန်အော့နှလုံးနာရွံရှာမုန်းတီးသော စစ်အာဏာရှင်တို့နှင့် တတန်းတစား တည်းဖြစ်သွားရန် ကြိုးပမ်းခြင်းဖြစ်သည်။ ပြည်သူလူထု၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် နေသောရဲဘော်တို့ဘဝကို ငွေကြေးဖြင့် ဖျက်ဆီးပစ်ပြီး ပြည်သူလူထု၏ ရန်သူဘဝအဖြစ်သို့ အသွင် ပြောင်းလဲပစ်နိုင်ရန် စစ်အာဏာရှင်တို့ ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။

၎။ ပြည်သူလူထုနှင့် လက်နက်ကိုင် ငြိမ်းချမ်းရေးတပ်ဖွဲ့တို့၏ စည်းလုံးညီညွတ်မှုကို ချေဖျက်ပစ်ရန်နှင့် ပြည်သူလူထုနှင့် ငြိမ်းချမ်းရေးရဲဘော်တို့အား အချင်းချင်းရန်သူအသွင်ကဲ့သို့ တိုက်ခိုက်ကြရန် အိုးမဲ သုတ်လိမ်းရန် ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်သည်။ မျက်နှာအိုးမဲသုတ်လိမ်းပြီး မိမိတို့အမျိုးသား အချင်းချင်း သတ်ခိုင်းတဲ့ထုတ်မာသော စီမံချက်ဖြစ် သည်။ ဥပမာရန်သူစစ်အာဏာရှင်ဘက်သို့ ဦးတည်နေသော မွန်အမျိုးသား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တပ်သား ရဲဘော် တို့၏သေနတ်ပြောင်းဝသည် မွန်ပြည်သူလူထု ကရင်ပြည်သူလူထုဘက်သို့ ဦးတည် လှည့်သွား ရပေမည်။ ကချင်လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော်တပ်သားတို့၏ သေနပ်နှင့် ကျည်ဆံသည် ကချင် ပြည်သူလူထုကို ပစ်သတ်ရမဲ့သေနပ်နဲ့ ကျည်ဆံဖြစ်လာပေမည်။ မိမိတို့အမျိုးသားမှ ပေးကမ်းထောက်ပံ့ငွေဖြင့် ဝယ်ယူ ထားသော သေနပ်တို့ဖြင့် မိမိအမျိုးသားကိုပင် ပြန်လည်သတ်ရသော သေနပ်ဖြစ်သွားပေမည်။

၅။ ဗမာစစ်ဗိုလ်ချူပ်တို့၏ လက်အောက်ရောက်သွားသည်နဲ့ တပြိုင်နက် ရဲဘော်တို့သည် မိမိအား တာဝန်ပေးစောင့် ရှောက်သော နယ်ဒေသအတွင်းရှိ လုပ်ရှားနေသော ဒီမိုကရေစီအင်အားစုများနှင့် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင် တော်လှန်နေကြသော တိုင်းချစ်ပြည်ချစ် မျိုးချစ် လူငယ်ကျောင်းသားအားလုံးတို့ကို လိုက်လံသုတ်သင်ရှင်းလင်းပေးရတော့မည်။ ဥပမာမွန်နှင့် ကရင် ဒေသတွင် တော်လှန်လှုပ်ရှားနေသော မွန်မျိုးချစ်အင်အားစု ကရင်မျိုးချစ် အင်အားစု မှန်သမျှ တို့ကို မွန်နယ်ခြားစောင့်တပ် ကရင်နယ်ခြားစောင့်တပ်တို့ကပင် တစ်ယောက်မကျန်အောင် လိုက် လံချေမှုန်း သုတ်သင်ရတော့မည်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သော အကြံစည်ဖြစ်သည်။ စစ်အာဏာရှင်တို့ အာဏာ တည်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ပေးရသော ကြေးစားတပ်သားဘဝသို့ ပြောင်းလဲသွားရတော့မည်။ တနည်း အားဖြင့် ခပ်ရိုင်းရိုင်း ပုံနှိုင်းပြောရလျှင် ရဲဘော်တို့ကို ကောက်ရိုးပုံစောင့်သော ခွေးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ချက် ဖြစ်သည်။

