အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလကို လေ့လာသော်(၆)

ဗညားဟံသာ(တပည့်)
ဇန်နဝါရီ ၃၁၊ ၂၀၀၉။

“မတရားသောအသင်း ။ ဘယ်သူတွေ၊ ဘယ်အသင်းတွေလဲ? ဗညာဟံသာ ရေးသည်။
 
မြန်မာပြည်မှထုတ်ဝေသောသတင်းနှင့် စာနယ်ဇင်းအများစုက စစ်အစိုးရကို ဆန့်ကျင်သော “အသင်း” များကို “မတရားအသင်း” ဟု ဝေါဟာရ တပ်ဆင်ပြီး အမျိုးမျိုး အဖုံဖုံ ရေးသားပြောဆို ထုတ်လွှင့်နေခဲ့ကြသည် မှာကြာမြင့်ပြီ ဖြစ်သော်လည်း ဤနှစ်ပေါင်း(၂၀)ကျော်ကာလစာနယ်ဇင်းသတင်းလောကကို သုံးသပ်ကြပါစို့။

မြက်ခင်းသစ်မဂ္ဂဇင်းမှအစ ယခုတိုင်အောင် အင်တာနက်မှ ထုတ်ပြန်ရေးသားသော သာကီနွယ်၊ လျှပ်တပြက် စသော စာနယ်ဇင်းများက ထပ်ခါတလဲလဲ ပြောင်ပြောင်တင်းတင်း ရေးသားလာခဲ့ကြသည်။ စာနယ်ဇင်း၏ ဂုဏ်သိက္ခာနှင့် စာနယ်ဇင်း၏ တာဝန်ဝတ္တရား စည်းမျဉ်းများကို ထိပါးစော်ကားလာသည့်အလျှောက် ဤဆောင်းပါးမျိုးကို ရေးသားတုန့် ပြန်ရန် ကျွန်ုပ်တို့ခေတ်သစ်စာနယ်ဇင်းနှင့် လွတ်လပ်သော သတင်းစာနယ်ဇင်းတွင် တာဝန်ရှိသည်။

“မတရား” သော ဟူသည့်ဝေါဟာရနှင့် နိုင်ငံရေးအနက်အဓိပ္ပါယ်ကိုလည်း ပွင့်လင်းရိုးသားစွာ တရားဥပဒေနှင့် ကိုက်ညီ စွာ ရေးသားရန်၊ အစမ်းသပ်ခံ မှတ်ကျောက်တင်နိုင်ရန် အထူးပင် အရေးကြီးလာသည်။ ၎င်းအပြင် မြန်မာစာကို စာကျ ပေကျ မရေးသားနိုင်သော ရန်ကုန်အခြေခံ၊ စစ်အစိုးရလက်အောက်ခံ စာနယ်ဇင်းသမားများကိုလည်း ကျွန်ုပ်တို့စိန်ခေါ် ရပေမည်။ ဤအချက်လက်များကို ထိထိမိမိ ဂဃနဏရေးသားရန် စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ဆွေးနွေးတင်ပြရန် ကျွန်ုပ်တို့ ဒီမိုကရေစီခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးကလောင်များဖြင့် အစားထိုး တိုက်ပွဲဝင်ရန် တခြားခေတ် သစ် စာနယ်ဇင်းဆရာကြီးများကိုလည်း ထပ်မံဖိတ်ခေါ်တောင်းဆိုပါသည်။ အမှားအယွင်းများဖြင့် ရေးသားထုတ်ဝေ သော စာနယ်ဇင်းများကို ကျွန်ုပ်တို့ ပြည်တွင်းပြည်ပရှိ စာနယ်ဇင်းအသိုင်းအဝိုင်းက ဆရာကြီးလူထုစိန်ဝင်းနှင့်ဆရာကြီး ဦးဝင်တင်ကဲ့သို့ သတ္တိနှင့် အသိတရား ပေါင်းစပ်ပြီး တုန့်ပြန်ရေးသားကြရန် တာဝန်ယူကြပါစို့။
    
