အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ညီညီချမ်း

ဇူလိုင်၂၇၊၂၀၀၉။

အချိန်သည် ငြိမ်မနေ။ အစဉ်အမြဲ ဖြစ်ပေါ် ပျောက်ကွယ် ပြောင်းလဲနေသည်။ ဤဖြစ်စဉ်ကြောင့် ၂၀၀၉ ခုနှစ်သည် မကြာမီ ကုန်ဆုံး သွားတော့မည် ဖြစ်သလို ၂၀၁၀ ခုနှစ်သည်လည်း တဖြည်းဖြည်းနှင့် နီးကပ်လာနေပြီ။ တချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ န အ ဖ စစ်အစိုးရကလည်း လာမည့် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပရန် ဆိုင်းပြင်းနေသည်။ ဤရွေးကောက်ပွဲအပေါ် အမြင်သဘောထား အမျိုးမျိုး၊ အသံအမျိုးမျိုး ထွက်ပေါ် ကြားယောင်နေ ရသည်မှာ မြန်မာနိုင်ငံသားများ အသိပင်။

န အ ဖ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ထွက်ပေါ်လာနေသည့် အမြင်သဘာထားများကို ခြုံငုံသုံးသပ်လျှင် အဓိက အင်အားစု နှစ်ခုကို တွေ့ရသည်။ ပထမ အင်အားစုမှာ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများဖြစ်ပြီး အခြား ဒုတိယ အင်အားစုတွင် အရွေးမခံ ရှောင်ကြဉ်လိုကြသည့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများပင် ဖြစ်သည်။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများမှာ ပေးလာသည့် အခြေအနေအပေါ် အသုံးချပြီး လက်ရှိ စစ်အာဏာရှင် စနစ်မှသည် ဒီမိုကရေစီစနစ်သို့ တဖြည်းဖြည်း တဆင့်ပြီးတဆင့် ပြုပြင် ပြောင်းလဲသွား မည်ဟု ကြွေးကြော်နေသည့် အုပ်စုများ ဖြစ်သည်။ ဒီကြွေးကြော်သံနှင့် မတူကွဲပြားသည့် အခြားအုပ်စု တခုမှာ န အ ဖ စစ်အစိုးရ၏ အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပြီး ၎င်းတို့ တောင်းဆိုချက်အပေါ် တစုံတရာ မပြောင်းလဲပေးဘဲ ၂၀၀၈ ခုနှစ် နာဂစ်မုန်းတိုင်း တိုက်ခတ်စဉ် နိုင်ငံသားပြည်သူ တစ်သိန်းကျော် သေဆုံးခဲ့ရသည့်ကာလနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေစဉ် ကူညီကယ်ဆယ်ရန် လျစ်လျှူရှုခဲ့သည့်အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ထောက်ခံရန် ဆန္ဒခံယူပွဲ အတင်းအကြပ် ပြုလုပ်ခဲ့ခြင်းနှင့် လက်ရှိ န အ ဖ စစ်အစိုးရ အကောင်အထည်ဖေါ်နေသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ် အပေါ် မနှစ်သက်သည့် အုပ်စုများ ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။

မည်သို့ဆိုစေ ဖြစ်ရှိနေသည့် အခြေအနေအပေါ် လေ့လာသုံးသပ်ပြီး  ပေးဆပ်မှုဖြင့် အကောင်အထည် ဖေါ်ဆောင်မှ သာလျှင် နိုင်ငံနှင့် ပြည်သူတို့အတွက် အကျိုးရှိစေမည် ဖြစ်သည်။ သို့ဖြစ်၍ လက်ရှိ န အ ဖ စစ်အစိုးရမှ ရေးဆွဲအတည်ပြုခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို လေ့လာသုံးသပ်ရန် လိုလာသည်။

