အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်

နိုင်ဟံသာ
ဧပြီ ၂၇၊ ၂၀၀၉။

ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတွင် လက်တွေ့အားဖြင့် တည်ရှိနေသော အာဏာရ စစ်တပ်အုပ်စု၊ စီမိုကရေစီရရှိရေး အတွက် ဦးစားပေးဖွဲ့စည်းထားသော နိုင်ငံရေးအဖွဲ့စည်းအုပ်ချုပ်စုနှင့် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစု အဖွဲ့ အစည်းများအုပ်စု၊ ဤအုပ်စုသုံးစုတို့၏ ကိုယ်စားလှယ်များ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ယနေ့ပြဿနာ ပေါင်းစုံကို ပြေလည်အောင် ကိုင်တွယ်ဖြေရှင်း နိုင်လိမ့်မည်ဖြစ်သည်။ ဤဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးအပါအဝင်  ကမ္ဘာ့နိုင်ငံများ၊ မြန်မာပြည်အရေး ကို နားလည်သော နိုင်ငံတကာရှိ နိုင်ငံရေးပညာရှင် ကြီးများ၊ မြန်မာပြည်ရှိ ဝါရင့်နိုင်ငံရေးခေါင်းဆောင်းများ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီအဖွဲ့အစည်း အသီး သီးတို့က တောင်းဆိုနေကြသည်။ ဤသို့တောင်းဆိုနေကြခြင်းသည် ဤနည်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းဖြင့် ပြဿနာကြီးများကို အရင်းအမြစ်ကနေ ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေကြသောကြောင့်ဖြစ်သည်။

အဘယ်ကြောင့် ထိုသို့တူညီစွာ ရှုမြင်နေကြသနည်း။ ခိုင်လုံသော အကြောင်းရင်းခံများ ရှိနေပါသည်။ သို့သော် အချို့ သောသူတို့က ဤအမြင်ကိုငြင်းပယ်နေကြသည်။ ၎င်းတို့သည် စစ်တပ်က လက်ရှိအာဏာကို ချုပ်ကိုင်ထားသူများ ဖြစ်ပြီး၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနိုင်ရထားသည်။ ထို့ကြောင့် ဤနှစ်ဖွဲ့ဆွေးနွေးဖြေရှင်းလျှင် ပြည့်စုံလုံလောက်သည်ဟု ဆိုကြသည်။ ဤ အယူအဆကို ဆုပ်ကိုင်ထားကြသူများမှာ စင်စစ်အားဖြင့် တိုင်းရင်းသားလူမျိုးစုအပေါ် ဗမာလူမျိုးတို့ တလျှောက်လုံး လွှမ်းမိုး ချယ်လှယ်ခွင့် ရလာနေသည်ကို လက်မလွတ်လိုသော အရင်းခံဆန္ဒကြောင့် ဖြစ်သည်။

