အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး
တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း
ဗညားဟံသာ
မတ် ၁၈ ၊ ၂၀၀၈
Print

စစ်အာဏာရှင် (ယနေ့လက်ရှိ) မြန်မာ့တပ်မတော်က တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များနှင့် ဒီမိုကရေစီ ခေါင်းဆောင်များအပေါ် နှစ်ပေါင်းများစွာ စိတ်ဓါတ်စစ်ဆင်ရေး ကျင့်သုံးလာခဲ့သည်။ စိတ်ဓါတ်စစ်ဆင်ရေးသည် စစ်ရေးနှင့်နိုင်ငံရေး တိုက်ပွဲတလျှောက်တွင် အာဏာရှင်တိုင်း အတွင်းကျကျ အနက်ကျေကျေ ကိုင်ဆောင်လာသော တိုက်ပွဲသဏ္ဍာန်ဖြစ်သည်။ ကျွန်ုပ်တို့ခေတ် စစ်အာဏာရှင်များသည် စိတ်ဓါတ်စစ်ဆင်ရေးကို နည်းပေါင်းများစွာ ပရိယာယ်ပေါင်းများစွာနှင့် မြန်မာပြည်နိုင်ငံရေးသမိုင်း တလျှောက်တွင် ကျင့်သုံးလာခဲ့သည်။ ယနေ့လက်ရှိ တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စိတ်ဓါတ်စစ်ဆင်ရေးကို ကျွမ်းကျင်သူဖြစ်ပြီး လက်တွေ့တွင်လည်း အကောင်အထည်ဖော်လျှက်ရှိသည်ဟု ပြည်ပသတင်းစာဆရာကြီးတို့က နိုင်ငံတကာ သတင်းစာများတွင် ရေးသားခဲ့ကြသည်။ ထိုကြောင့် နအဖ၏ စိတ်ဓါတ်စစ်ဆင်ရေးကို ပြန်လည်ကောက်ချက်ချလေ့လာရန် အောက်ပါအချက်အလက်များကို ထောက်ပြပါ မည်။

 

၁။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်း၊ ဒလမြို့နယ်နှင့်ဧရာဝတီတိုင်း ခရီးထွက်စဉ် လယ်မြေ တောတွင် ပိတ်ပင်တားမြစ်ပိတ်ဆို့ထားခဲ့ခြင်း၊ ဒီပဲယင်းခရီးစဉ် လုပ်ကြံသတ်ဖြတ်ရန် ခြိမ်းခြောက်ခဲ့ခြင်း၊ ဒေါ်စု၏ပါတီထိပ်တန်း ခေါင်းဆောင်များကို ဆက်လက် ဖမ်းဆီးထောင်ချခြင်း၊ NLD ပါတီဝင် အဖွဲ့ဝင်များကို ခြိမ်းခြောက်ရိုက်နှက်ခြင်း၊ ပါတီဝင်တို့၏မိသားစု အတွင်းရေနှင့် ဖူလုံရေးကို အခက်အခဲပြုခဲ့ခြင်း၊ ပါတီ့အတွင်းရေး ကွဲပြားရန် တိုက်ပေးခြင်း စသော လုပ်ရပ်များသည် စိတ်ဓါတ်စစ်ဆင်ရေးကို အခြေခံပြီး နအဖ က လက်တွေ့ကျကျ လုပ်ဆောင်လာခဲ့သည်။

 

၂။ ပြည်ပရောက် ရှမ်းအမျိုးသားများက အဝေးရောက် ရှမ်းပြည်အစိုးရ ဖွဲ့စည်းလိုက်ကြောင်း ကြေညာပြီး နောက် ပြည်တွင်းရှိ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များကို အကွက်ဆင်ပြီး ခွန်ထွန်းဦး ဦးဆောင်သော ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို “နိုင်ငံတော်ဖြိုကွဲမှု” စွပ်စွဲချက်ဖြင့် သေဒဏ်နှင့် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ရန် နအဖ ကြိုးစားအကွက်ချလာခဲ့သည်။

 

