အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

တောတွင်းဥပဒေ၊ မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ

ကွန်းအိန်
မတ် ၁၄၊ ၂၀၀၉။

တောတွင်းဥပဒေသမှာ ရှင်းသည်။ အင်အားကြီးသူက အင်အားငယ်သူအပေါ် အနိုင်ယူမည်။ သတ်ဖြတ်စားသောက်မည်။ အုပ်စုတောင့်တင်းသည့်အဖွဲ့က အုပ်စုငယ်များအပေါ် လုယက်တိုက်ခိုက်မည်။ တရားစွဲစရာ တရားရုံးမရှိ။ တိုင်တန်းစရာ မရှိ။ ကိုယ်ပျော့လျှင်ကိုယ်ခံ၊ ကိုယ်မာလျှင် အနိုင်ယူစာတမ်း။ လူအဖွဲ့အစည်းအတွင်း သမိုင်းမတင်မီကာလကဆိုလျှင် လည်း စားကျက်၊ နယ်မြေများကိုလုယက်၍ ၄င်း၊ အုပ်စုတောင့်တင်းသူက အုပ်စုငယ်များအပေါ် အနိုင်ယူ ကြသည်။

လူယဉ်ကျေးမူပေါ်ထွန်းချိန်၌လည်း ပဒေသရာဇ်မင်းတို့သည် ဘုန်းအာဏာ ပြိုင်ဆိုင်ချင်၍၄င်း၊ နယ်ပယ်ချဲ့ထွင်လို၍၄င်း၊ သာသနာပြုလို၍၄င်း ၊ စစ်ပွဲများ ဆင်နွဲနေကြသည်။ ယနေ့ခေတ်ကာလ တွင်လည်းတပါးနိုင်ငံ၏ မြေပေါ်မြေ အောက် သယံဇာတကို လောဘဇော တိုက်လိုချင်း၍၄င်း ၊ တပည့်မွေးလို၍၄င်း၊ ဝါဒရေးရာအရ၄င်း၊ စစ်ပွဲများဆင် နွဲနေကြသည်။ ယခင်တောတွင်း ဥပ ဒေသနှင့်ဘာများကွာခြားပါသနည်း။ အခြေအနေ၊ ပစ္စည်းကိရိယာ၊ နည်းပရိ ယာယ်များသာ ကွာခြားမည်။ အနှစ် သာရချင်းကအတူတူပင် မဟုတ်ပါလော။          

ဒတ်ခ်ျပေါ်တူဂီတို့က နယ်ပယ်ဒေသသစ်ရှာယင်း ဟင်းခတ်အမွေးအကြိုင် ရလိုမူအတွက်အိန္ဒိယကိုကုန်စည် ကူးသန်းမူ အစပြုပြီး တိုက်ခိုက်ခဲ့သည်။  အင်္ဂလိပ်တို့လည်း ရေကြောင်းသုံးသဘောင်္တည်ဆောက်ရန် ကျွန်းသစ်ရလိုမူ အတွက် မြန်မာပြည်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အာဖရိကတိုက်ရှိ စိန်တွင်းများ ရလိုမူအတွက် အင်္ဂလိပ် ပြင်သစ်ဒတ်ခ်ျများ အလုအယက် တိုက်သိမ်းပိုက်ခဲ့သည်။ အဘယ်ကြောင်းနည်။ လူသားတို့၏ အရိုင်း ဆန်သော  သဘာဝကြောင့်ပင် ဖြစ်သည်။  

ခေတ်ကာလမည်မျှပင် ပြောင်းလဲပါစေ၊ ကိုယ်ကျိုးစီးပွားဟူသော သဘာဝပူဆာမူကိုမည်သူမျှ တွန်းလှန်နိုင်ခြင်း မရှိ သေးပါ။ ယနေ့ထက်တိုင် ယမ်းငွေ့ တဝေဝေနှင့် သေနတ်သံများ  ဆူညံနေသည်က သက်သေသာဓကတခု မဟုတ် ပါလား။ အစ္စရေးဝန်ကြီးချုပ်ဟောင်းရှီမွန်ပီးရက်က မုဆိုးရာသီကုန်ခဲ့ပြီး လက်နက်လေးမြှားကို စွန့်လော့ဟု တာဝန်စ ယူချိန်တွင်မြွက်ကြားခဲ့သည်။  ယင်းစကားသည် လေထဲ၌သာ လွင့်ပါးသွားသည်။ လက်တွေ့ဘာမှ ဖြစ်မလာခဲ့ပါ။

