အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

မွန်အရှင် ကောသလ္လ
ဇွန် ၇၊ ၂၀၀၉။

မွန်အမျိုးအနွယ်အတွင်းမှ ပေါက်ဖွားဆင်းသက်လာရသည်ပင် စာရေးသူအနေနဲ့ ဂုဏ်ယူစရာတရပ်ဟုထင်မိပါသည်။
အကြောင်းသော်ကား မွန်လူမျိုးသည် မွန်ခမာအနွယ်မှဆင်းသက်လာသော လူမျိုးကြီးတရပ်ဖြစ်သည့်အပြင်
ဂေါတမဘုရားရှင်ပွင့်တော်မူစအချိန်မှစ၍ ရာတနာသုံးပါးလေးစားရမှန်း၊ တစ်ဦးနဲ့တစ်ဦးဆက်ဆံရာတွင်
ယဉ်ကျေးသိမ်မွေ့ရမှန်းတစတစသိလာကာ၊ ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်တိုင်းပြည်ကိုယ့်စာပေ၊
ကိုယ်ပိုင်ယဉ်ကျေးမှုအဆင့်ထိတိုးတက်လာသောကြောင့်ဖြစ်ပါသည်။

ဤသို့ခေတ်အဆက်ဆက်ချီတက်လာသော်လည်း စာပေယဉ်ကျေးမှုများမပျောက်ကွယ်ပဲ ယခုထက်တိုင်တည်ရှိနေနိုင်ခြင်းမှာ မွန်မျိုးချစ်များဖြစ်ကြသောဘဘေး၊ ဘိုးဘီဘင်နောင်တော်ဆွေမျိုးစဉ်ဆက်တို့၏ ကျေးဇူးကြောင့်ဟုဆိုလျှင်မှားနိုင်မည်မထင်၊ မွန်ခမာနောက်မှမြန်မာပြည်တွင်းသို့ဝင်ရောက်လာသော ပျူ၊ကမ်းယံ၊သက်လူမျိုးတို့မှာယခုအခါ ကျောက်စာအချို့မှလွဲ၍ လူမျိုးတစ်ရပ်အနေဖြင့် လက်ဆုပ်လက်ကိုင်ပြစရာလောက်အောင်ပင် ဤနိုင်ငံမှဆိတ်သုန်းသွားရသည်။

ဤသို့လူမျိုးပျောက်ကွယ်ရခြင်းမှာ  ငါးကြီးကငါငယ်ကိုစား၊ ငါးငယ်ကပုစွန်ဆိက်ကိုစား၊ ပုစွန်ဆိတ်ကရေညှိကိုစားသကဲ့သို့ လူမျိုးကြီးတစ်ရပ်က လူမျိုးစု၊လူနည်းစုကိုဝါးမျိုသောကြောင့်လည်းကောင်း၊ လူမျိုးချင်းချင်းရောနှောဆက်ဆံ ခြင်းကြောင့်သော်လည်းကောင်း၊  မိတို့၏စာပေယဉ်ကျေးမှုထက် တပါးအမျိုးနွယ်တို့၏ စာပေယဉ်ကျေးမှုကိုအထင်ကြီး သောကြောင့် လည်းကောင်း၊ အစရှိသောအကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေလိမ့်မည်။

ဘာသာစကားသည်ပထမ
အမျိုးသားတိုင်းမိမိတို့၏ အမျိုးမပျောက်ကွယ်သွားအောင် အရှည်တည်တံ့အောင် အမျိုးအပေါ်တွင်
သစ္စာရှိရမည်၊စောင့်ထိန်းရမည့် တာဝန်ကိုယ်စီရှိရမည်၊ မိမိ၏အမျိုးကို ချစ်ခင်လေးစားရမည်၊ ကမ္ဘာ့လောကတွင်
ဤအမျိုးအနွယ်ကမြတ်သည်၊ ဤအမျိုးအနွယ်ကယုတ်သည်ဟူ၍ အတိအကျတိုင်းတာ၍ ရမည်မဟုတ်ပါ။
မိမိ၏လူမျိုးဘယ်အခြေအနေရောက်ရောက်နေစေကာမူ မိမိ၏လူမျိုးရှေ့တန်းရောက်အောင် တိုးတက်လာအောင်ကြိုးစားရမည်မှာ လူတိုင်းရှောင်ဖယ်၍ မရသော အဓိကတာဝန်တရပ်ဖြစ်ပေသည်။

