အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

နိုင်ထင်(ကွယ်လွန်) မွန်ပြည်သစ်ပါတီဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

အယ်ဒီတာ
မတ် ၁၄၊ ၂၀၀၉။

၂၀၀၉ မတ်လ(၁၄) ရက်၊ ယနေ့သည်မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း နိုင်ထင် ကွယ်လွန်ခဲ့သည်မှာ (၄) နှစ်တိ
တိ ပြည့်မြောက်ခဲ့ပါသည်။
Kaowao Newsgroup သတင်းဌာနမှ အမှတ်တရ သတိရစေခြင်း အလို့ငှာ နိုင်ထင်၏ အထုပ္ပတ္တိအကျဉ်းကိုကောက်နုတ် ဖော်ပြလိုက်ပါသည်။
အယ်ဒီတာ

ကောဇာသက္ကရာဇ် (၁၂၈၂) ခုနှစ်၊
တပေါင်းလပြည့်ကျော် (၉) ရက်နေ့၌ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက် ကျေးရွာတွင် ဖခင်နိုင်ထွန်းဝင်း၊ မိခင်မိမယ်က သားဦးရတနာနိုင်ထင် ကိုဖွားမြင်ခဲ့သည်။ မွေးချင်းမောင်နှစ်မ(၅) ဦးရှိပါသည်။ အဖိုး၊ အဖွားတို့ကျွေးမွေး စောင့်ရှောက်မှုဖြင့် မူလတန်းပညာ သင်ယူခဲ့ပြီးနောက် ဘုန်းတော်ကြီး
ကျောင်းတွင် ကျောင်းသားဘဝနှင့် ပရိသတ္တိစာပေများသင်ယူခဲ့သည်။

အသက်(၁၆)နှစ်တွင်
ရှင်သာမဏေ အဖြစ်ခံယူပြီး (၁၈) နှစ်တွင်အဖိုးအဖွားတို့ ဆုံးပါးကုန်သဖြင့် ရှင်သာမဏေမှ ထွက်ကာ မိဘထံတွင် လယ်ယာလုပ်ငန်းများ ဝင်ရောက်ကူညီသည်။ အသက်(၂၀) တွင် ဇနီးမိခင်ညွှန့်နှင့် လက်ထပ်ကာ သားသမီး (၈) ဦး ထွန်းကားခဲ့သည်။ နောက်ပိုင်းတွင် မိခင်ညွှန့်ကွယ်လွန်ပြီး မိလင်းနှင့် ထပ်မံ အိမ်ထောင်ပြုခဲ့သည်။

၁၉၄၆ခု၊
နိုင်ဖိုးချို ဦးဆောင်၍မွန်တိုင်းရင်းသားအစည်းအရုံးအား စတင်ဖွဲ့စည်းရာမှ မွန်လူငယ်များ နိုင်ငံရေးအသိ ပိုမိုနိုးကြား လာခဲ့ကြသည်။ နိုင်ထင်သည်လည်း မွန်လူငယ်အဖွဲ့တွင် တက်တက်ကြွကြွ ပါဝင်လူပ်ရှားလာခဲ့သည်။

၁၉၄၈
ခု၊ သြဂုတ်လ၁၉ရက်နေ့တွင် မွန်ပြည်သူများ ဖဆပလအစိုးရကို လက်နက်ကိုင်တိုက်ပွဲ စတင်ဆင်နွဲ
သည်နှင့်
နိုင်ထင်သည်လည်း မွန်ပြည်သူ့တပ်ဦးတွင် ပါဝင်လာခဲ့သည်။ ၁၉၅၃ တွင် MNDO မွန်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့တွင် ရုံးထိုင်မှူးအဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၄ တွင် နိုင်ငံရေးဘက်သို့ ပြောင်းလဲတာဝန် ထမ်းဆောင်ခဲ့သည်။

မွန်ပြည်သူ့တပ်ဦးက
ဦးနုအစိုးရထံ ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက် “လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်ရေး” တွင်ပါဝင်ခဲ့သည်။ ဥပဒေဘောင်အတွင်း မွန်ပြည်သူ့တပ်ဦး ပါဝင်လူပ်ရှားစဉ် ဖားအံခရိုင်အလုပ် အမှုဆောင်
တာဝန်ထမ်း ဆောင်ခဲ့သည်။


နေဝင်းစစ်အစိုးရ
အဏာသိမ်းပြီး ၁၉၆၂ ဇူလိုင်လတွင် နိုင်ရွှေကျင်ဦးဆောင်နေသည့် မွန်ပြည်သစ် ပါတီကို ဝင်ရောက်လာသည်။ ထို့နောက်မကြာမီတွင် မော်လမြိုင်ခရိုင်ဥက္ကဌ အဖြစ်တာဝန် ပေးအပ်ခြင်းခံရသည်။