ယခုဂါဇာကမ်းမြောင်ဒေသတွင် စစ်ခင်းနေကြသော အစ္စရေး တပ်ဖွဲ့ဝင်များနှင့် ပါလက်စတိုင်းတပ်ဖွဲ့ဝင်များကြား ယုံတမ်းစကားပမာဖြစ်ခဲ့သည်။ လေထဲတိုက်အိမ်ဆောက်သော စကားဟုထင်ကောင်း ထင်မြင်နေကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဆန္ဒနှင့် လက်တွေ့ဘဝကား မည်သို့သောအခါမှ ထပ်တူမကျနိုင်ပါ။

အစဉ်အဆက်ဆက်ဖြစ်ပွားခဲ့သော စစ်ပွဲတိုင်းတွင် ကိုယ်ကျိုးစီးပွါးရယူလိုမှုနှင့် ကာကွယ်မှုအတွက်ဟု ဆိုလျှင် မှား မည်မထင်ပါ။ ဖြစ်ပွါးခဲ့သော ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ကိုပြန်ကြည့်လျှင် ကိုလိုနီအပြိုင် ရှာဖွေချဲ့ ထွင်ခြင်းဟူသော အဓိကအကြောင်းအရင်းကို တွေ့ရပေမည်။ တပါးသူ၏နယ်မြေဒေသတို့ကို အပြိုင်အဆိုင်လုယက် သိမ်းပိုက်ပြီး နယ်ချဲ့နိုင်ငံ အချင်းချင်းယှဉ်ပြိုင် တိုက်ခိုက်ခဲ့သော စစ်ပွဲများပင် ဖြစ်ခဲ့သည်။

ထိုစစ်ပွဲများ၏ အကျိုးအဆက်ကြောင့် လူအများအပြား သေကြေပျက်စီးခဲ့ရသည်။ လင်သေ၊ သားကွဲ မုဆိုးမများ၊ မိတ ဆိုးကလေးအများအပြား ပေါ်ထွက်ခဲ့သည်။ စစ်ပွဲဦးစီးခဲ့သောနိုင်ငံကြီးများမှာ ဆောရီး တခွန်းထဲနှင့်  နှစ်သိမ့်ခဲ့သော် လည်း ခံရသူနိုင်ငံများမှာ ဖွတ်ဖွတ် ကြေမွကာ အသဲထည်းတွင် စွဲမှတ် ကျန်ရစ်နေခဲ့သည်။

ကိုယ်ကျိုးစီးပွားကာကွယ်ရေးစံနစ်သည် ယနေ့ထက်တိုင် ရှင်သန်ကြီးထွားနေဆဲဖြစ်သည်။ ပြီးခဲ့သော ပင်လယ်ကွေ့ စစ်ပွဲ ၊ အီရတ်စစ်ပွဲများကို ပြန်သုံးသပ်ကြည့်လျှင် တွေ့ရှိနိုင်ပါသေးသည်။ ယခင်ကဟင်း ခတ်အမွှေးအကြိုင်၊ ဆန်စပါး၊ ကျွန်းသစ်၊ စိန်များအစား ရေနံက အရေးတကြီး လိုအပ်ချက်ဖြစ်နေသည်။ စက်မူလုပ်ငန်း များအတွက် လိုအပ်ချက် အရွေ့ ပြောင်းသွားခဲ့သည်။

