အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ”

ကွန်းအိန်း
ဧပြီ ၂၃၊ ၂၀၀၉။

လွှတ်တော်ရုံးမှ ဆင်းလာသောဧကရာဇ်ဂျူးလီယက်ဆီဇာကို လွှတ်တော်အမတ်များ၊ စစ်သူကြီးများက သူ့အနောက် ကြောချဉ်းကပ်ပြီး ဒါးဖြင့်ထိုးနှက်ကြသည်။ အဆက်မပြတ်ဝင်ရောက်လာသော ဒါးချက်များကို အံကြိတ်ခံယင်း အနောက်ဘက်သို့ လှည့်ကြည့်လိုက်ရာ- “သြော်- ဘရုတပ် မင်းလဲပါတာကိုး”

စစ်မြေပြင်တွင် ရန်သူများကို ကြံကြံခံ မကြောက်မရွှံ့ တိုက်ခိုက်ခဲ့သော စစ်သားရင့်မကြီးခင်မျာ နောက်ကြောကို ဒါးနှင့် ထိုးခဲ့သော မိတ်ဆွေများကို ကြည့်ယင်း အံ့သြသော၊ မယုံကြည်သော မျက်နှာထားဖြင့် ဖြည်းညှင်းစွာ လဲကျသွားသည်။ ရန်သူများ၏ ဒါးချက်ထက် မိတ်ဆွေများ၏ သစ္စာဖောက်မှုကို ဂျူးလီယက်ဆီဇာကိုယ်တိုင် အံ့အားသင့်စွာ ခံယူယင်း အသက်ပေးသွားခဲ့သည်။

ငယ်စဉ်က သမိုင်းတွင် ဖတ်ဖူးခဲ့သောကမ္ဘာ့၊ မြန်မာရာဇဝင်များကို အတိတ်တွင်ထားခဲ့သော်လည်း ယခင်က အတိတ် ဖြစ်ရပ်များသည် ပစ္စုပ္ပန်၌ အသစ်တဖန်ပြန်လည်အသက်ဝင်လာသည်ကို မျက်ဝါးထင်ထင် ပြန်တွေ့မြင်ရသောအခါ၊ ကိုယ်တိုင်အံ့သြမိတာအမှန်ပင်။ သြော်သမိုင်းဘီးဆိုတာ နောက်ထပ်တဖန် ပြန်လည်တတ်သည်မျိုးလည်း ရှိနိုင်ပေ တကား။

လူ့သဘာဝမှာ မိမိ၏ အကျိုးအတ္တကို ရှေ့တန်းတင်လွန်းခြင်းပင်ဖြစ်သည်။

ဘရုတပ်အနေနှင့် လွှတ်တော်အမတ်များ မြှောက်ပင့်ပေး၍ ဂျူးလီယက်ဆီဇာကို လုပ်ကြံရာတွင် အောင်မြင်ခဲ့သော် လည်း နိုင်ငံခေါင်းဆောင်အနေနှင့် မရပ်တည်နိုင်ခဲ့ပါ။ " နိုင်ငံတော်သစ္စာဖေါက်" အမည်ဆိုးဖြင့် နိဂုံးချူပ်ခဲ့ရပေသည်။ ဘရုတပ်အစား မတ်အန်တိုနီယိုကသာ ပြည်သူ့ခေါင်းဆောင်အဖြစ် ရပ်တည်ဦးဆောင်နိုင်ခဲ့သည်။

မြန်မာရာဇာဝင်၌လည်း သီပေါမင်းလက်ထက်တွင် ပါလီမန်စံနစ်ကို တည်တောင်လိုသူ ဦးကောင်းနှင့် မြန်မာပဒေ သရာဇ်တို့ကြား ပဋိပက္ခအသွင် ဖြစ်ပေါ်ခဲ့သေးသည်။ နောက်ဆုံး၌ ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်ဟူသော တဘောင်အတိုင်း မြန်မာမင်းဆက်ပြုတ်ကာ ကင်းဝန်မင်းကြီးအနေနှင့် ဗီလိန်အဖြစ် ရာဇဝင်တွင်ရစ်သည်။

လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်လည်း  အာဏာရယူလိုမှုဖြင့် ဂဠုန်ဦးစောသည် ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် ဝန်ကြီးများကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဦးစောအနေနှင့် လူထုခေါင်းဆောင်အရိုက်အရာကို ရခဲ့ပါသလော။ ပြည်သူ့ ချဉ်ဖတ်အဖြစ် သူတင်မက သူ၏နောက်မျိုးဆက်တွေပါမကျန် သမိုင်းတွင် ကျန်ရစ်နေတော့သည်။