ကျွန်ုပ်တို့မြန်မာပြည်သည် အထက်တန်းကျသော နိုင်ငံရေးခေတ်မှ(၁၉၄၈-၁၉၆၂)အောက်တန်းကျသော နိုင်ငံရေး ခေတ်(၁၉၆၂-၂၀၀၈)တိုင်အောင် စာနယ်ဇင်းဆရာကြီးများက တိုင်းပြည်၏ အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးတွေ ကို ကြောင်းကျိုးလျှော်ညီစွာ နှစ်ပေါင်း(၆၀)ကျော် ရေးသားလာခဲ့ကြသည်။ ယ္ခုကျွန်ုပ်တို့ခေတ်တွင်လည်း စာနယ်ဇင်း အသစ်များနှင့် စာရေးဆရာအသစ်များက စစ်အစိုးရစနစ်မှ ဒီမိုကရေစီစနစ် တိုင်အောင် ပြောင်းလဲလာရန် အပတ်တ ကုတ် ကြိုးပမ်းလှုပ်ရှားဆောင်ရွက်လျှက် ရှိကြသည်။ သို့ဖြင့်အားလျော်စွာ “မတရားအသင်း” ဟူသော ဝေါဟာရကို ပြောင်ပြောင်တင်းတင်း သုံးစွဲပြီး နိုင်ငံရေးခေါင်းဆောင်များ အကြားနှင့် အဖွဲ့အစည်းအသီးသီးများအကြား အငြင်းပွားမှု ကြီးထွားလာစေရန်နှင့် အမြင်မကြည်မှု ပိုမိုပေါက်ပွားလာစေရန် ရေးသားပြောဆိုမှုကို ရှောင်ရှားရန်၊ နိုင်ငံရေးအသိ တရားနှင့် ခေတ်သစ်နိုင်ငံရေး အယူအဆဖြင့် အစားထိုးပြီး ရေးသားထုတ်ဝေရန် ပထမဦးစွာ တိုက်တွန်းပါရစေ။

အမှန်စင်စစ် “မတရားအသင်း” သည် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီနှင့် တိုင်းရင်းသားနိုင်ငံရေး၊ လူမှုရေး၊ စာပေယဉ် ကျေးမှု အသင်းများမဟုတ်ချေ။ နဝတ တဖြစ်လဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေးကောင်စီ(နအဖ)သည် နိုင်ငံတော်ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်ပြီး နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်ခေါ် ယူခွင့်နှင့် အစိုးရဖွဲ့စည်းခွင့် မပြုပဲ ပြောင်ပြောင်တင်းတင်း အာဏာဆက်လက်သိမ်းယူထားခြင်းသည် အမြင့်မားဆုံး သော နိုင်ငံတော် အက်ဥပဒေကို ချိုးဖောက်သည်ဖြစ်ကြောင်း “မတရားအသင်း” ဟု ဖွဲ့စည်းပုံအရ သတ်မှတ်ရပေမည်။
စစ်အစိုးရ(နအဖ)က နှစ်ပေါင်း(၂၀)ကျော် မိမိတို့အာဏာတည်မြဲရေးနှင့် ဆက်လက်၍ နိုင်ငံတော်နှင့် အစိုးရလုပ်ငန်း များကို ဆုပ်ကိုင်ထားနိုင်ရေးအတွက် မိမိကို အားပြိုင်သော၊ အတိုက်ခံပြုသော၊ ဆန့်ကျင်တိုက်ခိုက်သော အဖွဲ့အစည်း များကို လိုအပ်သော(ပုဒ်မအသစ်-အက်ဥပဒေအသစ်)စက္ကူဥပဒေတို့ကို ရေးသားသတ်မှတ်ပြီး ဖျက်ဆီးခဲ့ခြင်းသာဖြစ် သည်။

