အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်းနှင့် ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ

မင်းထက်အောင်
ဖေဖော်ဝါရီ ၂၆ ၊ ၂၀၀၉။

၁၉၉၇ ခုနှစ် ဧပြီလမှစ၍ ၁၉၉၈ခုနှစ်ဖေဖော်ဝါရီလအထိK.T.D Kanchanaburi Tavoy Development နှင့် K.L.N Kyaw Lynn Naing  ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းပိုင်းဖြစ်သည့်  ထိုင်း-မြန်မာနယ်စပ်မှ ထားဝယ်မြို့အရှေ့ဘက်မေတ္တာကျေးရွာအထိ (ယခုမေတ္တာမြို့နယ်ခွဲ) ကားလမ်းအူကြောင်း လမ်းကြမ်းကို စတင်ဖောက်လုပ်ခဲ့ကြသည်။

၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလလယ်တွင် K.T.D နှင့်K.N.Lကုမ္မဏီတို့ ဒေသအတွင်းလုံခြုံမှုမရှိဟုအကြောင်းပြကာ ကားလမ်းဖောက်နေမှုများကို ယာယီရပ်ဆိုင်းပစ်ခဲ့ကြသည်။သို့သော်လည်း  ၁၉၉၈ မှ ၂ဝဝ၄ ခုနှစ်အထိ ကမ်းရိုးတမ်းဒေသတိုင်း စစ်ဌာနချုပ် (ကရခ) အစီအစဉ်ဖြင့် မြန်မာနယ်စပ်အတွင်းပိုင်းရှိ လမ်းကို ဒေသခံများ လုပ်အားပေးခေါ်ယူ၍၎င်း၊ ရဲဘက်အကျဉ်းသား လုပ်အားများဖြင့်၎င်း၊ ချောဆွဲခေါ်ယူခဲ့သည့် ပေါ်တာလုပ်အား များဖြင့်၎င်း ပြုပြင်ဖောက်လုပ်ခဲ့ပြီး ရှေ့တန်းတပ်များအတွက် ကါးများဖြင့် ရိက္ခာများပို့ပေးနိုင်ခဲ့သည်။

၂ဝဝ၄ -၂ဝဝ၆ ခုနှစ်များအတွင်း ကရခခွင့်ပြုချက်ဖြင့် ထိုင်း K.T.D ကုမ္မဏီသည် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ “မယ်တမီ” နယ်စပ် လမ်းကြောင်းမှတဆင့် ထားဝယ်မြို့နယ်အရှေ့တောင်ဘက် “အမိုး” ကျေးရွာအထိ ကီလိုမီတာ ၂ဝခန့်် ကားလမ်းကြမ်းကို ဖောက်လုပ်ပြီးစီးခဲ့သော်လည်း မိုးရာသီတွင်ယာယီရပ်ဆိုင်းခဲ့ပြန်သည်။

ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်း ဖောက်လုပ်မှုစီမံကိန်းကြီး အထမြောက် အောင်မြင်မှုမရှိ ဖြစ်နေရခြင်းမှာ ထိုင်းအပေါ်ထားရှိသည့် နအဖ၏မရိုးသားမှုကို လက်တွေ့သက်သေပြနေသည်ဟု ဆိုရပေမည် ။ ထိုင်းနိုင်ငံအပေါ်ထားရှိသည့် သဘောထားမမှန်ကန်နေသည်ကို ထိုင်းကုန်သည်များက ထိုင်းအစိုးရကိုထောက်ပြနေကြပါသည်။ ဤစီမံကိန်းကြောင့် အနာဂါတ်ကာလတွင် ထိုင်းအစိုးရ ရရှိလာမည့် အကျိုးအမြတ်ကို တွက်ဆမိပြီး နအဖ မနာလိုဖြစ်နေဟန်တူသည်။ 

