အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ

မင်းချမ်း
မေ ၁၃၊ ၂၀၀၉။

-မကြာသေးမီက မြဝတီနယ်စပ်ကတဆင့် မဲဆောက်မြို့ကို အလွန်ရင်းနှီးကြတဲ့ မွန်ပြည်သစ်ပါတီ အလယ်အလတ် ခေါင်းဆောင်အဆင့် ရှိကြတဲ့ မိတ်ဆွေတွေရောက်လာလို့ စကားဝိုင်းဖွဲ့ ပြောဆိုဖြစ်ခဲ့ပါတယ်။

အဓိကပြောဖြစ်ခဲ့တာတွေကတော့ ပြီးခဲ့တဲ့လက မော်လမြိုင်မြို့ဝင် ဂိတ်အနီး နေ့ခင်းကြောင်တောင်ကြီး မော်တော်ကား၊ ဆိုင်ကယ်မပြတ် သွားလာနေကြတဲ့ အဝေးပြေးကားလမ်းမကြီးပေါ်မှာ သေနတ်နဲ့လုပ်ကြံခံလိုက်ရတဲ့ မွန်ပြည်သစ်ပါတီ အဖွဲ့ အလတ်ပိုင်း လူငယ်ခေါင်းဆောင် Dr-မင်းနောင် (ခေါ်) ကိုအိုင်းရွတ်ရဲ့ ဝမ်းနည်းစရာဖြစ်ရပ်နဲ့ မြို့နယ်ကော်မတီဝင် နိုင်ရာဇာ ကိုလည်း ထပ်မံလုပ်ကြံရာမှာ မအောင်မြင်ခဲ့တဲ့ ဖြစ်ရပ်များ နဲ့အတူ အင်မတန် ကျောချမ်းစရာကောင်းတဲ့ ရှေ့အလားအလာများ မတွေးဝန့်စရာတွေ အများကြီး ဖြစ်လာပါတော့တယ်။

အုပ်စုတစ်စုက မွန်ခွဲထွက်အမည်ခံကာ နအဖစစ်အုပ်စုရဲ့ ထောက်ခံအားပေးမှုကို ရရှိထားကြပြီး မြို့တွေ၊ ရွာတွေမှာ သေနတ်ကိုင်ခွင့် တရားဝင်လိုင်စင် ရရှိထားသလို ဖြစ်နေတဲ့လူတစ်စုက လုပ်ကြံခဲ့ကြတာပါ။ မော်လမြိုင်မြို့ပေါ်မှာ ရုံးတစ်ရုံးလို ဖွင့်လှစ်ထားပါသတဲ့။ ဘယ်သူဘယ်ဝါ၊ အမူအကျင့် ဘယ်လိုပုံစံရှိတယ်ဆိုတာကိုလည်း ယခုရှင်းရှင်း လင်းလင်း သိရပါတယ်။ မူလဇာတိ ကျေးရွာက မိမိရွာနဲ့ နီးစပ်နေကြလို့ သိပ်မစိမ်းကြပါဘူး၊ အကြောင်းသိတွေပါပဲ။

Dr-မင်းနောင်ကို လုပ်ကြံခဲ့သူအချို့ကိုလည်း နောက်ရက်ပိုင်းအတွင်းမှာပဲ စားသောက်ဆိုင် တစ်ဆိုင်မှာ မူးယစ်သောက် စားနေကြတုံး မော်လမြိုင်ခရိုင်ရဲ (၈၀) ကျော်ခန့်နဲ့ ဝိုင်းရံပြီး ဖမ်းဆီးလိုက်ပါတယ်။ စစ်တပ်တို့၊ စရဖတို့ တစ်ယောက်မှ မပါပါဘူးလို့ ဆိုပါတယ်။ အဲဒီအုပ်စုဟာ ကားတစ်စီးနဲ့ မြို့ပေါ်တစ်နေရာမှာ သေနတ်ဖေါက်ခဲ့လို့ ကျန်ရှိကျည်ခွံကို ရဲတို့ သိမ်းဆီးရမိပြီး Dr-မင်းနောင် သေဆုံးနေတဲ့ အလောင်းအနီးက ကျန်ရှိနေတဲ့ ကျည်ခွံတို့နဲ့ အသေအချာ တိုက်ဆိုင် စစ်ဆေးလိုက်တော့ ကျည်ရိုက်တံ ရိုက်ချက်တွေပါ တစ်ထပ်တည်းဖြစ်နေပြီး အဲဒီလူတွေကို ဖမ်းဆီး စစ်ဆေးရာမှာ လည်း ဟုတ်မှန်ကြောင်း ဖြောက်ချက်ပေးခဲ့တယ်လို့ ရဲအရာရှိတစ်ယောက်က မွန်ပြည်သစ် အရာရှိတွေကို ရှင်းပြခဲ့ ပါတယ်လို့ ဆိုပါတယ်။

