အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ဒီမိုကရေစီ ဆိုတာ ဘာလဲ

သာထွန်းမွန်
ဇူလိုင် ၁၇၊ ၂၀၀၈
Print

ဒီမိုကရေစီ ဆိုတာ ဘာလဲ (အပိုင်း ၁)

နေရာက . . မွန်ပြည်နယ်ရဲ့ တောင်ဘက်အကျဆုံး၊ပြည်နယ်ရဲ့ စီးပွားရေး အဖွံ့ဖြိုးဆုံးမြို့ငယ်လေးတမြို့၊ အချိန်ကား..၁၉၈၈ သြဂုတ်လ (၈)ရက်နေ့ ၊မြို့လယ်ရှိ ရွှေဆံတော်ဘုရားရင်ပြင်ပေါ်မှာတော့ ဒီမိုကရေစီရရှိရေးဆန္ဒပြ လူအုပ်ကြီးတွေနဲ့ ပြည့်နှက်လို့ နေပါတယ်၊ ဘုရားရင်ပြင်ရှေ့ ဘောလုံးကွင်းတကွင်းစာ ကွက်လပ်ရှေ့မှာလည်း ဆန္ဒပြ လူအုပ်ကြီးက ကြက်ပျံမကျ၊လမ်းမ ကြီးအပေါ်၊လမ်းကျဉ်းထဲ၊အိမ်ပြတင်းပေါက်မှာလည်းအားပေးသူ၊ဆန္ဒပြလူအုပ်ကြီးတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ မြို့ရဲ့နယ် စုံက တက်လာကြတဲ့အလွှာစုံ၊ လူတန်းစားအစုံ၊လူမျိုးစုံမြို့နယ်လုံးကျွှတ် လူအုပ်ကြီးဟာ မနက်အစောကြီးမြို့ကိုပတ်ပြီး မြန်မာ ပြည် ဒီမိုကရေစီ ရရှိရေးအတွက်ဆန္ဒပြကြွေးကြော်ခဲ့ကြပြီးစုရပ် အဖြစ် ဤမြို့လယ်ရှိ ရွှေဆံတော်ဘုရားရင်ပြင်မှာ လာရောက် စုရုံး နေကြတာဖြစ်ပါတယ်။

 

ယာယီပြုလုပ်ထားခဲ့တဲ့ တရားဟောစင်မြင့်ထက်မှာတော့ တရားဟောတဲ့သူကဟော၊ သဘောကျစရာကြားရင် လက်ခုပ်တီးပြီး အားပေးထောက်ခံသူက ထောက်ခံနဲ့မြန်မာပြည်ဒီမိုကရေစီ ရရှိရေးဆန္ဒပြဖော်ထုက်ပွဲကတော့စည်းကား လို့နေပါတော့တယ်။ တကယ့်တကယ်တော့ အဲဒီအချိန်တုန်းကအများစုသော ဒီမိုကရေစီ ရရှိရေးဆန္ဒပြလူအုပ်ကြီးဟာ ဒီမိုကရေစီဟူသော ဝေါဟာရ အနက်အဓိပ္မါယ်ကိုသိနေခဲ့ကြတာမဟုတ်ပါဘူး။

 

"နေ၀င်းအစိုးရအလိုမရှိ "
"ဆိုရှယ်လစ်၊ဆိုရှယ်လစ်"

