အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

မင်းစိုင်းနွန်ဒေါ
သြဂုတ် ၂၇ ၊ ၂၀၀၈။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လူလတ်တန်းစား အများစုဖြင့် စုစည်းပူးပေါင်းဖွဲ့စည်းထားတဲ့ ထိုင်းပြည်သူ့ ဒီမိုကရေစီ မဟာမိတ်အဖွဲ့ PAD တို့ရဲ့ မေလ (၂၅) ရက်က စတင်ခဲ့တဲ့ ဆန္ဒပြမှုဟာ မနေ့ (၂၆၊ ၈၊ ၀၈) နံနက်စောစော လင်းအားကြီးအချိန်မှာ ထိုင်းအမျိုးသားသံ ရုပ်သံလွှင့်လုပ်ငန်း NBT အဆောက်အဦးကို စီးနင်းပြီး ဝန်ကြီးချုပ် စမတ်ရဲ့ အစိုးရရုံးကိုပါ ဆန္ဒပြသမားများနေရာဝင်ယူလိုက်တော့တယ်။ ဝန်ထမ်းတွေအပြင်ကို ထွက်ပြေးကြရတယ်။

ဆန္ဒပြသူတွေထံက တုတ်၊ ဒါး၊ လေးခွ၊ ဒါးမြောင်နဲ့ ပစ္စတိုနှစ်လက်၊ မူးယစ်စေတဲ့ ဆေးရွက်အချို့ကို သိမ်းဆည်းမိပြီး ၈၅ ယောက်ကို ဖမ်းဆီးလိုက်တယ်၊ အများတကာသွားလာတဲ့ လမ်းမကြီးတွေကို ပိတ်ဆို့မှု၊ ပိုင်နက်ကျူးကျော်မှု၊ လူမြင်ကွင်းမှာ လက်နက်ကိုင်တွယ်မှု၊ လက်နက်မှု၊ မူးယစ်စေတဲ့ဆေးရွက် လက်ဝယ်တွေ့ရှိမှု စတဲ့ စတဲ့ အမှုတွေနဲ့ လောလောဆယ် ၁၂ ရက်လောက် ဖမ်းဆီးထားမယ်ဆိုပဲ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၈၈ အရေးအခင်းတုံးက မင်းမဲ့စရိုက်ဖြစ်အောင် ဘယ်သူတွေ တွန်းပို့ခဲ့သလဲဆိုတာ ပြန်တွေးမိတယ်။ မင်းမဲ့စရိုက်မဖြစ်ယင် "မာရှယ်လော" မရှိဘူးလေ။

ဒေါ်စုကြည် နိုင်ငံရေးလောကမှာ မပါယင် ပိုရှင်းတယ် ဆိုတဲ့၊ ပြီးတော့ ဦးသန်းရွှေက ဘုရားတရားတွေကို အလွန်ကြည်ညိုတဲ့ပုဂ္ဂိုလ်၊ သံဃာတော်တွေကို သတ်တာမဖြစ်နိုင်ဘူး ဆိုတဲ့ ထိုင်းနိုင်ငံကာကွယ်ရေး ဝန်ကြီးဌာနကိုပါ တွဲဖက်တာဝန်ထမ်းဆောင်နေရတဲ့ ဝန်ကြီးချုပ်စမတ်ဟာ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဌာနချုပ်ရုံးကို သုတ်ခြေတင်ပြေးသွားပြီး ဝန်ကြီးအချို့၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ အစည်းအဝေး လုပ်ခဲ့ရပါတယ်။

ဆုံးဖြတ်ချက် ထွက်လာတာကတော့ "စမတ်" က ဒီမိုကရေစီနည်းအရ တက်လာတဲ့အစိုးရ (မဲဝယ်ယူတာ၊ မဝယ်ယူတာ အပထား) ဒ်ီနေရာက မဆင်းနိုင်ဘူးတဲ့၊ ထိုင်းဘုရင့်တပ်မတော် စစ်ဦးစီချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး အနုပေါင် ထောင်ကျင်တာ ကလည်း စစ်တပ်က ဒီကိစ္စမှာ အာဏာမသိမ်းဘူး၊ ဒီကိစ္စ ကိုင်တွယ်ဖို့ ပြည်ထဲရေးဝန်ကြီးကို တာဝန်ပေးအပ်လိုက်တယ်၊ တစ်ဆက်တည်း ပြည်ထဲရေးကတဆင့် ရဲချုပ်ကို တာဝန်ထပ်ဆင့် ပေးအပ်ပြီး ဆန္ဒပြမှုများ ငြိမ်းအေးစေဖို့ တစ်ဖက်နဲ့တစ်ဖက် စကားပြော ဆွေးနွေးကြတယ်။

