အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

လက်သည်တရားခံက ဘယ်သူလဲ

မင်းထက်အောင်
ဧပြီ ၂၁၊ ၂၀၀၉။

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးစ လွန်ခဲ့တဲ့နှစ်ဆန်းနှစ်ရက်နေ့မှာ မွန်ပြည်သစ်ပါတီက မွန်ကယ်ဆယ်/ဖွံ့ဖြိုး (ဗဟို) ဌာန အတွင်းရေးမှူး နိုင်မင်းနောင် (ခေါ်) ဒေါက်တာမင်းနောင်BVS ဟာ လူအသွားအလာမပြတ်တဲ့ မွန်ပြည်နယ်မြို့တော်
အဝင်
စစ်ဆေးရေးဂိတ်အနီးမှာ သေနတ်ဒဏ်ရာနဲ့ မော်တော်ဆိုင်ကယ်ပေါ်က လဲကျသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ စနစ် တကျ ကြိုတင်စီမံထားတဲ့ လုပ်ကြံမှုတစ်ရပ်လို့ဆိုယင် ဘယ်သူတွေက မဟုတ်ပါဘူးလို့ စောဒက တက်ချင်ပါသလဲ ခင်ဗျာ။

အဲဒီလို သေဆုံးပြီဆိုတာနဲ့ သက်ဆိုင်ရာရဲက အမှုဖွင့်ပြီး ဘာကြောင့် ယခုလိုသေဆုံးခဲ့ရတာကို ဆေးရုံတွေမှာ ဆေးစစ် ချက်အတည်ပြုလုပ်ကြတာဟာ သက်ဆိုင်ရာဌာနတွေ ဆောင်ရွက် ကြရတဲ့လုပ်ရိုးလုပ်စဉ်တွေပါ။ ပြီးတော့ ရရှိခဲ့တဲ့ အချက်အလက်တွေကိုပြုစုပြီး သက်ဆိုင်ရာ အထက်ဌာနအဆင့်ဆင့်ကို ဆက်လက်တင်ပြကာ အဲဒီဖိုင်တွဲကိုဗီဒိုထဲမှာ သိမ်းထားနိုင်ယင် ပြီးဆုံးသွားပြီ မဟုတ်ပါလား။ ဝတ်ကျေတန်းကျေ တာဝန်အရ ဆောင်ရွက်ပြီးတာနဲ့ သူတို့တာဝန် ကျေပြီလို့ ယူဆနေကြဟန်တူပါတယ်။ အခု နိုင်မင်းနောင် လုပ်ကြံခံလိုက်ရတဲ့ ရာဇဝတ်ပြစ်မှုကြီးဟာလဲ အဲဒီရဲစခန်းနဲ့ ထောက်လှမ်းရေးတွေရဲ့ တရားခံမပေါ်တဲ့ ဖိုင်တွဲတွေထဲမှာပဲ ကျန်ရစ်နေမှာပါ။

နိုင်မင်းနောင် လုပ်ကြံခံလိုက်ရတဲ့အပေါ် ထောက်လှမ်းရေးပညာအရာမှာ အင်မတန် ထက်မြက်တဲ့ စစ်အစိုးရရဲ့ ရဲနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေအနေနဲ့ လက်သည်တရားခံဆိုလို့ မသင်္ကာဖွယ်(သို့မဟုတ်) မသင်္ကာဖွယ်လို့ ယူဆရသူ၊ ပါဝင်ပတ်သက်နေကြတဲ့ ပုဂ္ဂိုလ်အဖွဲ့ အစည်းတွေအကြောင်း တစ်ခွန်းတစ်ပါဒမှ ဖွင့်ဟပြောဆိုခြင်း မပြုပါဘူး။

မွန်ပြည်နယ်၊
ကရင်ပြည်နယ် ဒေသတစ်ဝှမ်းမှာ စစ်အစိုးရအနေနဲ့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းတွေကို တရားဝင်
ကဲ့သို့
လက်နက်ကိုင်ဆောင်ခွင့် ပြုထားကြရာမှာ လက်နက်အမျိုးအစား၊ ကျည်အရေအတွက် စသည်ဖြင့် စာရင်း ကောက်ယူခဲ့ပြီးဖြစ်တယ်၊ ဒါမှမဟုတ်ယင်လည်း နည်းလမ်းတစ်မျိုးမျိုးနဲ့ သိရှိထားတယ်ဆိုတာ အပစ်ရပ် (သို့) လက်နက်ချငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ မကင်းကြတဲ့သူတိုင်း သိနေကြပါတယ်။

ဒါတင်မကသေးပါ၊ အဲဒီ အပစ်ရပ်၊ လက်နက်ချငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ မြို့ပေါ်မှာ အထူးသဖြင့် မော်လမြိုင်မြို့ပေါ်မှာ နေ့တဒူဝ ဝင်ထွက်သွားလာကြတဲ့အခါ စစ်ထောက်လှမ်းရေး၊ ရဲ အထူးသတင်းတပ်ဖွဲ့ဝင်များ ဒါမှမဟုတ်ယင် စစ်ဆေး ရေးဂိတ်များတွေမှာ သတင်းပေးကြရပါတယ်။ လက်နက်ပါမပါ ဒီအတိုင်းပါပဲ။ အဲဒီလိုသတင်း မပေးပဲ တိတ်တဆိတ် သွားလာတတ်တဲ့ သူတွေဆိုလဲ နောက်ယောင်ခံပြီး ဘယ်နေရာကို သွားလာခဲ့တယ်ဆိုတာကို စုံစမ်း၊ ထောက်လှမ်း၊ မှတ်တမ်းတွေ အမြဲပြုလုပ်နေကြရတာက စစ်ထောက်လှမ်းရေနဲ့ ရဲတွေပါ။

