အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ
ဆောင်းပါး

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ကောင်းဝါ
ဒီဇင်ဘာ ၂၅ ၊၂၀၀၉။

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ပြည်သူတွေဟာ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေကြတယ်လို့ ဆိုပါတယ်။ အထူး သဖြင့် စစ်အာဏာရှင်စံနစ်အောက်မှာ မြန်မာပြည်သူတွေဟာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး အစရှိတဲ့ လူ့အခွင့်အရေး တွေအားလုံးချိုးဖေါက်တာခံခဲ့ပြီး လူ့ဂုဏ်သိက္ခာတွေလည်းဆုံးပါးနေတယ်လို့ ဆိုပါတယ်။ ပြည်သူတွေအားလုံး လူ့အခွင့် အရေးအကြောင်းသိရှိနားလည်ပြီး လူထုစွမ်းအားနဲ့ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင် အာဏာကိုလက်နက်နဲ့ထိမ်းချုပ်တဲ့ အစိုးရတရပ်အနေနဲ့ ပိုပြီးတော့အားနဲလာပြီး မတရားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အကုန်လုံးရပ်တန့်သွားမယ်လို့ လူ့အခွင့်အရေးပညာရှင်များကဆိုပါတယ်။  လူထုကိုယ်တိုင်ကိုက လူ့အခွင့်အရေးလှုပ်ရှားမှုတွေကိုဘယ်လိုနည်းလမ်းနဲ့ လုပ်ဆောင်သင့်သလဲဆိုတာ လူ့အခွင့်အရေးပညာပေးဌာန မြန်မာန်ုင်ငံရဲ့ ဒါရိုက်တာကိုအောင်မျိုးမင်းကို ကောင်းဝါ သတင်းဌာနကဆက်သွယ် မေးမြန်းထားပါတယ်။
         
ကမ္ဘာ့တဝှမ်းလုံးမှာရှိတဲ့ နိုင်ငံအများအပြားဟာ ကုလသမဂ္ဂ ကနေပြဌာန်းထားတဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းအရ အခြေခံလူ့အခွင့်အရေးကို လေးစားလိုက်နာမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

လူသားမျိုးနွယ်အားလုံးအကြား ဂုဏ်သိက္ခာနဲ့တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားခြင်းဟာ လူ့အခွင့်အရေးရဲ့အနှစ် သာရလို့ဆိုပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စံနစ်အောက်မှာ အုပ်ချုပ်ခံနေရတဲ့ မြန်မာပြည်သူတွေအတွက် နည်းအမျိုး မျိုးနဲ့ လူ့အခွင့်အရေးပညာပေးသင့်တယ်လို့ လူ့အခွင့်အရေးပညာပေးဌာန မြန်မာနိုင်ငံရဲ့ဒါရိုက်တာကိုအောင်မျိုးမင်းက အခုလိုပြောခဲ့ပါတယ်။
         
ကျွန်တော်တို့ ဒီမြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးအကြောင်းပညာပေးဖို့ဟာပွင့်ပွင့်လင်းလင်း ဘယ်လိုမှပေးလို့မရ ပါဘူး။ တခြားနိုင်ငံမှာတော့လူ့အခွင့်အရေးအကြောင်းကို ပွင့်ပွင့်လင်းလင်းနဲ့ ရဲရဲဝံ့ဝံ့ပြောပြ လို့ရတယ်။ ဆွေးနွေးတင်ပြ လို့ရတယ်။ လူထုကို အတုံးလိုက်အတစ်လိုက် လူ့အခွင့်အရေးအကြောင်း ရှင်းပြတာမဟုတ်ဘဲနဲ့ သူတို့သက်ဆိုင်နေတဲ့ ဖြစ်ပျက်နေတဲ့အကြောင်း အရာတွေကို လူ့အခွင့်အရေးရှု့ဒေါင့်ကနေမြင်လာဖို့အတွက် ဆက်စပ်ပြီးပညာပေးရတယ်။ အဲဒီလိုမြင်လာယင်းနဲ့ သူတို့ကိစ္စကိုပြုပြင်ပြောင်းလဲအောင် လုပ်ဆောင်ခြင်းကလည်း သူတို့ရဲ့ဘဝရဲ့လူ့အခွင့်အရေး အခြေအနေတိုးတက်အောင် လုပ်ဆောင်ခြင်းဖြစ်တယ်။ အဲဒီတော့  ကျွန်တော်တို့မှာ ပြည်ပမှာလွတ်လွတ်လပ်လပ်ပေး လို့ရတာရှိသလို ပြည်တွင်းမှာလည်း လူထုကြားထဲမှာလူတွေရဲ့ပြဿနာကို သူတို့သိလာအောင် နည်းအမျိုးမျိုးနဲ့လုပ် ဆောင်ပြီးတော့ လူ့အခွင့်အရေးချဉ်းကပ်မှုပုံစံနဲ့လုပ် ဆောင်ရတဲ့ဟာကလည်း လူထုစည်းရုံးရေးနည်းလမ်းတစ်ခုဖြစ် ပါတယ်။
         
မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ ဒီမိုကရေစီလှုပ်ရှားမှုတွေ အများအပြားရှိခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့တဲ့အားနည်းချက်အပေါ် ကိုအောင်မျိုးမင်းက အခုလိုထောက်ပြခဲ့ပါတယ်။
       
ပြီးခဲ့တဲ့လှုပ်ရှားမှုတွေကြည့်ခဲ့မယ်ဆိုလို့ရှိယင် နိုင်ငံရေးအရနိုးကြားတက်ကြွတဲ့သူတွေ နောက်တခါ ပညာတတ်တဲ့ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသား ဒီလိုလူတွေကဦးဆောင်ပါဝင်ပြီးတော့ သူတို့ကနေ လူထုကြားထဲမှာ ဘယ်လိုလုပ် ပါ၊ ဘယ်လိုလုပ်ပါဆိုတဲ့အကြောင်းအရာနဲ့ သူတို့နှိုးဆော်ပြီးတော့လုပ်ခဲ့တယ်။ အဲဒီတော့ နိုင်ငံရေးအကြောင်းသိတဲ့ လူတွေ လူ့အခွင့်အရေးကိစ္စကို နားလည်တဲ့သူတွေကတော့ တက်တက်ကြွကြွပါဝင်ခဲ့တယ်။ဒါပေမဲ့တတိုင်းတပြည်လုံးမှာ ရှိတဲ့ပြည်သူလူထုတွေရဲ့ ပါဝင်မှုတော်တော်အားနည်းတယ်။ ဒီဟာတွေ ကောင်းကောင်းမွန်မွန်သိတဲ့လူလောက်ကဘဲ ဒါမဖြစ်သင့်ဘူးဆိုပြီး ပါဝင်ခဲ့တယ်။ ဘာကြောင့်အဲဒီလို ကျွန်တော်တို့ကြည့်လဲဆိုတော့ တချို့လူတွေရဲ့လှုံ့ဆော်မှုတွေက နိုင်ငံရေးသဘောတရား အရမ်းဆန်ပြီးတော့ ပြည်သူလူထုနစ္စဓူဝ လုပ်ဆောင်နေရတဲ့ ခံစားနေရတဲ့ တကယ့်အဖြစ် အပျက်တွေနဲ့ တိုက်ဆိုင်မှုမရှိတာ ကျွန်တော်တို့တွေ့ရတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပါလို့ ကျွန်တော် တို့ပြောတဲ့အခါ လူတိုင်းကတော့သနားတယ်။ ဒါပေမဲ့ ဒီဟာက ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့စိတ်ဓါတ်မျိုးရှိနေတဲ့ပြည်သူလူထု တွေအများကြီး ရှိတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းကျပါလို့ လှုံ့ဆော်တဲ့အခါမျိုးမှာကျတော့ ကုန်ဈေးနှုန်း ဒါဏ်ကြောင့်ခံနေ ရတဲ့ သူတွေအားလုံးက ဒါငါတို့နဲ့ဆိုင်တဲ့ကိစ္စပါလားဆိုပြီး လူတိုင်းကပိုမိုတက်ကြွစွာပါဝင်လာခဲ့တာကို တွေ့ရတယ်။
         
လူ့အခွင့်အရေးပညာပေးနိုင်တဲ့ အချို့နေရာဒေသတွေမှာဆိုရင် လူမှုအဖွဲ့အစည်းတွေက တက်တက်ကြွကြွပါဝင်ပူးပေါင်း လုပ်ဆောင်လာတယ်လို့ဆိုပါတယ်။
         
