အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

မင်းထက်အောင်

ဇူလိုင် ၅ ၊၂၀၀၉။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့လွန်ခဲ့တဲ့ဂျူလာင် ၃၊ ၄ ရက်နေ့သူရဲ့မြန်မာပြည်နှစ်ရက် တာခရီးစဉ် ရလာဒ်ဟာ အနာဂတ်ကာလ မြန်မာ့နိုင်ငံရေး အလားအလာအတွက် ထင်သာမြင်သာတဲ့ အချက်ပြမှုတစ်ရပ် ကို စစ်အစိုးရက ပြတ်ပြတ်သားသား ဆလိုက်မီးမောင်းထိုးပြလိုက်ပါပြီ။

ပထမနေ့ မွန်းလွဲ ၂ နာရီခန့်မှာ ဘန်ကီမွန်းနဲ့ကုလကိုယ်စားလှယ်အဖွဲ့တို့ ဗိုလ်သန်းရွှေ ဦးဆောင်တဲ့အဖွဲ့တို့နဲ့ နေပြည် တော်၊ ဘုရင့်နောင်ရိပ်သာမှာ ၂ နာရီကြာတွေ့ဆုံပွဲကို VOA ရဲ့သတင်းဖေါ်ပြချက်အရ “ဘန်ကီမွန်းက မြန်မာအစိုးရ အနေနဲ့ နိုင်ငံခြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ပေးတာ၊ ထောင်စုနှစ်ရည်မှန်းချက်တွေ ပြည့်ဝအောင်မြင်ဖို့ ကြိုးပမ်းအားထုတ်တာ၊ အိပ်ခ်ျအိုင်ဗွီ ရောဂါကို ထိန်းချုပ်နိုင်အောင် လုပ်တာ၊ လူ မှောင်ခိုကူးတာကို တိုက်ဖျက်တာ၊ ဘိန်းစိုက်ပျိုးမှု လျော့နည်းအောင် လုပ်တာတွေကို ကြိုဆိုတယ်လို့ ပြောပါတယ်။ ဒါပေမယ့် တကယ့်အခြေအနေမှာ ကတော့ လူ သန်းပေါင်းများစွာဟာ ဆင်းရဲတွင်း နက်နေကြတယ်။ မြန်မာနိုင်ငံရဲ့ လူနေမှု အဆင့်အတန်းဟာ အာရှ တိုက်မှာ အနိမ့်ဆုံးအဆင့်မှာ ရှိနေတုန်းပဲ။ မြန်မာလူထုဟာ အလုပ်အကိုင်တွေ လိုအပ်နေတယ်၊ စားနပ်ရိက္ခာ ဖူလုံဖို့ လိုအပ်နေတယ်၊ ကျန်းမာရေး စောင့်ရှောက်မှုရဖို့ လိုအပ်နေတယ် စသည်အားဖြင့် ပြောသလို လူ့အခွင့်အရေးနဲ့ ဒီမို ကရေစီကို လေးစားလိုက်နာမှု မရှိဘဲနဲ့ နိုင်ငံတခုဟာ ဖွံ့ဖြိုးတိုးတက်နိုင်မှာမဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ မြန်မာ့နိုင်ငံခြားရေး မူဝါဒ ရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ မြန်မာစစ်အစိုးရ က ထပ်ခါတလဲလဲ ပြောခဲ့ဖူးပါတယ်တဲ့။ အပြောနဲ့အလုပ် ညီဖို့ ကျနော်တို့ တောင်းဆိုပါတယ် ဆိုပြီးတော့ မစ္စတာ ဘန်ကီမွန်း ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။"လို့ ဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သူမတရားရင်ဆိုင်နေရတဲ့ ကာလဖြစ်နေတဲ့အတွက် တရားရေးကိစ္စတွေမှာ ရှုပ်ထွေးမှုမဖြစ် စေလိုလို့ ဘန်ကီမွန်းကို တွေ့ခွင့်မပြုနိုင်လို့ ဘူးခံလိုက်ပါတယ်။ နောက်တစ်နေ့ မနက် ၉ နာရီခွဲမှာ နာရီဝက်ခန့် အပြန် ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုများ တွေ့ဆုံခွင့်ရလေနိုး အပြန်ခရီးအတွက် ဝင်ရောက်နှုတ်ဆက်စဉ် ဘန်ကီမွန်း ထပ်မံအဆိုပြုခဲ့ပေမဲ့ အဖြေကတော့ “နိုး” ပဲတဲ့။ ဘန်ကီမွန်း ဘာများတတ်နိုင်ဦးမှာလဲ။