၆။ ရဲဘော်တို့အား ပေးကမ်းထောက်ပံ့မည့်ငွေသည် ဗလာစက္ကူစုတ်မှ ရိုက်နှိပ်သော ငွေစက္ကူ အလိမ်သာဖြစ်သည်။ အာမခံရွှေမရှိပါ။ အကန့်အသတ်မရှိစည်းမဲ့ကမ်းမဲ့ ရိုက်နှိပ်ထုတ်နေသော စက္ကူစုတ်သာ ဖြစ်သည်။ ဤသို့စည်းမဲ့ကမ်းမဲ့ ရိုက်နှိပ်ထုတ်ဝေမှုကြောင့် ဖေါင်းဖွပြီး တန်ဘိုးမဲ့ ဖြစ်လာသည်။ ကုန်ဈေးနှုန်း အဆမတန်ကြီးမားလာသည်။ နောက်ဆုံး တွင် စစ်အာဏာရှင်တို့၏ ဗရမ်းဗတာ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်အတွက် ခါးစီးခံပေးဆပ်ရသည့်သူမှာ မိဘပြည်သူများနှင့် ရဲဘော်တို့၏မိသားစုများပင်ဖြစ်သည်။ ဖွတ်မြီးဖြင့် ဖွတ်ကိုယ်ကို ချည်နှောင်ရန်အကြံအစည် ဖြစ်သည်။

၇။ နိုင်ငံရေးအတွေ့ကြုံ တော်လှန်ရေးအတွေ့ကြုံ ရင့်ကျက်နေသော ရဲဘော်တို့ကို ငွေကြေးဖြင့် ဝယ်ယူပြီး ဖျက်ဆီးပစ် ရန် ကြိုးပမ်းခြင်းဖြစ်သည်။ ရဲဘော်တို့ကဲသို့ နိုင်ငံရေးအတွေ့အကြုံ တော်လှန်ရေး အတွေ့အကြုံရှိလာနိုင်သည့် အမျိုးသားတော်လှန်ရေးအင်အားသစ်တစ်ရပ် ပေါ်ထုတ်ရန်အတွက် မလွယ်ကူလှပါ၊ နှစ်ပေါင်း (၁၀) စုပေါင်းများစွာ အချိန်ယူပြုစုပြိုးထောင်ရသည်။ ဤအချက်ကို စစ်အာဏာရှင်တို့ ကောင်းမွန်စွာသိသည်။ ဒါကြောင့် အမျိုးသား တော်လှန်ရေး အင်အားစုအားလုံးကို ဤသို့ငွေကြေးဖြင့် ဝယ်ယူပြီး အမြစ်ဖြတ်သုတ်သင် ရှင်းလင်းရန် ကြိုးပမ်းလာခြင်း ပင်ဖြစ်သည်။ ကျည်ဆံဖြင့် ချေမှုန်းလို့မရသော ရဲဘော်တို့၏ မျိုးချစ်စိတ်ဓါတ်နှင့် အမျိုးသား လွတ်မြောက်ရေး တော်လှန်မှုကို ငွေကြေးဖြင့် သုတ်သင် ချေမှုန်းပစ်ရန်ကြိုးပမ်နေခြင်း ဖြစ်သည်။