ရေနံရယူလိုမူအတွက် အပြိုင်အဆိုင်ကြိုးပမ်း ခဲ့ကြသည်။  ရေနံကိုထိန်းချူပ်လိုသော အီရတ်နှင့် ရေနံကို အရေးတ ကြီးလိုအပ်သော  အမေရိကန်တို့ ဆက်ဆံရေးတင်းမာ လာခဲ့သည်။ နောက်ဆုံး အနီးကပ်ဆုံး အခြေအနေအကြောင်း ပြချက်ဖြင့် နှစ်နိုင်ငံ စစ်ခင်းခဲ့သည်။ ဒီမိုကရေစီရေး၊ လူအခွင့်ရေး၏ အကာအကွယ် ယူ၍  ကိုယ်ကျိုး စီးပွားစစ်ပွဲကို ဆင်နွဲခဲ့သည်မှာ ယနေ့တိုင်အကင်း မသေသေးပေ။ နေရာတကာ အကြမ်းဖက်မူများ၊ ခြုံခိုပြောက် ကျားတိုက်ခိုက် မူများရှိနေဆဲပင်။ လိုအပ်ချက်အရွေ့အတွက် လူအသက်များကို စစ်ပလ္လင်တွင် စတေးခံ ယဇ်ပူ ဇော်နေဆဲဖြစ်သည်။

ယနေ့ကမ္ဘာပေါ်တွင် စစ်အေးတိုက်ပွဲပြီးဆုံး၍ ဆိုဗီယက်ရုရှားနိုင်ငံသည် စူပါဝါအဆင့်မှ လျော့ကျခဲ့သည်။ နိုင်ငံအများ အပြားခွဲထွက်၍ အင်အားအရသော်၎င်း၊ စီးပွါးရေးအရသော်၎င်း ချိနဲ့ခဲ့သည်။ ဤဖြစ်စဉ်ကို ကွန်မြူနစ်ဟောင်း များ၊ နိုင်ငံရေးသမားများ နာကျည်းကြသည်။ ယခင့်အဆင့်အတန်းပြန်မှီအောင် တဖန်ကြိုးပမ်းနေကြသည်ကို တွေ့ရသည်။

ကမ္ဘာအင်အားကြီးနိုင်ငံများက စစ်ပွဲများကိုဆန့်ကျင်ယင်း စစ်ပွဲကို ဆင်နွှဲနေဆိုတာ မေ့ပျောက်ဘို့မသင့်ချေ။
အမေ ရိကန်နိုင်ငံကအစ လက်နက်ဖျက်သိမ်းရေး စကားပြောဆိုယင်း နိုင်ငံရေး၊ စီးပွါးရေးအရ စစ်ပွဲများဆင်နွှဲ
နေဆဲပင်။ ဒစ်ပလိုမေစီနှင့် ပဲ့ပြားပင်လေယူတိမ်းပေါ်လစီကို ကျင့်သုံးနေဆဲဖြစ်သည်ကို အထင်အရှား တွေ့မြင်နိုင်သေးသည်။

ယခုအချိန်တွင် မြန်မာပြည်တွင် ရေပမ်းစားနေသော စကားတစ်ခွန်းမှာ လက်နက်ကိုင် တိုက်ပွဲခေတ် မစားတော့၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာ အဖြေရှာတာအကောင်းဆုံးဟု နေရာတကာ အသံများ ကြားနေရသည်။ ဤသို့ဖြင့်လျှင်သာ လွန်၍အကောင်ဆုံးပင်။ သို့သော်ဖြစ်နိုင်ခြေ အဘယ်မျှရှိ မည်နည်း။ အာဏာရှင်တို့ မည်သည့် အဆိုးအဝါးဆုံး အခြေအနေမရောက်မချင်း လက်ခံဆွေးနွေးမည် မဟုတ်ပါ။

နောက်ဆုံး အခြေအနေရောက်မှ ရာဇပလ္လင်တည်မြဲမူအတွက်စေ့စပ်ဆွေးနွေးမည်ဖြစ်သည်။ အာဏာရှင်တို့အတွက် အာဏာခွဲဝေမူဟူသောစကားမှာ ဆေးခါးကြီးထက် ခါးသက်နေမည်ပင်။  နအဖအစိုးရ အနေနှင့် အဘက်ဘက်မှ ချွတ်ခြံကျ မူများရှိနေသည်ကို သိနေသော်လည်း ရာဇပလ္လင် ပေါ်မှဆင်းဘို့ စဉ်စားမည်မဟုတ်ပါ။  မုန့်သာဝေစားမည် အာဏာကို ဝေမျှသူများ မဟုတ်ပါ။ ဖြစ်တဲ့နည်းနဲ့ အသေဆုပ်ကိုင်ထားမည်ဖြစ်သည်။  