လူမျိုးတစ်ရပ်၏အဓိကလက္ခဏာသည်ကာ ဘာသာစကားပင်ဖြစ်၏။ ကိုယ်ပိုင်ဘာသာစကားမရှိသောလူမျိုးစုတခုအနေဖြင့် ရပ်တည်ဖို့ခဲယဉ်းလှပေသည်။ လူမျိုးတိုင်းကိုယ်ပိုင်ဘာသာစကားရှိသရွေ့ လူမျိုးတစ်ရပ်အ ဖြစ်တည်တံ့နိုင်သေးသည်သာဖြစ်၏။

ဘာသာစကားသာပျောက်ကွယ်သွားရင်ဒါမွန်လူမျိုးပဲ၊ဒါဗမာလူမျိုးပဲ ဟုညွှန်ပြစရာပင်ရှိမည်မဟုတ်။
ထို့ကြောင့်မွန်မျိုးချစ်ပုဂ္ဂိုလ်တိုင်းမွန်ဘာသာစကားကိုသင်ကြားရမည်။ လေးစားရမည်။ မွန်စကားကိုနေရာတကာပြောကြားရပေမည်။

စာရေးသူတို့ငယ်စဉ်က အစိုးရစာသင်ကျောင်းတွင်နေရသဖြင့် ကျောင်းမှာဗမာလိုအချင်းချင်းပြောကြအိမ်ရောက်ပြန်လျှင်လည်း ဗမာလိုပြောကြသည်ကိုအဘိုးလုပ်သူက မြင်ပြင်းကပ်၍အိမ်မှာတော့ကိုယ့်အချင်းချင်းမွန်လိုပြောကြပါ ဟု မိမိတို့ညီအကို ကိုတိုက်တွန်းခဲ့ဘူးသည်။ ကလေးဘ၀မှစ၍မိမိ၏မိခင်ဘာသာ စကားနှင့်ထိတွေ့မှုမရှိခဲ့ရင်ထိုကလေးသည် ကြီးပြင်းလာသောအခါပိုဆိုးဘို့သာရှိတော့သည်။ မိမိ၏မိခင်ဘာသာစကားကို လေးစားစားရမှန်းမသိတော့ပဲသူတပါး၏ ဘာသာစကားကိုသာအထင်ကြီးလာပေလိမ့်မည်။

မိမိလူမျိုးရဲ့မြင့်မြတ်တဲ့ဘာသာစကားကိုသားသမီးတို့အား လက်ဆင့်ကမ်းပေးရန်ပုခက်လွှဲသော လက်ပိုင်ရှင်မွန်မိခင်တိုင်း၊ မွန်ကိုတကယ်ချစ်တဲ့မွန်ဖခင်တိုင်း၏ တာဝန်ပင်ဖြစ်ပေသည်။

စာပေသည်ဒုတိယ
လူ့ယဉ်ကျေးမှုစတင်ကတည်းက ဘာသာစကားသည်တစ်ဦးနဲ့တစ်ဦး နားလည်အောင် ဆက်သွယ်ရာတွင် ပနာနကျသော လက်နက်ကရိယာတစ်ခုပင်ဖြစ်သည်။ ဘာသာစကားပေါ်ပေါက်ပြီးမှသာ ဘာသာစကားကိုမှတ်တမ်းတမ်းတင်သည့်စာအရေး အသားပေါ်ပေါက်လာရသည်။

