အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး


ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


မင်းကာန်စီ
နိုဝင်ဘာ ၂၆၊ ၂၀၀၈။


ထိုင်းစစ်တပ် အာဏာသိမ်းပြီးနောက် ရေးဆွဲထားသော၂၀၀၇ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရန် လက်ရှိ အာဏာရ ပြည်သူ့အင်အားပါတီ(ပီပီပီ)၏ ကြိုးပမ်းချက်ကို တားမြစ်သည့်အနေနှင့် ထိုင်းပြည်သူ့ မဟာမိတ်ဒီမိုကရေစီအဖွဲ့က နိုဝင်ဘာလ၂၃ ရက်နေ့တွင် ထိုင်းလွှတ်တော်ရုံးကို ဝိုင်းရံပိတ်လိုက်သည်။

၂၀၀၇ ခုနှစ် ဥပဒေဟာ လာဘ်ပေးလာဘ်ယူနှင့် မဲလိမ်မဲဝယ်မှု စွပ်စွဲချက်ဖြင့် တပ်ဆင် ဦးဆောင်သော ထိုင်းရက်ထိုင်းပါတီ ဖျက်သိမ်းခံရခြင်းနှင့် ပါတီအဖွဲ့ဝင်များ နိုင်ငံရေးလုပ်ပိုင်ခွင့် တားမြစ်ခံရခြင်းကို အကျိုးသက်ရောက်စေခဲ့သည်။ ထို့အပြင် ဘုရင်စနစ် နှင့် ဘုရင်၏ အတိုင်ပင်ခံအမတ်များ၏ လုပ်ပိုင်ခွင့်အာဏာကို ကျယ်ပြန့်စွာ တိုးချဲ့ထားပါသည်။ အကယ်၍ ယင်းဥပဒေကို အထက် လွှတ်တော်နှင့် အောက်လွှတ်တော် အမတ်များ၏ မဲအများစုဖြင့် ပြင်ဆင်ခွင့်ရရင် ဝန်ကြီးချုပ်ဟောင်း တပ်ဆင် ထိုင်းနိုင်ငံ ပြန်လာနိုင်ခြင်း နှင့် နိုင်ငံရေးလုပ်ပိုင်ခွင့် ပိတ်ပင်ခံထားရသောသူ၏ ပါတီဝင်များကို နိုင်ငံရေး ပြန်လည် လုပ်ပိုင်ခွင့်ရခြင်း၏ အကျိုးများ သက်ရောက်မှာ ဖြစ်ပါသည်။ ထို့ကြောင့် ယင်းဥပဒေ ပြင်ဆင်ချက်ကို လုံးဝ မပြုလုပ်နိုင်ရေးအတွက် ပီအေဒီအဖွဲ့ ဦးဆောင်ပြီး ဆန့်ကျင် ဆန္ဒပြခြင်း ဖြစ်ပါသည်။


ထိုင်းလွှတ်တော်ရုံးကို ပီအေဒီအဖွဲ့တွေ ပိတ်ပင်ထားသဖြင့် လွှတ်တော် အစည်းအဝေးကို ဖျက်သိမ်းလိုက်ရသည်။ နောက်တစ်ခါ ဒွန်မိန်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယာယီ အစိုးရဂေဟာ စိုက်ထားသော နေရာမှာ လွှတ်တော်များ အစည်းအဝေးလုပ်ရန် ကြိုးစားသေးသည်။ ပီအေဒီအဖွဲ့က သတင်းရလျှင် ရချင်း သွားရောက် ပိတ်ပင်လိုက်ပြန်သည်။ နောက်ဆုံးတစ်ခေါက်က ထိုင်းစစ်တပ်ဗဟိုဌာနချုပ်မှာ လွှတ်တော်အမတ်များ အစည်းအဝေးလုပ်ရန် ကြိုးစားပြန်သော်လည်း ပီအေဒီအဖွဲ့တွေ သွားရောက် ပိတ်ပင်ထားပြန်သဖြင့် အစည်းအဝေးကို ချက်ချင်း ဖျက်သိမ်းလိုက်ရပြန်သည်။ ပီအေဒီအဖွဲ့၏ လှုပ်ရှားမှုများကို အစိုးရ လိုလားသော အင်္ကျီအနီ အုပ်စုက နှောက်ယှက်ခြင်း၊ ခဲနှင့်ပေါက်ခြင်း၊ တုတ်နှင့် ရိုက်ခြင်း၊ လက်နက်၊ လက်ပစ်ဗုံးများနှင့် တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။

