အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့

လေးငယ်
မေ ၁၁၊ ၂၀၀၉။

-ရန်ကုန်တိုင်း၊ ခရမ်းမြို့၏မြို့နယ်အုပ်ချုပ်ရေးမှုး (မြို့နယ်မယကဥက္ကဌ)သည်၊ ဦးလှသောင်းဖြစ်ပါသည်၊၊ ၄င်းသည် ခရမ်မြို့နယ်ကို အုပ်ချုပ်လာခဲ့သည်မှာ နှစ်နှစ်နီးပါး ခန့်ရှိနေပါပြီး၊၊ သူ၏လက်အောက်တွင် ရပ်ကွက်ကျေးရွာ အုပ်စုများမှ (ရယက) စာရေးပေါင်း၊(၆ဝ)ဦးခန့်ရှိပါသည်၊၊ ၄င်းစာရေးများသည်၊ သူအုပ်ချုပ်ခဲ့သည့် ဤနှစ်နှစ်ခန့် အတောအတွင်းမှာ (၂၂)ဦး အနားယူသွားခဲ့ပါသည်၊၊ ဘာကြောင့်ယခုလိုဖြစ် သွားရပါသလဲ၊ နှုတ်ထွက်သွားခဲ့ကြသည့် စာရေးများနှင့် မေးမြန်းပြီး အောက်ပါအတိုင်း တင်ပြပါရစေ၊၊

- နှုတ်ထွက်သွားကြသည့် အကြောင်းရင်းများမှာ ဝန်ထမ်းစာရေးများကို လစဉ်အစည်းအဝေး (၄)ကြိမ်မှ (၅)ကြိမ် ပြုလုပ်ခဲ့ပါသည်၊၊ အစည်းအဝေး တကြိမ်ပျက်ကွက်သွားသည့်စာရေးကိုမူ ထိုစာရေး၏ လစာထဲမှတပါတ်စာကို ဖြတ်တောက်ပစ်ပြီး ဥက္ကဌကယူလိုက်ပါသည်၊၊ သုံးကြိမ်ပျက်ကွက်လျှင် (၃)ပါတ်စာဖြတ်တောက်ပစ်ပါသည်၊၊ အခြေခံဝန်ထမ်း၏လစာမှာ ကျပ်(၃)သောင်းခန့်သာဖြစ်ပါသည်၊၊

- အစိုးရမှ ဝန်းထမ်းများအတွက် ဝန်းထမ်းသက်သာစရိတ်အဖြစ် (၆)လကို ကျပ်ခြောက်သောင်း ထောက်ပံ့ပေးပါသည်၊၊ ဥက္ကဌသည်၊ ဤဝန်ထမ်းသက်သာ စရိတ်ထဲမှလည်း တဦးစီကို ကျပ်သုံးသောင်းခွဲဖြတ်ယူပြီး၊ ကျန်နှစ်သောင်း ခွဲကိုသာ ဝန်ထမ်းများကိုပေးပါသည်၊၊ သို့သော်လစာထုတ် လက်မှတ်ထိုးသည့်အခါ ကျပ်(၆) သောင်းအပြည့်ကို လက်မှတ်ထိုး ခိုင်းပါသည်၊၊ ထို့အပြင် လကုန်သည့်အခါ လစာငွေထဲမှ မိခင်နှင့်ခလေး၊ အမျိုးသမီးရေးရာ အသင်းဝင်ကြေးဆိုပြီး၊ တလကျပ်(၂ဝဝဝ)၊ သန့်ရှင်းရေးအတွက် ကျပ်(၃ဝဝ)၊ ဌာနတွင်းစိုက်ပျိုးစရိတ်အတွက် ကျပ်(၁ဝဝဝ)၊ မဂ္ဂဇင်းနှင့် ဂျာနယ်ကြေးအတွက် (၁၈ဝဝ) ကျပ် အားလုံးပေါင်း လိုက်လျှင် ၊ (၅၁ဝဝ)ကျပ်ကို လစဉ် ထပ်မံဖြတ်တောက်ခဲ့ပါသည်၊၊

- လစာဖြတ်တောက်မှုအပြင် ရုံးလုပ်ငန်းနှင့် မပါတ်သက်သည့်  တခြားပြင်ပလုပ်ငန်းဖြစ်သည့်  သန့် ရှင်းရေး၊ နှင့် စိုက်ပျိုးရေး လုပ်ငန်းကိစ္စ၌လည်း ခရမ်းမြို့သစ်တွင်ရှိသည့် ရုံးခြံမြေအတွင်းမှာခြံမြေကို ခြံစည်းရိုးကာခိုင်းပြီး ဥက္ကဌ ပိုင်အဖြစ်သိမ်းယူခဲ့ပါသည်၊၊ ရုံးပိတ်ရက်များတွင်လည်း ဝန်ထမ်းများကို အတင်းအဓမ္မ ဖိအားပေးပြီး အလုပ်စေခိုင်း ခဲ့ပါသည်။ ထွက်ရှိလာသည့် သီးနှံများကိုမူ ဥက္ကဌကသိမ်းယူခဲ့ပြန်ပါသည်၊၊ ဝန်ထမ်းများကလည်း ဤဖြစ်ရပ်အတွက် အထက်အရာရှိများကို အကြိမ်ကြိမ်တင်ပြပါ သော်လည်း အပစ်ပေးအရေးယူခြင်းမရှိသည့်အတွက် ယခုလိုနှုတ်ထွက် နေကြခြင်း ဖြစ်ပါသည်၊၊