ဘယ်လူမျိုးတွေကမှစာအရေးအသားကဦးစွာပေါ်၍ ဘာသာစကားနောက်မှပေါ်သည်ဟူ၍မရှိပေ။

လူတိုင်းလူတိုင်းရှေးဦးစွာ “ချိုမိုင်မိုင်”သင်လာရသည့်အချိန်မှစ၍ စာသင်ကျောင်းသို့မရောက်မှီကာလအတွင်း “ပုဗ္ဖစရိယမိနှင့်ဘ” တို့၏လက်ထဲတွင်ဘာသာစကားကို သင်ကြားခဲ့ရသည်၊ ထိုကြောင့်စာပေသည်လူမျိုးတည်တံ့ရေး၏ ဒုတိယမှတ်ကျောက်ဖြစ်ပေသည်။

ယခုအခါမွန်အမျိုးသား၊အမျိုးသမီးတိုင်း မွန်ဘာသာပြောတတ်သည်ကိုထားဘိဦး၊မွန်ဘာသာဖြင့်ရေးတတ်၊ ဖတ်တတ်ရန် ခပ်ရှားရှားဖြစ်လာသည်မှာ စာရေးသူအနေနဲ့ အလွန်ဝမ်းနည်းမိပါသည်၊ ဤကဲ့သို့မွန်ဘာသာကိုသာပြောတတ်၍မရေးတတ်၊ မဖတ်တတ်ရခြင်းမှာစာသင်ချိန်အရွယ်ရောက်သည်နှင့် အစိုးရစာသင်ကျောင်းသို့ပို့ကြသောကြောင့်ပင်ဖြစ်ပေသည်။ စာရေးသူအနေနဲ့မွန်ကလေးငယ်များကို အစိုးရကျောင်းဆီသို့မပို့ရဟု မဆိုလိုပါ။ သို့သော်အစိုးရကျောင်းမှာနေရင်းမိဘလုပ်သူက အားလျှင်အားသလိုသင့်တော်သည့်အချိန်မှာ.... မွန်စာပေသင်ကြားသင့်ပေသည်။

စာရေးသူအနေနဲ့အစိုးရမူလတန်းကျောင်းနေကတည်းက မွန်စာကိုကောင်းကောင်းရေးတတ်၊ဖတ်တတ်နေပေပြီ၊
အကြောင်းမှာအစိုးရကျောင်းတွင်နေရင်းအဘိုးက ကျောင်းပိတ်ရက်(အဖိတ်၊ဥပုသ်)ရက်နေ့တိုင်းဘုန်းကြီးကျောင်း
တက်ခိုင်း၍မွန်စာသင်စေခဲ့သည်။ 

နွေရာသီကျောင်း(၂)လပိတ်ချိန်တွင်လည်း(၂)လလုံးလုံးဘုန်းကြီးကျောင်းမှာ အချိန်ကုန်ရပြန်သည်။ စာရေးသူအနေနဲ့(၁၂)နှစ် လုံးလုံးစာသင်နေရသည်မှာငြီးငွေ့ခဲ့သည်။ အဘိုးဖြစ်သူ၏အမိန့်ပညတ်ချက်ကိုမလွန်ဆန်ဝံ့၊ အဘိုးကိုကြောက်နေရသဖြင့် အစိုးရကျောင်းနှင့်ဘုန်းကြီးကျောင်းတွင်သံသရာလည်ခဲ့ရသည်။ အဘိုးကွယ်လွန်သော အခါမှအဘိုး၏ကျေးဇူးကိုဆပ်၍မကုန် နိုင်အောင်ကြီးမားကြောင်းသိရသည်။

ကျနုပ်တို့လူမျိုးများမှာမွန်စာမတတ်လျှင်နေရမည်၊ဘာသာခြားတရုတ်၊ကုလားတို့မှာ အမျိုးသားကျောင်းအသီးသီးဖွင့်ကာအချိန်ပိုင်း သော်လည်းကောင်း၊ အချိန်ပြည့်သော်လည်းကောင်း၊မိမိတို့စာပေကိုသင်ကြားနေ ကြသည်။ ထို့ကြောင့်တရုတ်လူမျိုး၊ ကုလားလူမျိုးတိုင်းလိုလိုမိမိတို့၏ ဘာသာစကားကိုပြောတတ်ကြလည့်အပြင် ကောင်းမွန်စွာရေးတတ်၊ ဖတ်တတ်ကြပေသည်။ အတုယူစရာကောင်းလှပေသည်။ တိုင်းရင်းဖွားမွန်လူမျိုးအနေဖြင့်မွန်စာတတ်ရန် ဘုန်းကြီးကျောင်းကိုသာ အားကိုးရရှာသည်။