န အ ဖ အမျိုးသားညီလာခံမှ ရေးဆွဲ အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁) ပြည်ထောင်စုအခြေခံ ပုဒ်မ ၆ (စ) တွင် “အနာဂတ်နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင်တပ်မတော်ပါဝင်နိုင်ရေး ဆိုသည့်အချက်” ကို ကြည့်ခြင်းအားဖြင့် စစ်တပ်သည် နိုင်ငံ၏ ကာကွယ်ရေး တာဝန်များသာမက ကျန်သည့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးကိစ္စရပ်များကိုပါ ချုပ်ကိုင်သွားမည့် အနေအထားဖြစ်သည်။

အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ ကို လေ့လာရတွင် ပြည်နယ် ခုနှစ်ခု၊ ဒေသခုနှစ်ခုနှင့် ပြည်ထောင်စု ဒေသကြီးဟူ၍ ရှိသည်။ ပြည်နယ်တွင် ဗမာမဟုတ်သော တိုင်းရင်းသား လူမျိုးများ၏ အမည်နာမများကို ဖေါ်ပြထား သဖြင့် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများအား ကိုယ်စားပြုသည်ဟု အသွင်သဏ္ဍာန်အားဖြင့် ဆိုနိုင်သည်။ သို့သော် ဗမာပြည်နယ် ဟူ၍ ဖေါ်ပြထားခြင်း မရှိပေ။ ဤဒီမှာ ဗမာတိုင်းရင်းသားကို ကိုယ်စားပြုမည့် နယ်မြေဒေသ အတွက် မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။

ကောင်းပါပြီး ဗမာပြည်နယ် ရှင်းရှင်းလင်းလင်း (သို့) မဖေါ်ပြထားသဖြင့် ဒေသ ၇ ခုအား ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုသည် ဆိုပါစို့။ ဖွဲ့စည်းပုံအရ ဒေသကြီး ၇ ခုကို ဗမာတိုင်းရင်းသားအား ကိုယ်စားပြုသည်ဆိုလျှင် မျှတမှု ရှိနိုင်ပါမည်လား ဟူ၍ စဉ်းစားစရာ ဖြစ်လာသည်။ (အဘယ်ကြောင့်ဆိုသော် ဗမာတိုင်းရင်းသား များအတွက် ၇ ပုံ၊ ဗမာမဟုတ်သော တိုင်းရင်းသားများအတွက် ၁ ပုံ  ဖြစ်နေသည်။) မျှတမှု မရှိလျှင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် န အ ဖ ကြွေးကြော်နေသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဘယ်လို တည်ဆောက်နိုင်မည်နည်း။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်စုမပြိုကွဲရေးကို အမှန်တကယ် လိုလားသော် ဗမာ ပြည်နယ်လည်း ရှိသင့်သည်။

တနည်းအားဖြင့် ဒေသကြီးများကို ဗမာတိုင်းရင်းသားများအား ကိုယ်စားပြုသည်ဟုလည်း ဆိုရန်ခက်နေပြန်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံ ရေးဆွဲရာတွင် ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မပါဝင် ခြင်းကြောင့် ဖြစ်ပါသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံတွင် ပိုမို ထင်ရှားစေသည့် အချက်တခုမှာ ဒေသကြီး ၇ ခုအပြင် ပြည်ထောင်စုနယ်မြေ ဟူ၍ ရှိနေပြန်သည်။ ဒါ့အပြင် အပိုဒ် ၅၀ (ခ) တွင်ဖေါ်ပြထားချက်အရ “ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ စီမံခခွဲရေးနှင့် စီးပွားရေးတို့တွင် စိုးရိမ်ဖွယ် အခြေအနေ ဖြစ်လာလျှင် ပြည်ထောင်စု နယ်မြေ သတ်မှတ်ရမည် ဖြစ်သည့်အပြင် သမ္မတ ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် ထားရှိမည် ဖြစ်သည်။” ဤအချက်ကို ကြည့်လျှင်  ပြည်နယ်နှင့် ဒေသကြီးများသည် အချိန်မရွေး ပြည်ထောင်စုနယ်မြေ သတ်မှတ် ခံရနိုင်ဖွယ်ရှိပြီး သမ္မတ ၏ အုပ်ချုပ်ရေးအောက် အချိန်မရွေး ရောက်ရှိသွားနိုင်မည့် အနေအထား ဖြစ်နေသည်။