၈။ စစ်အာဏာရှင်တို့၏ ကောက်ကျစ်သောအကြံစည်မှာ ငြိမ်းချမ်းရေးတပ်ဖွဲ့များမှ ပါတီခေါင်းဆောင်နဲ့ အဖွဲ့ဝင်သာမန် ရဲဘော်တပ်သားတို့ကို ခွဲခြားပြီး စည်းရုံးသိမ်းသွင်းသည့် ပုံစံဖြစ်သည်။ ပါတီအထက်ပိုင်း ခေါင်းဆောင်များကို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ရန် စည်းရုံးသိမ်းသွင်းသွားမည်။ သို့မဟုတ် ရာထူးရာခံ အမျိုးမျိုးဖြင့်ပေးပြီး ထိမ်း သိမ်းထားမည်။ ရဲဘော်တပ်သားအဖွဲ့ဝင်တို့ကို ငွေကြေးဖြင့် ပေးဝယ်ပြီး ထိန်းချုပ်ထားမည် ဖြစ်သည်။ ရဲဘော်တို့၏ အမျိုးသားစိတ်ဓါတ်နဲ့ အမျိုးသား ယုံကြည်ချက်ကို ရာထူးနှင့် ငွေကြေးတို့ဖြင့် ချေဖျက်ပစ်မည် ဖြစ်သည်။

၉။ ၂၀၁၀-ခုနှစ်ရွေးကောက်ပွဲသည် စစ်အာဏာရှင်တို့၏ သေရေးရှင်ရေး ကံကြမ္မာကို အဆုံးဖြတ် ပေးမဲ့ အချိန်အခါ ဖြစ်သည်။ ပြည်သူလူထုတို့၏ အပြင်းထန်ဆုံး ပေါက်ကွဲအုံကြွမှု ကြီးဖြစ်လာနိုင်တယ်။ ရဲဘော်တို့သည် ပြည်သူဘက်မှာ ရပ်တည်မလား သို့တည်းမဟုတ် စစ်အာဏာရှင်ဘက်မှာ ရပ်တည် မလားဆိုတာ ရဲဘော်တို့ဆုံးဖြတ်ရမည် ဖြစ်သည်။ စစ်အာဏာရှင်တို့၏ သက်တန်းသည် လက်ချိုး ရေတွက်၍ ရနေပြီးဖြစ်သည်။ ယိမ်းယိုင်ပြိုလဲတော့မည့် စစ်အာဏာရှင် အဆောက်အဦးပျက်ကို ကျားကန်ထောက်ကူပေးသော ထောက်တိုင်မဖြစ်ကြဘို့ အထူးသတိပေးနှိုးဆော်လိုပါသည်။

၁၀။ ပြည်တွင်းပြည်သူလူထုအုံကြွမှုနှင့် နိုင်ငံတကာဖိအားပေးမှုတို့ကို စစ်အာဏာရှင်တို့အဘို့ အကြောက်ရွံ့ဆုံး ဖြစ် သည်။ စစ်အာဏာရှင်ကို အချိန်မရေးဖြုတ်ချနိုင်သော အင်အားစုများ ဖြစ်သည်။ ဤသို့ပြည်တွင်း ပြည်သူလူထု အုံကြွမှုနှင့် နိုင်ငံတကာ ဖိအားဖြစ်လာနိုင်ရန်မှာ တောတွင်းလက်နက် ကိုင် အင်အားစုတို့အပေါ်၌ များစွာ မူတည်နေပေ သည်။ အကယ်၍ ရဲဘော်တို့ မျိုးချစ်လက်နက်ကိုင် တပ်ဖွဲ့တွေ စစ်အာဏာရှင်လက်အောက် ကျရောက်သွားပါက တိုင်းပြည်၏ကံကြမ္မာသည် မစဉ်းစားဝံ့ လောက်အောင် မိုးမှောင်ကျသွားမည်ဖြစ်သည်။ အာဏာရှင်လက်အောက် ကျွန်သပေါက်ဘဝ သက်တန်း ရှည်သွားမည် ဖြစ်သည်။ တိုင်းပြည်ရှိ ပြည်သူလူထုသည်လည်း ရေနည်းငါးကဲ့သို့ အားကိုးရာမဲ့ ဖြစ်သွားမည်။ ထိုအခါ ပြည်တွင်းပြည်သူလူထု အုံကြွမှုဆိုတာလည်း ဖြစ်လာနိုင်မည် မဟုတ်တော့ပေ။ နိုင်ငံတကာ ဖိအားသည်လည်း မည်သို့မျှမျှော်မှန်း၍ ရနိုင်တော့မည်မဟုတ် ပေ။ လေးလေးနက်နက်စဉ်းစားပြီး ဆုံးဖြတ်ကြရန်သတိပေးလိုပါသည်။ စစ်အာဏာရှင်တို့ အားဖြုတ် ချနိုင်ရေးအတွက်ပြည်တွင်းဒီမိုကရေစီတိုက်ပွဲအသွင် လက်နက်ကိုင်တိုက်ပွဲအသွင်နှင့် နိုင်ငံတကာ သံသမန်ရေးရာ တိုက်ပွဲအသွင်တည်းဟူသော တိုက်ပွဲအသွင် (၃) ရပ်တို့ ပေါင်းစပ်တိုက်ပွဲဝင် သွားရေးသည် အလွန်အရေးကြီးပေသည်။