- ဤသို့ကြောင့် နှစ်နှစ်ခန့်အတွင်းမှာ ဝန်ထမ်း(၆ဝ)ဦးမှ (၂၂)ဦး နှုတ်ထွက်သွား ခဲ့ခြင်းဖြစ် ပါသည်၊၊ ဤနေရာတွင် မေးစရာဖြစ်လာသည်မှာ နှုတ်ထွက်သွားသည့်ဝန်ထမ်းနေရာတွင် အစားထိုးခန့်ထားမှုရှိ မရှိနှင့် အုပ်ချုပ်ရေး ညံ့ဖျင်း သည့်မြို့နယ်ဥက္ကဌကြောင့် ဝန်ထမ်းများ ဘယ်လိုရပ်တည်ကြမလဲဆိုသည့် မေးခွန်းဖြစ်ပါသည်၊၊

-မှန်ပါသည်၊ ဤနေရာတွင် နိုင်ငံတော်တခု ယိုယွင်းပျက်စီးတော့မည်ဆိုလျှင်၊၊ မြင့်တွေ့ရမည့် လက္ခဏာများမှာ နိုင်ငံ တော်ဝန်ထမ်းများ အကျင့်ပျက်လာခြင်း၊ တရားဥပဒေမဲ့လာခြင်း၊ အနိုင်အထက်ပြုမူ လာခြင်းပင်ဖြစ်သည်၊၊ ယခုလည်း ဤဖြစ်ရပ်မျိုးများ ခရမ်းမြို့နယ်တခုထဲ၌ ဖြစ်နေသည်မဟုတ်ပေ၊၊ ဗမာတနိုင်ငံလုံး၌တွေ့ရှိရမည်ဖြစ်ပါသည်၊၊ ဤသည် လည်း နိုင်ငံတော်ဖြစ်သူ(အဖိုး)၏လုပ်ရပ်ကို အောက်ခြေအကျဆုံးမြို့နယ်ဖြစ်သူ(မြေး)က အမွေ လက်ခံလိုက်ခြင်း ဖြစ်ပါသည်၊၊ လက်ရှိ နိုင်ငံတော်၌ လည်း နိုင်ငံတော်ကို အုပ်ချုပ်နေသည့် အဖိုးဖြစ်သူတွေက စီးပွားရေး စီမံခန့်ခွဲမှုအရာ မှာ ညံ့ဖျင်းခဲ့ သည့်အတွက်ကြောင့် အလုပ်အကိုင်ရှားပါးခြင်း၊ မှုခင်းပေါများခြင်း၊ ပြည့်တန်ဆာလုပ်ငန်း ပေါများခြင်း၊ ဒုစရိုက်ပေါများခြင်း တရားဥပဒေစိုးမိုးမှု မရှိခြင်းနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပါသည်၊၊

- ဤအခြေအနေမျိုးအောက်တွင် ဝန်ထမ်းများသည်လည်း၊ မိမိရပ်တည်ရေးအတွက် လစာမလောက်မငှဖြစ်လာလျှင် ပြည်သူတွေအပေါ် အကြောင်းအမျိုးမျိုးရှာပြီး လာတ်စားလာခဲ့ရပါတော့သည်၊၊ ဤကိစ္စကိုပြည်သူတွေက အထက်ကို တင်ပြပါသော်လည်း နိုင်ငံတော်အပါဝင် ဝန်းထမ်းလောက၏ အဆင့်အားလုံးမှာ အခြေအနေက အတူတူချင်းပေမို့ ထူးခြားမှုမရှိခဲ့ပေ၊၊ ထို့ကြောင့်  ဝန်ထမ်းတယောက်ထွက်သွားပြီးဆိုလျှင် ဤနေရာ ကိုဝင်လုမည့်သူက ဒုနဲ့ဒေး ဖြစ်ပါသည်၊၊ အကြောင်းရင်းမှာ အဖိုးစရိုက်ကြောင့် မြေးများ အမွေရသွားခဲ့တာလား၊ မြေးစရိုက်ကြောင့် အဖိုးစံစား နေရတာလား ဆုံးဖြတ်စေချင်ပါသည်၊၊

လေးငယ်

လေးငယ်

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views