ကုလသမဂ္ဂကိုလည်း လက်ရှိမြန်မာစစ်အစိုးရက ဘယ်လိုမှဂရုမမူပါ၊ ငါ့မြင်းငါစိုင်း စစ်ကိုင်း ရောက်ရောက် ဆိုသလိုပါပဲ နိုင်ငံတကာရဲ့အခင်းအကျင်းတွေကို လုံးဝဂရုစိုက်စရာမလို၊ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံနဲ့ မိုက်မိုက်ကန်းကန်း ဆင်ကန်းတောတိုးပြီး ဆက်လှမ်းနေတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်တော့တဲ့ အချက်တစ်ရပ်ဆိုတာ ပေါ်လွင်နေ ပါတယ်။

ဘန်ကီမွန်းမြန်မာပြည်ခရီးစဉ်အတွင်းမှာပဲ ဝင်ရိုးတန်းမိစ္ဆာ တစ်နိုင်ငံဖြစ်တဲ့ မြန်မာစစ်အစိုးရမိတ်ဆွေ မြောက်ကိုးရီယား ကလည်း ဒုံးခွင်းဒုံး ၉ လုံးကို ဂျပန်ပင်လယ်ပြင်အတွင်းကို ပစ်ချပြလိုက်ပါတယ်။ ဒီလိုလုပ်ရပ်တွေက တိုက်ဆိုင်မှု တစ်ရပ်လို့ ပြောချင်လည်းပြောလို့ရပါတယ်။

မြန်မာနိုင်ငံစစ်အစိုးရအတွက် လက်နက်တွေ တင်ဆောင်လာတယ်လို့ အများတကာယူဆနေကြတဲ့ မြောက်ကိုးရီးယား Kang Nam 1 ဟာလည်း အမေရိကန်စစ်သင်္ဘောတွေ နောက်ယောင်ခံလိုက်ရာကနေ ဦးတည်ချက်လမ်းကြောင်း ပြောင်းသွားပြီး မူရင်းနိုင်ငံကို ပြန်လှည့်သွားပြီလို့ သတင်းများက ဖေါ်ပြကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း မြန်မာ့တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ မြန်မာ့တပ်မတော်အဆင့်မြင့်ကိုယ်စားလှယ်တစ်ချို့ရဲ့ တရုပ်ပြည်ကတဆင့် မြောက်ကိုးရီယား လှို့ဝှက်ခရီးစဉ်ဟာလည်း ကမ္ဘာ့အင်တာနက်တွေမှာ ပြန့်နှံ့နေပါပြီ။ မြောက်ကိုးရီးယားကိုအားကျလို့ အတုယူနိုင်ဖို့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MoU တွေ အပြန်အလှန်လက်မှတ်ရေးထိုးခဲ့ကြပါပြီ။

စစ်အစိုးရရဲ့ ကြီးမားတဲ့ မြေအောက်ဥမင်လိုဏ်ဂူစီမံကိန်း ကိစ္စရပ်များမှာ မြောက်ကိုးရီယား ပညာရှင်တွေရဲ့ပါဝင်နေမှု အခန်းကဏ္ဍနဲ့ မြန်မာ့ညူးကလီးယား အစီအစဉ်တွေဟာ ဒေသတစ်ခွင်မှာ မြန်မာစစ်အာဏာရှင်များက စစ်အင်အားကို မလျှော့တမ်း တိုးချဲ့ အကောင်အထည် ကြိုးပမ်းဖေါ်ဆောင်နေတဲ့ ရုပ်လုံးတွေပီပြင်လာပါပြီ။

