အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

မွန်အမျိုးသားခေါင်းဆောင် နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း

အယ်ဒီတာ
ဧပြီ ၂၉၊ ၂၀၀၉။

မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်အောင်ထွန်း

 

စကားချပ်။   ။ ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်၊ ယနေ့သည် မွန်အမျိုးသား လက်နက်ကိုင်တော်လှန်ရေးကို စတင် ခဲ့သော မွန်ပြည်သူ့တပ်ဦး ဥက္ကဌ နိုင်အောင်ထွန်း ကွယ် လွန်ခဲ့သည်မှာ (၃၉) နှစ်ပြည့်မြောက်သောနေ့ဖြစ်ပါ
သည်။
မွန်အမျိုးသားခေါင်းဆောင် နိုင်အောင်ထွန်း
အား  ဤအထုပ္ပတ္တိအကျဉ်းဖြင့်
“ကောင်းဝါ”မှ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါကြောင်း (အယ်ဒီတာ)

 

 

နိုင်အောင်ထွန်း (၁၉၁၃-၁၉၇၀)


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ ရွာသူကြီး ဖခင်နိုင်ဖိုး၊ မိခင် မိကွန်းမေးတို့မှ ၁၉၁၃-ခုနှစ်၊ အောက်တိုဘာ လတွင် ဖွားမြင်သည်။ မွေးချင်းငါးဦးရှိသည်။

မော်လမြိုင်မြို့
အင်္ဂလိပ်ဂျက်ဆင်ကျောင်းတွင် ၁၀ တန်းကို သမိုင်းဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ကျောင်းမှထွက်
ပြီး
မုဒုံမြို့နယ်၊ ကလော့သော့ဇာတိ မိအေးစိန်နှင့် လက်ထပ်ခဲ့သည်။

ထို့နောက် ဖခင်ကွယ်လွန်ခဲ့ပြီးနောက် ပင ရွာသူကြီးအရိုက်အရာကို ဆက်ခံသည်။ မွန်လူငယ်အဖွဲ့ဝင်ဖြစ်ပြီး နိုင်ဖိုးချို ဦးဆောင်သော မွန်တိုင်းရင်းသားအစည်းအရုံး(၁၉၄၆)၌ မြို့နယ်ဥက္ကဌ တာဝန်ယူခဲ့သည်။

၁၉၄၈ ခု သြဂုတ်လတွင် စတင်ခဲ့သည့် မွန်လက်နက်ကိုင်တော်လှန်ရေးတွင် စတင်ပါဝင်ခဲ့ပြီး မွန်အမျိုးသားထု တစ်ရပ် လုံးကို ကိုယ်စားပြုသည့် မွန်ပြည်သူ့တပ်ဦး ဥက္ကဌကြီးအဖြစ် ပါတီသက်တမ်းတလျှောက် ထမ်းဆောင်ခဲ့သည်။

၁၉၅၈-ခုနှစ်၊ ဇူလိုင်လတွင် နိုင်အောင်ထွန်း၊ နိုင်ချမ်းမွန်၊ နိုင်ဆိတ်နို့(နိုင်နွန်လာ)၊ နိုင်အောင်တင်၊ နိုင်ဖိုးစိန်၊ နိုင်ငွေသိမ်း၊ နိုင်ထွန်းသိန်း၊ နိုင်သိမ်းမောင်၊ နိုင်ထင် စသည့် မွန်ပြည်သူ့တပ်ဦး ဗဟိုကော်မတီများနှင့် လက်နက်ကိုင်တပ်ဖွဲ့အများ စုတို့ လက်နက်ချလိုက်ကြပြီး ဥပဒေဘောင်တွင်း ရပ်တည်ခွင့်ကို ရယူလိုက်ကြသည်။

၁၉၅၈ ခု၊ ဇူလိုင်လ (၂၃) ရက်နေ့၊ မော်လမြိုင်မြို့၊ မိုင်ဒါကွင်း၌ မွန်ပြည်သူ့ တပ်ဦးမှ လက်နက်ကိုင်တိုက်ပွဲ အသွင်မှ ဥပဒေအတွင်း တိုက်ပွဲအသွင်သို့ ပြောင်းလဲခြင်းအခမ်းအနား ကျင်းပရာတွင် လူထု ပရိသာတ်ကြီးများအား အောက်ပါ အတိုင်း မိန့်ခွန်းပြောကြားခဲ့သည်။

