အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု

ကွန်းအိန်

ဇူလိုင်၂၄၊၂၀၀၉။


လူ့သဘာဝမှာ စမြုံ့ပြန်တတ်သော ဝါသနာရှိသည်။ လသာသည်မြင်တိုင်း  က လေးဘဝက ပျော်ပါးဆော့ကစားခဲ့ပုံကို အခါအားလျော်စွာ မှတ်မိနေကြပေမည်။ ကောင်းကင်မှ ရွှေရောင်လွှမ်းသော လပြည့်ဝန်းကို ကြည့်ယင်း ဖိုးလမင်းရယ် ထမင်း ဆီဆန်း ရွှေလင်ဗန်းနဲ့ပေးပါဟု တစာစာဟစ်အော်ယင်း ခုန်ပေါက်မြူးတူး ပျော်ပါးခဲ့ကြ သည်။ အပူအပင်မရှိ ထမင်းဆီဆန်း အမှန်တကယ်ရရှိမည်ဟုလည်း မမျှော်လင့်ခဲ့။ အဘွား၏ ကြောင်အိမ်ထဲမှ ထန်းလျက်ခဲနှင့်မြေပဲ ကိုသာပို၍ မျှော်လင့်ခဲ့သည်။ ဖိုးလမင်းမှ ထမင်းဆီဆန်းသည်၊ ယူဇနာထောင်သောင်း မှာရှိနေသည့်အတွက် သိပ်မသေ ချာ။ ကြောင်အိမ်ထဲမှ ထန်းလျက်ခဲများသည် အဘွား၏ရင်ခွင်သို့ တိုးဝှေ့ပူဆာလိုက်သည် နှင့် သေချာ ပေါက်ရနိုင်သည် မဟုတ်ပါလား။
       
ဤသို့ တဖြည်းဖြည်း၊ ကိုးကွယ်မှု ဆုတောင်းမှုခရီးလမ်းကိုဖြတ်သန်းရင်း ရုပ်ဝါဒ တခုကို ခလုတ်တိုက်မိသောအခါ ယခင်က ရူးသွပ်မှုကို ရှက်ပြုံးမိပြန်သည်။ လူသား လျှင် ပဓါန၊ ရုပ်သာလျှင်အဓိက အကြောင်အရာများအပေါ်အာရင်း သန်သန်ဖြင့် ဆွေး နွေးဖြစ်ခဲ့သည်။ ဝေဖန်လေကန်ပစ်ခဲ့သည်။ အနူပဋိပလောမရုပ်ဝါဒ ရေသောက်မြစ်သုံး သွယ်တို့ကို အပေါ်ယံကြောဖတ်ခဲ့ယင်းတတ်ယောင်ကား ဆွေးနွေးခဲ့သည်။ ကံ ကံ၏ အကျိုးကို လျစ်လျူရှုခဲ့သည်။ သူ့ခေတ်နှင့် သူ့အခါတွင် မိုးခါးရေကို မသောက်ပါက သူရူးဟု အထင်ခံရသည်။ ထို့ကြောင့် အစာမကြေသောည ဝမ်းလျှောသော နေ့များစွာ ဖြတ်သန်းရင်းလောကကြီးကို အလျားတိုက်ရင်ဆိုင်ခဲ့သည်။
       
