အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

နှစ် ၂၀ ပြည့် နဝတ၊ နအဖထံသို့ ပေးပို့သည့်သဝဏ်လွှာ

မင်းသက်အောင်
စက်တင်ဘာ ၁၇၊ ၂၀၀၈။


ဗိုလ်သန်းရွှေတို့ စစ်အုပ်စု ဖန်တီးရေးသားပြီး ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်လိမ်ညာထောက်ခံမှု အတင်းအဓမ္မ မရမက ရယူခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေပါ အခန်း(၁) - ပုဒ်မ(၄၇)မှာ ပါရှိတဲ့ 'နိုင်ငံတော်' ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ '`နိုင်ငံတော် ဆိုသည်မှာ ရှေ့နောက်စကားရပ်တို့၏ အဓိပ္ပါယ်ကို ထောက်၍ ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြုမှု အခွင့်အာဏာကိုသော်လည်းကောင်း၊ အုပ်ချုပ်မှုအခွင့်အာဏာကိုသော်လည်းကောင်း ကျင့်သုံးသောအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကို ဆိုလိုသည် " ဟု ဖေါ်ပြထားသည့်အတွက် ဗိုလ်သန်းရွှေသည်
နိုင်ငံတော်သည် ဗိုလ်သန်းရွှေ လို့ သတ်မှတ်ရပါမယ်၊ ဟုတ်ပါ့ဗျား!

ရာစုဝက်နီပါး တလျှောက်လုံး အာဏာသိမ်းပြီး တိုင်းပြည်ကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖိနှိပ်အုပ်ချုပ်လာခဲ့တဲ့ မြန်မာစစ်အစိုးရနဲ့ နောက်လိုက်တပည့်သားတွေဟာ နိုင်ငံတော်ကို သူတို့ရဲ့ ဘိုးဘွားပိုင် ပစ္စည်းတစ်ခု အမွေရထားသလို မှတ်ယူလာပြီး အာဏာကို လက်မလွတ်စတမ်းး၊ အငမ်းမရ၊ ကျားကုတ်ကျားခဲ ဖက်တွယ်ထားပြီး သူတိုတွေသာလျှင် နိုင်ငံတော်ကို အစစ်အမှန် ချစ်တဲ့သူတွေ၊ အမျိုးကို ကာကွယ်စောင့်ရှောက်နေတဲ့သူတွေ၊ မိမိယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းတတ်သူတွေလို့ စိတ်မာန်ကြီးတွေ ဝင်နေပြီး သူတို့ရဲ့ နောက်လိုက် ငယ်သားတွေ အထက်က အောက်အထိတိုင် ခံယူတတ်လာကြအောင် အဆင့်ဆင့် သင်ကြားလေ့ကျင့်ပေးခဲ့ကြပါတယ်။ တွေးကြည့်ယင် မြင်လာမှာ။

တိုင်းပြည်ချောက်ထဲ မကျအောင် ၁၉၆၂ မတ်လ ၂ ရက်မှာ ဗိုလ်နေဝင်း၊ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဗိုလ်စောမောင်တို့ အသီးသီးတို့ ကယ်တင်ရှင်ကြီးများအဖြစ် ကိုယ့်ဟာကို ဘွဲ့တပ်ကြပြီး နိုင်ငံတော်ကြီးကို
ကာကွယ်ခဲ့သတဲ့ - ဆိုသဗျာ့။ ဗိုလ်နေဝင်း အာဏာမသိမ်းခင်ကဆို လက်ရှိပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးဟာ အာစီယံ ၁၀ နိုင်ငံမှာ အချမ်းသာဆုံးပါပဲ၊ အဲဒီလို ဗိုလ်နေဝင်း ကယ်တင်ခဲ့တာ မယားတွေက တသီကြီး မရေမတွက်နိုင်ခဲ့၊ နိုင်ငံတော်ဘဏ္ဍာကို သူ့ဘိုးဘွား ဘဏ္ဍာလို မှတ်ယူပြီး သုံးခဲ့ဖြုန်းခဲ့၊ ကမ္ဘာမှာ သူများမကြားဘူတဲ့ "မြန်မာ့နည်း  မြန်မာ့ဟန်ဆိုရှယ်လစ်စနစ်" ဆိုလား တိုင်းပြည်ကို ဦးဆောင်လာခဲ့တာ ၁၉၈၈ အထိပါပဲ - ကြုံခဲ့ကြမှာပါ။

ဒီနောက် ဗိုလ်စောမောင်က ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ အာဏာဆက်ပြီး သိမ်းပြန်တယ်၊ အဲဒါလည်း တိုင်းပြည် ချောက်ထဲကျမှာ စိုးလို့ တပ်မတော်က ဆက်လက်ပြီး နောက်ထပ်တစ်ကြိမ် ထပ်မံ ကယ်တင်လိုက်တယ် လို့ ကိုယ့်ဟာကို ချီးမွန်းခန်းတွေဖွဲ့၊ ရေဒီယို ရုပ်မြင်သံကြားကနေတဆင့် အရက်မူးလာရင် တိုင်းပြည်ကို မိန့်ခွန်း ရှည်ကြီးတွေကို တိုက်ရိုက် အမှာချွေလေ့ရှိပြန်သတဲ့၊ သိပြီးသားတွေပါ။