အတိုက်အခံတွေဘက်ကရော စစ်အစိုးရပြုတ်ကျနိုင်စွမ်းရှိအောင် ဘာများထူးထူးခြားခြား လုပ်နိုင်ဘာသလဲ။အသင်း များဖွဲ့၊ အစည်းအဝေးထိုင်၊ ဆုံးဖြတ်ချက်ချ ကြောညာချက်ထုတ်ယုံနှင့် စစ်အစိုးရပြုတ်ကျ မည်မဟုတ်ပါ။ လက်တွေ့ ကျသော လုပ်ငန်းများကို လုပ်ဆောင်ရာ၌ ထိရောက်မူ အားနည်းသည်ကို တွေ့ရသည်။ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေးနှင့် အမျိုးသားရေးအမြင်များ ရောထွေးပြီး အမြင်မတူညီမျှများ ရှိနေသည်ကိုလည်း တွေ့ရသည်။

ဒီမိုကရေစီဝိုင်းတော်သားများအနေနှင့် တိုင်းရင်းသားတို့၏ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများအပေါ် အရေးမထား၊   ဒီမိုကရေစီလက်အောက်ခံဖြစ်ပြီး အကယ်၍စစ်အစိုးရ ပြုတ်ကျပြီး ဒီမိုကရေစီအစိုးရတက်ပါက တိုင်းရင်း သားအရေးများလည်း ပြေလည်သွားမည်ဟု အပေါ်ယံကြောသုံးသပ် ထင်မြင်ကြသည်။ တိုင်းရင်းသားများ အဖွဲ့မှလည်း ပြည်တွင်းစစ်သည် ဒီမိုကရေစီအစိုးရလက်ထက်တွင် တောက်လောင်ခဲ့ခြင်းဖြစ်သည်။ စစ်အစိုးရ လက်ထက်မှာမှဖြစ်ပွါးခဲ့သည်မဟုတ်။

ဒီမိုကရေစီအ စိုးရ၏ လူမျိုးကြီးဝါဒ ဆုတ်ကိုင် ထားမူ၊တိုင်းရင်း သားများ အပေါ်ဖိနှိပ်မူကြောင့် တော်လှန်စစ် ဆင်နွှဲခဲ့သည်ဟု ဆိုကြသည်။ ဤဖြစ်စဉ်ကိုသမိုင်းက သက်သေခံ သွားမည်ဖြစ်သည်။ လူသားတို့၏ သဘော သဘာဝမှာ နာဂတ်တွင် တောက်ပသော မျှော်လင့်ချက် များရှိလာလျှင် အကျိုးတူပူးပေါင်းကြပြီး၊ တဦးပေါ်တဦး သံသယဝင် လာလျှင် အမျိုးသားရေးအမြင်များဆီသို့ ဦးတည်သွား တတ်သည်။ ထို့ကြောင့် ယုံကြည်မူ တည်ဆောက်ရာတွင်တဦး၏ ခံစားချက်ကို တစ်ဦး ဝေမျှနားလည်ရန် များစွာ လိုအပ်နေပေသည်။ ငါပေးတာယူ၊ငါခိုင်းယင်လုပ်၊ စောဒက မတက်ကြနဲ့ ဟူသောအမြင်ဖြင့် ယုံကြည်မူ တည်ဆောက်၍ မရနိုင်ပါ။