စစ်အုပ်စုဟာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ သူတို့ဖက်က အပြင်းအထန် အကွက်ချ ပုံစံဖေါ်နေဆဲပါပဲ။ အမျိုးမျိုး သောဝန်ကြီးတွေကို မိမိဇာတိမြေဒေသတစ်ဝိုက် ပြည်သူတွေနဲ့ အစည်းအဝေးတွေပြုလုပ်၊ အလှူငွေတွေ၊ ကျောင်းသုံး စာအုပ်တွေ လိုက်လံဝေငှစေပါတယ်။

အတိုက်အခံနဲ့ အခြားနိုင်ငံရေးပါတီတွေကတော့ ရွေးကောက်ပွဲနည်းဥပဒေ၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်၊ ရွေးကောက်ပွဲ ကော်မရှင်၊ ရွေးကောက်ပွဲကျင်းပမယ့်ရက်နေ့ ကိုစောင့်ကြည့်နေကြပါတယ်။ ဒီဟာတွေကိုတော့ စစ်အစိုးရမှာအဆင် သင့်ပြင်ထားပြီး ဖြစ်ပါလျှက်နဲ့ ဘာကိစ္စတွေကြောင့် လောလောဆယ်မှာ ရေငုံနှုတ်ပိတ်နေပါသလဲ။ မေးခွန်းတွေ မေးစရာရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိစ္စနဲ့ပတ်သက်ပြီး ထောင်ချမလား၊ ပြန်လွှတ်မလားဆိုတာလည်း နောက်ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေက စစ်အစိုးရအတွက် အကောင်းဖက်က မျက်နှာသာပေးထားပုံ မပေါ်ပါ။ သူမကို လွှတ်ထားလို့လည်း မဖြစ်သလို ဖမ်းထားတာကလည်း နည်းလမ်းမကျဘူးဆိုတာ လိပ်ပြာတော့မသန့်လှပါဘူး။ စိတ်တစ္ဆေ အခြောက်ခံနေ ကြရပါတယ်။ ကြိုမတွေးထားတာတွေ ဘယ်အချိန်မှာ ဘာတွေဖြစ်ပေါ်လာနိုင်သလဲ ဆိုတာကိုလည်း သွေးလန့်စရာ တွေပါ။ နိုင်ငံရေးအရွေ့အပြောင်းဆိုတာ တစ်ကွက်လေး လွဲချော်သွားတာနဲ့ ထောင်ထဲကလူအပြင်ရောက်လာပြီး အပြင်ကလူ ထောင်ထဲတန်းကနဲ ရောက်သွားနိုင်ပါတယ်။ အမှန်တရားက နိယာမတရားကို ဆွဲခေါ်မတင်နိုင်စဉ် ကာလ အခိုက်တန့်လေးမှာ မတရားမှုတွေကြီးစိုးနေဦးမှာပါပဲ။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲကို စစ်အစိုးရအရာရှိတွေ သွပ်သွင်းပြီး နယ်ခြားစောင့် တပ်အသွင်ပြောင်း လဲမယ့်ကိစ္စ အလွယ်တကူ ပြီးမြောက်လိမ့်မယ်လို့ နအဖက သွေးနထင်ရောက်နေတဲ့ကိစ္စ။ ရတော့ရလိုက်ပါတယ်၊ မစ္စတာဘန်ကီမွန်း ဒီရက်ပိုင်းလာရောက်စဉ် နေပြည်တော်မှာ တွေ့ခဲ့ရတဲ့ ရပ်တည်ရေး အခြေအနေတွေ အမျိုးမျိုး ကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ကို သဘောတူလိုက်ပြီဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင်ပိုင်း ၃၅ ဦးကို ပွဲထုတ်ပြသလိုက်ပါပြီ၊ ဒီခေါင်းဆောင်ဆိုသူတွေရဲ့ အရည်အချင်းတွေဟာ သက်ဆိုင်ရာတိုင်းရင်းသား အသီးသီးတွေမှာ ဘယ်လောက်ထင်ဟပ်မှု ရှိနိုင်သလဲဆိုတာ မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ၊ လေ့လာသူများအနေနဲ့ သိကြမှာပါ။

အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်ပါရင် သံဃာတော်၊ ကျောင်းသားများနဲ့ တိုင်းရင်းသားပြည်သူများစွာရဲ့ အသက်ကို သတ်ဖြတ်ပြီး အာဏာလုယူခဲ့တဲ့ စစ်အစိုးရဆိုသူတွေဟာ မြန်မာ့နိုင်ငံရေး အထွေထွေပြဿနာများကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးမှာ လုံးသတ္တိရှိဟန်မတူ၊ အလွန်ကို ကြောက်ဒူးတုန်နေကြတာပါ။ စစ်သားလူမိုက်များပီပီ လက်နက်နဲ့အားပြိုင် သတ်ဖြတ်သုပ်သင်  ဖြေရှင်းတဲ့နည်းကိုပဲ အမိအရ အသေဆုပ်ကိုင် နေကြဆဲပါ။

ကုလလုံခြုံရေးကောင်စီမှာလည်း နအဖက ရုရှားနဲ့ ပေါက်ဖေါ်တရုပ်ကို အလွန်အားထားနေရပါတယ်။ အားထားလောက် ပေတယ်။ ဆိုတော့ မြန်မာ့နိုင်ငံရေးဟာ လုံခြုံရေးကောင်စီက အရေးယူပေးနိုင်ဖို့ဆိုတာ တော်တော့ကို အလှမ်းဝေးနေ ပါသေးတယ်လို့ ဆိုရမှာပါ။ ဒီအတိုင်းပဲ ဒီမြန်မာ့နိုင်ငံရေးဇာတ်မျောကြီးကို နိုင်ငံတကာကတော့ ပိတ်ဆို့မှုအမျိုးမျိုး၊ စိုးရိမ်ပူပန်မှုတွေနဲ့ပဲ ပံ့ပိုးနေမှာပါ၊ ကုလအနေကလည်း ဆုံးဖြတ်ချက်တွေ တစ်ခုပြီးတစ်ခု ဆက်ပြီးးချမှတ်နေမှာပဲ။

နိုင်ငံကောင်းစားရေးထက် မိမိတို့အာဏာရာသက်ပန်တည်မြဲရေး၊ နိုင်ငံတော်အာဏာအရပ်ရပ်ကို မိမိဘိုးဘွားပိုင် အမွေ တစ်ခုလို သဘောထားနေကြတဲ့ ဒီစစ်အာဏာရှင်တစ်စုရဲ့ ပဉ္စမဗမာနိုင်ငံတည်ထောင်ရေး စီမံကိန်းကြီးကိုပဲ သူတို့အာရုံ စိုက်နေကြတဲ့အတွက် အမိနိုင်ငံတော်အတွက် ပကတိအခြေအနေတွေက ကောင်းမွန်လာနိုင်တဲ့ အလားအလာတွေ အရိပ်အယောင်ကိုမျှပင် မမြင်တွေ့ရသေးပါ။

VOA စကားဝိုင်းတစ်ခုကပြောသလို ဘန်ကီမွန်းက ငှက်ပျောသီးပြပြီး စက်သေနတ်ရထားတဲ့ မျောက်တစ်ကောင်ကို လိုက်ချော့နေရတဲ့ အဖြစ်လိုပါပါပဲတဲ့။ ဒီတော့ကုလသမဂ္ဂရဲ့ ကြားဝင်ရောက်ဖြန်ဖြေ စေ့စပ်ပေးနေတဲ့ ကိစ္စရပ်တွေဟာ လက်တွေ့မှာ မလွယ်ရေးချ မလွယ်တော့ပါ၊ အမှန်မှာတော့ စစ်အုပ်စုဟာ ရူးချင်ယောင်ဆောင်နေကြပြီး အမိနိုင်ငံတော် ကြီးမှာနေထိုင်ကြတဲ့ အားလုံးသော တိုင်းပြည်သားတို့ကိုသာမက ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကိုပါ ကတိတွေ၊ ဆင်ခြေတွေအမျိုးမျိုးပေးကာ ဒီအတိုင်းပဲ ဆက်လိမ်ညာနေဦးမှာကို ဆက်လက်ရှုစားနေရမှာဖြစ်ပါကြောင်း။

မင်းထက်အောင်

 

 

 
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document


Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views