ဒါမှမဟုတ်ယင်လည်း သူတို့လက်သပ်မွေးထားတဲ့ သတင်းပေးတွေနဲ့ ရယကတွေဆီကလည်း သတင်းရယူနိုင်ပါသေး တယ်။ တစ်ဖန် ထူးခြားဖြစ်စဉ်တွေ ဖြစ်ပေါ်လာတိုင်း ဆိုင်ရာအပစ်ရပ်၊ ငြိမ်းအဖွဲ့တွေနဲ့ တစ်ဦးချင်းပဲဖြစ်ဖြစ် လက်နက်ချ အဟောင်းအသစ်တွေပါမကျန် ဒီပုဂ္ဂိုလ်တွေရဲ့အမြင်၊ သဘောထားထင်မြင်ချက်တွေကို စစ်ထောက်လှမ်းရေးတွေ၊ ရဲတွေက ရယူတတ်ကြပါတယ်၊ ဒီတော့ မျက်မြင်အရ မဟုတ်တောင်မှ အနီးစပ်ဆုံး၊ ဖြစ်နိုင်ချေတွေကို သိနိုင်ကြပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းကြီးတွေဆီက
တစ်ဦးချင်း၊ အဖွဲ့ငယ်တစ်ဖွဲ့ ခြင်း၊ တစ်စုချင်းတွေကို နည်းလမ်းမမှန်တဲ့ ကိုယ်ကျိုးစီးပွားမက်လုံးတွေ အမျိုးမျိုးပေးပြီး ဖဲ့ထုတ်စည်းရုံးကာ သူတစ်ဗိုလ်ငါတစ်မင်းပုံစံနဲ့ ဆိုင်ရာနယ်မြေ ဒေသ အသီးသီးမှာ ဒေသဖွံ့ဖြိုးရေး၊ ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာနယ်မြေအေးချမ်းသာယာရေးလို့ အမည် ခံပြီး မတူကွဲပြားတဲ့ စရိုက် အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ စစ်အစိုးရက ရပ်တည်လှုပ်ရှားခွင့် ပေးထားခဲ့ရာက နယ်မြေ၊ ဂိတ်တွေသတ်မှတ်ကြ၊ စီးပွားအပြိုင်ရှာကြရာကနေ သူတောင်းစားခြင်းခွက်လုကြတဲ့ကိန်း ဆိုက်လာပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ မျက်စောင်းတွေထိုးလာကြပါတော့တယ်။ ဒီအကွက် ဆိုက်ရောက်လာအောင် ဘယ်သူတွေက ဖန်တီးထားပါသလဲ ခင်ဗျာ။

ဒီတော့ အခုဖြစ်ပေါ်ခဲ့တဲ့ နိုင်မင်းနောင် လုပ်ကြံခံရမှုမှာ တရားခံဘယ်သူလဲဆိုတာ မွန်ပြည်နယ်အကြီးအကဲတွေ သိရှိ နားလည်ထားပြီးလို့ ဆိုလိုက်ပါရစေ။ အဲဒီလက်သည်တရားခံတွေကို မွန်ပြည်နယ် အကြီးအကဲတွေကိုယ်တိုင် တိုက်ရိုက် စီမံအမိန့် ပေးထားလို့လား၊ ဒါမှမဟုတ် နောက်ကွယ်ကနေ လျှို့ဝှက်သွယ်ဝိုက်တဲ့နည်းတွေနဲ့ အသုံးချခဲ့တာလား၊ လက်သည်တရားခံကို ဖမ်းဆီးဖို့ ဒီလို နှာစေးနေပြီး ဝတ်ကျေတန်းကျေ လုပ်နေတာတွေဟာ ဆက်ပြီးတွေးတော
စရာတွေ
တစ်ပုံတစ်ခေါင်းကြီးနဲ့ပါ၊ အမှုမှန်ပေါ်လာမှာကို အလွန်စိုးရိမ်နေကြပြီး ဒီလကသည် တရားခံတွေအတွက်  ဖုံးဖိ အကာအကွယ် ပြုလုပ်နေတာတွေဟာ အာဏာပိုင်တွေရဲ့ မရိုးသားတဲ့သဘောထား အစစ်အမှန်ကို ဖေါ်ပြနေပါပြီဆိုတာထင်ရှားနေပါတယ်။

အချူပ်အားဖြင့်ဆိုယင်တော့ရာဇဝတ်ပြစ်မှုတစ်ရပ်ရပ်မှာ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော၎င်း ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ မိမိသိမြင်ထားတဲ့ အချက်အလက်တွေကို ဖုန်းကွယ်ထားမယ်ဆိုခဲ့ယင် မိမိသည်လည်း အားပေး ကူညီမှု မြောက်ပါတယ်။ နောက်ပြီးတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို တာဝန်အပြည့်အဝ ရယူထားသူ တွေလို့ ခံယူထားတဲ့ အာဏာပိုင်တွေဟာ ဒီအတိုင်းပဲ အဖြစ်မှန်ကိုမဖေါ်ပြရဲ ထိမ်ချန်ထားမယ်ဆိုယင် နိုင်မင်းနောင် လုပ်ကြံခံရခြင်းရဲ့ အဓိကတရားခံတွေဟာ လက်ရှိအာဏာပိုင်တွေသာ ဖြစ်ကြောင်းလို့ ဆိုလိုက်ပါတယ်။

မင်းထက်အောင်

မင်းထက်အောင်


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document

Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views