အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဂျွန်ဟေးလ်ပရင်း

ဇူလိုင် ၈၊၂၀၀၉။

ကုလသမဂ္ဂရဲ့ရဟတ်ယာဉ်မြန်မာနိုင်ငံဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကိုဆင်းသက်လိုက်တာနဲ့မြန်မာစစ်အုပ်စု အာဏာပိုင်တွေဟာ ၄င်းတို့ရဲ့ဗန်းပြကျေးရွာရဲ့ နောက်ဆုံးအနေအထားကို ပြသပါတယ်။

လူတကာတွေ ကိုယ့်အိမ်မှာ ကိုယ်နေနေတဲ့အချိန်မှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ နေရာမှာ အစိုးရက ဆောက်လုပ်ပေးထားတဲ့ ကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်တဲ့ ကျုံးဒါး ကျေးရွာရဲ့  ရွှံ့ထူထူ လမ်းတစ်လျှောက်မှာ လူအုပ်ကြီးက တန်းစီနေပါတယ်။

အုန်းပင်ခြောက် သို့မဟုတ် ဝါးနဲ့ ဆောက်လုပ်ထားတဲ့  အိမ်ငယ်တန်းလေးကတော့ သပ်သပ်ရပ်ရပ်ပါပဲ။

လွန်ခဲ့တဲ့ တစ်နှစ်က နာဂစ်ဆိုင်ကလုန်းမိုင်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး မြစ်ဝကျွန်းပေါ်ဒေသမှာ ရှိခဲ့တဲ့ ပလတ်စတစ် ပေါင်းမိုးတွေနဲ့ အကူအညီ ပစ္စည်းတွေစုံပုံရာ နေရာတွေမှာ ခြေတံရှည်အိမ်အသစ်တွေက နေရာယူလာပါတယ်။

လွန်ခဲ့တဲ့ အပတ်စနေ တနင်္ဂနွေမှာ ကုလသမဂ္ဂ တာဝန်ရှိသူတွေ သွားရောက်လည်ပတ်တော့ ရွာသားတွေက ပြုံးရွှင်နေကြပါတယ်။ ကလေးငယ်တွေကလည်း ပျော်ရွှင်ကြည်နူးစွာ ကစားနေကြကာ အဝတ်အထည်တွေကလည်း ဖြူဖွေးသန့်စင်ပြီး မီးပူကျပါပဲ။

အမျိုးသမီးအများစုနဲ့ ကလေးတွေဟာ သနပ်ခါးတွေ အဖွေးသားနဲ့ပါ။ (သနပ်ခါးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝဝဝ လောက်ကတည်းက မြန်မာနိုင်ငံမှာ ပေါက်ရောက်ပြီး အဲဒီအပင်ကို ခုတ်ဖြတ်ကာ စက်ဝိုင်းပုံ လှည့်သွေးပြီး အလှပြင် ပစ္စည်းအဖြစ် အသုံးပြုခဲ့တဲ့ အရာပါ။)

မုန်တိုင်းဒဏ်ကြောင့် ကျုံဒါးရွာမှာ အိမ်ခြေ ၁ဝဝဝ လောက် ပျက်စီးသွားပြီး လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့ရပါတယ်။ မုန်တိုင်းဟာ လူ့အသက်ပေါင်း တစ်သိန်း သုံးသောင်း ရှစ်ထောင်ခန့်ကို နှုတ်ယူဝါးမြိုသွားပါတယ်။ အပေါ်ကကြည့်ရင် လယ်ကွင်းနဲ့ ကန်သင်းရိုး၊ မြစ်ပြင်နဲ့ ကမ်းစပ် ၊ ရွံ့နွံနဲ့ ကောင်းကင် ဆိုပြီး ပြန်လည် ခွဲခြားလို့ ရနေပါပြီ။ မုန်တိုင်းတိုက်ခတ်ပြီးခါစမှာတော့ အားလုံးဟာ ခွဲခြား မရအောင် ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စာရင်းဇယားတွေအရ HIV,AIDS တီဘီနဲ့ ငှက်ဖျားရောဂါတို့က ဒေသခံတွေကို ခြိမ်းခြောက်လျှက် ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် IOM က ဦးဆောင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဟာ ကျေးရွာပေါင်း ၈၅၈ ရွာက လူပေါင်း ၁၁ဝ၆၁၃ ဦးကို ကုသပေးခဲ့ပါတယ်။ 