၃။ မွန်ပြည်သစ်ပါတီက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူပြီးနောက် ပြည်တွင်းရှိ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မွန်နိုင်ငံရေးအင်အားစုများကို စုစည်းနိုင်ရေးအတွက် ပြည်တွင်းစည်းရုံးရေးမှူး တာဝန်ခံ နိုင်ယက္ခ (ခ) မင်းနေဝင်း ကို တာဝန်ပေးခဲ့ပြီးနောက် မွန်ပြည်နယ်တလျှောက်တွင် မွန်အမျိုးသားလှုပ်ရှားမှု အားသွင်ခွန်စိုက်လာခဲ့ကြသည်။ နွေစာပေ သင်တန်းကျောင်း တိုးတက်လာခြင်း၊ လူငယ်အဖွဲ့အစည်းများ တိုးတက်လာပြီး အမျိုးသားညီညွတ်ရေး တည်ဆောက်လာခဲ့ခြင်း၊ မွန်စီးပွားရေး နှင့်အသိပညာရှင်များ ပံ့ပိုးမှုကြောင့် မော်လမြိုင်၊ ပဲခူးမြို့ကြီးပေါ်တွင် မွန်အမျိုးသားနေ့ကို ရွာအသီးသီးတွင် ကျင်းပလာနိုင်ခဲ့ခြင်း စသောတိုးတက်မှုကို ထောက်ရှုပြီး နအဖက ပြည်တွင်းရှိ မွန်အမျိုးသားခေါင်းဆောင် များနှင့် တိုးတက်လာသော မွန်အမျိုးသားထုကို ဖြိုချရန် လူငယ်ခေါင်းဆောင် နိုင်ယက္ခကို “နိုင်ငံတော် ပုန်ကန်မှု” နှင့် ထောင်ဒဏ်ချမှတ်ခဲ့သည်။ ဤအကွက်ဆင်မှုကြောင့် မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များ ခြိမ်းခြောက်ခံရပြီး အကြောက်စိတ် ရိုက်သွင်းလာခဲ့သည်။

 

၎။ ယခု လောလောလတ်လတ်တွင် စစ်တပ်အင်အား ကောင်းမွန်ပြီး ပြည်ပရေးရာတွင်လည်း သြဇာရှိသော ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များကို ဖြိုခွဲရန် အစီအစဉ် ရှိသည်အားလျော်စွာ ကရင်အမျိုးသားသွေးကွဲရေးနှင့် တပ်ဖြိုခွဲရေး အကွက်ဆင်ရာတွင် ဒီကေဘီအေအဖွဲ့များကို အာဏာ တပ်ဆင်၊ လက်နက်တပ်ဆင်ပေးခဲ့ခြင်း၊ နယ်စပ် ကရင်ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ကရင်လူမျိုးစုအချင်းချင်း အဆုံးသတ်ပြီး ပြိုကွဲရန် ရန်ထောင်လာခဲ့ခြင်းကြောင့် နောက်ဆုံးပွဲ KNU အထွေထွေအတွင်းရေးမှူးချုပ် ဗဒိုမန်းရှာ လာဖန်းကို မသမာသူက လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဤလုပ်ကြံမှု သည် ကရင်အမျိုးသားအစည်းအရုံးက နအဖသည် တာဝန်မကင်းကြောင်း ယုံကြည်ယူဆခဲ့သည်။

 

အထက်ပါအချက်အလက်များကို ထောက်ပြပြီး နအဖက တိုင်းရင်းသားခေါင်းဆောင်များအပေါ်နှင့် ပြည်တွင်းရှိ NLD ခေါင်းဆောင်များအပေါ် အကွက်ဆင်ချပြီး စိတ်ဓါတ်စစ်ဆင်ရေး ကျင့်သုံးလာခဲ့သည်။

 

ထို့ကြောင့် NLD နှင့် တိုင်းရင်းသားခေါင်းဆောင်များက နအဖနှင့် ၎င်း၏အပေါင်းအပါများအပေါ် လိုအပ်သော စိတ်ဓါတ် စစ်ဆင်ရေးနှင့် ထိရောက်သော အတွင်းကြေ တပ်မတော်၏ အားနည်းချက်အပေါ် အခွင့်ကောင်းယူပြီး ၎င်းတို့အပေါ် စိတ်ဓါတ်စစ်ဆင်ရေး လမ်းစဉ်ကျင့်သုံးရန် အထူးပင် လိုအပ်ပေသည်။


ဗညားဟံသာ
(၁၈၊ ၃ ၊ ၂၀၀၈

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views