လက်ရှိ ဝန်ကြီးချုပ် ဆွန်းချိုင်း ဝေါင်စဝွပ် နှုတ်ထွက်ရေး၊ ဥပဒေပြင်ဆင်ချက်ဆန့်ကျင်ရေး နှင့် နိုင်ငံရေး စနစ်သစ်တစ်ခု ဖန်းတီးရေး လှုပ်ရှားမှုများ အရှိန်ပြင်းနေတဲ့အချိန်မှာ ဝန်ကြီးချုပ် ဆွန်းချိုင်းက ပီရူးနိုင်ငံတွင် ပြုလုပ်နေသော အေပက် ထိပ်သီးအစည်းအဝေးကို တက်ရောက်နေပါသည်။ တစ်ချိန်တည်းမှာပင် ဒီနေ့ ဗုဒ္ဓဟူးနေ့ ညနေ (၁) နာရီ လောက်တွင် ဝန်ကြီးချုပ်က သုဝဏ္ဏဘူမိလေဆိပ်မှာ ပြန်လာဆင်းရောက်မယ်လို့ သတင်းရရှိထားသဖြင့် သောင်းနှင့်ချီသော ပီအေဒီအဖွဲ့တွေက သွားရောက် ပိတ်ပင်ထားပြန်သည်။

ထိုကဲ့သို့ ပိတ်ပင်ထားသည်ကို မကျေနပ်သော အစိုးရလိုလားသူများက ဗုံးနှင့် ပစ်ခဲ့ရာ ဗုံးလေလုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါသည်။ ဒဏ်ရာရ ရရှိသူပေါင်း (၁၆)ယောက် ရှိသွားပြီး ဖြစ်ပါသည်။ သုဝဏ္ဏဘူမိ လေဆိပ်၏ ထွက်ပေါက်အားလုံးကို ပီအေဒီ အဖွဲ့များ ပိတ်ပင်ထားသဖြင့် လေယာဉ်များ ပျံသန်းဆင်းသက်မှုများကိုလည်း လုံးဝ ရပ်စဲလိုက်ရပြီး ဖြစ်ပါသည်။ ပီအေဒီအဖွဲ့အနေဖြင့် ဝန်ကြီးချုပ် ဆွန်းချိုင်း နှုတ်မထွက်မချင်း လေဆိပ်ကနေ ထွက်ခွာမည် မဟုတ်ဘူးလို့ ကြေညာထားပါသည်။ အစိုးရဆန့်ကျင်သူများနှင့် ထောက်ခံသူများအကြား အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပွားရန် ထိုင်းရဲ နှင့် စစ်တပ်များက အနီးကပ် စောင့်နေပါသည်။

ထိုင်းစစ်တပ်က ဘက်မလိုက် ရပ်တည်သွားမယ်လို့ ပြောဆိုနေပေမဲ့ အစိုးရဘက်မှာ ရပ်တည်နေပါသည်။ ထိုင်းရဲတပ်ဖွဲ့ အများစုက အစိုးရဘက်မှာ လုံးဝ ရပ်တည်နေဆဲပါ။ ဒါပေမဲ့ အလတ်တန်း လူတန်းစား ထိုင်းပြည်သူလူထု နှင့် ထိုင်းလေတပ်ဖွဲ့တို့က ပီအေဒီ အဖွဲ.ကို ထောက်ခံနေပါသည်။ ဒါပေမဲ့ ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တွေက အကြမ်းဖက်မှု လုပ်လာမယ့် လက္ခဏာ လုံးဝ မတွေ့သေးပါ။ အောက်တိုဘာလ (၇) ရက်နေ့တုန်းက ထိုင်းရဲတွေ အကြမ်းဖက် နှိမ်နှင်းခဲ့မှုကြောင့် လူနှစ်ဦး သေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သဖြင့် ထိုင်း မိဘုရား အပါအဝင် ထိုင်းပြည်သူလူထု အများစုက လက်မခံနိုင်ဘဲ ရှုတ်ချသံများ ထွက်ပေါ်ခဲ့ပါသည်။

ဘာဘဲဖြစ်ဖြစ် ပီအေဒီ ၏ နောက်ဆုံးတိုက်ပွဲဟာ စစ်တပ်က အာဏာသိမ်းမှု လုံးဝ ပြုလုပ်မှာ မဟုတ်ဘူး လို့ ထိုင်း စစ်တပ် ဦးစီးချုပ် အနုဖေါင်း ဖောစိဒါ က ထပ်တလဲလဲ ကတိပေးနေခြင်း၊ ဝန်ကြီးချုပ်ကလဲ လုံးဝ နှုတ်ထွက်မှာ မဟုတ်ဘူး လို့ တင်းတင်းမာမာ ပြောဆိုနေခြင်းကြောင့် အောင်မြင်နိုင်မည့် အနေအထား ခဲယဉ်းနေဆဲ ဖြစ်ပြီး နောက်ဆုံးရောက်မည့် နောက်ဆုံးတိုက်ပွဲသာ ဖြစ်နိုင်ပါတော့သည်။

မင်းကာန်စီ



Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views