အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

ညီညီချမ်း
ဇွန် ၁၅၊ ၂၀၀၉။

စစ်ဥပဒေ၊ စစ်သေနတ်ဖြင့် အနိုင်ကျင့်လိုသူများက ပြည်သူတို့အား မည်သို့ ဖိနှိပ်၊ ရက်စက်၊ အကြမ်းဖက် စေကာမူ နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး တောင်းဆိုသော အဖိနှိပ်ခံ ပြည်သူများမှ ၎င်းအခွင့်အရေးအား ပြန်လည်ရရှိရန် များသောအားဖြင့် အကြမ်းမဖက်၊ ငြိမ်းချမ်းသော နည်းဖြစ်သာ လှုပ်ရှား တိုက်ပွဲဝင်လေ့ရှိသည်။  

အဖိနှိပ်ခံရသူများမှာ မလွှဲမရှောင်သာ ရရာလက်နက်ကို စွဲကိုင်ရာတွင်လည်း ဖိနှိပ်သူ အုပ်စုထက် အစပေါင်းများစွာ နောက်ကျပြီးမှ လက်နက်စွဲကိုင် တော်လှန်ရခြင်းကြောင့် ၎င်းတို့လျှောက်လှမ်းရာ လမ်းခရီးတွင် အတားအဆီးများ၊ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများကို ထိန့်လန့်တကြား ရင်ဆိုင်ကြရသည်မှာ အမှန်ပင်။ သို့သော် ဤခက်ထန် ကြမ်းတမ်းသော ခရီးကို ဖြတ်သန်းခဲ့ပြီးမှ  ဒီမိုကရေစီ အသီးအပွင့် ရရှိ ခံစားနေရပြီ ဖြစ်သော တောင်ကိုးရီးယားနိုင်ငံ နှင့် အောင်ပွဲသို့ မလျော့သောဇွဲဖြင့်ချီတက်နေဆဲ မြန်မာပြည် ဒီမိုကရေစီ ခရီးကြမ်းကို လေ့လာဆန်းစစ်ကြပါစို့။

တောင်းကိုးရီးယားနိုင်ငံသည် ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်အကြား အာရှနိုင်ငံများအတွင်း စီးပွားရေးအရှိန်အဟုန် တိုးတက် ကောင်းမွန်လာခဲ့သည်။ သို့သော် ကံမကောင်းအကြောင်းမလှဘဲ စီးပွားရေးအရ သွေးစုပ်အမြတ်ထုတ်သော အာဏာ ရှင်နှင့် ကြုံခဲ့ရသည်။ ၁၉၆၁ ခုနှစ်တွင် ဗိုလ်ချုပ် ပတ်(ခ်)ချုံဟီး (General Park Chunghee)က နိုင်ငံအာဏာကို သိမ်း လိုက်ပြီးနောက် ‘ တဦးတည်း အာဏာရှင်စနစ်   ဖြင် ၁၈ နှစ်ကြာ အုပ်ချုပ်လာခဲ့ရာမှ နိုင်ငံရေး အမြင်သဘောထား မတူညီသော သူများအား နည်းမျိုးစုံဖြင့် ဖိနှိပ်လာခဲ့သည်။ ဖွံ့ဖြိုးရေး စီမံကိန်းတွင် အစိုးရ အာဏာပိုင်များသာ ဦးဆောင် ခွင့်ရှိသော Yushin [Revitalizing Reform] စနစ်ကို အကောင်အထည်ဖေါ်လာခဲ့သည်။ Yushin စနစ်အရ စီးပွားရေး မတည်ငြိမ်မှု ဖြစ်လာပြီး ပြည်သူများ ငြီးငြူ မကျေမနပ်ဖြစ်လာခဲ့ရာ ၁၉၇၉ တွင် ကျောင်းသားများ အပြင်းအထန် ဆန္ဒ ပြရာမှ နောက်ပိုင်းတွင် အလုပ်သမားများလည်း ပါဝင်လာတော့သည်။

