အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး
ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း
ဗညားဟံသာ
မေ ၂၈ ၊ ၂၀၀၈
Print

ဗမာ့အမျိုးသားရေးဝါဒီ၊ ဗမာ့အမျိုးသား နိုင်ငံရေးလမ်းစဉ်နှင့် ပြည်သူ့ကိုယ်စားပြုသောအစိုးရ (ဒီမိုကရေစီ) သဘောတရားကို ကျင့်သုံးဖော်ဆောင်သော နိုင်ငံတော်တစ်ရပ် တည်ဆောက်ခြင်းသည် ခက်ခဲသော နိုင်ငံရေးအကွေ့အပြောင်းအဖြစ် နှစ်ပေါင်း(၂၀)နီးပါးမျှ ကျွန်ုပ်တို့မျက်မြင်ကိုယ်တွေ့ တွေ့ကြုံလာခဲ့ ပေသည်။ အမျိုးသားရေးမူဝါဒ လမ်းစဉ်ကို ဦးဆောင်ပြုသော မဆလအစိုးရ (ဦးနေဝင်း ဦးဆောင်သော ဆိုရှယ်လစ်အစိုးရ) နှင့် စစ်ရေးလမ်းစဉ်ကို ဦးဆောင်ပြုပြီး (ဗိုလ်ချုပ်မှူကြီး သန်းရွှေ) ဦးဆောင်သော နအဖအစိုးရ နှစ်ရပ်သည် ပြည်သူ့ကို ကိုယ်စားပြုပြီး တရားမျှတသော နိုင်ငံတော်တစ်ရပ်တည်ဆောင်ရန် ကင်းကွာလာခဲ့သည်။ ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားသည် ရှုပ်ထွေးပွေလီသော နိုင်ငံရေးအကွေ့အပြောင်းအဖြစ် ကမ္ဘာ့မျက်မြင်သက်သေအထောက်အထားများအရ ကျွန်ုပ်တို့ တွေ့မြင်ခဲ့ သည်။

မေလ ၁၀ ရက်နေ့ ပြည်သူ့ဆန္ဒခံယူပွဲနှင့် နအဖ၏တာဝန်မဲ့သော သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်မှုကြောင့် မေလအတောအတွင်း မြန်မာပြည်၏နိုင်ငံရေးအကွေ့အပြောင်းသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မြန်မာပြည်ကို အရေးပေါ်ခရီးအဖြစ် မေလ ဒုတိယအပတ်တွင် နအဖဝန်ကြီးများနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုပါ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ သို့သော် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က နိုင်ငံရေးကိစ္စနှင့် မြန်မာပြည်နိုင်ငံရေးပြဿနာကို လူသိရှင်ကြား ဖော်ထုတ်မပြုခဲ့သောနအဖနှင့်  ဗမာ့အမျိုးသားရေဝါဒကို နိုင်ငံတကာခေါင်းဆောင်များက သဘောပေါက်ဟန် မပြသခဲ့ချေ။ ဆိုင်ကလုံမုန်တိုင်းကြောင့် လူဦးရေပေါင်းတသိန်းနီးပါး သေကြေ ပျောက်ဆုံးခဲ့သည်ကို နအဖစစ်တပ်မှ ဝန်ကြီးများက တာဝန်မဲ့ခဲ့သည်။

မေလ ၁၀ ရက်နေ့ ပြည်သူ့ဆန္ဒခံယူပွဲသည် မြန်မာပြည်၏ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို လက်တွေ့ကျကျတွင် အထောက်အကူမပြုပဲ ပို၍သာ အဟန့်အတားအနှောင့်အယှက်အတားအဆီးအပြင် တိုင်းပြည်၏အေးချမ်းသာယာရေးကိုပါ အန္တရာယ်ပြုခဲ့သည်။ ဘာကြောင့်နည်း။

- မေလ ၁၀ ရက်နေ့ ပြည်သူ့ဆန္ဒခံယူပွဲနေ့တွင် မြန်မာပြည်သား သန်းပေါင်းများစွာက အခြိမ်းအခြောက် ခံရပြီး တိုင်းပြည်နှင့်ပြည်သူပြည်သား နိုင်ငံသားတွေအပေါ် နအဖစစ်တပ်ခေါင်းဆောင်များက တာဝန်မဲ့စွာ အာဏာ အတင်းအကြပ်နှင့် အကြပ်ကိုင်ပြီး မဲလိမ်နှင့်အဖြူမဲဖြစ်အောင် ဖန်တီးခဲ့ခြင်း။