" သူလစ်၊ငါလစ်…တိုင်းပြည်ပျက်"ဟူသောအဲဒီအချိန်တုန်းကဆန္ဒပြလူထုကြီးရဲ့ထပ်ခါထပ်ခါကြွေးကြော်သံကို ပြန်စဉ်းစား သုံးသပ် ရင်အဖြေကရှင်းနေပါတယ်။ ဗိုလ်ချုပ်နေ၀င်းဦးဆောင်တဲ့ (မဆလ)အမည်ခံစစ်အဏာရှင်အစိုးရရဲ့အာဏာရှင်ဆန်ဆန် တိုင်းသူ ပြည်သားအပေါ်မတရား အနိုင်ကျင့်အုပ်ချုပ်မှု၊ အထက်အောက်အဆင့်ဆင့်ရဲ့ အကျင့်ပျက်ခြစားမှု၊ စီးပွားရေးစီမံခန့် ခွဲမှုညံ့ဖျင်း တော့ ကမ္ဘာ့အလယ်မှာကျပ်ငွေစက္ကူရဲ့ တန်ဖိုးဖောင်းပွလာတော့ ငွေစက္ကူအတုနှိမ်နှင်းရေး အကြောင်းပြချက်နဲ့ မိမိတို့ကိုယ့်ကို တရားဝင်ထုတ်ထားတဲ့ တရားဝင်ငွေစက္ကူကိုပြန်လည်လဲလှယ်မှု မပေးပဲနဲ့ …တရားမ၀င်ငွေစက္ကူအဖြစ်... ကမ္ဘာ့အလယ်မှာ တရား ၀င်ကြေငြာလိုက်တော့ တပြည်လုံးရှိနိုင်ငံသူ၊နိုင်ငံသူနိုင်ငံသားတွေရဲ့မကျေနပ်မှု၊ရန်ကုန်မြို့ရှိ မြေနီကုန်း လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှ တက္ကသိုလ်ကျောင်းသားများနဲ့တေလေဂျပိုးအရပ်သားတို့ရဲ့ ရန်ပွဲကနေကျောင်းသားထုကြီးရဲ့ စစ်အာဏာရှင်အပေါ် အကျေနပ်မှု..... အစရှိတဲ့ကျောင်းသားနဲ့ ပြည်သူမကျေနပ်မှု နှစ်ခုပေါင်းစပ်လာတဲ့အခါ ...၈၈.... အရေး တော်ပုံကြီး ပေါ်ပေါက်လာခဲ့ ရပါတယ်။ အဲဒီအချိန်တုန်းကအများစုသော ဆန္ဒပြလူထုကြီးဟာ..တစ်ယောက်ကိုတစ်ယောက် ဒီမို ကရေစီဆိုတာဘာလဲလို့ တယောက်ကမေးလာရင်...တယောက်က.. " ဒီမိုကရေစီဆိုတာ..ဒီမိုးကြောင့် ဒီရေတွေစီးနေကြတာ" ဆိုပြီးအနီးနားက စီးဆင်း နေတဲ့မြစ်ရေကိုလက်ညှိးထိုးပြီး အမေးအတွက်အဖြေပေးလိုက်သလို အခြားတယောက်က …" ဒီမို ကရေစီဆိုတာ...ဆို၊က၊ရေး၊ တီး...ဆိုကရေတီးပေါ့ကွာလို့" သူဖတ်ဖူးတဲ့ကြားဖူးတဲ့ဂရိအတွေးအခေါ်ပညာရှင်ရဲ့ နာမည်ကို ပြောချလိုက်တာပါပဲ။

 

ဒီလိုနဲ့…လှည်းနေလှေအောင်း၊မြင်းစောင်းမကျန်...မြန်မာတပြည်လုံးလူထုအုံကြွမှုအရှိန်ကောင်းလာတော့ဗိုလ်ချုပ်နေ၀င်းလည်း မနေသာတော့တဲ့ အဆုံးလူယုံတော်ဗိုလ်စိန်လွန်ကို သမ္မတတင်လိုက်ပါတော့တယ်။ ဒီပုပ်ထဲကဒီပဲမို့လူထူကြီးကလည်း မငြိမ်၊ လက်မခံ… "စိန်လွန်ခြောက်တန်း၊တစောက်ကန်း "...."ဘဲတလုံးတကျပ်ခွဲ၊စိန်လွင်ခေါင်းကိုခဲ "...အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ ဒီမိုကရေစီလူထုအုံကြွမှုက အရှိန်ကောင်းလို့နေခဲ့ပါတယ်၊ဗိုလ်စိန်လွင်ကလည်း အရှံးမပေးမိမိခေါင်းကိုဘဲဥနဲ့ လာရိုက်ခွဲဖို့ ကြိုးစားနေကြတဲ့ လူထုကြီးကို...ဂျာမာန်လုပ်ဂျီသရီးကျည်တောက်တွေနဲ့ ပြန်တုန့်ပြန်လိုက်တော့ ကျောင်းသူ၊ကျောင်းသား တို့ရဲ့ သွေးတွေ၊ပြည်သူတို့ရဲ့ သွေးတွေကလမ်းမပေါ်စီးခဲ့ရတယ်။