ဒေသန္တရ ကျန်းမာရေးဆေးပေးခန်းက ဝန်ထမ်းတွေက ဧရာဝတီမြစ်ဝကျွန်းပေါ်က လူအများစုဟာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ခံစားနေရကြောင်း ပြောပါတယ်။

ဒါပေမယ့် စစ်အုပ်စုဘက်က လူတွေ ဝင်ရောက်နားထောင်တော့ အဲဒီကျန်းမာရေး ဝန်ထမ်းကလည်း စကားပြော နေတာကို ချက်ချင်း ရပ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ စကားဝိုင်း အဆုံးသတ်လိုက်ရပါတယ်။

ဒေသခံတွေကတော့ ဝမ်းလျှောဝမ်းပျက်ဖြစ်တာတွေ လျော့နည်းလာပါတယ်၊ အနီးအနားမှာ ဆေးခန်းတွေလည်း ရှိလာပြီလို့ ဆိုပါတယ်။ အခြားတိုးတက်မှုတွေကိုလည်း တွေ့ရပါတယ်။

အနောက်နိုင်ငံအတော်များများဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ဒေါ်လာ ၆၉၁ မီလီယံ ပေးလှူခဲ့ပါတယ်။ ဒါပေမယ့် သူတို့က စစ်အာဏာရှင်တွေကို အများကြီး မကူညီလိုကြသလို ယုံလည်း မယုံကြည်ကြပါဘူး။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူကတော့ ဒါဟာ မြန်မာအာဏာပိုင်တွေနဲ့ ဆက်ဆံရေးကို ကာကွယ်ဖို့ လျှို့ဝှက်ထားတဲ့ အခြေအနေ တစ်ရပ်ပဲဖြစ်ပါတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံကို လွန်ခဲ့တဲ့နှစ်က (နာဂစ်အပြီး) လာရောက်လည်ပတ်စဉ်မှာ မြန်မာအာဏာပိုင်တွေက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို ရိုင်းစိုင်းစွာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ မစ္စတာ ဘန်ကီမွန်းကတော့ မြန်မာ စစ်ဗိုလ်ချုပ်တွေအနေနဲ့ လူ့အခွင့်ရေးကို မြှင့်တင်တယ်ဆိုတာ သက်သေပြချင်ရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် ခရီးစဉ်မှာလည်း မစ္စတာဘန်ကီမွန်းဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်တောင်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၁၅ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်ကျော် ကာလ အတွင်းမှာ ဒေါ်လာ ၇၉ မီလီယံရဲ့ ၄၄ ရာခိုင်နှုန်းကိုတောင် မထောက်ပံ့နိုင်ခဲ့ပါဘူး။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဆိုရင်လည်း မြို့နယ်ပေါင်း ၃၂၅ မြို့နယ်အတွက် ငွေတွေ လိုအပ်နေဆဲပါပဲ။

မုန်တိုင်းဒဏ်ခံ လူစုစုပေါင်းရဲ့ ၄ ပုံတစ်ပုံလောက်ဟာ လှေတွေနဲ့ လိုက်လံဝေငှတဲ့ သောက်ရေသန့်တွေ၊ စားစရာတွေကို မှီခိုနေရဆဲပါ။ ကျောင်းတွေကို ပြန်ဆောက်ထားပြီး ဖြစ်ပေမယ့် ဆရာ ဆရာမ တွေကတော့ မလုံလောက်သေးပါဘူး ။ လူအများစုကလည်း အမိုးအကာ လုံလောက်စွာ မရရှိသေးပါဘူး။  

ဂျွန် ဟေးလ်ပရင်း
မှတ်ချက်။ ။ဇူလိုင်လ ၇ ရက်နေ့ထုတ် AP သတင်းမှ ဆောင်းပါးရှင်
John Heilprin ၏ Myanmar rebuilding uneven a year after the cyclone ဆောင်းပါးကို မနီလာအောင်က ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။

 
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views