တောင်ကိုးရီးယားနိုင်ငံနဲ့ အလားတူ မြန်မာနိုင်ငံသည်လည်း လွတ်လပ်ရေးရပြီးနောက် အရှေ့တောင်အာရှတွင် အဖွံ့ဖြိုး ဆုံး နိုင်ငံအဆင့်သို့ ရောက်ခဲ့သည်။ ကမ္ဘာသို့ ဆန်အမြောက်အများ တင်ပို့နိုင်ခဲ့ခြင်းကြောင့် မြန်နိုင်ငံအား ‘ကမ္ဘာ့စပါးကျီ’ ဟုပင် နိုင်ငံတကာမှ တင်စားခေါ်ဝေါ် ရသည်အထိ ကြီးပွား ချမ်းသာခဲ့သည်။ သို့သော် ၀မ်းနည်းဖွယ် ဖြစ်ရပ်မှာ ၁၉၆၂ နှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီးနောက်  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဟူ၍ ‘တပါတီ အာဏာရှင်စနစ်’ ဖြင့် ၂၈ နှစ်ကြာ အုပ်ချုပ်လာခဲ့ရာ မြန်မာနိုင်ငံသည် အဖက်ဖက်မှ ယိုယွင်း ကျဆင်းခဲ့ ရသည်။ ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင် ရဟန်းရှင်၊ ပြည်သူ၊ ကျောင်းသားများ နိုင်ငံနဲ့အ၀ှမ်း ဆန္ဒပြကြရာ ၈၈၈၈ (ရှစ်လေးလုံး) အရေးတော်ပုံကြီးပေါ်ပေါက်လာရာ စစ်အာဏာရှင် ဗိုလ်နေ၀င်းမှ “စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး၊ ပစ်ရင်မှန်အောင်ပစ်တယ်” ဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်သေနပ်ဖြင့်ပစ်ခတ်ရာ အပြစ်မဲ့နိုင်ငံသား ပြည်သူများ သေကျေခဲ့ရသည်။

၈၈၈၈/ရှစ်လေးလုံး အရေးတော်ပုံဖြင့် (မဆလ) တပါတီအာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ခဲ့သော်လည်း ၎င်းထက် အစ ပေါင်းများစွာ ရက်စက်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမည်ခံ (န ၀ တ) သည် ၁၉၈၈ စက်တင်ဘာလတွင် နိုင်ငံရဲ့ အာဏာကို ထပ်မံသိမ်းပိုက်လိုက်ပြန်သည်။ ဥာဏ်နီဥာဏ်နက်ဖြင့် ပိုမိုကောက်ကျစ် ယုတ်မာလိုသော ရည်ရွယ်ချက်ဖြင့် ၁၉၉၇ တွင် (န ၀ တ) သည်  နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီ
(န အ ဖ) ဟူ၍ အမည်ပြောင်းလိုက်သည်။ ၎င်းရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖေါ်နိုင်ရန် မြန်မာနိုင်ငံအား နယ်ချဲ့လက်အောက်မှ ကယ်တင်ပေးခဲ့သော လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ် ဒီပဲရင်း အရေးအခင်းတွင် လုပ်ကြံသတ်ဖြတ်ခဲ့သေးသည်။ ကံကောင်းစွာပင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ခွင့် ရခဲ့သည်။ ဗုဒ္ဓဘာသာ ကို ရိုသေကိုင်းရှိုင်းပါတယ် ဆိုတဲ့ ဒါယကာ စစ်ဗိုလ်ချုပ်များမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ‘ရွှေဝါရောင် တော်လှန်ရေး’ တွင် ရဟန်းသံဃာများကို သတ်ဖြတ်ရန်ကိုပင် ၀န်မလေးခဲ့။ မည်မျှကောက်ကျစ်၊ ယုတ်မာသည်ကို နိုင်ငံသားပြည်သူများ ခံစားကြည့်နိုင်ပါသည်။