အရင်တုန်းက အိမ်တွင်းအကြမ်းဖက်မှုတွေ အများအပြားဖြစ်ခဲ့တဲ့ ဒုက္ခသည်စခမ်းတွေ ရွှေ့ပြောင်းအလုပ် သမားတွေ ကြားထဲမှာ အိမ်တွင်းအကြမ်းဖက်မှုဆိုတာက လူ့အခွင့်အရေးချိုးဖေါက်မှုတရပ်အနေနဲ့ သူတို့သိလာတယ်။ ဒါကို တားဆီးတဲ့လုပ်ငန်းတွေပေါ်လာတယ်။ တချိန်ထဲမှာဘဲကလေးစစ်သားအသုံးပြုမှုကို အရင်တုန်းကလက်ခံထားတဲ့ အသိုင်းဝိုင်းကြားထဲမှာ ကလေးစစ်သားအသုံးပြုမှု မသင့်ဘူးဆိုတဲ့အသိ စိတ်ဓါတ်မျိုးတွေပေါ်လာပြီးတော့ ကလေး စစ်သားတယောက်ကိုတွေ့လို့ရှိရင် ဘယ်ကိုတိုင်ကြားရမလဲ ဆိုတဲ့လုပ်ငန်းစဉ်တွေ သူတို့စပြီးတော့ပေါ်လာတယ်။ တချိန်ထဲမှာဘဲ ကလေးကူးသန်းရောင်းဝယ်မှုတွေ အများဆုံးဖြစ်တဲ့ မဲဆောက်လိုဒေသမျိုးမှာ အဖွဲ့အစည်းတော်တော် များများက ကလေးကူးသန်းရောင်းဝယ်မှုကို တားဆီးဘို့အတွက် အစုလိုက်အဖွဲ့လိုက်နဲ့ စည်းရုံးလှုပ်ရှားမှုမှာပါဝင် လာတယ်။
         
ပြည်သူတွေရဲ့စုစည်းညီညွတ်မှုစွမ်းအားဟာ အရာရာကိုပြောင်းနိုင်စွမ်းရှိတယ်ဆိုတဲ့ ကိုအောင်မျိုးမင်းရဲ့ အမြင်ကတော့ ဒီလိုပါ။
ပြည်သူလူထုကြားထဲမှာ ငါတို့တွေဟာ ခံရမယ်စိတ်မျိုး ရှိနေသမျှကာလပါတ်လုံး ဘယ်သူမှဒါကို တွန်းလှန်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီနေရာမှာ လူ့အခွင့်အရေးသဘောတရားကအရမ်းအရေးကြီးပါတယ်။ အခုဖြစ်ပျက်နေတဲ့အကြောင်း အရာတွေဟာ လူတိုင်းရဲ့မွေးရာပါအခွင့်အရေးကို ထိခိုက်တာဖြစ်တဲ့အတွက် မတရားတဲ့ အရာဖြစ်တယ်။ ငါတို့ရဲ့မွေး ရာပါအခွင့်အရေးကို ငါတို့ကိုယ်တိုင်ရယူသင့်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုးရှိလာမှ ပြည်သူလူထုက အမှန်တရားအတွက် တိုက်ပွဲဝင်လာမှာဖြစ်ပါတယ်။  အဲဒီကြောင့်မို့လို့ လူ့အခွင့်အရေးဆိုတာ ရအောင်ပြန်ယူရနဲ့ဟာဖြစ်တယ်။ ဒီလိုမျိုးလူ့ အခွင့်အရေးချိုးဖေါက်ခြင်းဟာ မတရားတာဖြစ်တဲ့အတွက် ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့ လိုအပ် တယ်။ တစ်ဦးချင်း ပြုပြင်ပြောင်းလဲမှုကနေပြီးတော့ အစုလိုက်အဖွဲ့လိုက်ပြုပြင်ပြောင်းလဲမှု ဒေသတခုလုံး တနိုင်ငံလုံး မှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့စိတ်ဓါတ်အတူတူနဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာယင်တော့ စစ်အစိုးရကကျဆုံးမှာဘဲ။ မတရားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အကုန်လုံးရပ်တန့်မှာဘဲ။
         
ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေနဲ့ မြန်မာနိုင်ငံလိုအာဏာရှင်နိုင်ငံတွေမှာဆိုရင် လူ့အခွင့်အရေးတွေကိုချိုး ဖေါက်ပိတ်ပင် တားမြစ်လေ့ရှိပြီး ခံနေရတဲ့ပြည်သူတွေဟာ အခြေခံလူ့အခွင့်အရေးပညာပေးမှုအပိုင်းမရှိလေတော့ အသားသေပုံစံနဲ့ အခွင့်အရေးချိုးဖေါက်ခံနေဆဲလို့ဆိုပါတယ်။ ပြည်ပမှအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကနေ ပညာပေးမှုအပိုင်း လုပ်ဆောင်နေပေမဲ့ ထိရောက်မှုအားနည်းနေသလို လူ့အခွင့်အရေးကိုချိုးဖေါက်နေတဲ့ မြန်မာစစ်အစိုးရအပေါ် အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းအပါအဝင် ကမ္ဘာ့ကုလသမဂ္ဂကနေ ပြစ်တင်ဝေဖန်နေပေမဲ့ စစ်အစိုးရအနေနဲ့ တစုံတရာ အပြောင်းအလဲလုပ်ဆောင်မှုမရှိသေးဘူးလို့ လူ့အခွင့်အရေးဆိုင်ရာလေ့လာသူများက ဆိုပါတယ်။

            

ကောင်းဝါ

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views