 

ဒါပေမဲ့ လူထုကမကြောက် ပို၍လှုပ်ရှားမှုကအရှိန်ကောင်းလာတော့...ကမ္ဘာ့သက်တမ်း အတိုဆုံးသမ္မတဗိုလ်စိန်လွင်ကို စင်ပေါ်က ဆွဲချပြီး၊ဒေါက်တာမောင်မောင်ကိုပွဲထုတ်၊ ဒေါက်တာမောင်မောင်ကလည်း...ဆန္ဒတွေသိပ်မစောကြပါနဲ."တပါတီလား၊ ပါတီစုံ လာ" ဆိုတဲ့စကားကိုနားကြားပြင်းကပ် လာတဲ့၊ အာဏာရှင်စံနစ်တည်ဆောက်ရေးကိုဦးတည်သော ဗိုလ်ချုပ်စောမောင် ဦးဆောင် တဲ့ (န၀တ) စစ်အုပ်စုကစက်တင်ဘာ (၁၉) ရက်မှာ တိုင်းပြည်ရဲ့အာဏာအရပ်ရပ်ကို သိမ်းယူလိုက်ပါတော့တယ်။

 

ရာသီတွေပြောင်း၊ နှစ်တွေကြာလာတော့...ဒီမိုကရေစီဆိုတာ... " ဒီမိုကရေစီ ဟူသောစကားရပ်သည် ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု)နဲ့katos (အင်အား)မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသောစနစ်ကို ခေါ်ဆို သည်။ ရှေးဟောင်းဂရိ မြို့ပြနိုင်ငံများမှနိုင်ငံသားများသည်အစိုးရ၏လုပ်ငန်းဆောင်တာများတွင်တိုက်ရိုက်ပါဝင်ဆောင်ရွက်ခွင့် ရှိခြင်းကိုဆိုလိုသည်။


ဒီမိုကရေစီဆိုတာဘာလဲ အပိုင်း(၂)

 

နေရာက…ရာမညဌာနေတက္ကသိုလ် နယ်မြေ၊ အနာဂတ်ကြယ်တို့ လင်းလက်တောက်ပရာ နေရာအချိန်ကား ၁၉၉၆ ဒီဇင်ဘာလ (၁၃)။ ဒီဇင်ဘာမနက်ခင်းရဲ့ နွေးထွေးတဲ့နေရောင်ခြည် အောက်မှာ ကြည်လင်တောက်ပအေးမြတဲ့ အပြုံးကိုယ်စီနဲ့ စာသင်ခန်း ၀င်ကြမဲ့သူတွေ၊ ကံ့ကော်ပင် တန်းအောက်ကင်တင်းမှာ ၀ိုင်းဖွဲ့ကော်ဖီသောက်နေကြတဲ့ သူတွေနဲ့ တက္ကသိုလ် ရဲ့ နံနက်ခင်းက လှပလို့ နေခဲ့ပါတယ်။ ပင်မစာသင်ဆောင်ရဲ့ အရှေ့ကသုံးပင်လိမ်အောင် သပြေအ၀ိုင်းမှာတော့ ကျောင်းသားအယောက် ၂၀ ၀န်းကျင်လောက်ဟာ။

 

၁။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး။

၂။ ကိုမင်းကိုနိုင်၊ မင်းဇေယျာ အပါအ၀င် အဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင်များ အားလုံး လွှတ်ပေးရေး။

၃။ ကျောင်းသားသမဂ္ဂအား တရားဝင်ပြန်လည် ဖွဲ့စည်းပေးရေး။

၎။ (၉၀)အထွေထွေ ရွေးကောက်ပွဲရဲ့ တရားဝင်ရလာဒ်ကို အကောင်အထည် ဖော်ပေးရေး။

၅။ ယခုလက်ရှိ တက်ရောက်သင်ကြားနေရတဲ့ (၆ ) လ တနှစ်အတန်းတက်ပုံစံကို ပယ်ဖျက်ပြီး ယခင်တနှစ်တတန်း ပုံစံအတိုင်း ပြန်လည်ဖော်ဆောင်ပေးရန်။