မိန့်ခွန်းကောက်နုတ်ချက်များ

(၁) ဆယ်နှစ်
ဆယ်မိုးကျော်ခန့် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၏ ဘေးဒါဏ်ကြောင့် မွန်အမျိုးသားအပါအဝင် ပြည်သူ့ လူထုကြီးတရပ်လုံးမှာ သားသေလင်ကွဲ ပစ္စည်းဥစ္စာ အိမ်ရာအဆောက်အဦ ကုဋေကုဋာ ပျက်စီးဆုံးပါးပြီး ဒုက္ခပင်လယ် ဝေနေတာကို ခံစားနေကြရတဲ့အတွက် စစ်မလိုလားတဲ့ ပြည်သူတရပ်လုံးဟာ ပြည်တွင်းငြိမ်းချမ်းရေးတိုက်ပွဲကို မနားမနေ တိုက်ပွဲဆင်နွှဲခဲ့ခြင်းသည် မွန်ပြည်သူ့တပ်ဦး၏ ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်နှင့် ကိုက်ညီသည့်အတွက် ပြည်သူ့ဆန္ဒအရ ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက်လိုခြင်းကြောင့် တကြောင်း။


ပငကျေးရွာ ကြက်တညင်ဘုရားကုန်းပေါ်ရှိ နိုင်အောင်ထွန်း၏ အုပ်ဂူပုံ

(၂) ယနေ့ ကမ္ဘာ့အခြေအနေနှင့် ပြည်ထောင်စု၏ လက်ရှိ အခြေအနေများကို သုံးသပ်ပါက ပြည်ပနယ်ချဲ့အန္တရာယ်ဟာ ဒီပြည်ထောင်စုအတွက် အလွန်ပင် စိုးရိမ်ဘွယ်ရာ ကောင်း ကြောင်းကို ဝန်ကြီးချူပ် ဦးနုကိုယ်တိုင်လည်း မိန့်ကြားခဲ့ပြီး ဖြစ်ပါတယ်၊ ဒီစိုးရိမ်ဘွယ်ရာကောင်းတဲ့ ပြည်ပနယ်ချဲ့ အန္တရာယ်ကို ကာကွယ်ဖို့ရန်မှာ ပြည်ထောင်စုအတွင်းရှိ လူမျိုးတိုင်းတို့၏ မဟာတာဝန်ကြီးတရပ်ဟု ယူဆပါတယ်။

အဲဒီကြောက်မက်ဘွယ်ကောင်းတဲ့
အန္တရာယ်ကြီးကို ကာကွယ်ဘို့အတွက် ယနေ့အချိန်တွင် အလွန်ရေးကြီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးကို မရမနေ ကြိုးပမ်းဆောင်ရွက်ပြီး တရားမျှတခြင်းဖြင့် ကျေနပ်မှုပေါ်တွင် အခြေခံတဲ့ တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှုဖြင့် ခုခံကာကွယ်ကြပါမှ ရနိုင်ပါမယ်လို့ ကျွန်တော်တို့ ယုံကြည်ကာကွယ်ကြပါမှ ရနိုင်ပါမယ်လို့ ကျွန်တော်တို့ ယုံကြည်တာလည်းတကြောင်း။

(၃) ဖ-ဆ-ပ-လ ပြိုကွဲပြီးတဲ့နောက် သန့်ရှင်း ဖ-ဆ-ပ-လ
နှင့် နိုင်ငံတော်အစိုးရ၏ သဘောထားလည်းဖြစ်တဲ့ သန့်ရှင်း ဖ-ဆ-ပ-လ ဥက္ကဌကြီး (ဝါ) နိုင်ငံတော်ဝန်ကြီးချူပ်ဦးနု၏ ဇွန်လ (၂၄) ရက်နေ့တွင် မိန့်ကြားသော  မိန့်ခွန်းအရ သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် တရားဝင်တည်ရှိခွင့်တို့ကို ဥပဒေပြု ပြဌာန်းပေးမည်ဟု ဆိုထားခြင်း၊ ဒီမိုကရေစီ အပြည့်အဝ ရစေရမည်ဆိုခြင်းနှင့် မွန်အမျိုးသားများအထွက် ပြည်နယ်လိုလားကြောင်း ဆန္ဒပြပါရင် မွန်ပြည်နယ်ကို ဖေါ်ထုတ်ပေးပါမည်ဟု ဂတိပေးထားချက်ကြောင့် နိုင်ငံ တော်ဝန်ကြီးချူပ်နှင့် သန့်ရှင်း ဖ-ဆ-ပ-လ ဂုဏ်သိက္ခာကို ယုံကြည်တာလဲတကြောင်း။