၎င်းဆန္ဒကိုရိုးသားပွင့်လင်းစွာ မဖော်ထုတ်ဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် မတရားမှန်းသိနေကြပြီး ကိုယ်ကျိုးဆန္ဒကို လည်း ဖြည့်ဆည်းလိုနေခြင်းကြောင့် အခြားသောစကားလုံးများဖြင့် ငြင်းပယ်နေကြခြင်း ဖြစ်သည်။ အကယ်၍ ရွေး ကောက်ပွဲအနိုင်ရ အမတ်ဦးရေအပေါ် အခြေခံတွက်ချက်လျှင်လည်း တိုင်းရင်းသားအဖွဲ့အစည်းများဖြင့် စုပေါင်းထား သော် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်” (UNLD) နှင့် မဟာမိတ်တိုင်းရင်းသား အဖွဲ့တို့က ဒုတိယအမတ်ဦးရေများဆုံး အနိုင်ရထားသည်။ ထို့ကြောင့်ငြင်းပယ်ချန်ထားခြင်းဖြင်း တရားမျှတမည်မဟုတ်ပေ။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းသည် ဖြစ်ရှိနေသော နိုင်ငံရေးပြဿနာများကို ပြေလည်စေလို၍ ဖြစ်သည်။ နိုင်ငံရေးပြဿနာအပိုင်းမှ ချဉ်းကပ်ကြည့်လျှင် ပြည်တွင်းစစ်အနှစ်ငါးဆယ်ကျော်ကို ပြန်လည်သုံးသပ်ရန် လိုလိမ့်မည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသောနှစ်တွင်ပင် ပြည်တွင်းစစ်စခဲ့သည်။ ထိုစဉ်ကတည်းက အစိုးရကို လက်နက်ကိုင် ဆန့် ကျင်တိုက်ပွဲဝင်ခဲ့သော တိုင်းရင်းသားအဖွဲ့အစည်းများသည် ဒီမိုကရေစီရေး၊ အတန်းအစားအရေးအပေါ် အခြေခံသည့် အဖွဲ့အစည်းတို့ထက် အရေအတွက်များခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ယနေ့အထိ (၅၃) နှစ်ကျော် လူမျိုးစုအဖွဲ့အစည်းများနှင့် ဖြစ်ပွားနေသော တိုက်ပွဲမှ သေနတ်သံများကို တစ်ပတ်၊ တစ်လ မခြား ကြားနေရသည်။ ယခုအချိန်တွင် တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်း တော်တော်များများနှင့် အပစ်အခတ်ရပ်စဲထားသော်လည်း တိုင်းရင်းသားနယ်မြေအတော်များများ တွင် သေနတ်သံများကြားနေရဆဲ ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးသက်သက်သည် ဖြစ်ရှိနေသော ပြဿနာများကို ပြေလည်စေနိုင်မည်မဟုတ်ကြောင်း အများသိပြီးလည်း ဖြစ်ပါသည်။

၁၉၅၈ ခုနှစ်တုန်းက ဝန်းကြီးချုပ် ဦးနုခေါင်းဆောင်သော ပထစ အစိုးရသည် မွန်၊ ရခိုင်၊ ပအိုဝ့်လူမျိုးစုအဖွဲ့များနှင့် သဘောတူညီမှုရပြီး ၎င်းအဖွဲ့များလက်နက်စွန့်ခဲ့ကြသော်လည်း မကြာသေးမီအချိန်ကလေးမှာပင် ၎င်းတို့၏ တော်လှန် သောသေနတ်သံများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးစုများနှင့် အာဏာရအစိုးရအဆက် ဆက်အကြား ပြဿနာသည် သေးမွှားသော ပြဿနာမဟုတ်ပေ။

အချို့သောသူတို့သည် လူမျိုးရေးပြဿနာကို အလေးအနက်မထားကြ။ လူမျိုးရေးပြဿနာသည် လူတန်းစားပြဿနာ၏ လက်အောက်ခံဖြစ်သည်ဟု ဆိုသည်။ လူအချို့တို့ကလည်း လူမျိုးရေးပြဿနာသည် ဒီမိုကရေစီရေး ပြဿနာ၏ လက် အောက်ခံ ဖြစ်သည်ဟု ဆိုကြပြန်သည်။ ထိုသူတို့က လူတန်းစားပြဿနာ ဒီမိုကရေစီရေးပြဿနာတို့ကို ပြေလည် အောင် ဖြေရှင်းနိုင်ပါက လူမျိုးရေးပြဿနာသည် အလိုလိုပြေလည်သွားမည်ဟု ထင်မြင်ပြောဆိုနေကြသည်။ ၎င်းတို့ သည် လူမျိုးရေးပြဿနာ၏ အတိမ်အနက်ကို တကယ်မမြင်၍လား သို့တည်းမဟုတ် အရေးမပေးလို၍လား ဆိုသည်ကို ၎င်းတို့ကိုယ်တိုင်သာ သိကြပေလိမ့်မည်။