နေမဝင်အင်ပါယာအရှင်သခင် အင်္ဂလိပ်လူမျိုးတို့သည် မိမိတို့ပိုင်ကိုလိုနီနယ်ပယ်များတွင် သွေးခွဲအုပ်ချူပ်ရေးစံနစ်အရ သော်၎င်း၊ ဆူးကိုဆူးဖြင့် ထွင်းသောနည်းစနစ်အရ၎င်း ယင်းတို့၏ အင်ပါယာကို ချဲ့ထွင်ခဲ့သည်။ လက်အောက်ခံ ကိုလိုနီနယ်သားများကို မွေး၍ သွေးခွဲပြီးအချင်းချင်း တိုက်ခိုက်ခိုင်းသည်။ တခြားနယ်ရှိ ကိုလိုနီနယ်သားများကို အထူး အခွင့်အရေးပေး၊ လက်သပ်မွေး၍စစ်တိုက်ခိုင်းသည်။ ဤကဲ့သို့ လုပ်ရပ်ဖြင့်မိမိတို့ နိုင်ငံအကျိုးကို တိုးတက်အောင် ဆောင်ရွက်ခဲ့ကြသည်။

နအဖစစ်အစိုးရအနေနှင့် တဖက်တွင် နယ်ချဲ့အင်္ဂလိပ်တို့၏ ယင်းကဲ့သို့ ပြုလုပ်ခဲ့သည့် လုပ်ရပ်ကို ရှုတ်ချယင်း တဖက် တွင် သွေးခွဲအုပ်ချူပ်ရေးစံနစ်ကို တည်ထွင်လုပ်ဆောင်နေလေပြီး။ ထမင်းကြမ်းခဲကိုသာ မြင်ပြီး ဝါးရင်းတုတ်ကို မမြင်တတ်သော လူဗလံများကို မွေးခဲ့သည်။ ဤနည်းကို နအဖစစ်အရာရှိများ ကိုယ်တိုင် မဟာဗျူဟာတရပ်ကဲ့သို့ ချမှတ်၍ လုပ်ဆောင်နေခဲ့သည်။ ဗိုလ်မှူးကြီး သောင်းထိုက်ကိုယ်တိုင်ကပင် မျက်မှောက်ခေတ် ပထဝီနိုင်ငံရေးအခန်း စာမျက်နှာ (၁၅၇) အလယ်၌ ရန်သူကို လှို့ဝှက်သတ်ဖြတ် သုတ်သင်အဆိပ်ကျွေးသတ်၊ လူသတ်သမားအငှားသတ် အာလုံးတရားသည်ဟု ရေးခဲ့သည်။ ဤကားစစ်အစိုးရ၏ စက်စုပ်ဖွယ်ပေါ်လစီတခုပင် ဖြစ်ပေသည်။

ယ္ခုပစ္စက္ခကာလ၌လည်း လက်နက်ကိုင်အဖွဲ့အစည်းများကို ချော့တခါချောက်တလှည့်ဖြင့် သိမ်းသွင်းဖြားယောင်း နေသည်။ အစိပ်စိပ်မွှာမွှာကွဲလေ၊ ၎င်းတို့အကြိုက်တွေ့လေ ဖြစ်နေသည်။ ထိုကွဲပြားနေသော၊ နိုင်ငံရေး၊ အမျိုးသားရေး ဦးတည်ချက်မရှိသောအဖွဲ့ငယ်များကို လက်သပ်မွေးကာ ဒေသခံနယ်မြေများတွင် လွတ်လပ်စွာ လုပ်ပိုင်ခွင့်များ ပေး ထားသည်။

လူထုဆန့်ကျင်ရေးကိစ္စများဖြစ်နေစေကာမူ တဖက်တွင် အကာအကွယ်ပေးထားသည်။ ထိုအဖွဲ့ငယ်များကို တိုင်းရင်း သား ငြိမ်းချမ်းရေးအဖွဲ့ အမည်တပ်ကာ ပြည်သူလူထုနှင့် ထိပ်တိုက်တွေ့ခွင့် ပေးထားသည်။ ကြိုးရှည်ရှည်လှန်၍ လူထုဆန့်ကျင်ရေးလုပ်ခိုင်းသည်။