Dr-မင်းနောင်ကို လုပ်ကြံခဲ့ပုံက ဒီလိုပါ၊ အဲဒီနေ့မှာ မိုးရာသီအတွက် ဆန်ရိက္ခာတွေ ဝယ်ယူဖို့ မော်လမြိုင်မှာ ငွေ (၁၈၀) သိန်းထုတ်လာခဲ့ပါတယ်။ သာမန်သွားလာနေကြ လမ်းကြောင်းအတိုင်း ပြန်လာစဉ် မော်လမြိုင်ဈေးကြို ကားဝင်းရှေ့ Dr-မင်းနောင် ဆိုင်ကယ်နဲ့ဖြတ်သွားတာကို ဘီယာဆိုင်တစ်ဆိုင်ကနေ ဒီလူသတ်သမားတွေ လှမ်းမြင်လိုက်ပါတယ်။ တစ်ခါတည်း သူတို့ရဲ့ လိုင်စင်မဲ့ ဆာပ်(SURF)ကားတစ်စီးနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှေ့က ရခိုင်ကုန်းဈေးမှာ လက်ထိပ်တစ်စုံ ဝယ်လိုက်ပါတယ်။ သဘောက နိုင်မင်းနောင်ကို တစ်နေရာကို ဖမ်းဆီးချုပ်နှောင်သွားဖို့ပါ။ အဲဒီ ရခိုင် ကုန်းဈေးဆိုတာကလည်း သေနတ်၊ ကျည်ဆံ၊ လက်ပစ်ဗုံးတွေကလွဲယင် စစ်ပစ္စည်း အမျိုးမျိုး ရနိုင်ပါတယ်။ အဲဒီကနေ တစ်ဆင့် ဆက်လက်နောက်ယောင်ခံ လိုက်လာပြီး စစ်ဆေးရေးဂိတ်ကိုဖြတ်(သူတို့ အစစ်အဆေးခံစရာ မလိုတဲ့အဖွဲ့)ပြီး (၃) မိနစ်ခန့် အကြာမှာ မော်လမြိုင်မြို့နယ်- မုဒုံမြို့နယ် ဆိုင်းဘုတ်ကျော်တာနဲ့ သာယာကုန်းရွာအစပ်မှာ လုပ်ကြံလိုက် တာပါ။ နိုင်မင်းနောင်တို့ ကမာဝက်ရွာ ကားတစ်စီးကလည်း ဒီအဖြစ်အပျက်ကို လှမ်းမြင်လိုက်တယ်လို့ ဆိုပါတယ်။ တယ်လဲ လက်ရဲဇက်ရဲပါပေ့ဗျာ။ ဟောင်ကောင်အက်ရှင်ကားတွေလိုပါပဲ။

ဒီလိုလုပ်ကြံဖို့ သူတို့သတ်မှတ်ထားတဲ့ မွန်ပြည်သစ်ပါတီဝင် (၇) ဦးရှိတယ်လို့ သင်္ကြန်မတိုင်မီကတည်းက သတင်းအနံ့ ထွက်နေတာပါ။ မွန်ပြည်သစ်က ထိပ်တန်းဗဟိုအလုပ်အမှုဆောင် CEC (၉) ဦးမှာ (၁) ဦး သတ်မှတ်ခံထားရတယ်လို့ ကျနော့မိတ်ဆွေတွေက ပြောပြပါတယ်။ ဘယ်သူ့တွေကို လုပ်ကြံရမှာ အမည်နဲ့တကွ သတ်မှတ်ရွေးချယ် ပေးထား တာကိုတော့ မပြောချင်တော့ပါ။ ဘယ်သူတွေက ခိုင်းထားတယ်ဆိုတာကိုတော့ မသိရပါ။ ဒါပေမဲ့ စစ်အာဏာပိုင်တွေက သိထားပြီးသားပါလို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီဟာ နိုင်ငံတော်အစိုးရရဲ့ မွန်မြတ်တဲ့ သဘောထားကို သိမြင်ခဲ့ကြပြီး ဥပဒေဘောင်အတွင်း ဝင်ရောက် ခဲ့တော့ မွန်ပြည်နယ်ကြီးဟာလည်း လုံးဝငြိမ်းချမ်းသွားပြီလို့ စစ်အစိုးရရဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေမှာ အလီလီဖေါ်ပြခဲ့တာ မှတ်မိပါသေးတယ်။