ကျွန်ုပ်၏အမြင်ကား ၎င်းတို့နှင့် လုံးဝခြားနားပါသည်။ လူမျိုးရေးဆိုင်ရာ ပြဿနာသည် လေးနက်သည်၊ ခိုင်မြဲသည်။ မည်သည့်ပြဿနာ၏ လက်အောက်ခံမဟုတ်ပေ။ တသီးတခြားမားမားမတ်မတ် ရပ်တည်နေသည်။ ဘာသာရေးပြဿနာ သည် ကမ္ဘာတခွင်ရှိ ဘာသာတူများ၏ စာနာထောက်ခံမှုကို ရရှိနိုင်သဖြင့် အရှိန်သြဇာကောင်းတတ်သည်။ အိမ်နီးချင်း နိုင်ငံတစ်ချို့တွင် ရောက်ရှိနေသော လူမျိုးတူများ၏ စာနာမှုကို ရရှိနိုင်သော်လည်း ဘာသာရေး၊ လူတန်းစားရေး တို့နှင့် စာလျှင် ပြင်ပစာနာထောက်ပံ့မှုနည်းပေသည်။ ကိုယ်အားကိုယ်ကိုး ဖြေရှင်းကြရသော ပြဿနာမျိုးဟု ဆိုနိုင်သည်။

လူမျိုးဟူသည်ကား နှစ်ပေါင်းရာ၊ ထောင်ချီပြီး နီကပ်စွာ အတူနေထိုင်  ပေါက်ဖွားလာသော ဘဝတူကံကြမ္မာတူ လူအဖွဲ့ အစည်းဖြစ်သည်။ သမိုင်းမတင်မီအချိန်မှသည် ယနေ့အထိ ဖြစ်ပေါ်ခဲ့သော လူအဖွဲ့အစည်းအချင်းချင်းအကြား ပဋိပက္ခ များတွင် အခြားအကြောင်းအချက်များ ပါဝင်နေသော်လည်း လူမျိုးရေးအခြေခံမှ ကင်းလွတ်ခြင်းနည်းပါးပါသည်။ နယ်မြေလုယက်မှု၊ ဈေးကွက်လုယက်မှု တို့သည် လူမျိုးရေးအပေါ် အခြေခံမှုတစ်ဝက်ကျော် ပါဝင်သည်။ ခေတ်ဟောင်း ကိုလိုနီ နယ်ချဲ့စစ်ပွဲများတွင် လူမျိုးရေးအပေါ် အခြေခံမှုများစွာ ပါဝင်နေသကဲ့သို့ ငွေအရင်းအနှီးအပေါ် အခြေခံသော ခေတ်သစ်နယ်ချဲ့စနစ်တွင်လည်း လူမျိုးရေးအပေါ် အခြေခံမှုပါရှိသည်။ ကမ္ဘာ့ပေါ်ရှိလူ့အဖွဲ့အစည်းများကို အထင်ရှားဆုံး စည်းခြားထားရာ နိုင်ငံများသည် မတူကွဲပြားသောလူမျိုးများဖြင့် ဖွဲ့စည်းထားကြသည်။ လူမျိုးတူနိုင်ငံကွဲဟူ၍ အလွန် နည်းပါးပါသည်။ ဘာသာရေးအရ မည်သို့ပင်တူညီစေကာမူ လူမျိုးမတူက နိုင်ငံတစ်ခုအဖြစ် မပူးပေါင်းကြ။ အတန်း အစားတူများ အကြားတွင်လည်း ထို့အတူပင်ဖြစ်သည်။ ထို့ကြောင့် လူမျိုးရေးအစွဲသည် ဘာသာရေး၊ အတန်းအစားရေး ထက် လေးနက်သည်ဟု ဆိုရပါမည်။