စီမံကိန်းကြီးမစတင်မီတွင် ထိုင်းအစိုးရထံမှ နအဖတို့ ငွေများချေးယူရာ မအောင်မြင်ခဲ့ပါ။ သို့သော် နအဖကို ချေးငွေများ ထုတ်ချေးပေးခဲ့သော စင်ကာပူနိုင်ငံအစိုးရကို မျက်နှာသာပေးပြီး ဤစီမံကိန်းကြီး နှောက်နှေး ကြံ့ကြာစေရန် အချိန်ဆွဲနေခြင်းလည်းဖြစ်နိုင်ပါသည်။ ဤစီမံကိန်းကြီး ပြီးမြောက်ပါက ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင်  ပင်လယ်ရေနက်ဆိပ်ကမ်းတခုပေါ်ပေါက်လာမည်ကို မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ မလိုလားကြပေ။ နအဖကို ချေးငွေများထုတ်ချေးပေးခြင်း၊ စစ်လက်နက်ပစ္စည်းများနှင့် စစ်ဘက်ဆိုင်ရာ အပိုပစ္စည်းများတို့ကို အကြွေးစနစ်ဖြင့် ရောင်းချပေးသောကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းများတွင် မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့ကို နအဖက ပိုမိုဦးစားပေးနေသည် တွေ့ရှိရသည်။  လက်ရှိထိုင်းနိုင်ငံ ပင်လယ်ပြင် ရေကြောင်း ကုန်သွယ်မှုလုပ်ငန်းများတွင် စင်ကာပူနိုင်ငံရှိ ရေနက်ဆိပ်ကမ်းနှင့် မလေးရှားနိုင်ငံရှိ “မာလာကာ”  ရေလက်ကြားကို အားထားနေရပြီး ထိုင်းတို့ ကိုယ်ပိုင်ရေနက်ဆပ်ကမ်းတခု တည်ဆောက်နိုင်ပါက မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့ကို အားထားစရာမလိုတော့ပါ။ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်၍ အရှေ့တောင်အာရှဒေသတွင်း ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းများ၌ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့ကို ရင်ဘောင်တန်းယှဉ်ပြိုင်လာနိုင်တော့မည်ဟု ထိုင်းတို့ မျှော်လင့်ယုံကြည် နေကြသည်။

ဤကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီး ဖောက်လုပ်ရေးစီမံကိန်းကြီးကြောင့် ကရခမှ KNU တပ်မဟာ(၄)ဌာနချုပ်နှင့် မြိတ်ထားဝယ်ခရိုင်စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ KNU ထိန်းချုပ်ထားသည့် ဒေသများကို ဖြတ်သန်းသွားရသည့်အတွက်ကြောင့် ကရခသည် တပ်မ(၅၅) အကူအညီကိုရယူကာ ၉၊၂၊ ၁၉၉၇ ရက်နေ့တွင်စတင်တိုက်ခိုက်ပြီး KNU တပ်မဟာ(၄)ဌာနချုပ် “မယ်တမီ” စခန်းအပါအဝင် တပ်မဟာ(၄)ကွပ်ကဲမှုအောက် တပ်စခန်းများ အားလုံးကို ၂၆၊ ၂၊ ၁၉၉၇ ရက်နေ့တွင် အပြီးအပိုင်တိုက်ခိုက် သိမ်းယူနိုင်ခဲ့သည်။

 ကရခ၏ ထိုးစစ်များကြောင့် စစ်ဆင်ရေးၟဧရိယာ  ကျရောက်နေသော ထားဝယ်ခရိုင် အရှေ့ဘက်နယ်စပ် ဒေသကျေးရွာများကို ကရခမှရွှေ့ပြောင်းပစ်ခဲ့ရာ ၉၊၂၊ ၁၉၉၇ ခုနှစ်မှ ယနေ့(၁၂)နှစ်တာ ကာလအတွင်း ၎င်းမူရင်းကျေးရွာများသို့ ပြန်လည်နေထိုင်ခွင့်မရကြသေးပေ။ စစ်ဆင်ရေးလမ်းကြောင်း တလျှောက်ရှိ ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံများ ထိုင်းနယ်စပ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့
ကြရသည်။ ဒေသခံများမှာ ယနေ့အချိန်အထိ ထိုင်းနိုင်ငံ၊ လှချဘူရီခရိုင်၊ စွန်ဖီးမြို့နယ်၊ သကိုးလန်းကျေးရွာ အနီးရှိ “ထန်းဟင်” ဒုက္ခသည်စခန်းနှင့် ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ “တွန်းယံ”ဒုက္ခသည် စခန်းများတွင် ခိုလှုံနေထိုင်နေကြရဆဲဖြစ်ပြီး အချို့မှာ UNHCR ၏အစီအစဉ်ဖြင့် တတိယနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင် ခဲ့ကြရပါသည်။