ဗိုလ်စောမောင်ကလည်း သူ့ကိုသူ ကျန်စစ်သားမင်းကြီး ဝင်စားလာရော့သလား ဆိုပြီး စိတ်ကြီးဝင်နေတာကို သူ့လက်အောက် မီဒီယာသမားတွေက အပေါ်ကို ထပ်ပြီး ပင့်ကော်ပေးပြန်တော့ ဘာပြောကောင်းမလဲဗျာ နောက်ဆုံးတော့ ရူးသွပ်သွားရတာပါဘဲ၊ ပြည်သူတွေကို သေနတ်စာ ကျွေးပြီး တက်လာတဲ့ အဲဒီပုဂ္ဂိုလ်နှစ်ပါး တမလွန်လားတဲ့အဖြစ် အင်မတန် ရင်ကွဲရရှာတယ်၊ သူတို့အသုဘချပွဲတွေမှာ နိုင်ငံတော်အကြီးအကဲ ဖြစ်ခဲ့ကြတာမို့ နိုင်ငံတော်ဈာပနအနေနဲ့ စစ်အခန်းအနား ပြည့်ပြည့်စုံစုံ၊ ဂုဏ်သရေရှိစွာနဲ့ သူ့တပည့်တွေက ဂုဏ်ပြုကြမှာပဲ လို့ စိတ်ကူးယဉ်ခဲ့ကြတာ သေတဲ့အခါ မသာချတော့ သူတောင်းစား အသုဘလောက်တောင် လူမများခဲ့ပါဘူး - မှတ်မိကြမှာပါ။

အခုလည်း ဒ်ီစနစ်ဆိုး အမွေဆိုးတွေကို ဆက်ခံရရှိထားသူ ဗိုလ်သန်းရွှေသည်လည်း သူ့အရင့်အရင် ဆရာ့ဆရာ တွေလိုပါဘဲ၊ တမလွန်ဘဝ စခန်းကို မြန်းဖို့ အိပ်ယာထဲမှာ လျောင်းတော်မူနေရတဲ့အကြောင်း သတင်းလောက တွေထဲမှာ အခုတလော ဖတ်ရှုနေရပါတယ်၊ ဗိုလ်သန်းရွှေဟာ သူမသေခင်မှာ သူ့တပည့်တပန်းတွေ စိုးရိမ်ကြောင့်ကြမှု မရှိရလေအောင် ၁၄ နှစ် ဝန်းကျင် အချိန်ဆွဲ ရေးယူထားတဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ရာသက်ပန် အာဏာရှိရေးနဲ့  စစ်အစိုးရ တရားဝင်မှု ရှိရေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ "နာဂစ်" သဘာဝဘေးဒဏ်ကိုလည်း ဂရုမပြု သူ့လက်အောက် လူမှုရေးအသင်းအဖွဲ့အမည်ခံ "တိရစ္ဆာန်အသင်း "(ကြံ့ဖွတ်)  အားကိုးနဲ့ ဗြောင်ကျကျ အကြံအဖန်လုပ် အတည်ပြုခဲ့ပေးခဲ့တာ - အများအသိပါ။

မဆလအမည်ပြောင်း၊ နဝတအသွင်ပြောင်း နအဖ စစ်အုပ်ရဲ့ ခေါင်းဆောင်အဆက်ဆက် (နေဝင်း၊ စောမောင်၊ သန်းရွှေ) တို့တတွေဟာ တိုင်းပြည်ဘဏ္ဍာကို သုံးဖြုန်းတတ်တာက လွဲယင် ဘာမှမလုပ်တတ်ပါဘူး၊ သေချာတာက သူတို့နဲ့ အပေါင်းအပါတွေ ချမ်းသာဖို့ ပြည်သူတွေကို ဆင်းရဲတွင်းနက်ကြီးထဲ တွန်းပစ်ချဖို့ပါဘဲ။

သတ်တာဖြတ်တာ ဆိုယင် သူတို့အချင်းချင်းတောင် မညှာကြဘူး၊ ဒီတော့ သံဃာတော်တွေ၊ ပြည်သူတွေကို လက်ရဲဇက်ရဲ သတ်ဖြတ်ရဲတဲ့ အကျင့်စရိုက်ဆိုးကြီးဟာ သူတို့အဝန်းအဝိုင်းမှာ အဆန်းကြီးတော့ မဟုတ်လှပါဘူး - ကြုံခဲ့ကြမှာပါ။

ဗိုလ်နေဝင်း နဲ့  ဗိုလ်အောင်ကြီးတို့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲခဲ့တဲ့ကိစ္စ လူရှေ့သူရှေ့မှာ ရှင်းကြရတော့ သူ့ကို ငါလက်ညှိးထိုး၊ ငါ့ကို သူလက်ညှိုးထိုးပြီး အပစ်ပုံချတတ်ကြသလို ၈၈ အရေးအခင်း၊ ၂၀၀၇
သံဃာတော်တွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေကိုလည်း ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်၊ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့မှာ "အကြွေး" ကျန်ရှိနေပါသေးတယ် လို့ ဆိုလိုက်ပါရစေ။


မင်းသက်အောင်

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views