၁၁။ ဤသို့စစ်အာဏာရှင်တို့၏ ငွေကြေးပေးရာထူးဖြင့် လှည့်စားစည်းရုံး သိမ်းသွင်းမှုကို လုံးဝလက်မခံ  ပြတ်ပြတ် သားသား ငြင်းဆန်သော မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်ကို မွန်အမျိုးသားကောင်စီမှ လှိုက်လှိုက်လှဲလှဲ ကြိုဆို ထောက်ခံသည်။

၁၂။ ရဲဘော်တို့၏ မြင့်မြတ်သော အမျိုးသားဂုဏ်နှင့် အမျိုးသားရည်မှန်းချက် ယုံကြည်ချက်တို့ကို ငွေကြေးဖြင့် မရောင်း စားပစ်ရန် တိုက်တွန်းလိုသည်။ သမိုင်းအမှား တစ်ရပ်ကို မကျူးလွန်မိကြပါရန် တိုက်တွန်းလိုပါသည်။ ပြည်သူအတွက် အသက်စွန့်သွားသော ရဟန်းသံဃာတို့၏ မျက်နှာကို ထောက်ထားပါ။ (၈) လေးလုံးအရေးတော်ပုံတွင် ကျဆုံးသွား သော မိဘပြည်သူ ကျောင်းသားလူငယ် တို့၏ မျက်နှာကို ထောက်ထားပါ။ ဒီမိုကရေစီအတွက် အသက်ပေးလှူသွား ရရှာသော ရဲဘော်တပ်သား များ၏ မျက်နှာကို ပြေးမြင်ကြပါ။ ဒီမိုကရေစီအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး နှစ်ရှည် လများ ထောင်ထဲမှာ ဆင်းရဲ ပင်ပမ်းကြီးစွာ နေထိုင်နေရသော ရဲဘော်တို့၏ မျက်နှာကို ပြန်လည်ထောက် ထားပါ။ နောက်ဆုံးပြောကြားလိုသည်မှာ စစ်အာဏာရှင်တို့၏ ကောက်ကျစ်စင်းလဲ ယုက်မာသော ဤအကြံစည် လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြ၊ တော်လှန်ပစ်ကြ၊ မွန်အမျိုးသားကောင်စီမှ လေးလေးနက်နက်တိုက်တွန်း နှိုးဆော် လိုက်ပါသည်။

စစ်အာဏာရှင်၏ ကောက်ကျစ်စင်းလဲသောမြေခွေးအကြံကို ဝိုင်းဝန်းတွန်းလှန်ကြ

သဘာဝတိအဖွဲ့
မွန်အမျိုးသားကောင်စီ
ကဆုန်လဆုတ်-၁၀-ရက်  ၁၃၇၁-ခုနှစ်
18 May 2009
မိတ္တူများကို အောက်ပါအဖွဲ့ စည်းများသို့ ပေးပို့သည်။
၁။   မွန်ပြည်သစ်ပါတီ
၂ ။  မဒတအဖွဲ့နှင့် တိုင်းရင်းသားအမျိုးသားကောင်စီ (ENC)
၃ ။  လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များ။

မွန်အမျိုးသားကောင်စီ

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views