အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

နိုင်ရွှေကျင် (ကွယ်လွန်) မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 

အယ်ဒီတာ
ဖေဖော်ဝါရီ ၆ ၊ ၂၀၀၉။

မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ရွှေကျင် ကွယ်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှူင် ၆ နှစ် တင်းတင်းပြည့်မြောက်ခဲ့ပါပြီ။ Kaowao Newsgroup အနေဖြင့် ဆရာကြီးနိုင်ရွှေကျင်အား အမှတ်တရ သတိရခြင်းအလို့ငှာ ဤအထုပ္ပတ္တိအကျဉ်းကို ကောက်နုတ်ဖေါ်ပြသည်။ 

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 

ဥက္ကဋ္ဌကြီးနိုင်ရွှေကျင် တော်လှန်ရေး
နယ်မြေတစ်နေရာ(၁၉၉၁)

နိုင်ရွှေကျင် (ခေါ် ) နိုင်ဘလွင်ကို ၁၉၁၃ ခု၊ မတ်လ (၁) ရက်နေ့၊ ကောဇာသက္ကရာဇ် ၁၂၇၄ ခု၊ တပို့တွဲလပြည့်ကျော် (၉) ရက်၊ စနေနေ့တွင် ကတိုး- ကော့နှပ်အပိုင် ဖဲကသာ ကျေးရွာ၌ မြေစာရင်းအရာရှိ အဖ နိုင်ရွှေဖေါင်၊ အမိ-မိရွှေမိတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၁၀ ဦး အနက် သားအကြီးဆုံးဖြစ်သည်။ 

မူလတန်းပညာကို မွေးရပ်ဇာတိတွင် သင်ကြားခဲ့ပြီး အထက်တန်းပညာ အောင်မြင်သည် အထိ ပြည်မြို့တွင် ဆည်းပူးခဲ့ကာ ရန်ကုန်တက္ကသိုလ်တွင် ဥပစာတန်းကို အောင်မြင်ခဲ့ သည်။ ထိုနောက် ကျောင်းမှာထွက်ပြီး အစိုးရအတွင်းဝန်များရုံးတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ သည်။ ဒုတိယကမ္ကာစစ် ကာလ၌ ဒု-ဗိုလ်အဆင့်အထိ အင်္ဂလိပ်စစ်တပ်တွင် တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ဖဆပလ အဖွဲ့တွင်ပေါင်မြို့နယ် ဥက္ကဌ အဖြစ်၎င်း၊ သထုံခရိုင်လယ်သမား များ အစည်းအရုံး ဒု-ဥက္ကဌအဖြစ် ပါဝင်ခဲ့၏။ 

၁၉၄၇ မွန်လွတ်လပ်ရေးအဖွဲ့မှ ထုတ်ဝေသော တနသာင်္ရီသတင်းစာ အယ်ဒီတာအဖြစ်၎င်း၊ မွန်လူုမျိုးတို့၏ ဖဆပလ အစိုးရထံတောင်းဆိုတင်ပြချက် (၇) ရပ်ကို ဦဆောင်၍ ဝန်ကြီးချုပ် ဦးနုထံ သွားရောက်တွေ့ဆုံ တင်ပြခြင်း၊ မွန်ပြည်နယ် ဖော်ထုတ်ရေး ကိစ္စများနှင့် မွန်မြေအောက်တော်လှန်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့မှုကြောင့် ၁၉၄၈ ခုနှစ်တွင် ဖဆပလ အစိုးရက ထိန်းသိမ်းခဲ့သည်။ မန္တလေးထောင်၊ ရွှေကိုထောင်တို့တွင် သုံးနှစ်ထောင်ချခံရပြီး ပြန်လည်လွတ် မြောက်လာပြီးနောက် ရန်ကုန်မြို့တွင် ခြေချုပ်တစ်နှစ်ကျခံနေရစဉ် ရေကြောင်းလမ်းမှတဆင့် မွန်တော်လှန်ရေးနယ်မြေကို ရောက်ရှိလာသည်။ မွန်ပြည်သူ့ တပ်ဦးအဖွဲ့တွင် ဗဟိုကော်မတီဝင်ဖြစ်ခဲ့ပြီး ကာကွယ်ရေးဌာန၊ ပြန်ကြားရေးဌာန တာဝန်ခံအဖြစ်ထမ်းဆောင်ခဲ့သည်။ 