ကျွန်တော်တို့မြန်မာပြည်မှာဆို ဒီလိုအသံလွှင့်ဌာနနဲ့ အစိုးရဝန်ကြီးရုံးကို လက်နဲ့သွားပြီး တို့ထိကြည့်ပါ၊ ဗုံးမိုးရွာပြီသာ မှတ်ပေတော့၊ ထိုင်းနိုင်သားတွေရဲ့စိတ်ဓါတ်၊ အမူအကျင့်တွေကို သတိပြုမိမှာပါ၊ အုပ်စုတစ်စုနဲ့တစ်စု၊ တစ်ဖက်နဲ့တစ်ဖက် နိုင်ငံရေးအရ အငြင်းအခုံဖြစ်ကြပြီး ဆန္ဒပြမှုကြီးတွေ ဖြစ်ပေါ်လာယင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ်လေ့ရှိတယ်၊ အခု အမျိုးသားရုပ်သံလွှင့်ဌာနလုပ်ငန်း အဆောက်အဦးနဲ့ ထိုင်းအစိုးရရုံးကို ဝင်ရောက်စီးနင်းတာဟာ ထိုင်း ဥပဒေအရ ထောင်ဒဏ် ၃ နှစ်မှ ၅နှစ်အထိ ကျနိုင်ပါတယ်၊ တရားရုံးချုပ်က ဖမ်းဝရမ်း ထုတ်ခဲ့လျှင် ရဲတွေကလည်း အသင့်ပြင်ထားသလို ဆန္ဒပြခေါင်းဆောင်တွေကလည်း အေးဆေးစွာ အဖမ်းခံဖို့ အဆင်သင့်ပါဘဲ၊ ဖမ်းခဲ့လျှင် ထောင်သောင်းမကတဲ့ ဆန္ဒပြသမားတွေက ခေါင်းဆောင်တွေကိုဘဲ ရွေးပြီးမဖမ်းပါနဲ့၊ သူတို့အားလုံးကိုလည်း ဖမ်းသွားရမယ်၊ သူတို့ကလည်း အတင်းလိုက်ဝင်မှာဘဲလို့ ဆိုနေကြတယ်။

ဝန်ကြီးချုပ် စမတ်အစိုးရ ခေါင်းအင်မတန်ခြောက်နေရပြီ၊ ထိုင်းထောက်လှမ်းရေးသတင်းရပ်ကွက် အဆိုအရ လာမယ့် ဒီဇင်ဘာ ၅ ရက်မှာ ကျရောက်တဲ့ ထိုင်းတို့ရဲ့ "အဖေများနေ့" အတွက် ရက်ပေါင်းတစ်ရာ အခမ်းအနား ကျင်းပရေး အစီအစဉ်ဖွင့်ပွဲကို မနက်ဖြန် ထိုင်းအစိုးရရုံးမှာ (ယခုဆန္ဒပြသူများရှိရာ အဆောက်အဦး) ဘုရင့်သားတော် အိမ်ရှေ့မင်းသား ကိုယ်တိုင် လာရောက်မယ်၊ အခုတော့ အခမ်းအနား ဖျက်သိမ်းရမလို ဖြစ်နေပြီ၊ "အဖေများနေ့" ဟာ ထိုင်းဘုရင့် မွေးနေ့ပါပဲ။

ထိုင်းမီဒီယာအုပ်စုတွေကလည်း အစိုးရရုံးကို ဝင်ရောက်စီးနင်းတာ မပြောချင်ပေမဲ့ ထိုင်းအမျိုးသား ရုပ်သံလွှင့်လုပ်ငန်း အဆောက်အဦးကို အတင်းဝင်ရောက်စီးနင်းတာ လက်မခံနိုင်ဘူး ဆိုတဲ့ လေသံထွက်လာပြန်တော့ ဝန်ကြီးချုပ် စမတ်က မီဒီယာသမားတွေနောက် လိုက်ပေါင်းနေရပြန်တယ်၊ ဒါပေမယ့် ဒီကိစ္စက လွယ်လွယ်နဲ့မအေးသေးပါဘူး။

ဘာလည်းဆိုတော့ မွန်းလွဲပိုင်းမှာ ဝင်လာတဲ့သတင်းအရ နိုင်ငံတော်အဆင့်မြင့်ဆုံး အယူခံတရားရုံးမှာ ဆန္ဒပြခေါင်းဆောင်များရဲ့ ရှေ့နေတွေလျှောက်တင်တဲ့ ဖမ်းဝရမ်း အယူခံလွှာ ပယ်ချခံလိုက်ရပြီး ဖမ်းဝရမ်းကို နောက်ဆုံး အတည်ပြုလိုက်ပြန်တယ်။ နယ်မှမြို့တော် အဝင်အထွက်ဂိတ်တွေမှာ စစ်တပ်ကို တိုးချ ထားလိုက်ပြီး ရဲတွေက ဆန္ဒပြသမားနေရာ အတော်များများကို ပြန်လည်သိမ်းပိုက်နေတယ်။ ခရီးသွားလာ တဲ့နေရာမှာ အစစ်အဆေး အမေးအမြန်း အတော်ထူကြပ်တယ်။ စစ်ဘက်နဲ့ နီးစပ်တဲ့သူတွေ ပြောတာကတော့ အခြေအနေ မကောင်းဘူးဆိုပဲ။


မင်းစိုင်းနွန်ဒေါ

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views