အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်
(အမြင်အတိုအထွာ)

ဗညားဟံသာ
ဇွန် ၂၆၊ ၂၀၀၈
Print

ဇင်ဘာဗွေ သမ္မတ ရောဘတ် မူဂါဗီသည် အတိုက်ခံ  နိုင်ငံရေး ခေါင်းဆောင် မိုကင်ချမ်ဂါရီကို နည်းမျိုးစုံ ဖိနှိပ်ပြီး အသက် ကိုပါ အန္တရာယ်ပြုလာသည့်အတွက်ကြောင့် ယခုတစ်ပတ်တွင် ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင်က ဒခ်ျ(စ်) သံရုံးတွင် အသက်ခိုလှုံ ခွင့်တောင်းယူခဲ့ရသည်။ အတိုက်အခံ ပါတီဝင်များနှင့်ထောက်ခံသူများ လူဦးရေပေါင်း (၈၆) ဦး၊ အသတ်ခံ ရပြီး ဒီမိုကရေစီ တိုက်ပွဲဝင်လှုပ်ရှားသူ လူဦးရေပေါင်း ထောင်ပေါင်းများစွာ ရပ်ပြေး ၊ ရွာပြေးပြီး။ အသက်ခိုလှုံခွင့် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။ အမေရိကန်၊  ပြင်သစ်နှင့် ကုလသမဂ္ဂက လုံခြုံရေးကောင်စီက စစ်အာဏာရှင် သမ္မတ မူဂါဗီကို အကြမ်းဖက်မှု ရပ်တန်းပြီး တရားမျှတသော  ရွေးကောက်ပွဲနှင့် လွတ်လပ်သော ထပ်ဆင့်ခံ ရွေးကောက်ပွဲ ပြုလုပ်ရန် တိုက်တွန်း တောင်းဆိုခဲ့သည်။ အသက်(၈၄)နှစ် ပြည့်သော စစ်အာဏာရှင် သမ္မတ မူဂါဗီက မည်သည့် တိုက်တွန်းချက် တောင်းဆိုးချက်ကိုမှ မမှုဘဲ၊ ဂရုမစိုက်ဘဲ မျက်ကန်းပြုပြီး တစ်ဖက်သတ် ရွေးကောက်ပွဲ ဆက်သွားရန် ကြိုးပမ်းခဲ့သည်။

အတိုက်အခံ ခေါင်းဆောင် ချမ်ဂါရီက ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး သမ္မတမူဂါဗီကို အကြပ်ကိုင်ရန် ကမ္ဘာ့ ခေါင်းဆောင်များကို တိုက်တွန်း တောင်းဆိုလျှက်ရှိသည်။ ကျွန်ုပ်တို့ ဗမာ့စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇင်ဘာဗွေ သမ္မတ ရောဘတ် မူဂါဗီသည် စစ်အာဏာရှင်ချင်း အတူတူ  အာဏာတည်မြဲရေးနှင့် မိမိတို့၏ အပေါင်းအဖော် စစ်အာဏာရှင် အုပ်စု ဆက်လက် အသက်ရှင်ရေးနှင့် စီးပွားရေးအပြင် နိုင်ငံရေးကိစ္စ မှန်သမျှကို စစ်တပ်အင်အား သုံးပြီး တိုင်းပြည်ကို အုပ်ချုပ်ကြသည်။ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင်များနှင့် လှုပ်ရှားသူများသည် စစ်အာဏာရှင်ကို ဖြုတ်ချရာတွင်  အရေးကြီးသော သော့ချက်များ လိုအပ်သည်။ စစ်အာဏာရှင်တို့၏ ဒေါင့်တိုင်များ အသက်သွေးကြောများ အင်အားစုများကို မဖြိုခွဲနိုင်လျှင် စစ်အာဏာရှင်၏ အာဏာကို ဖြိုခွဲရန် မလွယ်ကူချေ။ စစ်အာဏာရှင်များ သည် မိမိတို့၏ အာဏာတည်မြဲရေးအတွက် လူရမ်းကာအုပ်စု၊ အသေခံအုပ်စု၊ ဖျက်စီးရေးအုပ်စုနှင့် စိတ်ဓါတ် စစ်ဆင်ရေးအုပ်စု စသော လူသတ်သမားအုပ်စုတွေ နှစ်ပေါင်းများစွာ မွေးမြူးထားခဲ့သည်။

ဒီမိုကရေစီတိုင်းပြည် ပေါ်ပေါက်ရေးအတွက် ခေတ်သစ် လူငယ်တို့၏ သွေးစည်းမှု စုပေါင်း ခေါင်းဆောင်ယူမှု၊ လူထုပူးပေါင်း ပါဝင်မှုကို ရယူပြီး ဒီမိုကရေစီ ခေါင်းဆောင်များအတွက် အကွက်မိမိ အချိန်တိတိကျကျဖြင့် တိုက်ပွဲဝင်ရန် အထူးပင် လို အပ်သည်။ ဇင်ဘာဗွေ နှင့် မြန်မာပြည် ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် စစ်အာဏာရှင်တို့၏ ဒေါင့်တိုင်များကို တစ်စစီ တစစီ ခုတ်ဖြုတ် ဖျက်စီးရေးသည် အဓိကကျသော တိုက်ပွဲတစ်ခုအဖြစ် ကျွန်ုပ်တို့  ပြင်ဆင်ရပေလိမ့်မယ်၊ စစ်အာဏာရှင် စနစ် ဖြုတ်ချရေး သည်  နိုင်ငံသားတိုင်း၏  တာဝန်ဖြစ်သည်။

ဗညားဟံသာ

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views