အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ဘယ်သူ့လက်ချက်လဲ

မင်းသက်အောင်
စက်တင်ဘာ ၂၆၊ ၂၀၀၈။


ယခုတလောမှာ မကြာခဏဆိုသလို ဗုံးပေါက်ကွဲ၊ ဗုံးရှာတွေ့သည့် ဖြစ်ရပ်များစွာ ကြားသိရပါသည်၊ သို့သော် ဘယ်သူ့လက်ချက်လဲ ဆိုတာ ဘယ်သူကမှ ဝန်မခံကြပါ၊ သရဲဘော ကြောင်တယ်လို့ပဲ ဆိုလိုရပါတယ်။

ယမန်နေ့ နံနက် ၁၀:၄၀ ခန့်က မဟာဗန္ဓုလ ပန်းခြံမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူ ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်၊ နောက်ထပ် မပေါက်မကွဲသေးတဲ့ဗုံးတစ်လုံး ကက်ဆက်ထဲမှာ ဖန်တီးပြီး ထည့်ထားတာ လက်မတင်လေး စနက်တံပြုတ်နိုင်ခဲ့တာ အင်မတန် တော်တဲ့အစိုးရ လုံခြုံရေးအုပ်စုတွေပါပဲ။

ဒီဖြစ်ရပ်တွေ ပေါ်လာတိုင်း အစိုးရက အတိုက်အခံအုပ်စုတွေကိုပဲ လက်ညှိုးထိုး၊ အတင်းအပုပ် ချလေ့ရှိပါတယ်၊ အဲဒီလို အပုပ်ချလို့ရအောင် အင်အားမရှိတော့တဲ့ "ခြံခုန်" သမားတွေကို အတင်း ထုထောင်းရိုက်နှက်ပြီး မဟုတ်သော်ရှိလည်း ဝန်ခံခိုင်းတဲ့ ထုံးစံ အစိုးရရဲ့ အောက်ခြေမှာ လှုပ်ရှာနေရတဲ့ စရဖ၊ စသုံးလုံး၊ အထူးသတင်းတပ်ဖွဲ့၊ ရဲ၊ နယ်မြေခံ တပ်နယ်မှူးရုံးတို့က ဇာတ်လမ်းတွေ အများကြီး ရှိခဲ့ပါတယ်။

မဟာဗန္ဓုလပန်းခြံ ရှေ့က မော်တော်ကားဂိတ်ဟာ အမြဲတမ်းလိုလို လူစည်ကားလေ့ရှိပါတယ်၊ ရန်ကုန်မြို့တော်ခန်းမ ရှေ့က ဆိုတော့ လုံခြုံရေးကိစ္စရေးရာမှာ ပြောမရာ မလိုပါ၊ အပ်တစ်ချောင်းတောင် ပစ်လို့မရတဲ့နေရာမျိုးပါ။

လွန်ခဲ့တဲ့ တနင်္လာနေ့က ၄၆ လမ်း နဲ့အနီးတဝိုက် "ဇဝန" နဲ့ စီးတီးမတ် ဆိုင်တွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လှုပ်ရှားမှုတစ်မျိုး ဖန်တီးခဲ့တာကို သတိပြုမိခဲ့မှာပါ၊ ဗုံးဝှက်တဲ့အုပ်စုနဲ့ ဗုံးရှာတဲ့အုပ်စုတွေ ဆိုပြီး ဗုံး "တူးတူးပုန်း" လုပ်တမ်း ကစားကြတယ်၊ ပြည်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

ဆိုလိုချင်တာက မြန်မာပြည်က အစိုးရထောက်လှန်းရေး ဆိုတာ အင်မတန် တော်ရှာကြပါတယ်၊ အဲဒါကြောင့် သွားလေရှာသူ ဗိုလ်ချုပ်ကြီးတင်ဦး ဆိုသလို ဗုံးဒဏ်က သီသီကလေး လွတ်ခဲ့ပြီး နောက်ဆုံးက "တရုပ်လှရွာ" အနီး ရဟတ်ယာဉ်နဲ့ ဇာတ်သိမ်းခဲ့တဲ့အဖြစ် တိုင်းပြည်ကို မတင်ပြနိုင်ခဲ့ပါဘူး။

ဗိုလ်ခင်ညွန့်တို့အုပ်စုကို ဖြုတ်ထုတ်ချလုပ်ခဲ့ပြီးနောက်ပိုင်း ၂၀၀၅ မေလ ရန်ကုန်မြို့ စီးတီးမတ် သုံးနေရာမှာ တပြိုင်ထဲဆိုသလို ဖောက်ခဲ့တဲ့ဗုံးလက်သည် ဘယ်သူဆိုတာ မယ်မယ်ရရ ပြည်သူတွေ မသိရပါဘူး၊ အစိုးရ ထောက်လှန်းရေး တချို့တွေ သိကြမှာပါ၊ ဒါပေမဲ့ သတင်းစာမှာ ထုတ်ပြန်ယင်တော့ KNU, ABSDF နဲ့တခြား အကြမ်းဖက်အုပ်စု လက်ချက် လို့ ဇွတ်အတင်း စွပ်စွဲနေတာပါဘဲ။

ဗိုလ်ခင်ညွန့်ရဲ့ နောက်လိုက်တွေ ကန့်လန့်ကာ နောက်ကွယ်မှာ အိပ်ပြီး မနေကြဘူးဆိုတာ သတိပြုပါလိမ့်မယ်၊ အဆင့်မြင့် ထောက်လှန်းရေး နည်းပညာတွေနဲ့ ပစ္စည်း ကိရိယာတွေ သူတို့လက်မှာ ပိုင်ဆိုင်ခဲ့တာကို နားလည် ရပါလိမ့်မယ်၊ နိုင်ငံတော်က သတ်မှတ်ပေးထားတဲ့ဘတ်ဂျက်နဲ့ မဆိုင်တဲ့ စစ်ထောက်လှန်းရေးအုပ်စုရဲ့ သီးသန့် ရံပုံငွေ အများအပြား ရှိနေသေးတယ် ဆိုတာ မမေ့သင့်ပါဘူး။

မနှစ်က စခဲ့တဲ့ သံဃာတော်တွေရဲ စက်တင်ဘာ အရေးအခင်း နှစ်ပတ်လည်ပြည့်မြောက်တဲ့ကာလမှာ ပြည်သူတွေ အာရုံ မစိုက်မိအောင် "ဝုန်း" ကနဲ ဗုံခွဲပစ်တဲ့ လက်သည် တရားခံ ဘယ်မှာလဲ ဆိုတာ တောကြိုတောင်ကြားမှာ ငတ်ငတ်ပြတ်ပြတ်နဲ့ လှုပ်ရှားနေရတဲ့ တော်လှန်းရေး အဖွဲ့အစည်းတွေကို လက်ညှိုး ထိုးမနေပါနဲ့၊ မြို့တော်ခန်းမကို ဗုံးဖောက်ခွဲနိုင်ယင် သိန်းတရာပေးမဲ့ငွေ ဘယ်သူတွေဆီမှာ ရှိနိုင်မလဲ၊ လုံခြုံရေး အစီအမံ အထပ်ထပ်ကြားက ကျော်ဖြတ်နိုင်ပြီး ဗုံးခွဲနိုင်တဲ့အုပ်စု ဘယ်သူတွေ ဖြစ်နိုင်မလဲ။ ဆိုလိုချင်တာက ဒီပုပ်ထဲက ဒီပဲတွေပါဘဲ။

မင်းသက်အောင်


Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views