အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ဆေးမတိုးတော့ ယတြာပေါ့

မင်းသက်အောင်
စက်တင်ဘာ ၂၃၊ ၂၀၀၈။


လွန်ခဲ့တဲ့သီတင်းပတ်တွေထဲမှ နိုင်ငံတော်အကြီးအကဲ ဆိုသူ ဦးသန်းရွှေ အိပ်ရာထဲမှာ လဲလျောင်းနေရ ရှာတဲ့အကြောင်း သတင်းတွေ ပလူပျံနေပါတယ်၊ နေပြည်တော်မှာကား အဝင်အထွက် တဝီဝီနဲ့ ဘယ်သူက ဘယ်အမွေများ ရလိမ့်နိုးနဲ့
ကိုယ်ဟာကိုယ် ခန့်ထားတဲ့ဝန်ကြီးများ (ပြည်သူ မရွေးချယ်ခဲ့) ဥဒဟို ဝင်ထွက်သွားလာနေကြတဲ့ အကြောင်းတွေ စုံလိုပါဘဲ လေ့။

ရုတ်တရက်ဆို ဟော ဒီနေ့ထုတ် ၂၃၊ ၉၊ ၀၈၊ အစိုးရ သတင်းစာတွေမှာ အကျဉ်းသား ၉၀၀၂ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပြီ ဆိုပဲ၊ ဝမ်းသာစရာ သတင်းတစ်ခု လို့ ဆိုရပါလိမ့်မယ်။

အသိတွေထံ တယောက်ပြီးတယောက်ထံ ဖုန်းဆက်ပြီး လေကန်ကြတာ ဒီလွတ်ငြိမ်းချမ်းသာခွင့် ရခဲ့တဲသူတွေအထဲမှာ ကိုယ်နဲ့ ပတ်သက်ခဲ့တဲ့သူ ဘယ်သူတွေ ပါခဲ့တာတွေကို မေးမြန်းစုံစမ်းရတာပေါ့၊ မိတ်ဆွေတယောက်က "နိုင်ငံရေး အကျဉ်းသားတွေ တနေ့ထက်တနေ့ များလာတော့ နေစရာ၊ ထားစရာ၊ စားစရာ၊ ကျွေးစရာ မရှိမလုံလောက်လို့ လွှတ်ပစ်တာ ဖြစ်မှာပေါ့ " ဆိုသတဲ့။

နောက်တယောက်ကတော့ "ဗိုလ်ခင်ညွန့် အဖြုတ်ခံခဲ့ရတဲ့ကာလမှာ ထောင်ဒဏ် နှစ်ရှည်ကြီး ပြစ်ဒဏ်ကျခံခဲ့ရတဲ့ တပ်က အရာရှိတွေ အများကြီးပဲ၊ အချို့က ဘာပြစ်မှုမှ မရှိပဲနဲ့ ကျူပင်ခုတ် ကျူငုတ်မကြံ၊ အပြတ်ရှင်းတဲ့အထဲမှာပါ
သွားကြတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်ထဲမှာ မကျေနပ်ချက်တွေ အများကြီး ရှိနေတယ်၊ ဒီလူတွေ၊ ဒီနည်းနဲ့ တရားဝင်းလမ်းကြောင်းက လွတ်မြောက်အောင် လုပ်ပေးပြီး နာမည်ကောင်း ယူတာလည်း ဖြစ်နိုင်ပါတယ်။

စာရေးသူအနေနဲ့ဘဝင်မကျ နိုင်သေးပါ၊ နောက်ထပ် မိတ်ဆွေတဦးနဲ့ ပြောဖြစ်ပြန်ပါတယ်၊ "လွှတ်ပေးတဲ့အထဲမှာ အကျဉ်းသားတွေ ဆိုတာ ဘယ်အမျိုးအစားရယ်လို့ ပြောမထားဘူး၊ သူခိုး၊ ဓါးမြ၊ ခါးပိုက်နှိုက်၊ လူသတ်၊ မုဒိန်း ကောင်တွေ ချည်းပဲလားမသိ၊ ဒီကောင်တွေက ထောင်ပိုင်၊ ထောင်မှူးတွေကို လာဘ်လာဘ ထိုးပြီး အကျင့်စာရိတ္တ ကောင်းတဲ့စာရင်းမှာ သွင်းပေးလိုက်ယင် ပြီးသွားပါဘဲ" - - အဲဒါလည်း တမျိုးကြီးပဲ။

ရန်ကုန်မြို့က မိတ်ဆွေတဦးကတော့ "ဒီနေ့ပဲ လွှတ်ပေးတယ် ဆိုတော့ ဘယ်သူဘယ်ဝါ ဘယ်အမျိုးအစားရယ်လို့ ကွဲကွဲပြားပြား မသိနိုင်သေးဘူးလေ၊ ကြားနေရတာကတော့ ထောင်လွတ်ရက်စေ့သူ၊ အသက်ကြီး နာမကျန်းသူတွေနဲ့
အစိုးရအသိုင်းအဝိုင်းနဲ့မကင်းကြတဲ့တွေပဲ ဖြစ်ဖို့များတယ်၊ မူယစ်ဂိုဏ်းတွေထဲက ငွေပုံအော ပေးယင်လဲ ဒီလောက် တောင်မှ လာဘ်စားနေကြတဲ့စစ်ဗိုလ်တွေ၊ ထောင်ပိုင်တွေအတွက် ဦးသန်းရွှေ ဖန်တီးပေးလိုက်တဲ့ အကွက်ဆန်း တခန်းလေးပေါ့"။

 နောက်မိတ်ဆွေတယောက် ကျပြန်တော့ "ဦးသန်းရွှေ ကြီး အသည်းအသန် ဖြစ်နေတာ ယတြာချေတဲ့ သဘောနဲ့ ဖြစ်မှာပေါ့၊ သူ ဗျာဒိတ်ဆရာတွေ အခါတော်ပေး ညွှန်ပြတဲ့အတိုင်း ဘယ်နေ့၊ ဘယ်ထောင်၊ ဘယ်အချိန်၊ အရေအတွက်
ဘယ်လောက်ပေါ့၊ သေချာတာ တစ်ခုက နိုင်ငံရေးအကျဉ်းသားတွေ ဒီလွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ သိပ်ပါဝင်မဲ့ဟန် မပေါ်ဘူး"။

ဒီအဆိုကို စာရေးသူ သဘောတူပါ၏၊ ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းနဲ့ တိရစ္ဆာန်တွေကို ဘေးမဲ့ လွှတ်ပေးသော အယူအဆအတိုင်း နိုင်ငံဥသျှောင် အကြီးအကဲတပါး နောက်ဆုံးဘဝခရီးမှာ ကုစရာဆေးလည်း နတ္ထိဖြစ်နေခဲ့လျှင်
ဒီယတြာချေနည်း ကလွဲပြီး ဘာမှ မတတ်နိုင်ပါကလား။

မင်းသက်အောင်


Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views