အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

ညီညီချမ်း
ဇွန် ၁၆၊၂၀၀၉။

နိုင်ငံတနိုင်ငံတွင် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးလာလျှင် ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများမှာ စားဝတ်နေရေး အကြပ်အတည်း၊ လူမှုရေး အခက်အခဲများနှင့် ကြုံရလေ့ရှိသည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်
စစ်တပ်မှ အာဏာသိမ်းပြီးနောက် ယနေ့အထိ ပြည်သူလူထုမှာ စားဝတ်နေရေး၊ လူမှုရေး အခက်အခဲများနှင့် ရင်ဆိုင် နေရသည်မှာ လူတိုင်းအသိပင် ဖြစ်သည်။ ထိုနည်းတူစွာပြည်တွင်းစစ်နှင့် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး ပြဿနာသည်လည်း ဖြေရှင်း၍ မရသေးသည့် အခြေအနေတွင် ရှိနေသည်။ ယခုကဲ့သို့ အခြေအနေ ဆိုးများနှင့် ရင်ဆိုင်နေရသည့် အဓိက အကြောင်းအရင်းမှာ အောက်ပါအတိုင်း  လေ့လာတွေ့ရှိရ သည်။

မြန်မာနိုင်ငံသည် ၁၉၄၇ ပင်လုံစာချုပ် သဘောတူညီချက်အရ ပြည်တွင်း နိုင်ငံရေး ကိစ္စရပ်များကို ဖြေရှင်းနိုင်သည့် အလားအလာ ကောင်းများရှိခဲ့သော်လည်း အစိုးရအဆက်ဆက်မှ ညီရင်းအစ်ကို တိုင်းရင်းသား အချင်းချင်း ညှိနှိုင်း အဖြေရှာနည်းကို အသုံးမပြုဘဲ စစ်အင်အားသုံး အပြုတ်တိုက်ရေးကို သုံးခဲ့သည်။ ထို့ကြောင့် လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်မီး တောက်လောင်လာခဲ့သည်။ အလားတူ နိုင်ငံသား ပြည်သူတို့၏ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် အစရှိသည့် အခြေခံ အခွင့်အရေးများ ပိတ်ပင်ခဲ့ခြင်းနှင့် လူမှုရေး အထွေထွေအကြပ်အတည်းများကြောင့် (၈၈၈၈) အရေးတော်ပုံ ပေါ်ပေါက်လာခဲ့ရသည်။

၁၉၈၈ နောက်ပိုင်းန အ ဖ စစ်အစိုးရ၏ နိုင်ငံရေး ဦးတည်ချက်တရပ်ဖြစ်သည့် “ အမျိုးသားပြန်လည် စည်းလုံးညီညွတ် ရေး” ကြွေးကြော်သံကို သုံးသပ်ရာတွင် အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသား အင်အားစု များနှင့် ဒီမိုကရေစီအင်အားစုများတို့က သုံးပွင့်ဆိုင် ဆွေးနွေးအဖြေရှာရေးကို အစဉ်တစိုက် တောင်းဆို ကြိုးပမ်းခဲ့ ကြသည်။  ကြိုးပမ်းနေဆဲလည်းဖြစ်သည်။  ဤဖြေရှင်းနည်းကို  ကုလသမဂ္ဂကလည်း ထောက်ခံအားပေးသည်။ တဖန် တွေ့ဆုံ ဆွေးနွေးရေး အခြေခံ သဘောတရားကို သုံးသပ်ရာတွင်လည်း တွေ့ဆုံဆွေးနွေးရေးသည် အပြစ်ပေး အရေးယူခြင်း မဟုတ်ပေ။ ညှိနှိုင်းအဖြေရှာခြင်းပင် ဖြစ်သည်။ တဖက်ကိုနာစေပြီး အခြားတဖက်ကို အသာရစေသည့် နည်းလမ်းလည်း မဟုတ်ပေ။ ချိန်ခွင်လျှာညှိ၍ အဖြေရှာရမည်ပင်။ ဒါဆိုလျှင် တွေ့ဆုံဆွေးနွေးခြင်းသည်သာ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၏ အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်ပါလော။ ယခုအခြေအနေတွင် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် မလိုက်နာသူသည် မည်သူနည်း။ ဤကဲ့သို့ မလိုက်နာသူသည် အမှန်တကယ် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လိုလားပါရဲ့လားဟု မေးခွန်းထုတ်လျှင် န အ ဖ  စစ်အစိုးသာ ဖြစ်ကြောင်း အဖြေပေးရပေလိမ့် မည်။