၆။ ကျောင်းသူကျောင်းသားများ ကျောင်းသွားကျောင်းပြန် လွယ်ကူစေရန်ခေတ်မှီသော လိုင်းကားများ၊ ကျောင်းကားများ
စီစဉ်ပေးရန်။

၇။ ကျောင်းတွင်း လက်တွေ့စမ်းသပ်ပစ္စည်း ကိရိယာအလုံအလောက် ဖြည့်ဆည်းပေးရန်။

အစရှိတဲ့ တောင်းဆိုချက်ပါ အချက် (ရ )ချက်ဖြင့်…“ဒီမိုကရေစီရရှိရေး၊ဒို့အရေး” “အရေးတော်ပုံ၊ အောင်ရမည်’’ ဟူ၍ ကြွေးကြော်သံတွေနဲ့ စတင် ဆန္ဒပြကပါတော့တယ်။

 

မနက် (၈) နာရီဝန်းကျင်လောက်က ကျောင်းသားအယောက် (၂၀) ခန့်နဲ့ စခဲ့တဲ့ အဲဒီဆန္ဒပြ ပွဲဟာ  နောက်ထပ် (၁၅) မိနစ် လောက်ကြာလာတော့ ဆန္ဒပြကျောင်းသားဦးရေဟာ (၃) ရာ (၄) ရာလောက်ဖြစ်လာခဲ့ပါတယ်။ ဒီမိုကရေစီရရှိရေး ကြွေးကြော်သံ တွေကတော့ အားလုံးရဲ့ ရင်ထဲက လာခဲ့တာမို့အားမာန်ကတော့အပြည့်၊ စစ်မှန်တဲ့ မြန်မာပြည် ဒီမိုကရေစီ ကျောက်တိုင်တတိုင် အတွက် သဲတပွင့်အနေဖြင့် ပါဝင်နေကြတာမို့ရေဆာရမှန်းမသိ၊ သုံးပင်လိမ်အောင် သပြေအ၀ိုင်းငယ်ကို တရားဟောစင်မြင့်အဖြစ် မိမိတို့ရဲ့ မကျေနပ်ချက်၊ လိုအပ် ချက်ကို တယောက်တက်တယောက် ဆင်းစစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး တရားပွဲက တော့ အားပေးထောက်ခံ လက်ခုပ်သံတွေနဲ့ အထူးပင်စည်ကား ခဲ့ပါတယ်။

 

နယ်စုံက ဤနေရာလေးမှာလာပြီး ပညာရှာနေကြတဲ့ အလွှာစုံ၊ လူမျိုးစုံ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ထားဝယ်၊ မြိတ်၊ ကရင်၊ ပအို့ဝ် အစရှိသော တိုင်းရင်းသားပေါင်းစုံ အနာဂတ်ကြယ်တို့ရဲ့ တူ ညီတဲ့ တခုတည်းသော ရည်ရွယ်ချက်က “စစ်အာဏာရှင် စနစ်ကျ ဆုံး ရေးပါပဲ၊ ဒီမိုကရေစီ ဟူ သော ဝေါဟာရကိုလည်း သိနှင့်ခဲ့ကြပြီးမို့ တယောက်ကိုတယောက် ဒီမိုကရေစီဆိုတာဘာလဲလို့ မမေး ကြ၊ ရေစုန်မှာ လှေကြုံစီးကြမဲ့ လူတွေမဟုတ်ပြန်တော့လည်း မွန်နဲ့ဗမာ၊ ရခိုင်နဲ့ဗမာ၊ ရှမ်းနဲ့ဗမာမခွဲခြား၊ဗမာတိုင်းရင်းသား အပါဝင် တိုင်းရင်းသားပေါင်းစုံတို့ရဲ့ အခြေခံအခွင့် အရေးအတွက် ဖိနှိပ်သူ စစ်အာဏာရှင်ကို စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင် နေကြတာ ဖြစ်ပါတယ်။

