အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ကြားမိကြားရာအပိုင်းအစများ (၂)

ခေါဇာမှ ပေါတာကြီး
စက်တင်ဘာ ၁၈၊ ၂၀၀၈။


ကား(၃)စီး၊ ရွှေ (၅)ကျပ်သား၊ ရီဂျင်စီ (၂)ပုလင်း

အချိန်ကာလကား (၁၉၉၈) ခုနှစ်နှောင်းပိုင်းတွင် ဖြစ်သည်။ ထိုအချိန်တွင် ဗိုလ်မှူးကြီး မျိုးဝင်းသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ အမှတ်(၃) အနန်းကွင်း အခြေချစစ်ဗျူဟာမှ စစ်ဗျူဟာမှူး တစ်ယောက်ဖြစ်နေသည်။ ဗျူဟာမှူးတစ်ယောက်ပီပီ စစ်တိုက်ရာတွင် သတ္တိမရှိလှသော်လည်း ကုန်သည်များအပေါ် ငွေတောင်းရာတွင် မျက်နှာပြောင်တိုက် အစွမ်းသတ္တိ ထွန်းပြောင်ပေသည်။

အထူးသဖြင့် ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများကို တင်သွင်းနေသော ကုန်သည်များ၊ တရားမဝင် နိုင်ငံခြား မော်တော်ကား တင်သွင်းနေသူများမှာ ဗိုလ်မှူးကြီး မျိုးဝင်းကို ပူဇော်ပသနိုင်မှ အလုပ်ဖြစ်သည်ဟု
ဘုရားသုံးဆူ နှင့် သံဖြူဇရပ် ကုန်သည်လောကကြားတွင် ရေပန်းစားနေသည်။ အတောင်းကြမ်း၍
မျက်နှာပြောင်တိုက်ပုံမှာ

ကျွန်စုပ်သည့်သရက်၊
ခွေးလျက်သည့် ပန်းကန်ပမာ
ကော်ပတ် တိုက်စရာမလိုဘဲ
ပြောင်လက်နေပေသည်။

ထိုစဉ်က အဖြစ်အပျက်တစ်ခုကို လက်တို့ပြီး တင်ပြရပေဦးမည်၊ ကျနော့်သူငယ်ချင်း၏ သူငယ်ချင်းရဲ့မိတ်ဆွေ
(မျက်စိ လည်သွားလျှင် ဆေးခန်းသွာပြနိုင်ပါသည်) ဖြစ်သူ ဗိုလ်ကြီး မောင်ဇော် (သူ့ကိုယ်သူ ခန့်ထားသော ရာထူးဖြစ်သဖြင့် မျက်စိ အညောင်းခံပြီး အမိန့်ပြန်တမ်း ဖွင့်ကြည့်စရာမလို) သည် ထိုင်းနိုင်ငံထုတ် တိုယိုတာ
မော်တော်ကား (၃)စီးဖြင့် အနန်းကွင်းဂိတ်ကို ရောက်လာသည်။ ဤအနန်းကွင်းဂိတ်ကို ကျော်လွန်ပြီးပါက သံဖြူဇရပ်သို့ အေးအေးဆေးဆေး ရောက်တော့မယ် မဟုတ်လား၊ သက်ဆိုင်ရာ ဂိတ်မှူးမှာ အသစ်ရောက်လာသူ ဖြစ်သဖြင့် ဒေသအထာ မနပ်သေးပေ၊ မောင်ဇော်တို့ ယူဆောင်လာသောကားမှာ တရားမဝင်သဖြင့် ဖမ်းဆီး၍ နိုင်ငံပိုင်ပစ္စည်းအဖြင့် သိမ်းဆည်းရမည်ဖြစ်ကြောင်း စစ်တပ်တို့၏ ထုံးစံအတိုင်း ဘုတ်အုပ်ဖွင့်၍ တရားဟောနေလေသည်၊

ထိုစဉ် ဗိုလ်မှူးကြီးမျိုးဝင်း ရောက်လာသောအခါ ဂိတ်မှူး ဖြစ်သူက အကျိုးအကြောင်း အစီရင်ခံလေသည်။ ထိုအခါ ဗိုလ်မှူးကြီး မျိုးဝင်းမှ သူနား နေဆောင်သို့ မောင်ဇော်တို့ကို ခေါ်ယူပြီး ဤသို့ ပွင့်ပွင့်လင်းလင်း မေးလေတော့သည်။