တချို့သူတို့မှာ လောကလမ်းကြောင်းပေါ်တွင် ညင်သာစွာ ဖြတ်သန်ယင်း အောင် မြင်မှု လမ်းကြောင်းပေါ်ရောက်ရှိ သွားသည်။ တချို့မှာ ဘွဲ့လက်မှတ်ကိုယ်စီကိုင်ယင်း လောကဓံပင်လယ်ဝဲဂယက်အလယ်တွင် လက်ပစ်ကူးနေကြသည်။ တချို့မှာ မြေဖြူနှင့် ဘောပင်ကိုပစ်၍ ရေခြားမြေခြားတွင် ဘိလပ်မြေသယ် ရှေးရှင်ဘုရင်များကိုင်သည့် သံလျက်နှင့် လုံးဝမတူသော သံလျက်ကိုကိုင်၍တပါး မြေတွင်ရေမြေ့သနင်း ကျွန်ဇာတ် ခင်းခဲ့ကြသည်။ တတ်သိသိက္ခာအစား ဘတ်ဒေါ်လာဖြင့် ဖြည့်စွမ်းခဲ့ကြသည်။ ထိုအခါ ကံ ကြမ္မာတရားကို ယုံကြည်သူက ယုံသည်။ မယုံကြည်မှုလည်း ရှိလာသည်။ အရာရာကို သံသယအမြင်ဖြင့် ကြည့်တတ်လာခဲ့သည်။ ခေတ်လူငယ်ခြေကျ အချင်းချင်း စုမိသော အခါ ကံကြမ္မာလမ်းကြောင်းကို မဝဲ့မရဲ သုံးသပ်မိလာသည်။ လောကဓံတရားကို မျက် တောင်စင်းစင်းဖြင့် ကြည့်မိလေသည်။ ငယ်စဉ်ကျောင်းနေတုန်းက သင်ခဲ့သော တက္က သိုလ်ဝင်းမွန်၏ ဆားဒယ် အက်ဆေးတစ်ပုဒ်ကို အမှတ်ရမိ၏။ ဆားဒယ် စီးတုန်းက ပျော်  ခဲ့သည့် ပျော်ရွှင်မှု ရသတစ်ခု။ ဆားဒယ်အပေါ် ခဲယဉ်းစွာတက်ယင်း အနီးအနား ဖြတ် သန်းသွားသော ဘောက်တူ လှေများအပေါ် အညှိုးအာဃာတကင်းကင်းဖြင့် ပျော် ရွှင်စွာလက်ဝှေ့ယမ်းပြကာ ပျော်ရွှင်မှု ယ္ခုမရှိပြီးလော။ ငယ်စဉ်တုန်းက ရှိခဲ့သော ရိုးသား မြင့်မြတ်သည့်စိတ်ထား ဘယ်ရောက်သွားသနည်း။ တွေးယင်းတောယင်း သုခိတာ ဆေးပေါ့လိပ်တိုများ ပုလင်းခွံများသာတိုးပွါးသွားသည်။ အဖြေကားရှာမတွေ့။
       
ခေတ်ကြောင့်လော စံနစ်ကြောင့်လော အပြစ်တင်ရအောင် မိမိကဘာမျှအရေးပါ အရာရောက်သည်မဟုတ်။ နောက်ဆုံး ကံကိုသာ ယိုးမယ်ဖွဲ့ရတော့မည်အခြေသို့ပင် ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် ဝိုင်းဖွဲ့မိသော သူငယ်ချင်းများမှာလည်း တချို့ကနီ၊ တချို့ ကအနီဖျော့ဖျော့၊ တချို့ကအဝါ၊ တချို့ကပန်းနုရောင်မရင့်တရင့်ဖြင့် အသီးသီး ပြောင်းလဲ ခဲ့ချေပြီး။ ယုံကြည်မှုဟူသည် မည်သောအခါမျှ မတည်မြဲကြောင်း စိတ်ထဲ၌ တိတ်တ ဆိတ်ဝန်ခံယင်း ပုဂံလုံးထဲတွင် မုန်တိုင်းထန် ခဲ့သည်။ ပညတ်နှင့်ပရမတ်သဘောများကို မပွင့်တပွင့်ပြောဆိုဖြစ် ခဲ့ကြသည်။
       
