အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

ညီမလေး
ဖေဖော်ဝါရီ ၁၈ ၊ ၂၀၀၉။

သနားစရာ စင်ကာပူမှ မြန်မာသံရုံး

မြန်မာပြည်မှာ စစ်ကျွန်ပြုမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားများ စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးကို သွားရတော့မယ်ဆိုတော့ လူတိုင်းက စောစောသွားရတယ်တဲ့။ ဘယ်လောက်စောစောလဲ ဆိုတော့လဲ မပြောကြဘူး၊ စောစောသွားဖို့ပဲ ပြောနေကြတယ်၊ ဒါဆိုလဲ (၆)နာရီလောက် အိမ်က ထွက်ရင်ရမှာလို့ထင်လိုက်မိတယ်၊ နောက်သူငယ်ချင်းတယောက်က ပြောတော့မှ တော်တော်အံ့သြသွားတယ်၊ ၃၊ ၄ နာရီလောက်ထဲက စတန်းစီပြီး တုံကင်ယူရတာတဲ့။ သံရုံးမှာ လူတွေတန်းစီနေရတာ သနားစရာ တော်တော်ကောင်းတယ်။ တချို့ တွေဆို ညအိပ်ပြီး စောင့်ကြရတာ မနက်စောစော လာရမှာ အဆင်မပြေဘူး ဝေးလို့တဲ့။ ပြီးရင်လဲ ဘယ်မှသွားလို့မရဘူး၊ ၈နာရီလောက်တခါလူပြန်စစ်တယ်လေ။ အဲဒီအချိန်မှာ ကိုယ်မရှိရင် မနက်စောစောထ တန်းစီရတာ အလကားဖြစ်ပြန်ရော။ ရှိတဲ့သူတွေရဲ့ နာမည်တွေနဲ့ ပြန်ပြီးစဉ် လိုက်ကြလို့လေ။ ဒါကတော့ သံရုံးပါးဝနေ တဲ့သူတွေလုပ်တာပေါ့။ သူ့နာမည် ရှေ့တိုး ကိုယ့်နာမည်နောက်ဆုတ်လေ။ ဒီပြဿနာတွေ ပြေလည်စေဖို့က ticket machine လေး(၁)ခုလောက်ပဲ လိုတာပါ။ ကိုယ်ရောက်တဲ့အချိန်မှာ ကိုယ့်နံပါတ်လေး ကိုယ်ယူထားပြီး ကိုယ့်အလှည့်ကို ခေါ်တဲ့အခါ သွားလိုက်ရုံပဲပေါ့။ ဒီလောက် လွယ်လွယ်လေးကို သူတို့ မို့မခက်ခက်အောင် လုပ်တတ်တယ်နော်။ ပြီးရင် လဲတနေကုန်အောင် စောင့်ရတာအခွန်ဆောင်ဖို့ကို။

ကိုယ်တကယ်သံရုံးကို ရောက်သွားတော့မှ မြန်မာပြည်သူတွေကို တော်တော်သနားသွားမိတယ်၊ ရှားရှားပါးပါး အလုပ် ပိတ် ရက်လေးကို ပြည့်ပြည့်၀၀မနားရဘဲနဲ့ သူတို့ပစ်ပို့တ် သက်တမ်းတိုးရင် မရမှာ စိုးလို့ အခွန်တွေ လာဆောင်နေကြ ရတာ တကယ်တော့ ဘယ်သူမှ မပေးချင်ကြပါဘူး။ အိမ်စရိတ် စားစရိတ်တွေနဲ့ မနဲ လောက်ငအောင်နေပြီး သူများတိုင်း ပြည်မှာ အလုပ်လာလုပ်နေကြရတာလေ၊ တော်တော်များများက အိမ်ကို ပြန်ပို့ ပေးနေရတာပါ။ ဒီနိုင်ငံမှာနေတော့ စင်္ကာပူအစိုးရကို အခွန်ပေးပြီးသားအပြင် မြန်မာသံရုံးကိုလဲ ထပ်ပေးရတော့ ဘယ်သူပေးချင်ပါ့မလဲ။ ဒါ့ပြင် ဒီလိုဒုက္ခ တွေလဲရှိနေတော့ သံရုံးဆို အသံတောင် မကြားချင်ကြတော့ဘူးပေါ့။ ကိုယ့်ကိုကျတော့ သူတို့က ဘာတခုမှ ကူညီတာ မဟုတ်ဘူးနော်။ သူတို့ တာဝန်က အခွန်ကောက်ဖို့ ကလွဲရင် ကျန်တာဘာမှသူတို့ နဲ့မဆိုင်တော့ဘူး။ ဘာပြဿနာမှကို မဖြေရှင်းပေးဘူး။ မဖြေရှင်းတတ်တာလဲပါမှာ ပေါ့လေ ဥာဏ်နဲ ကြတာကိုး။ သူတို့ ဦးနှောက်ထဲမှာရှိတာက သူတို့ အခွန်ရပြီးရင် ကျန်တာဘာမှ မဆိုင်တော့ဘူး ဆိုတာပဲလေ။