ဤ ကန်ချနပူရီ- ထားဝယ် ကားလမ်းစီမံကိန်းသည် ၁၉၉၇ခုနှစ် ဖေဖော်ဝါရီလ၂၆ မှ ယနေ့အချိန်အထိ ၁၂ နှစ်တိတိ ကာလတွင် ထိုင်းဘက်မှမြန်မာနယ်စပ်အတွင်းပိုင်း ကားလမ်းကီလိုမီတာ ၂ဝ ခန့်သာ ဖောက်လုပ်နိုင်ခဲ့သည်၊ မပြီးဆုံသေးသည့် ပြည်တွင်းစစ်ကြောင့် နယ်မြေမတည်ငြိမ်မှုနှင့် ရေရှည်ကာလတွင် လုံခြုံရေးအစီအမံများ မပြုလုပ်နိုင်၍  အပြီးသတ် မအောင်မြင်နိုင်သည်ကို နအဖအနေဖြင့် အခြေအနေမှန်များ သိနားလည်သော်ငြား ထိုင်းတို့ထံမှ ငွေများနှိုက်ယူကာ အလုပ်တန်လန်းဖြစ်စေပြီး မီးစင်ကြည့်ကသည့် ပေါ်လစီကို သုံးနေပါသည်။ ထိုင်းတို့ အခက်ကြုံလေ နအဖတို့ သဘောတွေ့လေဖြစ်သည်။ ဤသည်မှာ ခေတ်အဆက်ဆက်က မြန်မာအစိုးရများကဲ့သို့ပင် နအဖက ထိုင်းအပေါ်ထားရှိသည့် လက်ရှိမူရင်းသဘောထားကို ပေါ်လွင်ထင်ဟပ်စေပါသည်ဟု ဆိုပါရစေ။

မင်းထက်အောင်

 
အထက်ပါစစ်ဆင်ရေးကာလတွင် ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ ကျေးရွာများသို့ အတင်းပြောင်းရွေ့ခံခဲ့ရသည့် ကျေးရွာများ
  ၁။ ကမိကျေးရွာ၊ အိမ်ခြေ ၃၇ ၊ လူဦးရေ ၂၂၈ ဦး၊ ညောင်တုံးကျေးရွာသို့ရွေ့ပြောင်း၊       
 ၂။ ကျေးသားအင်းကျေးရွာ၊ အိမ်ခြေ ၅၇ ၊ လူဦးရေ           ၃၂ဝ ဦး၊ သဗြုချောင်းကျေးရွာ သို့ရွေ့ပြောင်း၊                 
 ၃။ ကြံတလုံးကျေးရွာ ၊ အိမ်ခြေ ၂ဝ၊ လူဦးရေ ၇ဝ ဦး ၊ မေတ္တာကျေးရွာ သို့ရွေ့ပြောင်း၊                              ၊    
 ၄။ ခေါင်းဆေးချောင်းကျေးရွာ ၊ အိမ်ခြေ ၃၅၊ လူဦးရေ ၂၁၄ ဦး ၊ မေတ္တာကျေးရွာ သို့ရွေ့ပြောင်း၊            
 ၅။ ကလစ်ကြီးကျေးရွာ ၊ အိမ်ခြေ              ၅၇၊ လူဦးရေ ၂၈၉ ဦး ၊ မေတ္တာကျေးရွာ သို့ရွေ့ပြောင်း၊                                  
 ၆။ ဆာမူထော်ကျေးရွာ ၊ အိမ်ခြေ              ၉ဝ၊ လူဦးရေ ၃၉ဝ ဦး ၊ မေတ္တာကျေးရွာ သို့ရွေ့ပြောင်း၊                                        
 ၇။ ဆိတ်ကူးကျေးရွာ အိမ်ခြေ ၊ ၇၅၊ လူဦးရေ ၃၂ဝ ဦး ၊ မေတ္တာကျေးရွာ သို့ရွေ့ပြောင်း၊                      
 ၈။ ကျောက်တွင်းကျေးရွာ အိမ်ခြေ ၅ဝ၊ လူဦးရေ ၂၄၆ ဦး၊ ဖောင်းတောကျေးရွာ သို့ရွေ့ပြောင်း၊             
 ၉။ ဖွတ်လက်တိုကျေးရွာ      အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၅ဝ ဦး၊ ဖောင်းတောကျေးရွာ သို့ရွေ့ပြောင်း၊                           
၁ဝ။ ပျားသားချောင်းကျေးရွာ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၃ဝ ဦး ၊ ဖောင်းတောကျေးရွာ သို့ရွေ့ပြောင်း၊         