(၄) လွန်ခဲ့သည့် ဇွန်လ (၂၃) ရက်နေ့ ရန်ကုန်တွင် ကျင်းပသော တပ်မှူးများညီလာခံတွင် မိန့်ကြားသော ဗိုလ်မှူးချူပ် နေဝင်း၏ မိန့်ခွန်းအရ ဗမာတပ်မတော်၏ သဘောထားကို သိရှိရတဲ့အတွက် ဗမာတပ်မတော်၏ ဂုဏ်သိက္ခာကို ယုံကြည်ကိုးစားမိတာလည်းတကြောင်း။

(၅) ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန်အတွက် တိုးတက်သည့်ပြည်သူ့ အဖွဲ့အစည်းများ၏ ဖိတ်ခေါ် ချက်များကို လေးစားသောအားဖြင့်တကြောင်း။

(၆) နိုင်ငံတော်အစိုးရနှင့် ဗမာ့တပ်မတော်၏ သဘောထားအရ ယနေ့အချိန်တွင် ဥပဒေ ဘောင်အတွင်းမှ ပါလီမန် ဒီမိုကရေစီနည်းအရ ကျွန်တော်တို့၏ နိုင်ငံရေးယုံကြည်ချက်ကို ဖိနှိပ်မှုကင်းရှင်းစွာဖြင့် လက်ကိုင်ပြုနိုင်မည်ဟု ယုံကြည်တာလည်းတကြောင်း။

(၇) မွန်အမျိုးသားများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးမှန်သမျှကို ပါလီမန်ဒီမိုကရေစီနည်းအရ ဥပဒေဘောင် အတွင်း၌ လုပ်ကိုင်ဆောင်ရွက်ခွင့်ရပါက မည်သည့်အခါမှ လက်နက်ကိုင် တော်လှန်ရေးကို လုပ်မည်မဟုတ်ဟု မွန်ပြည်သူ့တပ်ဦးမှ ဆုံးဖြတ်ချိန်တွင် ကျွန်တော်တို့်ဟာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လုံးဝ စွှန့်လွှတ်လိုက်ခြင်းဖြစ်ပါကြောင်း။

အဆိုပါအခမ်းအနားတွင် မွန်ပြည်သူ့တပ်ဦးမှ တပ်ဖွဲ့ဝင်အင်အား(၁၁၁၁)တို့က လက်နက်ကိုယ်စီဖြင့် နိုင်ငံတော်အစိုးရ ထံ အပ်နှံခဲ့သည်။

မွန်ခေါင်းဆောင်အချို့အမြင်ကမူ ဖဆပလ အပေါ်အယုံအကြည်မရှိသဖြင့် အချို့သောလက်နက် ကောင်းများကို ဖွက် ထားပြီး အချို့ကိုသာ အပ်နှံစေလိုကြောင်း နိုင်အောင်ထွန်းအား အကြံပြု တင်ပြခဲ့သော်လည်း “မွန်တွေအနေဖြင့် ရိုး သားမှုမရှိလျှင် မိမိရန်သူနှင့် ယုံကြည်မှုကို တည်ဆောက်နိုင်မည်မဟုတ်” ကြောင်းပြောဆိုခဲ့ပြီး လက်နက်များ တစ်လက်မကျန် အကြွင်းမဲ့အပ်နှံခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်သူ့တပ်ဦးတရား ဥပဒေဘောင်အတွင်း တရားဝင်ပါတီအဖြစ်ရပ်တည်ခဲ့ပြီး ၁၉၆၀-ခု၊ ဖေဖေါ်ဝါရီလ (၆) ရက် နေ့တွင် ဗိုလ်နေဝင်းအိမ်စောင့်အစိုးရမှ ကျင်းပပြုလုပ်သော အထွေထွေရွေးကောက်ပွဲ၌ ကျိုက္ခမီမြို့နယ် မဲဆန္ဒ နယ် မြေတွင် မဲအပြတ်အသတ်အနိုင်ရရှိကာ နိုင်အောင်ထွန်း ပြည်သူ့လွှတ်တော်အမတ်ဖြစ်ခဲ့သည်။ ထိုစဉ် ရေးမြို့နယ်၌ မွန်ဖိုးချို၊ မုဒုံမြို့နယ်တွင် နိုင်ဖိုးစိန် တို့လည်းမဲအနိုင် ရခဲ့သည်။