ပြည်တွင်းရှိ နိုင်ငံရေးပါတီတို့ကို(၁၉၉၈)အထွေထွေရွေးကောက်ပွဲဥပဒေအညီ မှတ်ပုံတင်၍ တရားဝင်ပြုခဲ့သည်။ သို့သော်(၁၉၉၈)ရွေးကောက်ပွဲနောက်ပိုင်းတွင် တိုင်းရင်းသားနိုင်ငံရေးပါတီ အများစုကို ဟိုအကြောင်းပြ၊ ဒီအကြောင်း ပြချက်ဖြင့် မတရားသော၊ မျှတမူမရှိပဲဖျက်သိမ်းပစ်ခဲ့သည်။  ဤအချက်အလက်အကြောင်းအရာများ၏ ပကတို့ကို အဖြစ်အတိုင်း၊ အရှိကိုအရှိတိုင်း၊ ရန်ကုန်အခြေစိုက်သတင်းလောကနှင့် စာနယ်ဇင်းသမားများက ‘’လယ်ပြင်ကွင်းရှိဆင် ကောင်ကြီးပမာ” သိနားလည်တွေမြင်ခဲ့ကြပြီးဖြစ်သည်။ သို့အလျှောက် ပြည်တွင်းရှိ ရန်ကုန်အခြေစိုက် ကျွန်ုပ်တို့ခေတ် သစ် စာနယ်ဇင်းများသည် စာနယ်ဇင်းကျင့်ဝတ်ဂုဏ်သိက္ခာတို့ကို ချိုးဖောက်ပြီး မတရားသောအသင်း ဆိုသောဝေါဟာရ ကို စစ်အာဏာရှင်စိတ်ကြိုက် ရေးသားပုတ်ခတ်နေခြင်းသည် သတင်းနင့်စာနယ်ဇင်း ဂုဏ်သိက္ခာကိုထိပါးစေပါသည်။ ၄င်းအပြင် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအတိုက်ခံအဖွဲ့အစည်းများ၏ အကြောင်းပြချက်များကိုရေးသားရာတွင် အများ အားဖြင့် သတင်းပို့ရေးသားသူနာမည်မပါချေ။ နာမည်မပါသည့်အပြင် ကိုးကားမှု၊ ထောက်ပြမူ၊သက်သေယူမှု၊ အများ အားဖြင့် မတိကျ၊ မထိရောက်ပေ။ ရန်ကုန်အခြေစိုက် စာနယ်စာဇင်းလောကအများစုသည် မိမိတို့ ထမင်းအိုးစားမကွဲ ရေးအတွက် အမှားကိုမပြင်ပဲ(စာပေစိစစ်ရေးအဖွဲ့ ၊ ဆင်ဆာအဖွဲ့ )ကပြင်ဆင်သည့်အတိုင်း ရေးသားထုတ်ပြန်နေသည် ကို မကြာခဏတွေနေရသည်။

ဤကဲ့သို့ အောက်တန်းကြသည့် အဆင့်မမီအရည်အချင်းများမပြည့်ဝသော စာနယ်စာဇင်းများကို ပြည်သူပြည်သားများ ဆက်လက်ဖတ်ရူနားထောင်မိလျှင် နိုင်ငံရေးအသိတရားများနှင့် ဒီမိုကရေစီ သဘောတရားများ မှိုင်းအတိုက်ခံနေရပြီး မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို နှောင့်နေးစေပါသည်။ စာနယ်ဇင်းဟူသည် အမှားကိုရဲရဲရင့်ရင့် ဝေဖန်နိုင်ရမည်။ အမှန်တရားကိုကျိုးကြောင်းဆီလျှော်စွာ ရပ်တည်ပေးရမည်။ ဤအခြေခံကျင့်ဝတ်ကို ချိုးဖောက်လျှင် ‘’အိမ်စောင့်ခွေး” စာနယ်ဇင်းသာဖြစ်ပေမည်။

