အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ကချင်ပြည်နယ်မှ ပေးစာတစ်စောင်

မင်းထက်အောင်
ဧပြီ ၂၊ ၂၀၀၉။

ကချင်တိုင်းရင်းသား အသိတစ်ယောက်ထံက Email နဲ့ ဒီစာကို ရရှိခဲ့ပါတယ်။


 

သြော် သူတို့ ကချင်ပြည်နယ်ဘက်မှာလဲ ကိုယ်တို့ မွန်ပြည်နယ်ဘက်က အဖြစ်နဲ့ သိပ်မကွာခြားလှပါလား။ စီးပွားရေး အင်မတန်နိမ့်ကျတဲ့ ကိုယ်တို့နိုင်ငံမှာက ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေသာမက တပြည်လုံးအပါအဝင် နယ်စပ် ဒေသတလျှောက်၊ အထူးသဖြင့် ထိုင်းနယ်စပ် ယ္ခုစာမှာပါတဲ့  တရုပ်နယ်စပ်တွေအနှံ့ KTV လို့ခေါ်တဲ့ ယောကျာ်းလေး တွေ သီချင်းဆိုယင်း မိန်းခလေးငယ်တွေနဲ့ အပမ်းဖြေခန်းများတွေကတော့ ပြည့်လျှံနေတော့တာပါပဲ။ အဆင့်တွေက အမျိုးမျိုးပါပဲ၊ စက္ခု၊ သောတအာရုံကအစ အာရုံငါးပါးစလုံး၊ ကြည်ဖြူမှုကို ငွေနဲ့လမ်းခင်းပြီး ရှာယူလို့ရတဲ့နေရာတခု လို့ဆိုယင် မှားနိုင်မည်မဟုတ်ပါ။

ဘာကြောင့်ပါလဲ၊ ကိုယ်တို့တိုင်းပြည်မှာက ငွေပေါပြီး သူဌေးတွေများနေလို့လား၊ မဟုတ်တန်ရာ။

တခုတွေးမိတာကတော့ တိုးတက်ဖြစ်ထွန်းမှု အလွန်မြန်ဆန်လာတဲ့ ဒီခေတ်ကြီးနဲ့ လူတွေအမှီလိုက်ပြီး ရပ်တည်နေနိုင် ကြရအောင် အလုပ်တွေကို ယခင်အယင်ကထက် ပိုပြီးလုပ်ကိုင်လာကြရပါတယ်။ ဝင်ငွေမတတ်နိုင်ယင် ကိုယ်ဘဝ သာမက မိသားစုတခုလုံးပါ အများနဲ့ တန်းတူရပ်တည်နိုင်ကြမှာ မဟုတ်လို့လေ။

စစ်ဖိနပ်အောက်က စစ်ဒဏ်အမျိုးမျိုး၊ အသွေးအရောင်စုံလွန်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်ရဲ့ ဒီလိုအလွှာအသီးသီးကြားက လူတွေထဲမှာ အထူးသဖြင့် အပျိုဘော်ကာလဝင်စ အမျိုးသမီးငယ်လေးတွေ မှာ အများနည်းတူ ခေတ်နဲ့အမီ ဝတ်ချင်စားချင်၊ နေချင်ကြပါတယ်။ လှချင်တယ်၊ လှတာကိုယ်မှ သဘောကျတတ် ပါတယ်။ လူသားတွေရဲ့ သဘောသဘာဝပါပဲ။ ဒါပေမဲ့ အလုပ်လက်မဲ့ အင်မတန်ပေါများနေတဲ့ ဒီလိုနိုင်ငံမှာ သူတို့လေး တွေအတွက် ဘာအလုပ်တွေကိုများ တာဝန်ယူထားသူ(ဝါ) တာဝန်ရှိသူတွေ ဖန်တီးပေးထားပါသလဲ။