ဖွဲ့စည်းပုံ၏ ပုဒ်မ ၅၀ (ခ) အရ ဆိုရင် ပြည်နယ်နှင့် ဒေသကြီးများတွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ တရားစီရင်ရေးအာဏာ လုံးဝမရှိတော့ဘဲ ဗမာမဟုတ်သော တိုင်းရင်းသားတို့၏ အခြေခံအခွင့်အရေး (Fundamental Rights) ဖြစ်သည့် စာပေသင်ကြားခွင့်၊ ယဉ်ကျေးမှု မြှင့်တင်ခွင့် အခွင့်အရေး မရှိသည်မှာ အထင်အရှား ဖေါ်ပြနေပြန် ပါသည်။

ဖွဲ့စည်းပုံ၏ အခန်း (၁၀) နိုင်ငံရေးပါတီများ ကို ပြန်ကြည့်လျှင် ပုဒ်မ ၁၀၆ (က) လွတ်လပ်စွာ စည်းရုံးခွင့်နှင့် (ခ) ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခြင်းတို့ကို ဖေါ်ပြထားသည်။ သို့သော် ပုဒ်မ ၄၀၇ (ခ) သောင်းကျန်းသူ အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ် အားပေးအားမြှောက်ပြီး ပြည်ထောင်စုကို ဆန့်ကျင်လျှင် မည်သည့် ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းမဆို အကြမ်းဖက်ဥပဒေ သတ်မှတ်ပြီး မတရားအသင်း ကြေငြာနိုင်သည်။

ထို့အပြင် ပုဒ်မ ၄၀၇ (ဂ) အရ နိုင်ငံခြား အစိုးရ၊ အဖွဲ့အစည်း၊ ဘာသာရေး အဖွဲ့အစည်းများထံမှ ငွေ (သို့) အခြား အထောက်အပံ့များ လက်ခံရယူခြင်းနှင့် (ဃ) ဘာသာရေးကို အကြောင်းပြပြီး နိုင်ငံရေး လှုပ်ရှားမှုလုပ်ပါက မတရား အသင်းမှ ကြေငြာနိုင်သည်။ ပုဒ်မ ၄၀၇ ကို လေ့လာပြီးနောက် ပုဒ်မ (၄၀၆) မှ ဖေါ်ပြထားသည့် လွတ်လပ်စွာ စည်းရုံးခွင့်နှင့် ရွေးကောက်ပွဲ ပါဝင်နိုင်ခွင့်တို့သည် အဓိပ္ပါယ် မရှိတော့ပေ။

၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လေ့လာပြီးနောက် ရွေးကောက်ပွဲ လုပ်ငန်းစဉ် Process အတွင်း လက်ရှိ န အ ဖ အစိုးရနှင့် အပစ်ရပ် တိုင်းရင်းသားများ၏  နိုင်ငံရေးပါတီတို့၏ ဆက်ဆံရေးကိုလည်း အနည်းငယ် လေ့လာကြည့်ကြပါစို့။ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် ဗမာမဟုတ်သော တိုင်းရင်းသားများ၏ အခန်းကဏ္ဍသည် ကျော်လွှား၍ မရနိုင်သော အရေးကြီးသည့် ကဏ္ဍတခုဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဗမာမဟုတ်သော တိုင်းရင်းသားတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ တပေါင်းတစည်း လွတ်လပ်ရေးရရန် ပင်လုံစာချုပ်ကို ဗမာတိုင်းရင်းသားများနှင့် ချုပ်ဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။ ပင်လုံစာချုပ်သာမချုပ် ဆိုနိုင်ခဲ့လျှင် မြန်မာနိုင်ငံသည် ယခုကဲ့သို့ ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်ချင်မှ ဖြစ်နိုင်ပါသည်။  မဖြစ်နိုင်တာက ပိုများသည်။ အကြောင်းမှာ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးရာတွင် တောင်တန်းနှင့် မြေပြန့် ဒေသကို  ခွဲထားလိုသည်။  မြေပြန့်ဒေသအား မဖြစ်မနေ လွတ်လပ်ရေး ပေးရသော်လည်း တောင်တန်းဒေကို ၎င်းတို့ အုပ်ချုပ်မှုအောက်တွင် ဆက်လက်ထိန်းထားလိုသည်။ ပင်လုံစာချုပ် ချုပ်ဆိုခြင်းသည် ဗမာမဟုတ်သော တိုင်းရင်းသား တို့၏ ပြည်ထောင်စုကို စုစည်းလိုခြင်း၏ ပထမ သာဓက ဖြစ်သည်။