မွန်အမျိုးသားကျောင်းဟူ၍အသီးအခြားမရှိခဲ့။ ဘုန်းကြီးကျောင်းဆိုရာ၌လည်းကျောင်း သူများကိုလက်ခံသည်မဟုတ်၊ ထို့ကြောင့်မွန်စာကို ဖတ်တတ်စရာရှိလျှင်ယောကျာ်းများသာ တတ်၍မိန်းမများမတတ်ပဲရှိကြရသည်။
မွန်ဒေသရှိအချို့သောမူလတန်းစာသင်ကျောင်း၌မွန်စာကို သင်ကြားပေးသည်ဆိုသော်လည်းထိထိရောက်ရောက်မရှိ။

မတောက်တခေါက်နဲ့သာအချိန်ကုန်ခဲ့ရသည်၊ တချိန်ကမော်လမြိုင်ကောလိပ်တွင်မွန်ဘာသာကို(Optional Subject)စိတ်ကြိုက်ဘာသာတရပ်အနေဖြင့် သင်းကြားပေးခဲ့သော်လည်း နောက်ပိုင်းတွင်
“ဖုတ်လေသည့်ငပိ၊ရှိသည်ဟုပင်မကြားမိတော့” အချုပ်အားဖြင့်ဆိုရလေသော်ဘာသာခြားစာပေကိုတတ်သင့်သလို ကိုယ့်စာပေကိုမသင်မနေရ၊တတ်အောင်သင်ရမည်။ ဘာသာခြားစာပေကိုတော့တတ် ပါလျှက်မိမိစာပေကိုတော့မတတ်ဘူးဆိုလျှင် ရှက်စရာပင်ကောင်းလှပေသည်။

သို့သော်ဤရှက်စရာကိုအချို့ကဂုဏ်ယူစရာအဖြစ်ပြောနေ ကြသည်ကိုကြားရတိုင်းစာရေးသူ အနေဖြင့်ဆတ်ဆတ်ခါနားကျည်းလှသည်။ မိမိစာပေကိုတော့ဘယ်နည်းနဲ့မဆိုဆရာကောင်းရှာ၍ တတ်မြောက်အောင်သင်ကြားရပေလိမ့်မည်။

ယဉ်ကျေးမှုသည် တတိယ
ဘာသာစကားနှင့်စာပေတိုးတက်လေလေယဉ်ကျေးမှု တိုးတက်လေလေဖြစ်ပေမည်။ ဘာသာစကားနှင့်စာပေကိုကြည့်ကာမျှဖြင့် လူမျိုးတရပ်၏ယဉ်ကျေးမှုအဘယ်မျှအဆင့်အတန်းရှိသည်ကို ခန့်မှန်းနိုင်ပေသည်။ ဘာသာစကားနှင့်စာပေမှာယဉ်ကျေးမှု၏ ပင်ရင်းမူလ(သို့)အခက်အလက်များဖြစ်သော်လည်း ၄င်းကောင်းတို့ကိုသီးခြားတင်ပြရခြင်းမှာ ၄င်းတို့သည်ယဉ်ကျေးမှု၏ ၀ိသေသလက္ခဏာများဖြစ်သောကြောင့်ပင်ဖြစ်လေ၏။

