အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း

မွန်လူငယ်တစ်ဦး
ဖေဖော်ဝါရီ ၁၅ ၊ ၂၀၀၉။

မွန်လိုမကျွမ်းကျင်ဘဲ မွန်လိုမရေးဖြစ်တာကို ခွင့်လွှတ်ပေးစေချင်ပါသည်....

ဒါပေမဲ့ မွန်စာကိုတော့ ဒီဆိုက်ကနေအမြဲဖတ်ဖြစ်ပါသည်....

ကျေးဇူးတင်ထိုက်သူအားလုံးကိုလည်းကျေးဇူးတင်ပါသည်

မွန်အဖွဲ့ အစည်းခေါင်းဆောင်များကိုတစ်ခုတင်ပြချင်ပါသည်.....
ကျွန်တော်တို့ မွန်ပြည်နယ်တွေက မွန်ကလေးတွေကို မွန်စာသင်ဖို့ ယခုထက်ပိုမိုလှုပ်ရှားဆောင်ရွက်သင့်သည်ဟု ထင်ပါသည်...
သို့မှသာ မွန်စာပေကို မွန်ကလေးများကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ပြီး မွန်အကြောင်းကို သည့်ထက်ပိုမိုသိလာ နိုင်သည်ဟုထင်ပါသည်။

ယခု မွန်ဒေသအသီးသီးက မွန်းကလေးများမှာ မွန်စာကိုဖြစ်ဖြစ်မြောက်မြောက်တတ်ကျွမ်းခြင်းမရှိသည့်အတွက် ကိုယ့်လူမျိုးကိုယ့်ဘာသာကို အထင်ကြီးလေးစားတတ်မှုမှာ ဖြစ်သင့်သလောက်ရာခိုင်နှုန်းတော်တော်လေးနည်း နေသည်ကိုတွေ့ မြင်နေကြရပါသည်...

မွန်ဘုန်းကြီးကျောင်းတွေမှာ မွန်စာကို အဖြစ်လောက်သာသင်ကြသည်ကိုတွေ့ ကြရပါသည် (ငွေကြေး ၊ အချိန်အခါ ၊ အလုပ်အကိုင် အခက်အခဲကြောင့်သာဖြစ်ပါသည် ၊ မွန်ဘုန်းတော်ကြီးများနှင့် မွန်လူမျိုးစုအကြီးအကဲများ၏ အားသွန် ခွန်စိုက် ကျိုးပမ်းမှုကြောင့်သာ ယခုကဲ့သို့  သင်ကြားနိုင်ခြင်းဖြစ်သည်ဟုထင်ပါသည် ၊ သို့သော်လည်းသည်အဆင့် လောက်နှင့်တော့ တင်းတိမ်ရောင့်နေလျှင်  သည့်ထက်ပိုမိုတိုးတက်ဖို့  ဆိုသည်မှာ လိုအပ်ချက်ကြီးမားလာနိုင်ပါသည် )
ကျွန်တော်တို့  ကလေးဘ၀တုန်းကလည်းယခုလိုဖြစ်ခဲ့ရပါသည် မွန်စာပေကိုသင်ရကောင်းမှန်းမသိခဲ့ရပါ ဗမာစာ အတန်းအောင်ဖို့ ကိုဘဲ အလေးထားခဲ့ကြရတယ် ၊ မိဘတွေကလည်း လယ်သမားတွေဆိုတော့ စာပေတစ်ခုခုကို တတ်မြောက်စေချင်တာတစ်ခုဘဲရှိပါသည် သို့အတွက်ကြောင့် ဗမာစာကိုဘဲဦးစားပေးသင်ကြရပါသည်၊ ကျွန်တော် ဆိုလျှင် ကျွန်တော်တို့ ရပ်ကွက်ထဲက အသက်အရွယ်ကြီးရင်နေသောအဘိုးတစ်ဦးထံမှ ကျောင်းပိတ်ရက်တွင် သွားရောက်သင်ယူခဲ့ ရပါသည်၊ သို့သော် ဖြစ်ဖြစ်မြောက်မြောက်တတ်မြောက်ခဲ့ခြင်းမရှိပါ၊ ဖတ်တတ်ရုံလောက်သာရပြီး ရေးတတ်ဖို့မှာ တော်တော်လေးကို အလှမ်းဝေးခဲ့ ရပါသည်... သို့အတွက်ကြောင့် ကျွန်တော့ လိုအဖြစ်အပျက်မျိုးမဖြစ် နိုင်စေရန် သည့်ထက်ပိုမိုကြိုးပမ်းသင့်သည်ဟုထင်ပါသည်..