ဘွဲ့ရကျောင်းပြီးပြီဆိုယင်ပဲ ဘွဲ့ဓါတ်ပုံဝတ်စုံကို ဧည့်ခန်းမှာချိတ်ပြီး ရရာအလုပ်ကို ရှာကြံလုပ်ကိုင်နေရတဲ့ ဒီတိုင်းပြည်မှာ ယောကျာ်းငယ်လေးတွေအဖို့ တပိုင်းထား၊ မိန်းခလေးငယ်တွေအဖို့ကတော့ မှိုလိုပေါက်နေတဲ့ KTV ဆိုင်တွေမှာ နာရီနဲ့အပမ်းတော်ဖြေ၊ ပျော်တော်ဆက်တဲ့ ဘဝအလုပ်ကို အလွယ်တကူ ရှာဖွေလို့ရပါတယ်။

အဝတ်အစားလှလှ၊ မိတ်ကပ်နှုတ်ခမ်းနီမျိုးစုံ၊ အမွှေးနံ့သာလှိုင်လှိုင် ကြိုင်ကြိုင်သင်းနေတဲ့ ရနံ့တွေနဲ့ ကိုယ့်အဖိုး အဖေ အရွယ် ယောကျာ်းတွေ အလိုတော်ကျ သီချင်းဆို၊ ရင်ငွေ့လှုံယင်း “ကောင်းပေ့” ဆိုတဲ့ အစားအစာ၊ ယမကာအမျိုးမျိုးကို မှီဝဲယင်း စိတ်ပိုင်းအားဖြင့် အိမ်ကအပူမီးတွေကို ခေတ္တမေ့ပျောက် နိုင်ပါတယ်။ ဒီထက်အဆင့်မြင့်လာ၊ ရင်းနှီးမှုအတိုင်း အတာလေးတွေ၊ သံယောဇဉ် ဘာညာတွေ အတော်အသင့် ရှိလာပြီဆိုယင်တော့ W ဆိုလား၊ လွတ်လွတ်လပ်လပ် အပြင်ထွက်တွေ့ကြမလားပေါ့။

ကိုယ်တို့ မွန်ပြည်နယ်ဘက်မှာတော့ ရာဘာဈေးကောင်းချိန်မှာဆိုယင် တောသူဌေး ရာဘာခြံပိုင်ရှင် ဦးလေးကြီးတွေဟာ ငွေထုတ်ပိုက်ပြီး အဲဒီ KTV ဆိုင်တွေမှာပဲ နေ့နေ့ညညအိမ်မပြန်နိုင်ကြဘူး၊ အိမ်ကအဖွားကြီးထင်နေတာက ငါ့ယောက်ျား အလုပ်ကြိုးစားလုပ်ကိုင်နေရတာ အိမ်ကိုတောင် နေ့နေ့ညည မပြန်ရှာနိုင်ဘူးတဲ့။

လာပြီးပျော်ပါးကြတဲ့လူတွေကလဲ အမှန်တကယ် ငွေရှိကြသလား။

အများအားဖြင့် အလုပ်အကိုင်တည်မြဲမှု မရှိကြတဲ့ လူလတ်တန်းစားတွေဟာ ငွေကြေးအရင်းအနှီးနဲ့ ဦးနှောက် (ခေါင်း) ကိုအသုံးချပြီး ကြုံရာလုပ်ငန်းတွေ လုပ်ကိုင်တတ်လေ့ရှိတဲ့ မြို့ပြမှာရှိကြတဲ့သူတွေ ဖြစ်ကြပါတယ်။ ပွဲစားလိုလို၊ ပွဲစား လိုလိုဆိုရတာကတော့ မော်တော်ဆိုင်ကယ်ဆိုလဲ မော်တော်ဆိုင်ကယ်၊ နောက်တနေ့ မော်တော်ကားဝယ်ရောင်းသူနဲ့ ဆိုယင် မော်တော်ကားပေါ့၊ ဒါမှမဟုတ်ယင် အိမ်ခြံအရောင်းအဝယ်လား၊ ရတာပါဘဲ။ အလောင်းကစားဆိုလဲ ရတာပါဘဲ။