စောက်ကြောင့်ထိုင်တတ်ယုံနှင့် ကေသရာဇခြသေ့င်္မင်း မဖြစ်နိုင်ပါ။ ဘုံရန်သူကိုဖြုတ်ချနိုင်ရန် တူညီသော ရည်မှန်းချက်၊ အတွေးအခေါ် အယူအဆ၊ လုပ်ငန်းစဉ်များ ရှိရပေမည်။ မျက်ကန်းဆင် စမ်းဝါဒအတိုင်း သွားလျှင် လိုရာခရီး ပန်တိုင်ကို ရောက်မည်မဟုတ်ပါ။  စက္ကူဖြူ၊ အွန်လိုင်း ကျေညာချက်လောက်နှင့် လွတ်မြောက်သွားသော နိုင်ငံမရှိသေးပါ။ ဆောင်းအိမ်မက် အတွေးအခေါ်ထက် လက်တွေ့ကျသော လုပ်ဟန်များက ပို၍အရေးကြီးသည်။ ကျွန်ုပ်တို့၏ အားနည်းချက်တခုမှာ ထွက်ပေါ်လာသော သီဂရီ များအပေါ်အထင်ကြီး ယုံလွယ်ခြင်းဖြစ်သည်။

အများယောင်တိုင်း ကိုယ်လိုက်မယောင်နိုင်ပါက ခေတ်မမီဟု ထင်မြင်တတ်သော သဘောသဘာဝ ရှိနေသည်။ အင်အားရှိသော နိုင်ငံများမှာ ဆန့်ကျင်ဘက်အင်အားစုကို ခြေမှုန်းရာတွင် စစ်ရေး၊ နိုင်ငံရေးနှင့်သာမက  စာပေဂီတ၊ ရုပ်ရှင်၊ အတွေးအခေါ်သီအိုရ်ီပိုင်းနှင့်ပါ ထိုးနှက်တိုက်ခိုက်လေ့ရှိသည်။

မှတ်မှတ် ရရအဖြစ်အပျက်တစ်ခုမှာ (၂၀၀၀) ပြည့်နှစ်တွင် စကော့တလန်နိုင်ငံမှ ကမ္ဘာကျော်ဂျိမ်း(စ်)ဘွန်းမင်းသား၊ စကော့ လူမျိုး ရှောင်ကွန်နရီကို အမေရိကန်ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် ချီးမြင့်ပေးပြီး သမ္မတဘီလ်ကလင်တန်က ခင်ဗျားတို့သာ  မပါရင် ဒီကွန့်မြူနစ်စံနစ်ကိုတိုက်ခိုက် အောင်မြင်ဘို့ မလွယ်ဘူးဟု ပြောဆိုခဲ့သည်။ 

ယခုလည်းလာမည့်(၂၀၁၀) ခုနှစ်အတွက် တောတွင်းအရိုင်းစစ်ချီဗုံသံ၊ တုံးခေါက်သံကြား စပြုနေပြီး။ လေးမြှား စွန့်မည်လော။ လာမည့်ဘေးကိုရဲရဲ ပြေးတွေ့မည်လော။ အတိုက်အခံအဖွဲ့ အပြိုင်တိုးချဲ့ပြီး လေလှိုင်းစစ် ပွဲဆင်နွဲ မည်လော။ ကျစ်လစ်ခိုင်မာသောအဖွဲ့ဖြင့် စည်းလုံးညီညွတ်သော အင်အားနှင့် ရင်ဆိုင်မည်လော။ ဤအဆုံးအဖြတ်မှာ ကိုယ့်အပေါ်တွင်သာ တည်သည်။ လူတို့သည် ကိုယ့်သမိုင်း ကိုယ်ရေး၍ ကိုယ့်အတွေးကို ကိုယ်သာလျှင်ပိုင်သည်။

ကျောက်ဆစ်ရုပ်ကိုလည်း မိမိကိုယ်တိုင် ထုနိုင်သည်။ သို့မဟုတ် ရေပေါ်၌လည်း ရုပ်ပုံလှလှများ ဆွဲခွင့်ရှိသည်။ ဆောင်းတွင်းအိမ်မက်ကိုလည်း မက်ခွင့်ရှိသည်။ ဤကားလူတို့၏မွေးရာပါရွေးချယ်မူ အခွင့်အရေး တစ်ရပ်ပင် မဟုတ်ပါလော။

ကွန်းအိန်


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views