ဖြစ်နိုင်မည်ဆိုလျင် မွန်ပြည်နယ်ရှိ ဗမာကျောင်းများမှာ မွန်စာပေကို ပြည်နယ်တစ်ခု၏ တိုင်းရင်းသားစာပေအဖြစ်သင် ကြားသင့်သည်ဟုထင်ပါသည်...

စာတတ်ချင်ရင်ဘုန်းကြီးကျောင်းမှာသွားရောက်သင်ယူလို့ ရတာဘဲ ဆိုတဲ့စကားကမှန်တော့မှန်ပါသည် လူကြီးမင်းများ ခင်ဗျာ ဘုန်းကြီးကျောင်းမှာစာသင်ဖို့ ဆိုတာ ကလေးဘ၀တုန်းကသင်ရတာလွယ်ပါသည်....

မဖြစ်မနေသင်ရမည်ဆိုသည့် သတ်မှတ်ချက်မရှိသည့်အတွက် အမြှော်အမြင်ရှိသည့်မိဘ(မတတ်နိုင်သော၊ အချိန်မပေး နိုင်သောမိဘ များမပါဝင်ပါ)များကသာ မိမိကလေးကိုဘုန်းကြီးကျောင်းပို့ ပေးနိုင်ပါသည်... တချို့ထဲမှ ဖြစ်ရပ်တစ်ခု ကိုတင်ပြချင်ပါသည်... နေရာဒေသကိုတော့ ထည့်မရေးတော့ပါ.. ကလေးငယ်လေးနှစ်ယောက်ပါ အကြီးက ယောက်ကျားလေး၊ အငယ်ကမိန်းကလေး အကြီးက ယခင်နှစ်က မွန်ဘုန်းကြီးကျောင်းမှာ မွန်စာသင်ထားပြီးသား အဲဒီတုန်းကလည်း ဘုန်းကြီးက ဘာသင်လို့  သင်ပေးလိုက်မှန်း မိဘက မသိ(မသိဆို မိဘတွေကလည်းမွန်စာမတတ်၊ သို့သော် ဗမာစာဘွဲ့  ရပြီးသားများဖြစ်သည်) ဒုတိယနှစ်ရောက်တော့ အငယ်မလေးကသင်လိုက်တဲ့စာကိုနားမလည်လို့  အကိုဖြစ်သူကိုမေးတော့ အစ်ကိုဖြစ်သူက အသံထွက်တောင်မှန်အောင်မရွတ်တတ် အဓိပါယ်ဆိုဝေးရော)ဒီတော့ ကျွန်တော်တို့ ယခုသွားနေသော မွန်စာတတ်မြောက်ရေးလမ်းစဉ်ကို ပြန်လည်စဉ်းစားပြင်သင့်နေပြီလိုထင်မြင်ပြီး ယခုကဲ့သို့ စာရေးသားပေးပို့ ရခြင်းဖြစ်သည်။

နောက်ပြီး မွန်အဘိဓါန်စာအုပ်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်အောင် အားပြုဆောင်ရွက်သင့်သည်ဟု ထင်ပါသည်...