ရုံးက ၀န်ထမ်းတွေက အလုပ်ချိန်ကို အတိအကျ စတာမြန်မာပြည်ကအတိုင်းပါပဲ ။ ရုံးချိန် ၉ နာရီ ဆိုပေမဲ့ သူတို့ နာရီတွေက နောက်ကျနေတော့ ၉:၃၀ မှ ဟိုလှည့် ဒီလှည့်နဲ့  ရောက်လာကြလို့ မနက်အစောကြီးထဲက ထလာရတဲ့ သူတွေကပဲ စိတ်ရှည်ရှည်နဲ့ စောင့်ရတာပေါ့။ နောက် နံမည်တွေ စခေါ်တော့လဲ ရှေးရိုးစဉ်လာအတိုင်း ပါးစပ်က ခေါ်ပါတယ်။ သူတို့ မှာ computerized system ဘာမှမရှိပါဘူး computer ဆိုတာ ကြားဖူးရဲ့ လားလို့တောင် မေးကြည့်သင့်တယ်။ ရှိခဲ့ရင်တောင် သံအမတ် chatting လုပ်ဖို့ဖြစ်မှာပေါ့။ Singapore လိုနိုင်ငံမှာ manual လုပ်နေရတာ တော်တော်သနားဖို့ကောင်းပြီး မြန်မာအစိုးရရဲ့ အဆင့်အတန်းကို ပြနေသလိုပါပဲ။ မြန်မာပြည်မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေမှာတောင် ဒါမျိုးမတွေ့ဖူးပါဘူး။ ဒါ ပထမဆုံးတွေ့ ဖူးတာပါ။ သူတို့ မှာ ပိုက်ဆံမရှိ လို့လား ဆိုတော့လဲ အခွန်တွေရတာ မနဲမနောပါ။ တလကို S pass သမားက $၈၀ ၊ PR က$၁၂၀ ပေးရတယ်။ ဒါပေမဲ့ အခွန်ဆောင်တဲ့ သူတွေက ဈေးဆစ်ကြ၊ ငိုပြကြ အန်တီကြီးက ပြန်အော်လိုက်နဲ သူ့အရပ်နဲ့ သူ့ ဇာတ် နဲ့ကတော့ ကိုက်နေတာပဲ ။
အခွန်ဆောင်တာတွေကို on line က လုပ်လို့ရလားမေးတော့ မရဘူးတဲ့။ ရခဲ့ရင်သူတို့လဲသက်သာ ပြည်သူတွေလဲ တော်တော်ကို အဆင်ပြေလို့ ၀င်ငွေတွေ အခုထက်တောင် ပိုကောင်းဦးမှာပါ။

အန်တီကြီးကပဲ အခွန်ငွေ အလျှော့အတင်းကို ဆုံးဖြတ်ပါတယ်။ ဒါကြောင့်လူတွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ် အောက်ကျို့  နေရတာကိုကြည့်ရင်း သနားမိပြီး မြန်မာအချင်းချင်း တိုင်းတပါးမှာ မကူညီ၊ မရိုင်းပင်းတဲ့အပြင် ပြည်သူတွေဆီက အ ခွန်ကောက်ပြီး ပြည်သူတွေကို စော်ကားနေသလို ဖြစ်တာမို့ တော်တော်စိတ်ပျက် မိပါတယ်။