နောက်ဆုံးငြိမ်းချမ်းရေးတပ်ဖွဲ့၊ တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ရောယောင်၍ လူထုအော့ကြောလန် ဖြစ်အောင် ပရိယာယ်ဖြင့် မြှောက်ပေးခဲ့သည်။ အနှီထမင်းကြမ်းခဲကိုသာမြင်၊ ဝါးရင်းတုတ်ကိုမမြင်သောသူများမှာ ဝါးလုံးခေါင်းတွင် လသာနေပြီးနွားခြေရာခွက်တွင် ပင်လယ်သမုဒ္ဒရာအသွင်ဖြင့် ကူးခတ်ပျော်ပါးနေလေတော့သည်။ စစ်အစိုးရ၏ ရေရှည်ပရိယာယ်ကို သိမြင်နားလည်နိုင်စွမ်းမရှိကြ။ အရိုးအရင်းကိုက်ရရုံနှင့် မိမိတို့၏အမျိုးသား ရည်မှန်း ချက်ကို မျက်ကွယ် ပြုခဲ့သည်။

ထိုမျက်ကန်းသမားများကို အသုံးပြု၍ စစ်အစိုးရအနေနှင့် အတိုက်ခံအဖွဲ့အစည်းများ ခေါင်းဆောင်များကို သုတ်သင် ချေမှုန်းရာတွင် အသုံးချနိုင်ခဲ့သည်။ ဥပမာအားဖြင့် ကရင်ခေါင်းဆောင် ဗဒိုမန်းရှာလဖန်းကို လုပ်ကြံခိုင်းခဲ့သည်။ အခြားတိုင်းရင်းသားခေါင်းဆောင်များကို တိုးတိုးတိတ်တိတ်လုပ်ကြံရန် ကြံဆောင်လျှက်ရှိသည်ဟုလည်း ထောက်လှမ်း ရေးသတင်း ရပ်ကွက်တွေမှာ အနံ့ထွက်နေပါသည်။ ဤကားစစ်အစိုးရ၏ ကူညီထောက်ပံ့မှုမပါဘဲ လုပ်၍ မဖြစ်နိုင်ချေ။

မွန်အမျိုးသားကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မီတီ အတွင်းရေးမှူး နိုင်မင်းနောင်လည်း လွန်ခဲ့သည့် ဧပြီးလ (၁၈) ရက်နေ့၌ မုဒုံမြို့နယ် "ရိုးဂိုး" မော်လမြိုင်မြို့အဝင်ဂိတ်အနီးတွင် လုပ်ကြံခံရသည်။ စစ်အစိုးရ၏ ပယောဂမဟုတ်ဟု ဘယ်သူပြောနိုင်မည်နည်း။ နှစ်လကြာရှည်စွာ ချမှတ်ထားသော လုပ်ကြံရေးပေါ်လစီကို စတင်အသုံးချနေပြီး ဖြစ်ကြောင်း ဤဖြစ်စဉ်များက သက်သေပြနေပါသည်။

ပုထုဇဉ်မှန်သမျှအတ္တနှင့်မကင်းနိုင်ပေ။ သို့သော် မိမိကိုယ်ကျိုးစီပွားတခုတည်းအတွက် အမျိုးသား၏ ဂုဏ်သိက္ခာ၊ အမျိုးသား၏ ရည်မှန်းချက်များကို ရောင်းစားရန်မသင့်တော်ပါ။

စစ်အစိုးရရူးတိုက်တိုင်း ဟောင်နေကိုက်နေပါက ရေရှည်တွင် မိမိတို့တိုင်းရင်းသား၏ ရုပ်ပုံကိုတွေ့လိုပါက ပြတိုက်၌သာ တွေ့နိုင်ဘွယ်ရှိနိုင်သည်ကို တွေးမိရန်လိုသည်။ သစ်ပင်ကိုခုတ်ရန် သစ်သားလက်ကိုင်ရိုးသုံးသည့်နည်းလမ်းကို နအဖစစ်အစိုးရ လက်တွေ့အသုံးပြုနေပါပြီ။

ထို့ကြောင့် ဘုံရန်သူကို ဦးတည်တိုက်ခိုက်မည့်အစား မိမိအမျိုးသားအချင်းချင်း အိုးမဲသုတ်ခွပ်ခိုင်းသည်ကို ကျေနပ် အားရစွာ လက်ခံနိုင်မည်လော။ သခင်အားရ ကျွန်ပါးဝသည့်အသွင်နှင့် ထမင်းကြမ်းခဲလောက်၌ တင်းတိမ်မည်လော။

မိမိ၏ကိုယ်ကျိုးစီးပွါးအတ္တအတွက် အမျိုးသားများ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို ပစ်ပယ်တော့မည်လောဟု မေးစရာတပုံတပင် ကျန်ရစ်နေသည်။ ယ္ခုပစ္စုပ္ပန်အနေထားတွင်လည်း ဂျူးလီယက်ဆီဇာသည် ဒါးဒါဏ်ရာကြားမှ နောက်ပြန်လှည့်ကြည့်ယင်း
“သြော်ဘရုတပ်မင်းလည်းပါတာကိုး”
                                                                           

ကွန်းအိန်း


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views