ဒုတိယအချက်မှာ ဗမာမဟုတ်သော တိုင်းရင်းသားတို့သည် ၎င်းတို့၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် လွတ်လပ်ရေးရပြီးနောက် အုပ်ချုပ်သူ အစိုးရ အဆက်ဆက်အား တော်လှန်ခဲ့ရသည်မှာ အမှန်ပင်။ သို့သော် စစ်အစိုးရမှ ငြိမ်းချမ်းရေး ကမ်းလှမ်းရာတွင် လက်နက်ကိုင် တိုက်ပွဲဝင်နေရာမှ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ မပြိုကွဲရေးတို့ အတွက် နိုင်ငံရေး အခက်အခဲများကို ငြိမ်းချမ်းသောနည်းဖြင့် သုံးပွင့်ဆိုင် ဆွေးနွေးရေးကို အစဉ်တစိုက် တောင်းဆိုခဲ့သည်။ သုံးပွဲဆိုင် ဆွေးနွေးရေး လုပ်ငန်းစဉ်ကို ၁၉၉၄ ခုနှစ်တွင် ကမ္ဘာ့ကုလ သမဂ္ဂမှလည်း ထောက်ခံခဲ့ည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အဖြစ် ယခုကဲ့သို့ ရပ်တည်နိုင်ရန် ဗမာမဟုတ်သော တိုင်းရင်းသားတို့၏ ပူးပေါင်းလိုသည့် ဆန္ဒကို ကျော်လွှား၍ မရသလို ဗမာတိုင်းရင်းသားတို့ စွန့်စားမှုကိုလည်း ချန်လှပ်ထား၍ မရပေ။ အကြောင်းမှာ ဗမာတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ် နန်းရင်းဝန် မစ္စတာ အက်တလီနှင့်  လွတ်လပ်ရေး တောင်းဆိုဆွေးနွေးရာတွင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရန် အခက်အခဲအမျိုးမျိုးနှင့် ဆောင်ရွက်ခဲ့ရသည်။ အလားတူ မျက်မှောက်တွင်လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာ့နိုင်ငံအရေးကို ဖြေရှင်းရာတွင် ဗမာမဟုတ်သော တိုင်းရင်းရင်းသားတို့အရေး ထည့်သွင်းစဉ်းစားရမည့်အပြင် မယ်သရောထာ သဘောတူစာချုပ်ကို ထောက်ခံခဲ့သည်။

သို့သော် လက်ရှိစစ်အစိုးရကား ဤကဲ့သို့မဟုတ်ပါ။ အပစ်ရပ် တိုင်းရင်းသား အခြေစိုက်ရာ ဒေသများကို စစ်တပ်တိုးချဲ့၊ လူ့အခွင့်အရေး ချိုးဖေါက်ကာ တိုင်းရင်းသား အမျိုးသားမီးများအား အဓမ္မ ပြုကျင့်မှု အမျိုးမျိုး ပြုလုပ်ခဲ့သည်အထိ ရှိခဲ့သည်။