သမုဒ္ဒရာဝမ်းတထွာအရေးအတွက် လောကဓံကို တိုက်ပွဲဝင်ယင်း တချို့ကအောင် မြင်ကြ၊ တချို့ရှုံးနိမ့်ကြ၊ တချို့က သံသရာဝဲဂယက်တွင်လည်ကြနှင့် အသွင်ပုံ သဏ္ဍာန် အမျိုးမျိုးနှင့် ပြောင်းလဲပုံဖော်နေကြသည်။ တူညီသောခံစားချက် တစ်ခုကိုတော့ စနေနေ့ ညနေတိုင်း စည်ဘီယာဆိုင်တစ်ခုတွင် ဖွင့်အံမိကြသည်။ စီးပွားရေး လူမှုရေး အုပ်ချုပ်ရေးတို့၏ ချွတ်ယွင်းချက် တိမ်းချော်မှုများကို ပျက်လုံးထုတ်ကာ စိတ်သက်သာမှု ရှာခဲ့မိသည်။ နံရံခြားမှမျက်လုံးများ နားရွက်များ ကို ရှောင်ရှားယင်းမိမိတို့၏ ခံစား ချက်များကို ဖွင့်အံမိကြသည်။ တချို့ကအံကြိတ်ကြ တချို့ကလက်သီးဆုတ်ကြ၊
တချို့ကစုတ်သပ်ကြနှင့် သွေးရောင်လွှမ်းသော နေ့ရက်များကို ရင်နာနာနှင့် ကျော်ဖြတ် ခဲ့သည်။ တော်လှန်မှုဟူသော စကားလုံးတစ်ခု နှလုံးသားကို ဗဟိုပြု၍ ပေါ်ထွက်လာ ခဲ့သည်။ တချို့ကခရီးရှည် ချီတက်ပွဲတွင်ပါဝင်သွားခဲ့သည်။ တချို့က ဒဂုန်တာရာ၏  ဆိတ်ဖလူးနံ့လွှမ်းသော လေးဘက်လေးတန် ဧည့်ရိပ်သာတွင် အငြိမ်းစားယူခဲ့ကြသည်။ တချို့ကတော်တည့် တော်ရာပုန်းရှောင်ယင်း ဗိုလ်စံဖဲဘဝကို ရောက်သွားကြသည်။ အရင်းစစ်တော့ အမြစ်မြေထဲက ဆိုသလို ခေတ်နှင့်စံနစ်ဆိုးကွက်များကြောင့် အဖိုးတန် သော အချိန်များ ကုန်သွားကြသည်။ လက်ချောင်းမှ လက်သီး ပြောင်းပြန်ခရီးစဉ်မှာ အောင်မြင်မလိုလိုနှင့် အဖျားရူးသွားသည်။ ဘယ်သူဘယ်ဝါကြောင့်ဟု လက်ညှိုးထိုး ညွှန်ပြစရာ မရှိ၍ ကံကိုသာ ယိုးမယ်ဖွဲ့မိ၏။ မနိုင်၍ သည်းခံရခြင်းသည်၎င်းဟု ခန္ဓီပါရမီကို ဖြည့်ဆည်းလိုက်ရသည်။
       
တနေ့သူငယ်ချင်းများနှင့် စားသောက်ဆိုင်တစ်ဆိုင်ဝင်ကာ အအေးသောက်နေခဲ့ သည်။ နွေ၏အပူကို ရင်ဆိုင်ရန် ရည်ရွယ်သော်လည်း အအေးကတခြား ပူနေသည်က တခြားအလွှာနှစ်ခုကြားမှ ညှပ်မိသလို ခံစားရသည်။ ဟမ်ဘာဂါ တစ်ခုကို ကောက်ကိုင်၍ စားမိ၏။ ပေါင်မုန့်အချပ်အလွှာကြားမှ ညှပ်နေသောအသားလွှာ၊ ဆလပ်ရွက်၊ ဝက်အူချောင်း ခရမ်းချဉ်သီးများကို  ဝါးယင်း မိမိတို့သည်လည်း လူအဖွဲ့အစည်းတစ်ခုထဲတွင် ရောပြွမ်းညှပ်ပါလာသည့် သူများပါ တကားဟု မဆီမဆိုင် တွေးတောမိသည်။ ဟမ်ဘာဂါသည် အမေရိကန်ရောက် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သား တဦးမှ ပြုလုပ်သော အစားအစာအဖြစ် ရောင်းချယင်းအမည် တွင်သွားခြင်းဖြစ်သည်ဟု စာတစ်စောင်တွင် ဖတ်ဘူး သည်။ ခေတ် စံနစ် သက္ကရာဇ်ပြောင်းလဲမှုတွင် မိမိတို့က ကန့်လန့်ကန့်လန့် ကြားညှပ်၍ ပါဝင်နေသည်။ ရှောင်လွှဲချင် သော်လည်း တိမ်းရှောင်၍မရ။
       