၁၉၅၈  ဇူလိုင်လ ၁၉ ရက် မွန်ပြည်သူ့ တပ်ဦးအဖွဲ့က ဖဆပလ အစိုးရနှင့် ငြိမ်းချမ်းရေးရယူကာ “လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်ပွဲ” များပြုလုပ်နေစဉ် နိုင်ရွှေကျင်သည် တပ်ပေါင်းစုတွင် မွန်ပြည်သူ့တပ်ဦး ကိုယ်စားလှယ်အဖြစ် ဗမာပြည်ကွန်မျူနစ်ဗဟိုဌာနချုပ်ရှိရာ ပဲခူးရိုးမသို့ရောက်ရှိနေသည်။ ၁၉၅၈ တွင် ပဲခူးတိုင်း၊ ဝေါမြို့သူ ဒေါ်တင့်နှင့် အိမ်ထောင်ပြုခဲ့သည်။

မွန်ပြည်သူ့တပ်ဦး လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်လိုက်သည်ကိုလက်မခံနိုင်သဖြင့် လက်ကျန်မွန်တော်လှန်ရေး အင်အားစုတို့ကို ပြန်လည်စုစည်းကာ ၁၉၅၈ ခု၊ ဇူလိုင်လ-၂၀-ရက်နေ့တွင် မွန်ပြည်သစ်ပါတီိကို ဦးဆောင်ဖွဲ့စည်း၍ ကွယ်လွန်သည်အထိ ဥက္ကဌကြီးတာဝန်ကို နိုင်ရွှေကျင်ထမ်းဆောင်ခဲ့သည်။

၁၉၆၃ တွင် ဗိုလ်နေဝင်း၏ တော်လှန်ရေးကောင်စီနှင့် သုံးပါတီ (ဗကပ၊ကရင်၊မွန်) တို့ ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် မွန်ပြည်သစ်ကိုယ်စားလှယ်တို့ကို ဦးဆောင် ပါဝင်ခဲ့သည်။

၁၉၇၀ ခု၊ မတ်လတွင်ဝန်ကြီးချုပ်ဟောင်းဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီ၊ မန်းဘဇန် ဦးဆောင်သော ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတီသုံးဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားသော “တညလ”တပ်ပေါင်းစုတွင် နိုင်ရွှေကျင်က အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။  

၁၉၈၀ တွင် မွန်ပြည်သစ်ပါတီအတွင်း ပဋိပက္ခဖြစ်၍ နိုင်ရွှေကျင်ဥက္ကဌအဖြစ် ဦးဆောင်သော မွန်ပြည်သစ်ပါတီနှင့် နိုင်နွန်လာဥက္ကဌအဖြစ် ဦးဆောင်သော မွန်ပြည်သစ်ပါတီတို့ နှစ်ခြမ်းကွဲခဲ့ကြသည်။ မဒတ NDF၊ မွန်မျိုးချစ်ပုဂ္ဂိုလ်များ၊ နှစ်ဘက်ကိုယ်စားလှယ်တို့ ညှိနိုင်းမှုအရ ၁၉၈၇ ခုနှစ်တွင် ပြန်လည်ပေါင်းစည်းကာ နိုင်ရွှေကျင်က ဥက္ကဌ၊ နိုင်နလ္လာက ဒုဥက္ကဌတို့ ဖြစ်ကြပြီး မွန်ပြည်သစ်ပါတီကို ဆက်လက်ဦးဆောင်လာကြသည်။  