ယခုအချိန်မှာ မွန်အဘိဓါန်စာအုပ်ကို ရန်ကုန်မြို့ တွင်သာတွေ့ နိုင်သည်ဟုထင်ပါသည်.. မော်လမြိုင်တွင် ခပ်ရှားရှား ဖြစ်နေပါသည်... မွန်ဗွီဒီယိုခွေ၊ ပညာပေးဇာတ်လမ်းများကိုလည်း မွန်ပြည်သူအတွင်းထိုးဖောက်ဝင်ရောက်နိုင်အောင် ဆောင်ရွက်သင့်သည်ဟုထင်ပါသည်(ယခင်တိတ်သားစနစ်က မွန်ဗွီဒီယိုများကို မကြာခဏကြည့်ဖြစ် သော်လည်းယခု ဗွီစီဒီခေတ်တွင် ရှားပါးလာသည်ကိုတွေ့  ရပါသည်) တချို့ ဒေသရှိမွန်များမှာ မွန်ဇာတ်သဘင်များပြသပါက ကောင်းမွန် မွန်နားမလည်သဖြင့် ကြည့်ရှုသူနည်းလာသည်ကိုတွေ့  ရပါသည် ... မွန်စတိတ်ရှိုးများသာ ကြည့်သူများသည်ကိုတွေ့  ရပါသည်(သံလွင်မြစ်၏ သထုံဘက်ခြမ်းရှိမွန်အများစုကိုဆိုလိုပါသည်)မွန်သီချင်းများ၊ ဇာတ်လမ်းများကို ကျယ်ကျယ် ပြန့်ပြန့် ကြည့်ရှုနိုင်မှသာလျင် မွန်စာမတတ်သောကလေးများ မွန်စာကိုသင်ချင်စိတ်ရှိလာမည်ဟုထင်ပါသည်...
အလားတူ မွန်ရာဇ၀င်များကိုလည်း ဇာတ်လမ်းတွဲသဘောမျိုးဖြင့် ရိုက်ကူးပြသနိုင်လျှင်(ယိုးဒယားကဲ့သို့  လူမျိုးရေးမီး မောင်းထိုးဇာတ်လမ်းများ) မွန်လူမျိုးများယခုထက်ပိုမိုပြီး လူမျိုးချစ်တဲ့စိတ်ဖြစ်ထွန်းလာနိုင် မည်ဟုယုံကြည်ပါသည်.. ကုန်ကျစရိတ်များမည်ကိုသိရှိပါသည် သို့သော်လည်း စည်းလုံးညီညွတ်မှုရှိသော၊ မျိုးချစ်စိတ်ရှိသော၊ သမိုင်းကိုချစ် သော မွန်အဖွဲ့ အစည်းများမှ ၀ိုင်းဝန်းပြီးအကောင်အထည်ဖော်လျှင်ဖြစ်လာနိုင်မည်ဟုထင်မြင်မိပါသည်....

အဆိုပါဇာတ်လမ်းများကို ဒေသအသီးသီးတွင်ပြသခွင့်ရရှိနိုင်မည်ဟုမထင်ပါ သို့သော်လည်း အင်တာနက်ခေတ်တွင် အွန်လိုင်းပေါ်ရောက်အောင်သာတင်လိုက်ပါက တစ်ကဘာလုံးက သိရှိသြချသွားမည်ဖြစ်ပြီး ခေတ်မွန်လူငယ်များလည်း အွန်လိုင်းမှတဆင့်ကြည့်ရှုလာနိုင်မည်ထင်ပါသည်...

အနည်းဆုံးတော့ နိုင်ငံခြားရောက် မွန်လူငယ်များမှ တိုက်ရိုက်ကြည့်ရှုခွင့်ရပြီး မျိုးချစ်စိတ်ပိုမိုထက်သန်လာမည်ဟု ထင်မြင်မိပါသည်...

ပြောတော့အလွယ်လေး မင်းကိုယ်တိုင်လာလုပ်ကြည့်ပါလားဆိုလျှင်ကျွန်တော်သာခံရမည်ကိုနားလည်မိပါသည်...
လူကြီးများကိုလည်းကိုယ်ချင်းစာမိပါသည် သို့သော် မွန်လူမျိုးများကိုသည့်ထက်အဖိအနှိမ့်ခံဘ၀မှ ထိုးဖောက်လာစေ ချင်သည်ကိုရည်ရွယ်ပြီးရေးသားရခြင်းဖြစ်ပါသည်...