 

နေမြင့်လေ ဆန္ဒပြပွဲက အရှိန်ကောင်းလေ၊ ကျောင်းသားထု အင်အားကလည်း ပိုပိုတိုးလာခဲ့ တယ်။ ဒီဇင်ဘာလရဲ့ နေ့လည်ခင်း နေရောင်ခြည်က အပူသား၊ ပူပြင်းတဲ့ နေရောင်အောက် မှာ ကျောင်းသားထုတို့ရဲ့ ချွေးတွေက တရွဲရွဲ။ ပင်မစာ သင်ဆောင်ရဲ့ တခါးကတော့ ပိတ်လို့ ထားဆဲ၊ ဘာကြောင့် ရယ်မှန်းမသိ၊ ထောက်လှမ်းရေးတယောက် ပင်မစာသင်ဆောင် ရဲ့ အခန်းတခန်း ပြတင်းပေါက်ကနေ မှတ်တမ်းတင် ဗွီဒီယိုလှမ်းရိုက်နေတာကို ကျောင်းသားထု တွေ မြင်သွားလို့ ၀ိုင်းဖမ်းတာ….သူ့ခမျာဖိနပ် တောင်ကျန်ခဲ့တယ်။ မြို့ခံကျောင်းသားတ ယောက်ရဲ့ ဆိုင်ကယ်ကျေးဇူးကြောင့် လက်သီးစာနဲ့ လွဲသွားခဲ့တယ်။

 

ဆန္ဒပြပွဲက အရှိန်ကောင်းလာတော့  တပည့်တို့ရဲ့ ဇွဲ၊ သတ္တိကို အသိမှတ်ပြုတယ် ထင်ပါ တယ်၊ မွန်းလွဲတနာရီကျော်ကျော် လောက်မှာ ပါမောက္ခချုပ် ဦးခင်မောင်တင့် ကိုယ်တိုင် ပိတ်ထားတဲ့ ပင်မစာ သင်ဆောင်ကို ဖွင့်ပြီးကျောင်းသားလှုပ်ရှားမှုရဲ့ တာဝန်ခံတချို့တွေနဲ့စာသင်ဆောင် အ၀င်ဝမှာ ဆွေးနွေးနေကြပါတယ်။ အဲဒီအချိန်မှာပဲ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်ဖို့ လွှတ်ထားတဲ့ ကျောင်းသားတယောက်ဆီက သတင်းဆိုးလေးကြားရပါတယ်၊ “ ကျောင်းဝင်းတခုလုံးရဲ့ အ၀င်အထွက်တခါး အားလုံးကို ပိတ်လိုက်ပြီ၊ မုဒုံမြို့နယ်က တက်လာတဲ့ ကျောင်းကားကိုလည်း အရှေ့တောင် စစ်ဌာနချုပ်ကလမ်းမှာတားပြီး ပြန် လွှတ်၊  မြို့ရဲ့ အချက်ချာကျတဲ့ လမ်းဆုံလမ်းခွမှာ စစ်တပ်က လုံခြုံရေးချထားလိုက်ပြီး၊ မြို့တွင်းကလာမဲ့ လိုင်းကားကိုလည်း ပိတ်ထားလိုက်ပြီ ဟူသော သတင်းဆိုးကြီးရောက်လာပါတော့တယ်၊

 