န အ ဖ အစိုးရ၏ “ ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ပေါ်ပေါက်လာရေး” ကြွေးကြော်သံကို သုံးသပ်ရာတွင်- ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် လက်နက်ကိုင် အပစ်အခတ်ရပ် အဖွဲ့အစည်းများ အပါအ၀င် အခြား ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသားအင်အားစုများ အမျိုးသားညီလာခံတွင် တက်ရောက်ဆွေးနွေး ခဲ့ကြသည်။ သို့သော် အမျိုးသားညီလာခံတွင် လွတ်လပ်စွာ ဆွေးနွေးခွင့် မရသည့်အပြင် တင်ပြဆွေးနွေးချက်အချို့လည်း ပယ် ချခြင်း ခံခဲ့ရသည်။ သို့ဖြစ်၍ ညီလာခံကိုယ်စားတွေ အမျိုးသားညီလာခံမှ နှုတ်ထွက်သွားသည်။ ထိုနည်းတူစွာ
အပစ်ခတ်ရပ် တိုင်းရင်းသား အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီ သည်လည်း အမျိုးသားညီလာခံမှ နှုတ်ထွက် ခဲ့သည်။ ဤအချက်ကို ကြည့်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ မခိုင်မာအောင် မည်သူ လုပ်နေကို ဆန်းစစ်နိုင်ပါသည်။ ပြီးခဲ့သည့် သတင်းပတ်က အဓမ္မ လုပ်အားပေး စေခိုင်းမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်က ထောက်ပြရသည့် အခြေအနေကို ကြည့်လျှင် ဖွဲ့စည်းပုံတွင် စစ်တပ်က မည်မျှ အသာစီးယူထားတာကို ခန့်မှန်းကြည့် နိုင်ပါသည်။

လက်ရှိ စစ်အစိုးရ၏ “ နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေနှင့် တရားဥပဒေစိုးမိုးရေး” ကြွေးကြော် သံကို သုံးသပ်ရာတွင် ဖိနှိပ်မှုကြောင့် ပြည်သူလူထု၏ တောင်းဆိုဆန္ဒပြမှုကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့ သြဇာလွှမ်းမိုးထားနိုင်သည့် ရန်ကုန်နှင့် အခြားမြို့တွေမှာ ဗုံးဖေါက်ခွဲမှု အမျိုးမျိုး ဖန်တီးပြီး နယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းအချို့ကို စွပ်စွဲပြောဆိုသည်။ ဤစွပ်စွဲချက် ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို အဖြေရှာကြည့် ရာတွင် ပေါက်ကွဲမှုများမှာ ၎င်းတို့သြဇာလွှမ်းမိုးထားသည့် နေရာများတွင်သာ ဖြစ်သည်က များသည်။ ပေါက်ကွဲသည့် နေရာကို ရောက်ရန် လုံခြုံရေး အထပ်ထပ်ချထားသည့်အပြင် စစ်ဆေးမှု အမျိုးမျိုးလည်း ရှိသေးသည်။ အခြားအတိုက် အခံ အဖွဲ့အစည်းများ လွယ်လွယ်နဲ့ ၀င်ရောက်နိုင်သည့် အနေအထားလည်းမရှိ။ များသောအားဖြင့် ကိုယ်ပိုင်ပြဌာန်း ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသားအင်အားစုများနှင့် ဒီမိုကရေစီ အင်အားစု များ၏ လမ်းစဉ်ကလည်း အကြမ်းဖက်လိုသည့် ဦးတည်ချက်မရှိ။ မလွှဲမရှောင်၍သာ လက်နက်ကိုင် တိုက်ပွဲဝင်နေရခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် နိုင်ငံတော် ဆူပူ မတည်ငြိမ်မှု ဖြစ်အောင် မည်သူတွေက လုပ်ဆောင်နေသည်ကို ညာဏ် မျက်စိနဲ့ တွေးကြည့်နိုင်ပါသည်။