"ကဲ မင်းတို့ သွင်းလာတဲ့ကားဟာ သူခိုးကားတွေ၊ တရားမဝင်ဘူး၊ အခုချက်ချင်း ငါ သိမ်းလိုက်လို့ ရတယ်၊ ဒါပေမဲ့ လူတစ်ယောက်ဘဝ ပျက်သွားအောင် ငါ့အနေနဲ့ မလုပ်ချင်ဘူး၊ မင်းတို့မှာ မိသားစုတွေ ရှိသလို ငါမှာလည်း မိသားစုတွေ ရှိတယ်၊ ပြေပြေလည်လည် ညှိကြတာပေါ့၊ သဘောပေါက်ပါတယ်နော်"

ထိုအခါ ချက်ဆို နားခွက်မှ မီးတောက်သော မောင်ဇော်က သူ့လူများကို အောက်ဆင်း ရှောင်နေရန် မျက်ရိပ်ပြပြီး အိတ်အတွင်းသို့ နိုက်ကာ (၅) ကျပ်သား အလေးချိန်ရှိ ထိုင်းရွှေဘတ်ဆွဲကြိုး တစ်ကုံး ထုတ်၍ ဗိုလ်မှူးကြီး မျိုးဝင်းအား ပေးအပ်လေတော့သည်။ ထို့အပြင် အသင့်ယူလာသော ထိုင်းရီဂျင်စီဘရမ်ဒီ (၂) ပုလင်းကိုလည်း ဆက်သပြီးသောအခါ "အေး အတော်ဘဲ၊ ရီဂျင်စီ ပြတ်သွားတာ နှစ်ရက်ရှိပြီး၊ အာမီနဲ့ဘဲ ဖိုက်နေရတာ ကလီစာတွေတောင် ယောင်ကုန်ပြီး၊ မင်းတော့ ကြီးပွားအုံးမဲ့ကောင်ဘဲ။

ပေးကမ်းခြင်းသည် အောင်မြင်ရာဟူသော စကားနှင့်အညီ ပူဇော်ပသပြီးသကာလ မောင်ဇော်တို့လူသိုက်သည် ပျော်ရွင်စွာ သံဖြူဇရပ်သို့အရောက် ယွန်းခဲ့လေတော့သတည်း။

ဆိတ်ကလီစာ မပါလို့ အချုပ်ထဲရောက်သည့် ဟာဂျီအီစွပ်

အောက်ပါအဖြစ်အပျက်သည် သံဖြူဇရပ်မြို့၌ အလွန်ရေပန်းစားနေသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ အဆိုပါ အီစွပ်ဆိုသော မူဆလင်မှာ သံဖြူဇရပ်မြို့၌ အမဲသားသတ် လိုင်စင်ရထားသူတစ်ဦး ဖြစ်သည်၊ တနေ့သ၌ ဗိုလ်မှူးကြီးမျိုးဝင်းသည် ခလရ (၃၁-ထိုစဉ် သံဖြူဇရပ်မြို့တွင် အခြေစိုက်သည်) အနီးရှိ ဂေါက်ကွင်းတွင်
နယ်မြေခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဝေစုခွဲ(အဲလေယောင်လို့) ကျန်မားရေးအလို့ငှာ ဂေါက်ရိုက်နေသည်။ နအဖစစ်ဗိုလ်များ၏ ထုံးစံမှာရုံး၊ တပ်ရင်း၊ တပ်ဖွဲ့များတွင် စီးပွားရေး၊ ဘာညာကွိကွ လုပ်ငန်းကိစ္စများ ဆွေးနွေးပါက လုံးဝ အဆင်မချောပါ။ ဂေါက်ကွင်း၌မှု ဆွေးနွေးပါက နွားခိုးသည့်ကိစ္စမှအစ ဓါးမြတိုက်သည့် ကိစ္စအဆုံး အဆင်ပြေတတ်သည်။ ဤကား ဗိုလ်နေဝင်း အမွေပေးခဲ့သော ဖက်ရှင်တစ်ခုဟု ဆိုလျှင် မမှားချေ၊ ဆရာထက်တပည့် လက်စောင်းထက်နေသော နအဖ စစ်ဗိုလ်ချုပ်များကို ယောယုဝ အဝီစိငရဲမှ နေ၍ ငါ့တပည့်များ တော်လေခြင်းဟု ဗိုလ်နေဝင်း လက်မထောင် ဂုဏ်ယူနေမည်မှာ ဧကန်ပင်။

(ဒီအကြောင်းကို ကြားမိကြားရာ အပိုင်းအစ ၃ ၌ ဆက်လက်ဖော်ပြပါမည်။


ခေါဇာမှ ပေါတာကြီး

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views