ဘာမှလည်းမတတ်နိုင်တော့……..အစကရည်ရွယ်ထားခဲ့ကြတဲ့ ကျောင်းဝင်းထဲက ကျောင်းသားလူထုတွေ၊ အဆောင်နေ ကျောင်းသားလူထုတွေ၊ မုဒုံမြို့နယ်က တက်လာတဲ့ ကျောင်းသားလူထု ရသမျှ အင်အားနဲ့ မြို့ထဲမှာ စောင့်နေမဲ့ မြို့ခံကျောင်း သားတွေနဲ့ စုရပ်မှာ ဆုံပြီးမြို့ကို လှည့် လည်ဆန္ဒပြပြီး ပူးပေါင်းပါဝင်လာမဲ့ ပြည်သူတွေနဲ့ “စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ဆန္ဒပြ ကြဖို့ပါပဲ၊၊ နောက်ဆုံးမှာတော့ အခြေအနေအရပ်ရပ်ကြောင့်ရယ် ပါမောက္ခချုပ်ကြီးနဲ့ တာဝန်ခံကျောင်းသား ခေါင်း ဆောင်တို့ရဲ့ ညှိနှိုင်း ဆွေးနွေး သဘောတူညီချက်အရ မိမိတို့ကျောင်းသားလူထုရဲ့ လိုလားချက် တောင်းဆိုချက်ကို ပါမောက္ခ ချုပ် ကိုယ်တိုင်သက်ဆိုင် ရာ အာဏာပိုင်ဆီအရောက်ပို့ပေးမည်ဟု ပါမောက္ခချုပ်ဆီက ..ကတိ ..ကိုရရှိခဲ့ပါတယ်။ နောက်ထပ် သဘောတူညီမှု တခုအရ အဆောင်တခါးတွေ ပိတ်ထားလို့ အပြင်ထွက်ဆန္ဒပြခွင့်မရခဲ့ကြ တဲ့ အဆောင်သူတွေအတွက် မိမိ တို့ရဲ့ တောင်းဆိုချက် (ရ) ချက်ကို သူတို့လေးတွေသိ အောင် သော့ခတ်ထားခဲ့တဲ့ အဆောင်ရှေ့မှာ ပါမောက္ခချုပ် ကိုယ်တိုင် လိုက်လံပြီးဖတ်ပြဖို့ ဖြစ် ပါတယ်။

 

သုံးပင်လိမ်အောင် သပြေကနေ နာရီလက်တံပြောင်း ပြန်လည့်ပတ်ပြီး တဆောင်ချင်းစီ မိမိ တို့ရဲ့ လိုလားချက်ကို သိခွင့်ပေး လိုက်တိုင်းမှာ အဆောင်သူလေးတို့ရဲ့ အားပေးထောက်ခံ ချက်တွေက စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားတောင့်တနေ့ကြတဲ့ အဲဒီအချိန်တုန်းက ဗမာတိုင်းရင်းသားအပါအ၀င် သန်း (၅၀) နီးပါးသော မြန်မာပြည်သူပြည်သားတိုင်းရင်းသားအားလုံး၏ဆန္ဒနဲ့ တထပ်ထဲတသားထဲပါပဲ။ သူတို့ လေးခများ လှောင်ချိုင့်ထဲက ငှက်ပမာ စစ်အစိုးရဲ့ ညစ်ပတ်တဲ့ ညွှန်းကြားချက်အရ ပိတ်နေတဲ့ တခါးရဲ့ အတွင်းဘက်က အဆောင်ရှေ့ ကွက်လပ်မြေနီနီပေါ်ကနေ “ ဒီမိုကရေစီ ရရှိရေး၊ ဒို့အရေး ” “အရေးတော်ပုံ၊ အောင်ရ မည် ” တဲ့…ကျနော့်ရင်ထဲမှာတော့…..ကျေနပ်မှု မျက်ရည်တွေ၊ ကြည်နူးခြင်း မျက်ရည်တွေက တော့….ရွာသွန်းလို့ နေပါတော့ တယ်။

 

မွန်းလွဲချိန် (၂) နာရီကျော်ကျော် ထင်ပါတယ်….အစပြုခဲ့ကြတဲ့ အဲဒီသုံးပင်လိမ်အောင် သပြေ အ၀ိုင်းမှာပဲ  ပင်မစာ သင်ဆောင် အ၀င်ဝက မွန်လူမျိုးတို့ရဲ့ အထိမ်းမှတ်သင်္ကေတ ဟသာင်္ မောင်နှံကို သက်သေပြုပြီး…….“ဒီမိုကရေစီရရှိရေး၊ ဒို့အရေး ”  “အရေးတော်ပုံ၊ အောင်ရမည် ” ဟူသော ကြွေးကြော်သံတွေနဲ့ ဆန္ဒပြပွဲကို အဆုံးသတ်  လူစုခွဲလိုက်ပါတော့တယ်။

 