အရောင်းဝယ်ဖြစ်ကြပြီ ဆိုတာနဲ့ “အာရကေ” ဆိုတဲ့ ပွဲစားအခေါ် အလုပ်ဖြစ်ခဲ့တဲ့ ငွေတွေထဲက အလုပ်ပြီးမြောက် အောင်မြင်ခြင်း အထိမ်းအမှတ်နဲ့ ဒီ KTV မှာပဲ လာရောက်ကျင်းပလေ့ရှိတယ်။ ဖောက်သည်ဖြစ်နေတဲ့ မိန်းခလေးငယ် တွေနဲ့ပဲ KTV  မှာ အာရုံငါးပါးကို လာရောက်ခံစားကြပါတယ်။ အိမ်က မိသားစုကိစ္စတွေကို စိတ်ထဲက တဒင်္ဂတော့ မေ့ပျောက်ထားနိုင်ပါပြီ။ ဒီအခန်းထဲမှာဆိုယင် W ဆေးပြားတွေသုံးတတ်တဲ့သူတွေနဲ့ အရောင်းအဝယ်လုပ်သူတွေ အလုပ်ဖြစ်ကြပြန်ပါတယ်။

 KTV ဆိုင်တဆိုင်ဖွင့်နိုင်ဖို့ဆိုယင် အရင်းအနှီးထက် သက်ဆိုင်ရာကို ကိုင်ထားနိုင်စွမ်းရှိရမယ်။ အရပ်ဘက်ကထက် စစ်ဖက်ကဆိုယင် ပိုစိတ်ချရပါတယ်။ ဒါမှမဟုတ် ငြိမ်းအဖွဲ့တွေနဲ့ ပတ်သက်နေရပါမယ်။

စစ်ဖက်က တပ်နယ်မှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူး၊ ရဲမှူး၊ မြို့နယ်မှူး၊ ဒါမှမဟုတ် သူတို့ရဲ့ “မှူး” တွေအထဲက အနီးစပ်ဆုံး ဆွေမျိုးညာတကာ စတာတွေကို “ရှယ်ယာ” အမည်ခံသဘော ထည့်ထားပေးရပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကလည်း မကြာမကြာ နေ့တိုင်းလိုလို အားအားယားယားရှိတိုင်း မျက်နှာလာပြပြီး အလကား စံစား။  “ရှယ်” အဲယားကွန်းအခန်း ထဲမှာ KTV မယ်လေးတွေနဲ့ “ရှယ် ရှယ်”ပေါ့ ။ အချို့ KTV ဆိုင်တွေဆိုယင် စင်တင်တေးဂီတအပြင် အနှိပ်ခန်းတွေကိုပါ တွဲထားပါတယ်။

KTV မယ်လေးတွေအနေနဲ့လည်း ဒီဆိုင်တစ်ဆိုင်ထဲမှာပဲ လအတန်ကြာနေလို့ မကောင်းတတ်ပါဘူး၊ ကြားသွာယင် “အဟောင်း” တွေ ဖြစ်သွားတတ်တယ်လေ။ ဖောက်သည်လည်း နည်းလာမယ်။ ဒါကြောင့် တခြားအဆင်ပြေရာ၊ အဆက်အသွယ်ကောင်းရာ၊ ရေကြည်ရာမြက်နုရာ ဆိုင်တွေကို ဆက်ပြီး အလုပ်နေရာသစ် ရှာဖွေရပါမယ်။

“ကော့ဂျာ” ရဲ “လုမိုင်” ထံ အခုပေးစာအရ “ဆေးပြားရောင်းတဲ့သူက အဖမ်းမခံရဘဲ ဖမ်းတဲ့သူဘဲ အချုပ်ကျသွားတယ်” ဆိုတော့ KIO မူးယစ်ဆေးဝါးနှိမ်နင်းရေးအရာရှိငယ် ဖြစ်ဟန်တူတဲ့ “ဘရန်အောင်” တယောက် ဘယ်ဥပဒေပုဒ်မတွေနဲ့  
ဘယ်နေရာ ဘယ်ဒေသကို ရောက်နေသလဲဆိုတာ ကာယကံရှင်တွေကသာ အသိဆုံးဖြစ်နေမှာပါပဲ။                                                                   


မင်းထက်အောင်


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views