၁၉၉၇ ခု KNU တပ်မဟာ(၄)ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့စဉ် ကရခနှင့် တပ်မ(၅၅) ကွပ်ကဲမှုအောက် တပ်များ စစ်ဆင်ရေးလမ်းကြောင်းတလျှောက် မီးရှို့ဖျက်ဆီးခဲ့သော ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲမှ ကျေးရွာများ
  ၁။             ကနဲဖိုးကျဲကျေးရွာ ၊ အိမ်ခြေ ၃ဝ၊ လူဦးရေ     ၁၄၆ ဦး                         
  ၂။             ဘဝရှောင်ကျေးရွာ ၊ အိမ်ခြေ ၂ဝ ၊လူဦးရေ    ၁ဝဝ ဦး                        
  ၃။             ထီးဖိုးဖလးကျေးရွာ၊ အိမ်ခြေ ၃ဝ၊ လူဦးရေ  ၁၅ဝ ဦး                           
  ၄။             အိုင်ဝိုင်းကျေးရွာ ၊ အိမ်ခြေ ၅ဝ၊ လူဦးရေ ၃၅ဝ ဦး
  ၅။             ဆင်ဖြူတိုင်ကျေးရွာ ၊ အိမ်ခြေ ၅ဝ၊ လူဦးရေ ၃၃၅ ဦး                           
  ၆။             အမိုးကျေးရွာ၊ အိမ်ခြေ ၆ဝ၊ လူဦးရေ ၃၉၆ ဦး                  
  ၇။             ထီးထာကျေးရွာ ၊ အိမ်ခြေ ၁ဝဝ၊ လူဦးရေ ၇၅ဝ ဦး                             
  ၈။             အမလာကျေးရွာ ၊ အိမ်ခြေ ၄ဝ၊ လူဦးရေ ၂ဝဝ ဦး                              
  ၉။             အထူကျေးရွာ ၊ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၄ဝ ဦး                                 
၁ဝ။             မောထာကျေးရွာ ၊ အိမ်ခြေ ၅ဝ၊ လူဦးရေ ၂၅ဝ ဦး                              
၁၁။             ခေါသကကျေးရွာ ၊ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၅ဝ ဦး                             
၁၂။             မင်းထိုင်ထာကျေးရွာ ၊ အိမ်ခြေ ၂ဝ၊ လူဦးရေ ၉၄ ဦး                           
၁၃။             မင်းထိုင်ခီးကျေးရွာ ၊ အိမ်ခြေ ၄ဝ၊ လူဦးရေ ၁၈၅ ဦး                            
၁၄။             ထောင်းမဖြူးကျေးရွာ ၊ အိမ်ခြေ ၇ဝ၊ လူဦးရေ ၃၈၅ ဦး                         
၁၅။             ထောင်းမမောကျေးရွာ ၊ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၆၅ ဦး                        
၁၆။             ခေမာခီးကျေးရွာ                ၊ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၆ဝ ဦး                                 
၁၇။             လေးကဗျာကျေးရွာ ၊ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၅၅ ဦး                           
အထက်ဖော်ပြပါကျေးရွာများမှာ ကရင်လူမျိုးများနေထိုင်ကြသော ကျေးရွာများဖြစ်ပြီး KNU မြိတ်/ထားဝယ်ခရိုင် ကွပ်ကဲမှုအောက်ရှိ ခေါသကမြို့နယ်၏ ကွပ်ကဲမှုအောက်ကျေးရွာများဖြစ်ကြသည်။ ထိုစဉ်က ထိုင်းနိုင်ငံသို့အားလုံး ထွက်ပြေးကြရပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်ကြလျှက် အချို့မှာ တတိယနိုင်ငံများသို့ ပြောင်းရွေ့သွားကြသည်။

မှတ်ချက်။     ။မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ FTUB ၏အစီရင်ခံစာတရပ်ကို မှီငြမ်းပါသည်။



မင်းထက်အောင်


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views