သူငယ်ချင်းက ပြောတာတော့ အာစီယံနိုင်ငံတွေမှာ ၂ထပ်ခွန်မရှိဘူး ဒါနားလည်မှုနဲ့ လုပ်နေတာတဲ့ သူတို့က အခွန်မဆောင်ထားရင် ပစ်ပို့စ်သက်တမ်းတိုးရင် " ရစ်" လို့ ၊ မရလို့ ဆောင်ရတာတဲ့ တရားဝင်မဟုတ်ဘူးလို့တော့
ပြောတာပဲ ။ ဒါပေမဲ့ သူ့နိုင်ငံနဲ့ သူ့ဥပဒေဆိုတော့လဲ ဆောင်ကြရတာပေါ့လေ။ ကိုယ်ကဘာတွေထူးပြီး တတ်နိုင်မှာလဲနော။

သူတို့က ပုံသေတွက်ထားတာ S pass သမားက အနဲဆုံး ၁၈၀၀ ရတယ်လို့၊ ဒါပေမဲ့ တကယ်တော့ ၈၀၀၊ ၁၀၀၀ လောက်နဲ့ လုပ်နေရတဲ့ သူတွေ အများကြီးဆိုတာကို မသိချင်ယောင်ဆောင်နေတယ်။ ၁၈၀၀ ဘဏ်ထဲကိုဝင်ပေမဲ့ ၉၀၀ ကုမ္မဏီကို ပြန်အမ်းရတဲ့ သူတွေလဲ အများကြီးရှိပါတယ်။ ဘယ်လောက်ပဲရရ မြန်မာပြည်မှာထက်တော့ ၀င်ငွေ ကောင်းနေတော့ ဖြစ်သလို လုပ်နေကြရတာပါ။ မြန်မာပြည်က လူတွေက အလုပ်ကိုကြိုးကြိုးစားစားလုပ်ပြီး လုပ်ခ သက်သက်သာသာနဲ့ရတော့ စားသောက်ဆိုင်တွေက မြန်မာတွေကို ခန့် ချင်ကြတယ်။ ရုံးတွေမှာတော့ သိပ်မသုံးချင် ကြတာ အင်္ဂလိပ်စာ ညံ့လို့ တဲ့။ မြန်မာတွေထက် မလေးရှားတွေကို ပို ခန့်ကြတယ်။ တော်တော်များများ မြန်မာတွေက တော်ကြပါတယ်။

အခုမြန်မာပြည်မှာ စီးပွါးရေးတွေမကောင်းတော့ တော်တော်များများက စင်္ကာပူမှာ အလုပ်လာရှာကြတယ်။ ပွဲစားတွေ နဲ့လာတာတမျိုး ကိုယ့်အသိအားကိုးနဲ့ လာတာတမျိုပေါ့။ ဒါပေမဲ့ ဒီနိုင်ငံမှာတောင် အလုပ်လျှော့တာတွေ များနေလို့
အစိုးရကိုယ်တိုင်က သူ့နိုင်ငံက လူတွေကိုပဲ ဦးစားပေးခန့်ဖို့ပြောထားပါတယ်။ သူတို့အစိုးရက ပြည်သူတွေကို ဂရုစိုက်တာ ကိုယ့်နိုင်ငံက နအဖလို ပါပဲလေ နော။ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ ရှိစု မဲ့စုလေး ခြစ်ကုတ်လာရတဲ့ သူတွေခမျာ"ဖွတ်မရ ဓါးမဆုံး" ပေါ့။

ဒီအကြောင်းတွေပဲ တွေ့တဲ့သူတိုင်းနဲ့ ပြောဖြစ်နေတော့ ညီမလေးက သံရုံးကသူတွေရော လစာ ဘယ်လောက်ရလဲလို့ မေးလိုက်ပါလားတဲ့။ ပြောတာမယုံရင် ကိုယ်တိုင်မေးလို့ရတယ်နော် ။ ဆက်သွယ်ရမဲ့ဖုန်းနံပါတ်ကတော့ သံအမတ် ဖုန်း ၆၇၅၆၀၂၀၉။

သံအမတ်နဲ့ chat ချင်လို့ email ရှာတာ မတွေ့ဘူးသိလား။ ဒီတော့ သေချာပါတယ်လေ သူတို့မှာ တကယ် computer မရှိဘူးဆိုတာ။ တကယ်လို့  မိတ်ဆွေတို့ မှာ ပိုက်ဆံများရှိခဲ့ရင် သူတို့ Chat ဖို့ Computer လေးတွေ ၀ယ်ပေးလိုက်ပါနော်။   ။

ညီမလေး


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views