ယနေ့ကမ္ဘာတွင် လူမျိုးရေးပဋိပက္ခသည် အားလျော့သွားခြင်းမရှိ၊ ပို၍ပင် ရှေ့တန်းရောက်လာနေသည် (Globalization) ဂလိုဘယ်လိုင်ဇေးရှင်း ခေါ် ကမ္ဘာလွှမ်းပတ်ယှက်နွယ်မှု ခေတ်ကာလတွင် အဓိကအားဖြင့် စီးပွားရေး၊ ယဉ်ကျေးမှုတို့၌ ဆက်စပ်လွှမ်းခြုံမှုမည်သို့ရှိစေ၊ မိမိလူမျိုးကို လွှမ်းမိုးသွားခြင်း မရှိအောင် ကာကွယ်နေကြသည်။ နိုင်ငံတစ်ခုတွင် အာဏာရလူမျိုးစုဖြစ်သော လူမျိုးက အခြားလူမျိုးများအပေါ် လူမျိုးရေးအရ လွှမ်းမိုးဝါးမျို လိုကြသည်။ သို့သော် ကမ္ဘာ လွှမ်းပတ်ယှက်နွယ်မှုအရ အခြားလူမျိုးကြီးတို့၏ ဝါးမျိုမှုကို ရင်ဆိုင်လာရသောအခါ မိမိတို့လူမျိုးကို ကာကွယ်ထိန်းသိမ်း ရန် ကြိုးပမ်းလာနေကြသည်။ ကျွန်ုပ်တို့နိုင်ငံတွင် စစ်တပ်အစိုးရသည် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများကို တိုင်းနှင့် ပြည် နယ်အလိုက်ခေါ်ယူပြီး ငွေကုန်ကြေးကျများစွာခံကာ ကျင်းပနေကြသည်။ ဤသည်လည်း လူမျိုးရေးအခြေခံစိတ်ဓါတ်၏ လေးနက်မှုပင်ဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင် ကျွန်ုပ်တို့ကိုယ်တိုင်ပါဝင်ပြီး ပြဿနာများကို နည်းပေါင်းစုံဖြင့် ဖြေရှင်းခဲ့ကြသည်။ ပြဿနာဖြေရှင်း ရေး နည်းပေါင်းများစွာအနက် လက်နက်ကိုင်ဖြေရှင်းနည်းသည် အဆင့်အမြင့်ဆုံးနှင့် အရှည်ကြာဆုံးဖြစ်သည်။ နှစ်ပေါင်း (၅၀) ကျော်ဖြေရှင်းခဲ့ပြီးဖြစ်သော်လည်း ယနေ့အထိ ပြေလည်စရာ အလားအလာ မမြင်တွေ့ရသေးပေ။ ၁၉၅၈ ခုနှစ်တွင် ဦးနု၏ (ပထစ) အစိုးရသည် ဒီမိုကရေစီကို ပိုမိုကျယ်ပြန့်အောင် လမ်းဖွင့်ပေးပြီး နိုင်ငံရေးအရ ဖြေရှင်း ရန် ကြိုးပမ်းခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခများ အရှိန်လျော့ကျလာပြီး နိုင်ငံရေးအရ လှုပ်ရှားမှု အရှိန်ကောင်းလာ သည်။ ဤသို့ အရှိန်အဟုန်အားကောင်းလာသည်ကို စစ်တပ်ကမလိုလားသဖြင့် အာဏာသိမ်းခဲ့သည်။ စစ်ရေးအရ အရှိန်မြင့်ပြီး ဖြေရှင်းခဲ့သည်။ ရလာဒ်ကားနှစ်ဖက်စလုံး အင်အားပိုမိုကြီးမားလာပြီး တိုက်ပွဲများနေရာအနှံ့ ကျယ်ပြန့်လာ ကာ စစ်ပွဲ၏အနိဌာရုံများကို ပြည်သူများခါးသီးစွာ ခံစားလာခဲ့ရသည်။

၁၉၇၀ ခုတွင် ပေါ်ပေါက်ခဲ့သော ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီသည်နိုင်ငံခြားအရင်းရှင်းများ၏ အားပေးကူညီမှုကို အတော်အတန်ရရှိခဲ့သည်။ လူမျိုးစုအဖွဲ့အစည်းများကိုကား မည်သည့်နိုင်ငံကမှ ပေးကမ်းခြင်းမရှိ။  ဗကပနှင့် ပူးပေါင်း လျှင် ဗကပ ပေးကမ်းသမျှကိုသာရရှိပြီး လုံးပါးပါး ပျောက်ကွယ်သွားသည်။ တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ခေါင်းထောင်ခဲ့သော ဗကပသည်လည်း ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် ဦးကျိုး၍ မြေလျှိုးခဲ့ရသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာကား မိမိလူမျိုးနှင့် မိမိပြည်သူများ၏ ထောက်ပံ့ပေးမှုဖြင့် ခက်ခဲစွာရုန်းကန်ခဲ့ရသော် လည်း ပန်းပန်မြဲပင်။ ဤသည်မှာလည်းလူမျိုးရေးအခန်း၏ လေးနက်မှုသာဓကတစ်ရပ်ပင်ဖြစ်သည်။