တရားစီရင်ရေး အခြေခံသည် လူတိုင်းတွင် ဥပဒေစိုးမိုးမှုအောက်တွင် ရှိသည်။ ဥပေဒရှေ့မှောက်တွင် လူတိုင်း အခွင့် အရေးတန်းတူ (equality is before the law)ရှိသည်။ အုပ်ချုပ်သူ အစိုးရရော အုပ်ချုပ်ခံ ပြည်သူများပါ  ဥပဒေကို လိုက်နာရသည်။ တရားဥပဒေစိုးမိုးရေး အဆောက်အအုံသည် ဘက်လိုက်ခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် ဖွဲ့စည်းထား သည်ကို တွေ့ရသည်။ သို့သော် ယခု မြန်မာနိုင်ငံ ဖြစ်ရှိနေတဲ့ အနေအထားမှာ အုပ်ချုပ်သူတွေက ဥပဒေအပေါ် တွင်ရှိသည်။ ဆိုလိုသည်မှာ အမိန့်အတိုင်း နာခံရပြီး မည်သည့်ကိစ္စမျှ မချိုးဖေါက်ရ။ အုပ်ချုပ်သူတွေက အကောင် အထည်ဖေါ်၊ ဖြစ်လိုသည့်ဆန္ဒအတိုင်း အမိန့်ထုတ်ပြန်သည်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ် ချိုးဖေါက်မှုဖြင့် တရားစွဲဆိုပြီး ၎င်းအမှု ရုပ်သိမ်းပြီးဖြစ်သော်လည်း နေအိမ်အကျယ်ချုပ် ဆက်လက်ချထားသည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ရှေ့နေ ဦးအောင်သိန်းအား ရှေ့နေလိုက်ခွင့်လိုင်စင် ပိတ်ပင်လိုက်သည့်အပြင် အမှုလိုက်ရှေ့နေ ဦးလှမျိုးမြင့်၏ စနီး ဒေါ်ခင်ခင်အေး အား အကြောင်းမဲ့ အလုပ်ဖြုတ်လိုက် သည်ကို ကြည့်လျှင် မည်သူတွေ တရားဥပဒေ အပေါ်တွင် ရှိနေသည်။ မည်သူတွေက တရားဥပဒေစိုးမိုးရေးအား ချိုးဖေါက်နေသည်ကို အထင်းအရှားတွေ့ရှိနိုင်ပါသည်။ စင်စစ် န အ ဖ စစ်အစိုးရသာ ဖြစ်နေပါသည်။

အထက်ပါအချက်များကို သုံးသပ်ကြည့်လျှင် လူမြင်ကောင်း၊ ဖတ်ကောင်းအောင်သာ ဖေါ်ပြထားသော နိုင်ငံရေး ဦးတည်ချက်မှာ လုပ်ငန်းအကောင်အထည်ဖေါ်မှုနှင့် ၃ နှင့် ၄ ပမါ ကျောခိုင်းနေပါသည်။ ကြွေးကြော်သံက တရား ဥပဒေစိုးမိုးရေး၊ စစ်ဝါဒီက ဥပဒေအပေါ် လွှမ်းမိုးနေသမျှ ကာလပတ်လုံး မြန်မာပြည်သူလူထုမှာ ယခုထက် မိုမိုဆိုးရွား သော အကြပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့ရမည်မှာ သေချာပါသည်။

 

ညီညီချမ်း
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views