မြန်မာနိုင်ငံကဲ့သို့ပင် တောင်ကိုးရီးယားနိုင်ငံသည် ဗိုလ်ချုပ်ပတ်ခ်ချုံဟီး၏ Yushin စနစ်ကို ကျောင်းနှင့် အလုပ်သမား များ၏ ဆန္ဒပြမှုဖြင့် ဖျက်သိမ်းနိုင်သော်လည်း ၁၉၇၉ ခုနှစ်တွင် ဗိုလ်ချုပ် ချွန်ဒူးဝမ် Chun Doo-hwan နဲ့ နိုတေ၀ူး Roh Tae-woo တို့ အာဏာသိမ်းမှုကို ခံလိုက်ရပြန်သည်။ ထို့ကြောင့် ၁၉၈၀ မေလတွင် ကျောင်းသားများ နိုင်ငံနဲ့အ၀ှမ်း ဆန္ဒပြကြရာ ဒီမိုကရေစီ တောင်းဆိုမှုတိုက်ပွဲတွင် တောင်ကိုးရီးယား ပြည်သူတရပ်လုံး ပါဝင်လာခဲ့သည်မှာ ကမ္ဘာ့ သမိုင်းတွင် စံထားလောက်ပေသည်။ ဒီမိုကရေစီ တောင်းဆိုမှုတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသော ကျောင်းသားနှင့် ပြည်သူ များအား ညှဉ်းပမ်းမှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုများစွာတို့နဲ့  ရင်ဆိုင်ခဲ့ရသည်။ မည်သို့ပင်ဆိုစေ ဆန္ဒပြ ကျောင်းသားလူငယ် များမှာ သေရမည်ကို သိသော်လည်း အနာဂတ် တောင်ကိုးရီးယား ဒီမိုကရေစီရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ရာ ၎င်းတို့ရဲ့ ဆန္ဒအတိုင်း ဒီမိုကရေစီ အသီးအပွင့်ကို ရရှိခံစား နေရပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း  ဒီမိုကရေစီ အရေးအတွက် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ရသည်မှာ တောင်ကိုးရီးယားကဲ့သို့ပင် ဖြစ်ပါသည်။ သို့သော်လည်း စဉ်းလဲကောက်ကျစ်ယုတ်မာမှုတွင် သရဖူဆောင်းထားသော စစ်ခေါင်းဆောင် ဗိုလ်သန်းရွေလက်အောက်တွင် ဖိနှိပ်မှုအမျိုးမျိုးကို အလူးအလဲ ခံနေ ရဆဲဖြစ်သည်။ နယ်ချက်လက်အောက် လွတ်လပ်ရေး ကြိုးပမ်းမှုတွင်  ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရတို့ သမိုင်းတွင် ခဲ့သည်။ ခြားနားချက်မှာ စစ်အစိုးရ လက်အောက် ဒီမိုကရေစီ ကြိုးပမ်းမှုကာလတွင် တခန်းတဏ္ဍမှ ပါဝင် လှုပ်ရှားခဲ့သူ အရှင်ဂမ္ဘီရ မှာတော့ ထောင်နန်းစံ နေရသည်။

၁၉၉၀ ရွေးကော်ပွဲတွင် ဒုတိယ အမတ်နေရာ အများဆုံးရရှိခဲ့သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ခွန်ထွန်းနှင့် အပေါင်းအပါများ နိုင်ငံတော်ပုန်ကန်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ (၁) နဲ့ ထောင်ဒဏ်နှစ်ရှည် ချလိုက် သည်။ အလားတူ အမျိုးသားရေးကို ရိုးရိုးသားသား ကြိုးကြိုးစားစား ဆောင်ရွက်သူ မွန်ပြည်သစ်ပါတီမှ ခရိုင်ကော်မီတီ ၀င် နိုင်ယက္ခနှင့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်ကြီး မျိုးသွေး (ဆီဂကူ) တို့မှာ သက်သေခိုင်ခိုင် လုံလုံ မပြနိုင်ဘဲ ထောင်ဒဏ်တသက်တကျွန်း ချခဲ့သည်။  အနာဂတ်ပညာရေးနဲ့ လူငယ်ဘ၀ကို စတေးကာ ဒီမိုကရေစီ အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ တောင်းဆိုသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်မင်းကိုနိုင်နှင့် အပေါင်းအပါ တို့ကို ထောင်ဒဏ် ၆၅ နှစ် ချမှတ်ကာ အပြစ်ပေးခဲ့သည်။ မြန်မာနိုင်ငံသားများ ယုံကြည်အားထားသည့်အပြင် ကမ္ဘာ ကပါ လေးစားတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်ထားသည်ကို အားမရသေးဘဲ ပုဒ်မ အမျိုးမျိုးသတ် ထောင်သွင်းအကျဉ်းချရန် အကြံအဖန် လုပ်နေဆဲဖြစ်သည်။

အထက်ဖေါ်ပြပါ ပြစ်မှုများသာမက လယ်ယာမြေများ သိမ်းယူမှု၊ အဓမ္မ စေခိုင်းမှု၊ အမျိုးသမီးငယ်များအား အဓမ္မ ပြုကျင့်မှု၊ ညှင်းပန်း သတ်ဖြတ်မှုများမှာ စစ်အာဏာရှင်ရှင်တို့၏ စရိုက်လက္ခဏာ ဆိုးများပင်ဖြစ်သည်။ ဤစနစ်ဆိုးမှ လွတ်မြောက်ရန် အောင်ပွဲတို့ ချီတက်နေသော မြန်မာနိုင်ငံ ဒီမိုကရေစီ ခရီးစဉ်မှာ မည်သို့ခက်ထန် ကြမ်းတမ်းသည် ဖြစ်စေ ဆက်လက်ချီတက်ရမည်သာ ဖြစ်ပါသည်။  

ညီညီချမ်း
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views