တော်ဖလာ ပီတာထရပ်ကားတို့၏ တတိယလှိုင်းခေါ် နည်းပညာခေတ်ကိုမဆို ထားနှင့် ပထမလှိုင်းကိုတောင် အလျင် မမှီသေးသူများအဖြစ် လောကရေစီးကြောင်းတွင် ယက်ကန်ယက်ကန် ကူးခတ်ခဲ့သည်။ သူများဂလိုဘယ်လိုက်ဇေးရှင်း ဆိုသည်နှင့် ကိုယ်ပါဂလိုဘယ်ခဲ့မိ၏။ ဘာကိုပယ်၍ ဘာကိုဆယ်မိသည်မသိ။ ငယ်စဉ်ကသင်ခဲ့၊ရေးခဲ့သော လူငယ်တို့ သည်အနာဂတ်၏ ခေါင်းဆောင်ဟူသော စာများကား ခြများ ပိုးဟပ်စာများ ဖြစ်သွားတာကြာလှပြီး။ အနာဂတ်ဆိုသည် မှာ ဆေးဖယောင်းချက်နှင့် ဆေးပလာစတာ ပြုလုပ်ရာတွင် ပါသွားပြီးဟု မဆီမဆိုင်အတွေးပွါးမိ၏။ မျှော်လင့်ချက် တောက်ပခဲ့ဘူးသော မျက်လုံးများကာ ယ္ခုအခါ မှိုင်းဝေနေခဲ့ပြီး။ ခြေကျလူ ငယ်အချင်းချင်းစုမိလျှင် ဆူလွယ်နပ်လွယ် ဘောလုံးပွဲများအကြောင်းသာ ပြောဆိုဖြစ်တော့သည်။ ဒါကိုမှပျော်စရာမထင်လျှင် အပျော်ဆိုတာဘာလည်း နားလည်မှု မရှိတော့ပေ။ ခေတ်နှင့်ကိုယ် အံမဝင်သလိုဖြစ်နေသည်။ ဘယ်သူကိုမှ အပြစ်မ ဆိုရဲသည်နှင့် အတူတူကိုယ့်ကိုယ်သာ အပြစ်ဖွဲ့မိသည်။ လာချင်ဦးဟဲ့လူ့လောက။
               
နေနှင့်လတို့ အဝင်အထွက်များအကြားလူငယ်လေးဘဝမှ လူငယ်ကြီးဘဝ သို့ ကူးပြောင်းသွားခဲ့သည်။ လူ့လောက
ထဲသို့ အံမဝင်ဂွင်မကျ ဘေးတိုက်အလျား လိုက်ကြီးပြင်းလာခဲ့သည်။ ငယ်စဉ်က စိတ်ကူးယဉ်ခဲ့သော ရည်ရွယ်ချက်များ လေထဲ တိုက်အိမ် ဆောက်သည့်ပမာ ပြိုကွဲခဲ့သည်။ လောကဓံတရားအလည်တွင် ကြားညှပ်၍ ပါလာခဲ့သည်။ အနာဂတ် ဆိုတာဘာလဲဟု တခါတလေ ပဟေဠိဆန်ဆန်တွေးတော မိ၏။ အနာဂတ်ပျောက်နေသော လူငယ်များ ဘယ်လောက်ရှိ နေမည်လဲကို မတွက်ဆ တတ်။ တွက်နိုင်သည့်အရည်အသွေး မိမိမှာမရှိ။ ဒေးကာနက်ဂျီကျမ်းများဖတ် ဘုန်းမြင့်သွေး၏ တက်ကျမ်းများကို ဖတ်ယင်းအင်္ကျင်္ီလုံချည် မီးပေါက်ရာများတိုးပွါးခဲ့သည်။
       
ယ္ခုလည် ၂၀၁၀ ရောင်ခြည်တခုပေါ်ထွက်လာလေပြီ။ နေရောင်ခြည်လော၊ လ ရောင်လော၊ အနုမြူရောင်ခြည်လော ခွဲခြား၍ မသိနိုင်သေး။ ထမင်းဆီဆန်းကို ရုပ်ဝါဒ ဆန်ဆန်တောင်းခံမည်လော။ ဟမ်ဘာဂါကဲ့သို့ ကြားညှပ်၍ အလျား တိုက်ရွေ့မည် လော။ အတွေးများ ချာချာလည်နေခဲ့သည်။ အဖြေကမရှိသေး။ နောက်ဆုံးတော့ ကလေးဘဝက တွေ့ခဲ့ သော လပြည့်ဝန်းကို တမ်းတမိ၏။ လပြည့်ဝန်း၏ လင်းရောင်ခြည်ကား ကမ္ဘာတဝှမ်းအယုတ်အလတ်အမြတ်မရွေး သူ၏အလင်းရောင်ကို ဖြန့်ကျဲနေစဉ် ကျွန်တော်တယောက် အိပ်မောကျနေသည်။ အိမ်မက်ထဲတွင်ကား ထက်ကောင်းကင်တွင် ရွှေဟင်္သာများ ခွပ်ဒေါင်းများအားမာန်ဝင့်စွာဖြင့် ကောင်းကင်ထက်တွင် ပျော်ရွှင်မြူးတူး ပျံသန်းသည်တကား။
                
ကွန်းအိန်

 
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views