ယဉ်ကျေးမှုဟုဆိုရာ၌လူမျိုးတမျိုး၏ဓလေ့ထုံးစံ၊ အသက်မွေးမှု၊ ဘာသာရေး၊ နေထိုင်မှု၊၀တ်စားဆင်ယင်မှု၊ အနုပညာစသည်ဖြင့် အလွန်ကျယ်ဝန်းလှသည်။ R.W.Emenson အာဒဗလျူအီမာဆင်က ယဉ်ကျေးမှု၏ အတိုင်းအတာ
အစစ်မည်သည်သန်းကောင်စာရင်းအရလူဦးရေများခြင်း၊ နည်းခြင်းမဟုတ်၊ တိုင်းပြည်ပမာ ဏ၊ ထွက်ကုန်ပမာဏလည်းမဟုတ်။ တိုင်းပြည်ကမွေးထုက်ပေးသောလူ၏အမျိုးစားသာဖြစ်၏၊ဟုဆိုခဲ့သည်။
မှန်၏။ ယဉ်ကျေးမှုသည်သဘာဝလောကကြီး၏ တိုးတက်ပြောင်းလဲမှုကိုတိုင်းတာသည့်ပြဒါးတိုင်ပင်ဖြစ်ပေသည်။ ခေတ်ဟောင်းယဉ်ကျေးမှုရော၊ ခေတ်သစ်ယဉ်ကျေးမှုရောပါ အဆိုးအကောင်းဒွန်တွဲလျှက်ပင်ရှိကြပါသည်။

ခေတ်ဟောင်းယဉ်ကျေးမှုတိုင်းခေတ်မမှီတော့ဟုဆိုပြီး မပစ်ပင်သင့်ကောင်းသည် လည်းများစွာရှိသည်။
ကောင်းသည်ကိုဆက်လက်ထိန်းသိမ်းပြီးမကောင်းသည်ကိုလည်း  ပြုပြင်သင့်သလောက်ပြုပြင်ပြီးအသုံး
ပြုသင့်သည်။ တိုးတက်သောခေတ်ကြီးနှင့် အမှီဆိုပြီး ရှေ့လောကြီး နေ၍မပြီး၊ “အရင်လိုလမ်းအိုလိုက်“
ဆိုကကဲ့သို့ လိုက်သင့်သော နေရာတွင် လိုက်ရသည်။ “လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်“ ဟူသကဲ့သို့
ထွင်သင့်သောနေရာတွင် ထွင်ရပေမည်။

ဥပမာပြရသော် အနုပညာနဲ့ ကဗျာအလာင်္ ဘက်တွင်အသစ်တီထွင်၍ ဖြည့်စိက်စရာများစွာ လိုအပ်နေသေးသည်။
ဤမျှနှင့် ပြည့်စုံမည်ဟူ၍ ကျေနပ်မနေသင့် ၊ အနုပညာဆိုရာ၌ အကတေးသီချင်းနှင့် တူရိယာတို့ကို အထူးဆိုလိုသည်။
တူရိယာဘက်တွင် ဗုံ၊မောင်း၊ပွေး၊နှဲ၊ပတ္တလား စစည်တို့ကို ဆက်လက်ထိန်းသိမ်းသင့်သလို ခေတ်ပေါ်တူရိယာများဖြစ်သော စန္ဒယား၊ဘင်ဂျို၊မယ်ဒလင်၊ဘာဂျာ၊အကော်ဒီယံ၊ဂီတာ စသည်တို့ကိုလည်းမွန်တူရိယာအတွင်းသို့ မွေးစားသင့်သည်ဟု မြင်သည်။
အကဖက်၌လည်း ရှေးမွန်နှစ်ပါးသွား၊အငြိမ့် စသည်ဖြင့်အားရမနေပဲ ခေတ်ပေါ်က ကြိုးကကွက်များကို
ပညာရှင်တို့မွေးထုက်သင့်ပေသည်။

တေးသီချင်းဆိုရာတွင် ဆင့်နှစ်ရာသီ သီချင်း၊သားချော့သီချင်း  စသည်တို့နဲ့အားရမနေသင့်ပဲ ယခုခေတ်ပေါ်ကမ္ဘာ့သီချင်းများကဲ့သို့ အတုယူသင့်သောနေရာတွင်အတုယူ၍ ဖွဲ့ဆိုသင့်ပေသည်။