- မေလ ၁၀ ရက်နေ့တွင် တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တိုင်းရင်းသားတော်လှန်ရေး စစ်တပ်နှင့် ခေါင်းဆောင်များသည် မည်သည့်နည်းနှင့်မျှ ပါဝင်ခွင့်၊ မိမိတို့တိုင်းရင်းသားဒေသများတွင် ပြည်သူ့ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ အမှားအမှန် အကောင်းအဆိုးတွေကို လူသိရှင်ကြား ဆွေးနွေးတိုင်ပင်ခွင့် မရှိပဲ ချန်လှပ်ခံခဲ့ရခြင်း။

- မေလ ၁၀ ရက်နေ့တွင် နယ်စပ်ဒေသနှင့် ပြည်ပရောက်မြန်မာနိုင်ငံသား သန်းပေါင်းများစွာက မိမိတို့ မဲပေးပိုင်ခွင့်နှင့် တရားဝင်မဲပေးခွင့်လျှောက်လွှာကို တင်ပြခွင့်မရှိပဲ နိုင်ငံသားအဖြစ်မှ ချန်လှပ်ထားခြင်း ခံခဲ့ရပြီး နိုင်ငံသားတို့၏အခြေခံအခွင့်အရေး (မူလအခွင့်အရေး)ကို နအဖက ဖျက်သိမ်းခဲ့ခြင်း။

- မေလ ၁၀ ရက်နေ့တွင် အသက်အန္တရာယ်ကျရောက်ခဲ့သော နိုင်ငံသားများသည် မိမိတို့ သေရေးရှင်ရေး ကိစ္စကို ဖြေရှင်ခွင့်အချိန်မရှိပဲ မေလ ၂၄ ရက်နေ့တွင် တဖန် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန် တာဝန်မဲ့စွာ ဆုံးဖြတ်ခဲ့ခြင်း စသော အချက်အလက်များကို ထောက်ရှုခြင်းအားဖြင့် နအဖစစ်တပ်မှ စစ်ဝန်ကြီးများသည် ဗမာ့အမျိုးသားရေးမူဝါဒကို အကြွင်းမဲ့ ကျင့်သုံးလျှက်ရှိခြင်းကို ကျွန်ုပ်တို့မျက်မြင်ကိုယ်တွေ့ သက်သေများ ပင် ဖြစ်ခဲ့သည်။

- ဒီမိုကရေစီ သဘောတရား ပြည်သူနှင့်နိုင်ငံသားကို ကိုယ်စားပြုသောအစိုးရနှင့် လွတ်လပ်မှု၊ တရားမျှတမှု နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးထိပ်ဦးရွက်ပြုသော ဒီမိုကရေစီ နိုင်ငံတော်ကြီးများသည် လူအုပ်စုတစ်ဖွဲ့၊ ပါတီတစ်ပါတီနှင့် အမျိုးသားရေး (လူမျိုးရေး)တစ်ခုကိုသာ အကျိုးစီးပွားမပြုပဲ နိုင်ငံသားတိုင်း တိုင်းပြည် တစ်ခုတွင် အသက်ရှင်နေထိုင်သူတိုင်း၏ အကျိုးစီးပွားကို အကာအကွယ်ပြုသည်။

- စစ်တပ်မှ စစ်ဘက်ဆိုင်ရာဝန်ထမ်းများ၊ ကိုယ့်အမျိုးကို ထိပ်တန်းတင်ပြီး စစ်တပ်နှင့်ပူးပေါင်းပြီး တိုင်းပြည် ပျက်စီးအောင် နိုင်ငံသားအချင်းချင်း မုန်းတီးရေးပြန့်ပွားရေး၊ လူမျိုးစုအချင်းချင်း ပဋိပက္ခဖြစ်အောင် စွမ်းအားရှင်အဖွဲ့(လက်သတ်သားအဖွဲ့)တွေက အသိညာဏ်ကင်းမဲ့စွာ ပြုမူနေမူတို့ကြောင့် ကျွန်ုပ်တို့ မြန်မာပြည် နိုင်ငံသားတိုင်းက မေလ ၁၀ ရက် ပြည်သူ့ဆန္ဒခံယူပွဲတွင် ငရဲခရီးတဖန် ကျရောက်ခဲ့သည်။

- စစ်တပ်မှ တိုင်းပြည်ဘဏ္ဍာ မတရားသော အကောက်အခွန်ကို ယူပြီး နိုင်ငံသားတိုင်း၏ဖူလုံမှု၊ အသက် အိုးအိမ်လုံခြုံမှုကို မျက်ကွယ်ပြုခြင်းနှင့် အောက်တန်းကျသော စိတ်ဓါတ်၊ သေးသိမ်းသော နိုင်ငံရေး အသိတရားနှင့်  ကောက်ကျစ်စဉ်းလဲသော နိုင်ငံရေးညံ့ဖျင်းမှုကြောင့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ကျွန်ုပ်တို့မြန်မာပြည်ကို စီးပွားရေးသွေးစုတ်၊ နိုင်ငံရေးခေါင်းစုပ်မှု ပြုလာခဲ့သည်။