၁၉၆၃
ခုတော်လှန်ရေးကောင်စီနှင့် မဒညတ သုံးပါတီတပ်ပေါင်းစုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖြစ် ဥက္ကကြီး နိုင်ရွှေကျင်နှင့်အတူ တက်ရောက်ခဲ့သည်။

၁၉၆၅
တွင် မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဖြစ်ခဲ့ပြီးမော်လမြိုင်ခရိုင်ဥက္ကဌ အဖြစ်ဆက်လက် တာဝန် ပေးအပ်ခြင်းခံရသည်။ ၁၉၇၁ တွင် မွန်ပြည်သစ်ပါတီအထွေထွေ အတွင်းရေးမှူးဖြစ်လာပြီး မော်လမြိုင်
ခရိုင်ဥက္ကဌ
တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ပါသည်။

၁၉၈၁ ခုနှစ် မွန်ပြည်သစ်ပါတီ နှစ်ခြမ်းကွဲခဲ့ရာတွင် နိုင်နွန်လာ ဦးဆောင်သော မွန်ပြည်သစ်ပါတီတွင် ဒုဥက္ကဌ
အဖြစ် ၁၉၈၇ ခုနှစ်ထိ (မွန်ပြည်သစ်ပါတီ ပြန်လည်ပေါင်းစည်း) တိုင် ထမ်းဆောင်ခဲ့သည်။


၁၉၈၇ ခုနှစ်ပါတီနှစ်ခြမ်း ပြန်လည်ပေါင်းစည်းသောအခါ ပါတီအထွေထွေ အတွင်းရေးမှူးအဖြစ် ဆက်လက် တာဝန်ယူခဲ့ရသည်။
၁၉၈၉ တွင် နိုင်နွန်လာကွယ်လွန်ခဲ့ပြီး ပါတီဗဟိုဒုဥက္ကဌ ဖြစ်လာသည်။ ၂၀၀၃ တွင်ဥက္ကကြီး နိုင်ရွှေကျင် ကွယ်လွန်ခဲ့ပြီး ဗဟိုဥက္ကဌကြီး ဖြစ်လာခဲ့သည်။

မွန်ပြည်သစ်ပါတီဥက္ကဌ
နိုင်ထင်သည် ၂၀၀၅ ခုနှစ်၊ မတ်လ ၁၄ရက်၊ ကောဇာသက္ကရာဇ် ၁၃၆၆ ခု၊ တပေါင်း
လဆန်း
၅ ရက်နေ့တွင် မော်လမြိုင်မြို့ မွန်ပြည်သစ်ပါတီ စုပေါင်းရုံးတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။

ကာယံရှင်၏မှာကြားချက်အရ
ကြွင်းကျန်သောရုပ်အလောင်းကို တော်လှန်ရေးနယ်မြေတွင် သဂြိုဟ်ရပါသည်။ ကြွင်းကျန်ရုပ်အလောင်းကို မော်လမြိုင်မြို့မှ မီးသဂြိုလ်မည့်နေရာသို့ အဆင့်ဆင့် သယ်ဆောင်လာစဉ် ဖြတ်သန်း လာသည့်မြို့ရွာတိုင်းတွင် မွန်ပြည်သူထောင်းသောင်းမက လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်း၊ ရှိခိုးကန်တော့
ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။


ကွယ်လွန်ခဲ့ပြီး (၇) ရက်ပြည့်မြောက်သောနေ့တွင်
(ရေးမြို့အရှေ့ဘက်ခြမ်း၊ ဝယ်ဇင်ကျေးရွာ၊ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ရုံးခွဲ) ၌ စစ်အခန်းအနားဖြင့် မီးသဂြိုလ်ပွဲပြုလုပ်ခဲ့ရာ လူထုပုရိသတ် တစ်သောင်းကျော် တက်
ရောက် ဂါရဝပြုသည်။


ယ္ခုအခါ
ကြွင်းကျန်သောအရိုးပြာအိုးကို နိုင်ထင်၏ငယ်သူငယ်ချင်းဖြစ်သူ ကျောက်တလုံး ဆရာတော်၏ မိန့်ကြားချက်အရ ဥက္ကဌကြီး နိုင်ရွှေကျင်၏ အုတ်ဂူနှင့်အတူ မုဒုံမြို့နယ်ရှိ အထင်ကရ ဝင်းစိန်တောရ (ကျောက်တလုံးဆရာတော်သီတင်းသုံးတော်မူရာ) ကျောင်းဝင်းတွင်အမှတ်တရ အုတ်ဂူထားရှိပါသည်။

အယ်ဒီတာ

 


အယ်ဒီတာ


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views