ကဗျာအလင်္ကာ
ဆိုရာတွင်မွန်တို့သည် ဗမာတို့ထက်စာပေအရာစောသော်လည်း ရေရှည်တွင်ဗမာတို့နောက်ပြတ်ကျန်ရစ်သည်ကိုဝန်ခံရပေမည်။

မွန်ကဗျာ၊အလင်္ကာ၌ ဆိုခဲ့ပြီးသော သီချင်းများနှင့်အဓိကအားဖြင့် ၀ိုင်း(၉)၀ိုင်း၊ သံပေါက်၊လင်္ကာ(၈)လုံးတွဲစသည်တို့ကိုသာ တွေ့ရသည်။

ဗမာတို့ကဲ့သို့ ဒွေးချိုး၊ တေးထပ်၊ တျာချင်း၊ အိုင်ချင်း၊ အဲချင်း စသောစပ်နည်းများ ဝေေ၀ဆာဆာမြိုင်မြိုင်ဆိုင်ဆိုင် မရှိကြပဲ ရေနည်းငါးပမာ ဖြစ်နေသည်ကို ပညာရှင်တို့ သတိပြုသင့်လှပေသည်။ ပြီးနောက် မွန်ကဗျာ့ဥယျာဉ်ကြီး စည်စည်ကားကား ဖြစ်လာရန်၊ မွန်က၀ိစာဆိုတို့သည် မိမိတို့တက်နိုင်သည့်ဘက်က စိုက်ပျိုးရေလောင်း၊ မြေတောင်မြှောက်ပေးသင့်သည်။

ဆင်ယင်ထုံးဖွဲ့မှု၌ မိမိရိုးရာအတိုင်း  ၀တ်စားဆင်ယင်ထုံးဖွဲ့ခြင်းသာလျှင်..ဘယ်မမုန်းနိုင်၊စံပယ်ကုံးခိုင်...ဖြစ်တော့သည်။

ပေါင်းသင်းဆက်ဆံရေးသည် စတုတ္ထ
မိမိ၏အမျိုးကို စောင့်ထိန်းလိုလျှင် မည်သည့်အမျိုးသား၊အမျိုးသမီးကိုမဆို၊မိမိလူမျိုးအချင်းချင်းနဲ့သာ ထိမ်းမြှားမင်္ဂလာပြုသင့်ပေသည်။ ဘာသာခြားနှင့် ထိမ်းမြှားခြင်းမှာ မည်သည့်လူမျိုးမဆို မလိုလားအပ်သော ကိစ္စတရပ်သာဖြစ်၏။ထိုသို့ လူမျိုးစပ်၍ မွေးဖွားလာသူတို့မှာ မည်သည့်လူမျိုးကိုမှ ကိုယ်စားမပြုနိုင်၊ ပေါက်ဖော်လည်းမစစ်၊ ပန်းသေးသာဖြစ်၍ မွန်တို့အနေဖြင့်“ တလိုင်း” (ဖအေပျက်သား) ဟူ၍ရှုတ်ချအပ်သော အမျိုးအဖြစ်သို့ ရောက်လိမ့်မည်။ အချုပ်အားဖြင့် သင်သည်မွန်အမျိုးသား၊ အမျိုးသမီးတစ်ဦးဖြစ်၍ “မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်” မွန်ဘာသာစကားကိုပြော၊ မွန်စာကိုတတ်ရန်၊သင်၊ရေး၊ဖတ် မွန်ယဉ်ကျေးမှုကို
ချစ်မြတ်နိုး၍ ထိန်းသိမ်းခြင်းအားဖြင့် မိမိတို့အမျိုးဂုဏ် စောင့်စည်းသင့်ကြောင်း တိုက်တွန်းလိုက်ရပေသည်။  ။
                 

ကျနော်ဖတ်ခဲ့ရသော တက္ကသိုလ်မွန်မဂ္ဂဇင်း(၁၉၇၁-၇၂)မှ မွန်အရှင် ကောသလ္လ(ဘီအေ-ဓမ္မာစရိယ)၏ဆောင်းပါးအား မူရင်းအတိုင်း ပြန်လည်ကူးယူဖော်ပြခဲ့ပါသည်။ သာထွန်းမွန်