၁၉၉၁ တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF တွင်ဥက္ကဌ၊ DAB သဘာပတိအဖွဲ့ဝင်အဖြစ်တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ ဥရောပနှင့် အမေရိကန်နိုင်ငံများသို့ စည်းရုံးရေးခရီးစဉ်များ ထွက်ခဲ့သည်။  

၁၉၉၅ ခုနှစ်တွင် နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲမှု သဘောတူညီခဲ့ကြသော်လည်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်မည်မဟုတ်ကြောင်း ပြတ်သားစွာရပ် တည်လာခဲ့သည်။ ၁၉၉၈ တွင်နိုင်ရွှေကျင်က ဒုတိယဗိုလ်ချူပ်ကြီးခင်ညွှန့်ထံ ပန်ကြားချက်အရ မွန်သံဃာတော်များ မွန်ဘာသာဖြင့် အစိုးရပထမပြန်စာမေးပွဲကို ပြန်လည်ဖြေဆိုခွင့် ရခဲ့သည်။  

၁၉၉၅ ခုအောက်တိုဘာလတွင် KIO ဥက္ကဌ ဗိုလ်ချုပ်ဇော်မိုင်နှင့်အတူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဒီဆိုတိုကို ရန်ကုန်မြို့တွင် တွေ့ဆုံပြီး တပြည်လုံး အတိုင်းအတာ ဆောင်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် နည်းလမ်းများကို အကြံပြုတင်ပြခဲ့ကြသည်။ 

နိုင်ရွှေကျင်၏ ဘဝတလျှောက်တွင်  သူ၏မိသားစုနှင့်အတူ နှစ်ရှည်လများအတူ နေထိုင်ခွင့်မရရှိခဲ့ပေ။ ပြည်တွင်းတွင် ဇနီး ဒေါ်တင့်မှာ ဗကပမှ ခရိုင်ကော်မတီဝင်ဟောင်းတစ်ဦးဖြစ်ခဲ့၍ ဝေါမြို့နေအိမ်တွင် တစ်ဦးတည်းသောသား မင်းသိန်းကြည်လွင် (ခေါ်) ကိုဦးနှင့် နေထိုင်စဉ်တလျှောက် အာဏာပိုင်တို့၏ အမြဲတမ်းစောင့်ကြည့်ခြင်းကို ခံနေကြရ၏။ 

မွန်ပြည်သစ်ပါတီ အပစ်ရပ်စဲခဲ့သည့်နောက်ပိုင်း ၁၉၉၇ ခန့်တွင် ဗိုလ်ချုပ်ခင်ညွှန့်၏ ပန်ကြားချက် အရပြည်တွင်းသို့ ပြန်လာကာ မော်လမြိုင်မြို့တွင် ဇနီး၊ သားတို့နှင့် ပြန်လည်ဆုံတွေ့ပြီး မိသားစုနှင့် အတူ နေထိုင်လာခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ဇနီးဒေါ်တင့် မော်လမြိုင်မြို့တွင် ကွယ်လွန်ခဲ့သည်။

ဥက္ကဌကြီးနိုင်ရွှေကျင်သည် ၂၀၀၃ ခုနှစ် မတ်လ (၇)ရက်နေ့တွင် မော်လမြိုင်နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ချိန် တွင် အသက်(၉၁)ရှိုသည်။ ကွယ်လွန်ချိန်တွင် တစ်ဦးတည်းသောသား မင်းသိန်းကြည်လွင် (ခေါ်) ကိုဦးနှင့် မြေးတစ်ယောက်ကျန်ရစ်သည်။ ၁၉၅၈ မှ ကွယ်လွန်ချိန်အထိ မွန်ပြည်သစ်ပါတီ ဥက္ကဌကြီးအဖြစ် ၄၅ ခန့်တိုင် တာဝန်ယူထမ်းဆောင်ခဲ့သည်။

ဥက္ကဌကြီးနိုင်ရွှေကျင်နှင့် မွန်ပြည်သစ်ပါတီခေါင်းဆောင်ဟောင်းများ

             

အယ်ဒီတာ


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views