ဒါ့အပြင် ရွေးကောက်ပွဲဝင်နိုင်ရန် တိုင်းရင်းသား အပစ်ရပ် အဖွဲ့များကို ၎င်းတို့ ကွပ်ကဲမှုအောက်တွင် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရန် ဖိအားပေးနေသည်။ အပစ်ရပ် အဖွဲ့အစည်းများလည်း တပ်များကို စစ်အစိုးရ အုပ်ချုပ်မှုအောက် ဖြစ်သွားလျှင် ၎င်းတို့အခွင့်အရေးအတွက် အာမခံချက်မရှိဟု စိုးရိမ်၍ န အ ဖ ၏ ကမ်းလှန်းချက်ကို လက်မခံလိုကြ။ စိုးရိမ်စရာ ဖြစ်လောက်ပေသည်။ အဘယ်ကြောင့်ဆိုသည် န အ ဖ အစိုးရသည်  မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကိုပင် လုပ်ကြံသတ်ဖြတ်ရန် ၀န်မလေး။ သံဃာတော်များအား နှိမ်နင်းညှဉ်းပန်းရာတွင် ဘေးငရဲမကြောက်၊ နောက်ဆုံး သွေးသောက်ရဲဘော်ဖြစ်သည့် ဗိုလ်ခင်ညွန့်ကိုတောင် ဖမ်းဆီးထောင်ချ လိုက်သေးသည်။ ဤဒီမှာ အပစ်အခတ်ရပ် ဗမာမဟုတ်သော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် န အ ဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစိတ်တပိုင်း ဖြစ်သည်။

ရွေးကောက်ပွဲ ဖြစ်စဉ်ကို တနိုင်ငံလုံး အတိုင်းအတာနှင့် ဖေါ်ပြရမယ်ဆိုလျှင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၏ အခြေခံ သဘောတရားသည် နိုင်ငံရေး ပါတီအားလုံး၏ လွတ်လပ်စွာ စည်းရုံးခွင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် စသည့်မူများနှင့် လုပ်ဆောင်ရမည် ဖြစ်သည်။ လက်ရှိအနေအထားတွင်  ရှမ်းတိုင်းရင်းသာ ခေါင်းဆောင်များ ဖြစ်ကြသည့် ခွန်ထွန်းဦးနှင့် စိုင်းဆေထင်၊ မွန်တိုင်းရင်းသားများမှ နိုင်ယက္ခနှင့် နိုင်ဆီဂကူ၊ ဒီမိုကရေစီ သူရဲခေါင်းအဖြစ် အသိအမှတ်ပြုခံရသူ မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိနေသည်။ တချိန်တည်းမှာပင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပင် အမှုထွင်ပြီး ထောင်သွင်း အကျဉ်းချရန် ကြံစည်နေသည်။ ဤအချက်ကို ကြည့်လျှင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် ဆန့်ကျင်နေသည်မှာ အထင်အရှားပင် မဟုတ်ပါလော။

ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်သည် ဒီမိုကရေစီ၏ အခြေခံသဘောတရား ဖြစ်သည်။ ဒီအချက်အား ထင်သာမြင်သာရန် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ဗုဒ္ဒဘာဘာကို ကြည်ညို လေးစားသည့် စစ်ခေါင်းဆောင်များမှ ရက်စက်စွာ သတ်ဖြတ် ထောင်းသွင်း အကျဉ်းချခဲ့သည့် ဖြစ်စဉ်သည် ဒီမိုကရေစီ ဦးတည်နေသည့် လမ်းကြောင်း ဟုတ်သည်၊ မဟုတ်သည်ကို ပြည်သူလူအား အထင်အရှားပြခဲ့ပြီ ဖြစ်သည်။

ယခု ဖွဲ့စည်းပုံကို သုံးသပ်ရင် တိုင်းရင်းသား စည်းလုံးညီရေးကို ဦးတည်နေသည့် လမ်းကြောင်းမမြင်၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စဉ်လည်းမဟုတ်၊ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်မည့် လမ်းကြောင်းနှင့်လည်း သွေဖီနေသည်ကို အထင်အရှား ပြနေပြီဖြစ်၍ ဤရွေးကောက်ပွဲကို ပါဝင်သင့်သည် မသင့်သည်ကို မိမိကိုယ်တိုင် ဝေဖန်သုံးသပ် မှန်ကန်သည့် ဦးတည်ချက်အပေါ် အကောင်အထည် ဖေါ်မှသာလျှင် တိုင်းပြည်နှင့်လူမျိုးချစ်ရာ ရောက်ပေသည်။   

ညီညီချမ်း
 

 

 

 
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views