Feedback From
Mon, Aug 20, 2012 at 10:53 AM
Name of sender: Khinmglay
Email of sender: Khinmglay30712@gmail.com
COMMENTS: လူမျိုးတူအချင်းချင်းပဲလက်ထပ်သင့်တယ်ဆိုတာကုလက်ခံပါတယ် ခက်တာက ကျွန်တော်တို့နိုင်ငံမှာ စပ်မျိုးတွေအများကြီးပဲ မွန်ပအို့ဝ့် ၊ မွန်ကရင် ၊ မွန်ဗမာ ------- သူတို့တွေကျတော့ရော--- သူတို့ရဲ.့  မိဘတွေကိုအပြစ်တင်ကြမှာလား၊ စိုင်းထီးဆိုင်သီချင်းထဲက ဘာသာလူမျိုးမခွဲပဲချစ်တာကိုယ်တို့ နှစ်ယောက်ရဲ့  အပြစ်လားဆိုတာ တကယ်ပဲသူတို့ နှစ်ယောက်ရဲ့ အပြစ်ပေါ့
Kaowao cartoon feedback
အကြံပြုချက်များ
အမည် .. သာထွန်းမွန်
အီမေလ် .. chanmonchan@hotmail.com
နေ့စွဲ ..ဂျောန်၊ ၁၁၊၂၀၀၉
ဒီ အ မေး အ တွက် ကျေး ဇူး အ ထူး ပါ ကိုသူရိန် ။ မွန် အ သျှင် ကော သ လ္လ ရဲ့ ဤ ဆောင်း ပါး ပါ တ လိုင်း စ ကာ လုံး ရဲ့ ဆို လို ရင်း က.... (က္ကုတ လေင်=ဖ အေ ပျက် သား) ပါ ပဲ။ ချစ် ခြင်း အား ဖြင့်........သာထွန်းမွန်
အမည် .. thuyamon
အီမေလ် .. thuyamon.paung@gmail.com
နေ့စွဲ ..ဂျောန်၊၁၀၊၂၀၀၉
အလွန်ကောင်းမွန်သော ဆောင်းပါးဖြစ်ပါသည် မွန်စကား ၊ စာပေ ၊ ယဉ်ကျေးမှု ယခုထက်ပိုမိုထွန်းကားလာနိုင်ဖို့အတွက် မွန်လူမျိုး အားလုံးအနေဖြင့် သာမန်ဖြစ်ရပ်အဖြင့် ရပ်တန့်မနေဘဲ အရေးကြီး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်သည်ဟု ထင်မြင်မိပါသည်...မွန်ပြည်နယ် နှင့် အခြားပြည်နယ်ရှိ မွန်လူမျိုးများ နေထိုင်ရာ ဒေသအသီးသီးတွင် မွန်စာပေယခုထက်ပိုမိုထွန်းကားရေး အတွက် မွန်လူမျိုးတိုင်းပင်ကိုယ်အသိစိတ်ဖြင့် ဆောင်ရက်သွားသင့် ပါသည် ။
အမည် .. jame soul
အီမေလ် .. jamesoul1975@gmail.com
နေ့စွဲ ..ဂျောန်၊၉၊၂၀၀၉
အလွန်မှန်ကန်သော ဆောင်းပါးဖြစ်သည် ထောက်ခံသည်။ သို့ပေတည်း မိမိသည်မွန်မဟုတ် ဗမာဖြစ်သည်။
အမည် .. သူရိန်
အီမေလ် .. thuraintun@yhoo.com
နေ့စွဲ .. ဂျောန်၊ ၉၊၂၀၀၉
သို့ ကိုသားထွန်းမွန် ကိုသားထွန်းမွန်ရေးတဲ့ ဆောင်းပါးနောက်ဆုံးအပိုဒ်မှာ (တလိုင်း) ရဲ့ အဓိပ်ပယ်က ဖအေပျက်သားပဲလား။ လေးစားလျှက် သူရိန်
 
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document


Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views