ယခုခေတ်ယခုအခါသည် ဒီမိုကရေစီခေတ်ကာလဖြစ်သည်။ ဒီမိုကရေစီသည်ကား ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်။ ဒီမိုကရေစီပျိုးပင်ကို ကျနော်တို့ ပြည်ထောင်စုမှာ စိုက်ပျိုးခဲ့ဘူးပါသည်။ သို့သော်ကြာရှည်မရှင်သန်နိုင်ခဲ့ပါ။ အဘယ် ကြောင့်နည်း။ ဤနည်းနှင့် ဤရာသီမျိုး ဒီမိုကရေစီ ပျိုးပင်များ ပေါက်ပွားကြီးပြင်းနိုင်ရန် လိုအပ်နေသည့် နေရောင် ကာပင် (အရိပ်ပင်) သို့မဟုတ် တွယ်တက်ရန်အပင်ဖြစ်သော တိုင်းရင်းသားလူမျိုးများအတွက် လူမျိုးရေးအရ တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပင်များကို ပေါက်ခွင့်မပေး၊ ခုတ်ထွင်ဖယ်ရှင်းထားသောကြောင့် ဖြစ်သည်။ ၁၉၆၂ ခုနှစ် မတ်လ() ရက်နေ့ စစ်တပ်မှ အာဏာသိမ်းခြင်းသည် အဓိကအားဖြင့် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရှင်သန်ခွင့်မပေးလို၍ဖြစ်သည်။ ထိုအခွင့်အရေးကို ဖျက်ဆီးရင်း ဒီမိုကရေစီအခွင့်အရေးများ လည်း ပျက်ပြားခဲ့ရပြီးဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ခြင်းကို ထည့်တွက်ခြင်းမပြုဘဲ ဒီမိုကရေစီရေး သက်သက် ဖြင့် ပြဿနာများကို မဖြေရှင်းနိုင်။ ပြည်တွင်းစစ်ကို မရပ်တန့်နိုင်ပါ။ ဖြစ်ရှိနေသော နိုင်ငံရေးပြဿနာများနှင့် လက်နက် ကိုင်ပဋိပက္ခများကို မဖြေရှင်းနိုင်ပါက ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ လူမှုလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများသည် လည်း မရှင်သန်နိုင်ပေ။ ကျွန်ုပ်တို့နိုင်ငံ၏ ထူးခြားမှုတစ်ရပ်ဖြစ်သော ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများ၏ ဦးရေသည် နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိနေခြင်း၊ ထိုလူမျိုးစုများ နေထိုင်သော နယ်မြေများသည် ပြည်ထောင်စု တစ်ခုလုံး၏ ငါးပုံသုံးပုံကျော်ရှိနေခြင်း၊ ထိုလူမျိုးများစုအနက် သမိုင်းကြောင်းအရ လွတ်လပ်ထင်ရှားစွာ နေထိုင်လာခဲ့ ကြသည်က များပြီး ယနေ့အထိ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင်းကို လိုလားတောင်းဆိုနေသည့် လူမျိုးများဖြစ်နေခြင်း တို့သည် ထူးခြားမှုဖြစ်သည်။

ထို့ကြောင့် ဤနေရာမျိုး ဤအခြေအနေမျိုးများ၏အရေးကို နောက်ချန် (သို့မဟုတ်) ဘေးဖယ်ထားပြီး နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ပါက အချိန်ကုန်၊ လူပန်း၊ သံသယများကို ပို၍ တိုးပွားစေရုံသာ ဖြစ်မည်။ ထို့ကြောင့် ပြဿနာများကို အမှန်တကယ်ဖြေရှင်းလိုသောဆန္ဒရှိပါက သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခြင်းသည်သာ ပြေလည်မှုကို ပေးဆောင်နိုင်သော ထွက်ပေါက်ဖြစ်ကြောင်း အိပ်ပျော်ယောင်ဆောင်နေသူများကို ထပ်မံလှုပ်နှိုး တင်ပြပါသည်။

နိုင်ဟံသာ

စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး(နိုင်ဟံသာ) ဆောင်းပါများမှ
စာရေးသူ၏ခွင့်ပြုချက်အရပြန်လည်ဖေါ်ပြသည်။
(အယ်ဒီတာ)

နိုင်ဟံသာ


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views