ပြည်တွင်းပြည်ပရှိကျွန်ုပ်တို့ခေတ်သစ်(ဒီမိုကရေစီခေတ်) နိုင်ငံရေးခေါင်းဆောင်များနှင့် သတင်းသမားများ၊ စာနယ် သမားများသည်ကျွန်ုပ်တို့မြန်မာပြည်အကြွင်းမဲ့ ငြိမ်းချမ်းရေး၊ အကြွင်းမဲ့ ပြည်တွင်းစစ် အဆုံးသတ်စေရေးနှင့်အကြွင်းမဲ့ စစ်အဏာရှင်စနစ်ကိုအမြစ်ပြတ်ချေမှုန်းပြီး ဒီမိုကရေစီအစိုးရသစ်နှင့် စစ်မှန်သော၊ တရားမျှတသော၊ အေးချမ်းသာယာ သောပြည်ထောင်စု တည်ဆောက်ရန် နှစ်ပေါင်း(၂၀)ကျော် ရုန်းကန်လာခဲ့ကြသည်။ အခြားရည်ရွယ်ချက်ကြီးအောင်မြင် ရေးအတွက် ရန်ကုန်အခြေစိုက်လျှက်တပြက်၊ သာကီနွယ်စသော ‘’အိမ်စောင့်ခွေးပမာ”စာနယ်စာဇင်းသမားများ မကျူး လွန်ကြရန်တာဝန်ရှိသည်။

ကျွန်ုပ်တို့ခေတ်သစ်(၂၁)ရာစု ကမ္ဘာတလွှား အသွင်ကူးပြောင်းရေးနှင့် ကူးလူးဆက်ဆံရေးအတွက် စာနယ်ဇင်းသည် ကမ္ဘာ၏စတုတ္ထမဏ္ဍိုင်ဖြစ်လာသည်။ တိုင်းပြည်သည် စတုတ္ထမဏ္ဍိုင်မှကျော်လွားပြီး ကမ္ဘာ့ရွာတခု၏ စာတုထ္ထမဏ္ဏိုင် (အခြေမြစ်ဒေါင်တိုင်)အဖြစ် BBC, CNN,AFP စသော ကမ္ဘာတခုလုံးကို ကိုယ်စားပြုသည့် ခေတ်သစ်မီဒီယာလောကတွင် စာနယ်စာဇင်း၏ဂုဏ်သိက္ခာသည် အသက်သွေးကြောပမာအရေးပါသည်။ ၄င်းအပြင်ကျွန်ုပ်တို့(၁၀)နှစ်ကျော် ဖတ်ယူ မှတ်သားထားသော ကမ္ဘာအဆင့်အတန်းမှီ စာနယ်ဇင်းများသည် ပါတီကိုကိုယ်စားမပြု၊ အစိုးရကို မြှောက်ပင့်ရေးသား ရန်သာမဟုတ်၊ နိုင်ငံသားနှင့် တိုင်းပြည်လည်ပတ်ရေးအတွက် ဖြောင့်မတ်၊ မှန်ကန်၊ သတင်းမြန် ဆိုသကဲ့သို့ အသိပေး သည်၊ ပညာပေးသည်၊ အတွေးအမြင်ဖလှယ်ကြသည်။ သို့ကြောင့် ကျွန်ပ်တို့ခေတ်မီဒီယာလောကတွင် လူငယ်များအသိ တရား တိုးတက်ထွန်းကားလာပြီး အမှန်တရားနှင့် အများအကျိုးစီးပွားအတွက်ကို တာဝန်ယူလာကြသည်။ ဤကောင်း ကျိုးရလဒ်များကို ရန်ကုန်အခြေစိုက် စာနယ်ဇင်းများ တာဝန်သိသိ၊ အသိတရားရှိရှိ ရေးသားကြရန်၊ လေးစားစွာ၊ ရိုးသားစွာအကြံပြုပါသည်။