ညနေခင်းရောက်တော့…..တက္ကသိုလ်ကျောင်းသူကျောင်းသားတို့အတွက် စစ်အစိုးရက အ မျိုးသားရေးအသိနဲ့ နေ့စဉ်ကျွေး နေကျ ဆန်နီကြမ်းနဲ့ ပဲပြား ရေပြုတ်ဟင်းကို ဘိုင်ပြတ်ကာ လမို့ မြိန်ရေရှက်ရေ စားသောက်နေတုန်း……အဏ္ကာဝါဗေဒက ရခိုင် ကျောင်းသား …တယောက်က “ ခင်ဗျားကို အဆောင်မှူးဦးဌေးအောင်ကတွေ့ချင်လို့တဲ့” စားလက်စအဆုံးသတ်ပြီး အဆောင်မှူး  အခန်းကိုရောက်သွားတော့….အသင့်ပြင်ဆင်ထားခဲ့တဲ့ ထောက်ခံစာရ ထားလက်မှတ်တစောင်နဲ့အတူ ….၀မ်းနည်းပါတယ် တပည့်ရာ..အထက်အာဏာပိုင်ရဲ့ ညွှန်းကြားချက်အရ ကျောင်းတော်ကြီးကတော့ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီး …..အ၀တ်အစားသိမ်းပြီး မနက်ဖြန်မင်းပြန်တော့” တဲ့။

 

ဒီဇင်ဘာ (၁၄) ရက် …..တနသာင်္ရီ ရိုးမတောင်တန်းကြီး အစပြုရာ တောင်ညိုတောင်တန်းနှ ဘေးက ကော့ကရိတ် အဆောင် အခန်းနံပါတ် (၇၁) ကို နှုတ်ဆတ်ပြီး မြေနီလမ်းကလေးအတိုင်းကားဂိတ်ရှိရာကို  လှမ်းလာပါတော့တယ်၊ ကျောင်းဝင်းထဲကို တော့မ၀င် ဖြစ်တော့.. ချိုလွင်လွင်ရေစီးသံတွေနဲ့ ဂ၀ံသချောင်းရဲ့ လှပသာယာမှုကို နောက်ထပ်မမြင်ချင်တော့၊ ကံ့ကော်ပင်ရိပ် ရဲ့ အေးမြတဲ့အရိပ်ကို  မြင်ရင် …ရင်ထဲကနှလုံးသားတွေ ကြေကွဲမှာစိုးလို့၊ အထူးသဖြင့် သူငယ်ချင်းတွေဆုံဆည်းနေကျ လိုင်ဘရီလေးရဲ့ …ဆက်ဆက်ဆုံအုံးမယ် ….မှာစကားကို မကြားချင်တော့လို့ပါ။

 

ဒီလိုနဲ့…..ရာသီတွေလည်း ထပ်ပြောင်း…နှစ်တွေလည်း ထပ်ကြာလာတော့…ဒီမိုကရေစီဆို တာ…… “နိုင်ငံတိုင်းမှာ  ရှိနိုင်ကြတဲ့ အကြမ်းဖက်ပဋ္ဋိပက္ခဖြစ်လာမဲ့ အခြေအနေတွေကို ငြိမ်းချမ်းစွာ ဆွေးနွေးခွင့်၊ စေ့စပ်ညှိနှိုင်းမှုဖြင့် ဖြေရှင်းနိုင်အောင် ဒီမိုကရေစီက ဖန်တီးပေးလိုက်တာပါပဲ။ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ကြတဲ့ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုတွေ ပပျောက်အောင် ဒီမိုကရေစီက မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီဟာ ယဉ်ကျေးတဲ့ နိုင်ငံသားအဖွဲ့အစည်းတွေ ပေါ်ပေါက်စေပါတယ်။ ပြိုင်ဆိုင်သူ အချင်းချင်း ယဉ်ကျေးစွာ သည်းခံတဲ့ ဆက်ဆံရေးမျိုးကို ဒီမိုကရေစီက ဖြစ်ပေါ်စေပါတယ်။

 

အပိုင်း (၃ )ကို ဆက်လက်ဖော်ပြပေးပါမည်။

သာထွန်းမွန်

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views