သည်လိုထိုးဖောက်ဖို့ ဆိုသည်မှာ ခိုင်မာသောအုတ်မြစ်တစ်ခုဖြစ်ဖို့ လိုသည်ဟုထင်ပါသည်... ယခုမြန်မာနိုင်ငံကိုကြည့်ပါ နိုင်ငံတကာကိုထိုးဖောက်ဖို့ ဆိုသည်မှာ ခိုင်မာသောအုတ်မြစ်မရှိသဖြင့် နှီးဘုရားလိုသာဖြစ်နေသည် ခဏသာခိုင်မြဲပြီး ရေရှည်ခိုင်မြဲမှုရှိသည်ကိုတွေ့  ရပါသည်... ပေါ်ပင်သဘောမျိုးသာတွေ့ မြင်ရပါသည်.... ထို့ကြောင့် မွန်လူမျိုးတိုးတက် ရေးကိုလည်း လူကြီးကြိုက်ရင်ပြီးရော ပေါ်ပင်သဘောမျိုးဖြင့်လုပ်ဆောင်နေလျှင်စစ်မှန်သောတိုးတက်မှုမရှိနိုင်ပါ...
(ဥပမာ... ကလေးတွေကျောင်းကိုသာမွန်စာသင်ဖို့သွားကြသည်၊ (၁၀)ယောက်မှာ(၁)ယောက်လောက်သာ မွန်စာကို ဖတ်တတ်ရုံဖတ်တတ်ကြ သည်ကိုတွေ့ မြင်ကြရပါသည်၊ အီသည်မှာ ခိုင်မာသောရွယ်ချက်ရှိဖို့  လိုအပ်နေသေးသည် ကိုတွေ့ ရပါသည်)

မွန်ပြည်နယ်နေ့  အထိမ်းအမှတ်ပွဲအတွက်ကျင်းပဖို့ ပြင်ဆင်နေတာနဲ့ ပါတ်သက်ပြီး တွေ့ကြုံတာလေးတစ်ခုကို တင်ပြလိုပါတယ်...

......မြို့နယ်က ရပ်ကွက်တစ်ခုမှာပါ(၆၁)ကြိမ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြုလုပ်ဖို လူကြီးတွေတိုင်ပင် ကြပါတယ် ဖြစ်ချင်တော့ အဲဒီရပ်ကွက်မှာ မွန်လူမျိုးတွေက အစု(၂)လောက်ခွဲပြီး နေထိုင်ကြသည်ကိုတွေ ရှိရပါသည်... ဒီတော့ ရပ်ကွက်တစ်ခုတည်းမှာနေကြတဲ့ မွန်လူမျိုးတွေ ဒီအမျိုးသားနေ့မှာ စည်းလုံးမှုမရှိရင်ဘယ်လိုလုပ်ကြမလဲ အဖြစ်က အထိမ်းအမှတ်ပွဲကို သူနဲ့  နီးတဲ့နေရာမှာလုပ်မယ်၊ ငါနဲ့  နီးတဲ့ နေရာမှာလုပ်မယ်၊ မင်းတို့  နဲ့ နီးတဲ့ နေရာမှာ လုပ်ရင် ငါတို့ မပါတော့ဘူး ဆိုပြီး ငြင်းခုံနေရာက အထိမ်းအမှတ်ပွဲစုပေါင်းလုပ်ဖို့  ပျက်ပြားသွားပါရော

အဲဒီလိုအဖြစ်အပျက်တွေရှိသိရှိနိုင်ပြီးဖြေရှင်းပေးနိုင်ဖို့  လူကြီးမင်းတို့ အနေနဲ့  အမျိုးသားနေ့မရောက်ခင် ကျင်းပရေး ကော်မတီတွေကနေ နယ်အထိကွင်းဆင်းဆောင်ရွက်သွားနိုင်လျှင်ပိုမိုကောင်းမွန်လာနိုင်မည်ဟုထင်ပါသည်

ယခုကဲ့သို့ စာကိုစိတ်ရှည်လက်ရှည်ဖတ်ပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်...
မွန်စာပေသည့်ထက်ပိုမိုတိုးတက်လာနိုင်ပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါသည်...

မွန်လူငယ်တစ်ဦး


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views