နိုင်ငံသားတိုင်း၊ လူမျိုးစုတိုင်း တရားမျှတစွာ၊ အေးချမ်းစွာ တန်းတူညီမျှစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ဗမာ့အမျိုးသားရေးဝါဒနှင့်အတူ တိုင်းရင်းသားတိုင်း၏ (အစွန်းရောက်သော) အမျိုးသားရေးဝါဒကိုပါ တိုးတက်မြင့်မားသော ဒီမိုကရေစီသဘောတရားကို ဖော်ဆောင်သောတိုင်းပြည်တိုးတက်ရေးနှင့် တန်းတူရေးကို အခြေခံပြုသော နိုင်ငံရေးအဆောက်အအုံ (အသစ်) တည်ဆောက်ရန် အလွန် အရေးကြီး သည်။

ကျွန်ုပ်တို့တွေ့ကြုံနေရသော သဘာဝ ဘေးအန္တရာယ်နှင့် စီးပွားရေးပျက်စီးမှု၊ ကျဆင်းမှု၊ ပညာရေး နိမ့်ကျမှုနှင့် ရောဂါထူပြောမှုအပြင် အစာအာဟာရ ပြတ်တောက်မှု၊ ငတ်မွတ်မှု စသော အခြေခံလူမှုဖူလုံရေး ကိစ္စအဝဝကို ရင်ဆိုင်ရန်အတွက် ကျွန်ုပ်တို့မြန်မာပြည် (တိုင်းရင်းသားပြည်)များတွင် ဖြောင့်မတ် ရိုးသားသော နိုင်ငံရေးအစဉ်အလာနှင့် အချင်းချင်း လေးစားမှုပြုသော နိုင်ငံရေးဦးဆောင်မှု၊ ပြည်ထောင်စု တည်တန့်မှုနှင့် နိုင်ငံသားတိုင်း၊ တိုင်းရင်းသားတိုင်းသည် မိမိတို့ယုံကြည်သော၊ ထောက်ခံသော နိုင်ငံရေး ခေါင်းဆောင်များကို လက်တွေ့ကျကျ ရွေးကောက်တင်မြောက်နိုင်ရန် နအဖနှင့် နိုင်ငံရေးခေါင်းဆောင် (အားလုံး)တွင် တာဝန်ရှိသည်။

မေလ ဆန္ဒခံယူပွဲနှင့် သက္ကရာဇ် ၂၀၁၀ ပြည်လုံကျွတ်ရွေးကောက်ပွဲသည် ကျွန်ုပ်တို့တိုင်းပြည်ကို နိုင်ငံရေးအရ ဘာမျှ အကျိုးသက်ရောက်မှု မရှိချေ။ ကျွန်ုပ်တို့နိုင်ငံသားတိုင်းက အစိုးရမှ (နအဖစစ်တပ်မှ) မတရားသောအမိန့်၊ မမျှတသောနိုင်ငံရေးအာဏာနှင့် နိုင်ငံသားတိုင်းကို အကျိုးစီးပွားမပေးသော အောက် အလယ် အထက် စစ်အာဏာမှန်တမျှကို မိမိတို့အသိတရားဖြစ်စေ၊ နိုင်ငံရေးပါတီဖြစ်စေ၊ လူငယ် ဦးဆောင်သော အထွေထွေသပိတ်ဖြစ်စေ အသံတိတ်၊ အသံထွက် စသောသပိတ်မှောက်ပြုလျှင် စစ်တပ်က မိမိတို့အမှားနှင့်မိမိတို့နိုင်ငံရေးထွက်ရပ်ပေါက်ကို ချိန်ခွင်လျှာညှိရန် လမ်းပွင့်ပေမည်။ သို့သော် အမျိုးသားရေးဝါဒသည် နိုင်ငံသားတိုင်းနှင့် တိုင်းရင်းသားတိုင်းတွင် ဒီမိုကရေစီ၏အသက်သွေးကြောနှင့် ဆက်စပ်မှု၊ ကင်းကွာမှု ရှိမရှိကို စမ်းသပ်လေ့လာရန် အလေးအနက် အချိန်ယူသင့်ပေသည်။

 


ဗညားဟံသာ
(၂၈၊ ၅၊ ၂၀၀၈

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views