ဆိုတော့ လက်နက်ချအဖွဲ့ မဟုတ်တဲ့ မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲလိုက်လို့ မွန်ပြည်နယ်ဒေသ အတော်များ များမှာ ပေါ်တာပြေးနေကြရတဲ့ ဘဝကလွတ်မြောက်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒေသတစ်ခုလုံးတော့ ငြိမ်းချမ်းခဲ့တာ မဟုတ် သေးပါဘူး။ ရေးတောင်ပိုင်းမှာ ဒေသကို မွန်ပြည်သစ်တပ်တွေ ဝင်ရောက်ခွင့်မရှိတော့ စစ်အစိုးရတပ်ဖွဲ့တွေ စိတ်ထင် တိုင်းလုပ်ခွင့်ရထားတဲ့ အနက်ရောင်နယ်မြေ ဖြစ်နေဆဲပါ။ မယုံယင် ရေးမြို့နယ် တောင်ဘက်အခြမ်းကို လာကြည့်စေ ချင်တယ်။

အတိုင်းအတာတစ်ခုအထိ တည်ဆောက်ရရှိထားတဲ့ ဒီအပစ်ရပ်ငြိမ်းချမ်းရေး ကိစ္စကို မည်သည့်ဘက်ကလည်း အလွယ် တကူ အဖျက်ဆီးမခံလိုကြပါ။ ဒါပေမဲ့ နအဖ၊ စရဖတို့ ခါးပိုက်ဆောင် လူမိုက်မွေးထားတဲ့ မွန်လူမျိုးအမည်ခံတွေရဲ့ လက်ချက်နဲ့တော့ ဘယ်သူကလည်း ဘုမသိဘမသိ အသားလွတ် အသေမခံနိုင်ဘူးဆိုတာကို ကိုယ်ချင်းစာကြည့် စေချင်တယ်။

ဒါကြောင့်မို့ မွန်ပြည်သစ်ပါတီက မိတ်ဆွေ၊ သူငယ်ချင်းတွေ ဆက်ပြီးပြောလိုက်တာကတော့ “သေနတ်ကိုင်ခွင့်မပြု လည်း ငါတို့ကိုင်မှာပဲ၊ သူတို့(နအဖ) မွေးထားတဲ့ ဘာမဟုတ်တဲ့ ဟာတွေလက်ချက်နဲ့တော့ အသေ မခံနိုင်ပါဘူး၊ အခြေအနေအရပဲ၊ မတတ်နိုင်ဘူး၊ နောက်ပြဿနာ နောက်ရှင်းပဲ” ဆိုတော့ မွန်ပြည်နယ်မှာ မာဖီယားဂိုဏ်တွေလိုမျိုးကို လက်ရှိစစ်အစိုးရက အစီအစဉ်တကျ မွေးထုတ်နေပြီး ၂၀၀၈ နာဂစ်အခြေခံဥပဒေနဲ့ အကျိုးဆက်တွေဖြစ်လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာတွေကို လက်မခံတဲ့ မွန်ပြည်သစ်ပါတီဝင်တွေ စိတ်လက်ချောက်ချားအောင် စတင် ကြံဆောင် အကောင်အထည် ဖေါ်နေပါပြီ။ ကြောင်သည် ကြာကြာရေမငုတ်နိုင်သလို နအဖ၏ စစ်ဘီလူးရုပ်သည်လည်း တစတစ ယခုထက်ပိုမို ပီပြင်လာမည်ကို မွန်ပြည်သားများ သတိချပ်စေလိုသည်။

အင်မတန် ကျောချမ်းစရာ ကောင်းလှပေစွတကား။

မင်းချမ်း(ခေတ္တ-မဲဆောက်)

မင်းချမ်း

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views