မြန်မာပြည် အသွင်ကူးပြောင်းရေးကို အထောက်အကူပြုရန်၊ ရန်ကုန်အခြေစိုက်စာနယ်ဇင်းလောကသည် ဖဆပလ ခေတ် သတင်းလောကကဲ့သို့ အရေးပါအရာရောက်သည်။ ပြည်ပအခြေစိုက် သတင်းလောကမျှနှင့် မလုံလောက်ပေ။ ဤအရေးပါသောအခန်းကဏ္ဍတွင် စာနယ်ဇင်းသမားပီသစွာ ကျင့်ဝတ်တရားများကိုလေးစားရေးသာလျှင် ကျွန်ပ်တို့ ခေတ် အသွင်ကူးပြောင်းရေးကိုလက်တွေ့ကျကျတွေ့မြင်ရပေမည်။

မတရားသောအသင်းဝေါဟာရကို ကျော်လွှားပြီး ပြည်သူပြည်သားများ၊ ခေတ်သစ်လူငယ်များ၊ ကျောင်းသားကျောင်း သူများ အသိတရားမခေါင်းပါးစေအောင်၊ အမှန်တရားကို မှိုင်းတိုက်မခံရလေအောင် စာနယ်သမားများတွင် တာဝန်ရှိ သည်။ စာနယ်သမားများသည် လခစားရန်သာမဟုတ်၊ တိုင်းပြည်၏ ရေရှည်အကျိုးစီးပွားနင့် နိုင်ငံသားတို့၏ အသိ တရား တိုးတက်ထွန်းကားရေးအတွက် အဖက်ဖက်မှ တတ်စွမ်းသ၍ တာဝန်ယူကြရသည်။ ဓနရှင်ကြီးဖြစ်ရန် စာနယ် ဇင်းသမားတို့၏ မူလ ရည်ရွယ်ချက်မဟုတ်ပေ။

ကျွန်ုပ်တို့မြန်မာပြည်တွင် အစိုးရမပေါ်ပေါက်သေး၊သို့မဟုတ် စစ်အဏာရှင်(နအဖ)သည်အစိုးရမဟုတ်၊ ဥပဒေပြုခွင့်မရှိ၊ ၄င်းပြုထားသောဥပဒေသည်လည်း နိုင်ငံတော်ဖွဲ့စည်းပုံမှ ကျဆင်းလာသည်မဟုတ်၊ နှစ်ပေါင်း(၂၀)အတွင်း နဝတ၊ နအဖ ထုတ်ပြန်ပြဌာန်းထားသော ဟိုဥပဒေ၊ ဒီအက်ဥပဒေများသည် တရားမျှတမူမရှိ၊ နိုင်ငံသားတို့၏ အကျိုးစီးပွားကို အကျိုးမပြုချေ။ နိုင်ငံသားတို့၏ မူလရပိုင်ခွင့်ကင်းမဲ့သော တိုင်းပြည်တွင် ဘယ်ဥပဒေမှမတရားချေ။  ထိုကြောင့်ရန်ကုန် အခြေစိုက် စာနယ်ဇင်းဆရာကြီးများ “ယိုသူမရှက်မြင်သူရှက်” စကားပုံကိုထောက်ရှုပါ။ ယ္ခုတွင် မြင်သူတွေရှက်တတ် သည့်အတွက် ဤဆောင်းပါးဖြင့်ရေးသားအကြံပြုပါသည်။

ဆရာကြီးအောင်မြင့်ထွန်း(ဘီဘီစီ)နှင့် ဆရာကြီးလူထုဦးစိန်ဝင်းကို ဂုဏ်ပြုယင်းဤဆောင်းပါးဖြင့် ဂါရဝပြုအပ်ပါသည်။
                                                             

ဗညားဟံသာ(တပည့်)


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views