ထိုနောက် ဦးနုအစိုးရအဖွဲ့တွင် မွန်ရေးရာဝန်ကြီးအဖြစ် ၁၉၆၁-ခု၊ဧပြီလ(၂၇) ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုသည်။ ထို့အပြင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးဌာနများကိုပါ ပူးတွဲတာဝန်ယူခဲ့သည်။  

မွန်ပြည်နယ်ဖော်ထုတ်ရေး
အလုပ်ညီညွတ်ရေးကော်မတီ အလုပ်အမှုဆောင်အဖွဲ့(ဗဟို) ၁၉၆၁-ခုနှစ်တွင် ဒု-ဥက္ကဌ ဖြစ်ခဲ့သည်။ ဥက္ကဌ- နိုင်လှမောင်၊ ဒု-ဥက္ကဌ မွန်ဖိုးချို တို့ဖြစ်ကြသည်။

၁၉၆၂-ခု နေဝင်းစစ်အုပ်စုမှ အာဏာသိမ်းစဉ်တွင် အခြားနိုင်ငံရေးသမားများ၊ မွန်ခေါင်းဆောင် များနည်းတူ အကျဉ်း ကျခံလိုက်ရသည်။

(၆) နှစ် ခန့် အကျဉ်းကျခံခဲ့ရပြီး ၁၉၆၈ ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခွင့် ရခဲ့သည်။

ထိုနောက် တော်လှန်ရေးကောင်စီ (နေဝင်းစစ်အစိုးရ) ၏ ၃၃ ဦးပါ နိုင်ငံတော်သမ္မတအကြံပေး အဖွဲ့တွင် မွန်အမျိုးသား ခေါင်းဆောင် နိုင်ဖိုးချိုနှင့်အတူ ပါဝင်ခဲ့ကြသည်။

၁၉၇၀ ခု၊ ဧပြီလ (၂၉) ရက်၊ နံနက် (၇) နာရီခန့်၌ မော်လမြိုင်နေအိမ်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။ ကွယ်လွန် ချိန်အသက် (၅၇) နှစ်ဖြစ်သည်။

ထိုနောက် မဆလ အစိုးရလက်ထက်၌ နိုင်ငံဂုဏ်ရည်မော်ကွန်းဝင်(ပထမဆင့်) ချီးမြှင့်ခံရသည်။

ကောင်းဝါ၊ အယ်ဒီတာအဖွဲ့

ကိုးကားချက်များ

၁။
မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း

၂။ လက်ငင်းမွန်ပြည်နယ်ပြဿနာ(မွန်ပြည်နယ်ဖေါ်ထုတ်ရေး အလုပ်ညီညွတ်ရေးကော်မတီမှ ထုတ်ဝေသည်၊ ၁၉၆၁-ခု၊ ဧပြီလ။

၃။ မွန်ပြည်သူ့တပ်ဦး(ဗဟို)မှ ပုံနှိပ်ထုတ်ဝေသည့် လက်နက်ကိုင်တိုက်ပွဲ အသွင်မှ ဥပဒေအတွင်း တိုက်ပွဲအသွင်သို့
ပြောင်းလဲခြင်းအခမ်းအနားတွင်
မွန်ပြည်သူ့တပ်ဦး နိုင်အောင်ထွန်း၏ မိန့်ခွန်း(မွန်-ဗမာ)- ၁၉၅၈-ခု၊ ဇူလိုင်လ။

၎။
မွန်အမျိုးသားတော်လှန်ရေးခေါင်းဆောင်များသမိုင်း-မွန်ဘာသာ (ဝင္ကႜဳိပ္သၠဳိပ္မတဝ္ေစှဟ္ကၜဳင္ သြက္ဗၜးၐး ဂကူမန္ဂမၜဳိင္) 

အယ္ဒီတာ


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views