အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

မင်းသက်အောင်
စက်တင်ဘာ ၁၁၊ ၂၀၀၈။


လက်ရှိ နအဖ အစိုးရအနေဖြင့် မြန်မာနိုင်ငံကို ကိုယ်စားပြုနေတာ တရားဝင်မှု မရှိကြောင်း ကန့်ကွက်လွှာကို ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU) တို့ စက်တင်ဘာလ (၉) ရက်နေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ တင်ပြခဲ့ပါတယ်။

အဲဒီကန့်ကွက်လွှာကို (MPU) ဒု - ဥက္ကဌ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းက အဖွဲ့ကိုယ်စား လက်မှတ်ထိုး တင်သွင်းခဲ့ပြီး အဖွဲ့၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖြစ် (MPU) အတွင်းရေးမှူး မန္တလေးအနောက်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဦးကို တာဝန် အပ်နှင်းခဲ့ပါတယ်။

လေ့လာမေးမြန်းမှုများအရ ယခုလို စိန်ခေါ်ကန့်ကွက်မှုဟာ မြန်မာနိုင်ငံတော်ကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ဖယ်ထုတ်နိုင်ရန် ကြိုးစားတဲ့လုပ်ငန်းမဟုတ်ပဲ၊ အထွေထွေ ညီလာခံမှာ နအဖ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ်ကနေ တက်ရောက်ခွင့် မရှိစေရန်သာ ဖြစ်တယ်။

မစ္စတာ ဘန်ကီမွန်း ဖတ်ရှုလေ့လာသုံးသပ်ခဲ့ပြီး လာမည့် စက်တင်ဘာ (၁၆) ရက်နေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီကန့်ကွက်လွှာကို တင်သွင်းမယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်၊ ညီလာခံမှာ အဖွဲ့ဝင် (၉) ဦး ပါဝင်တဲ့ နိုင်ငံကိုယ်စားပြုမှုကို စိစစ်သော ကော်မတီ (Credentials Committee) တစ်ရပ်ကို ဖွဲ့စည်းမှာ ဖြစ်ပြီး ကျန်သုံးဦးကတော့ အမေရိကန်၊ ရှရှား၊ တရုပ် ကိုယ်စားလှယ်တို့ ပါဝင်ကြပေမဲ့ ဒီကိစ္စမှာ ဗီတိုအာဏာ သုံးခွင့် မရှိပါဘူး၊ အများဆုံးဖြတ်ချက်အရ အတည်ပြုနိုင်သလို၊ ကန့်ကွက်မှုလည်း ရှိနိုင်ပါတယ်။

ဒီ (၉) ဦး ပါဝင်တဲ့ (Credentials Committee) ကန့်ကွက်တာပဲဖြစ်ဖြစ်၊ ထောက်ခံတာပဲဖြစ်ဖြစ် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီစိန်ခေါ်ကန့်ကွက်မှုနဲ့ ပတ်သက်ပြီး ထပ်မံ ဆွေးနွေးရပါဦးမယ်၊ လက်ရှိ နအဖ ကတော့ မုချ ကန့်ကွက်မှာပါပဲ၊ နောက်ဆုံးတော့ အများစု ဆုံးဖြတ်ချက်နဲ့ အတည်ပြုရပါလိမ့်မယ်။

MPU အနေနဲ့ မိမိတို့ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံအားပေးတဲ့ အစိုးရတစ်ရပ် လိုအပ်နေပြီး ထိုအစိုးရက လက်ရှိ မြန်မာနိုင်ငံ စစ်အာဏာရှင်တို့မှာ မြန်မာနိုင်ငံတော်အား ကိုယ်စားပြုမှု ဂုဏ်အင်္ဂါရပ်တို့နှင့် မညီညွတ်ကြောင်း အဆိုကို စတင်ဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။

ဒေါက်တာ စိန်ဝင်း ဦးဆောင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) အနေနဲ့ ဒီကိစ္စမှာ ပါဝင်ဖို့ လက်မှတ် မရေးထိုးပေမဲ့ “နအဖ စစ်အုပ်စုသည် အာဏာကို မတရားယူထားတဲ့ တရားမဝင် စစ်အာဏာရှင် တစ်စုသာ ဖြစ်၍ ယခုလို (MPU) မှ စစ်အုပ်စု၏ တရားမဝင်မှုအား စိန်ခေါ်ခြင်းကို နိုင်ငံရေးအရ သဘောတူကြောင်း ထုတ်ဖော်ခဲ့ပြီး ဖြစ်ပါတယ်။

NCGUB ဘက်က စိုးရိမ်မှုတရပ်ကတော့ ကမ္ဘာပေါ်မှာ လက်ရှိစစ်အာဏာရှင်လို အစိုးရမျိုး အများအပြား ရှိနေတယ်၊ ဒီနိုင်ငံတွေက ထောက်ခံပြီး အဲဒီလို ဖြေရှင်းတဲ့နည်းနဲ့ပဲ ကိုယ့်ဘက်ကို မျှားဦးတွေ လှည့်လာယင်၊ ကုလသမဂ္ဂလို ပါဝင်စွက်ဖက်လာတာမျိုးတွေ ဖြစ်လာနိုင်တော့ သိပ်မကြိုက်ကြဘူး ဆိုပေါ့။ (MPU) အောင်မြင်မှု ရဖို့ကို ရင်လေးနေဟန် တူပါတယ်။

MPU အနေနဲ့ ဒီကိစ္စအောင်မြင်ဖို့က အတိုက်အခံတွေဘက်က ညီညွတ်ဖို့ လိုတယ်၊ အခုကန့်ကွက်တဲ့ကိစ္စမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)၊ အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျှောင် မြန်မာရဟန်းတော်များ အဖွဲ့ချုပ် နှင့် (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ (ပြည်ပ) တို့က ထောက်ခံကြောင်း လက်မှတ် ရေးထိုးခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူအချို့နဲ့ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ စက်တင်ဘာ (၉) ရက်၊ အင်္ဂါနေ့ ဒေသစံတောချိန် မနက် (၉) နာရီကနေ (၁၂) နာရီထိတိုင် နအဖ အစိုးရကို ကန့်ကွက်ရှုတ်ချ ဆန္ဒပြခဲ့ကြတယ်။

ဒီလှုပ်ရှားမှုဟာ နဝတ ရဲ့ လမ်းပြမြေပုံနဲ့ (၂၀၁၀) ရွေးကောက်ပွဲ ပြုလုပ်ဖို့ အခွင့်အာဏာဟာ နအဖ စစ်အစိုးရက မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ မဟုတ်တဲ့အတွက် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ (၂၀၁၀) ရွေးကောက်ပွဲဟာ တရားဝင်ဖြစ်မှာ မဟုတ်တဲ့အချက်ကို ကုလသမဂ္ဂ သိစေအောင် လောလောဆယ်မှာ မီးမောင်းထိုးပြလိုက်တာပါပဲ။

မင်းသက်အောင်

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views