အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

"ညီညွတ်ရေးကို ဘယ်လို တည်ဆောက်မလဲ"

နိုင်ငွေသိမ်း
သြဂုတ် ၂၈၊ ၂၀၀၈။


"ညီညွတ်ရေးကို ဘယ်လို တည်ဆောက်မလဲ"

"ရရှိပြီးသော ညီညွတ်ရေးကို ဘယ်လို ထိန်းသိမ်းမလဲ"

"ဘယ်လို ရှေ့ဆက်ကြမလဲ"

နိုင်ငွေသိမ်း

ဤစာတမ်းကို ရေးသားရာတွင် မည်သည့် အာဃာတတရားမှ ထားရှိခြင်း မရှိပါ။ စာရေးသူ၏ လေ့လာထား ရှိခဲ့သော ညီညွတ်ရေးနှင့် ပတ်သက်သော စာအုပ်စာတမ်းများနှင့် နှစ်ပေါင်း ၆ဝ ကျော်ခန့် နိုင်ငံရေးဘဝ အဖုံဖုံတွင် ကျင်လည်ခဲ့သော အတွေ့အကြုံ၊ သင်္ခန်းစာများကို ပေါင်းစပ် တင်ပြခြင်း ဖြစ်ပါသည်။

ကျနော်သည် ပြီးပြည့်စုံသော နိုင်ငံရေးသမား မဟုတ်ပါ။ အဖက်ဖက်မှ လိုအပ်ချက်များ ရှိပါမည်။ သို့သော် ဤစာတမ်းကို မှန်ကန်သော၊ ဒီမိုကရေစီ ပြည့်ဝသော ညီညွတ်ရေး တည့်မတ်လိုခြင်း ဆန္ဒကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့သဖြင့် ရိုးသားပွင့်လင်းစွာ တင်ပြခြင်း ဖြစ်ပါသည်။ မှားယွင်းချက်များ၊ လိုအပ်ချက်များ အမြောက်အမြား ရှိပါမည်ကို ကျနော် ဝန်ခံပါသည်။ အထက်ပါ လိုအပ်ချက်၊ မှားယွင်းချက်များ ရှိပါက ဖြည့်စွက်ပြုပြင်ပေးလျှင် ကျနော့် အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံရန် အဆင်သင့် ရှိနေပါသည်။ ၎င်းအတွက် ကူညီကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။

ကျနော့်ကိုယ်တွေ့ လေ့လာတွေ့ရှိသမျှတွင် ...
၁။ ပုဂ္ဂိုလ်တဦးချင်း ညီညွတ်ရေး၊
၂။ နိုင်ငံရေးလုပ်ငန်းတွင် -

(က) နိုင်ငံရေးအဖွဲ့တွင်း ညီညွတ်ရေးနှင့်
(ခ) နိုင်ငံရေး အဖွဲ့အစည်းများ ညီညွတ်ရေး (နိုင်ငံရေး တပ်ပေါင်းစုများအတွင်း ညီညွတ်ရေးများ) ကို တွေ့ရှိရပါသည်။

(၁) ပုဂ္ဂိုလ်ရေး ညီညွတ်ရေးများမှာ ပုဂ္ဂိုလ်တဦးနှင့်တဦး သစ္စာရှိမှု၊ လူမှုရေး၊ စီးပွားရေး (ငွေရေးကြေးရေး) ကိစ္စများ မပေါ်ပေါက်ရေးနှင့် သဘောထား ကွဲလွဲမှုများကို ဒေါသတရား ရှေ့မထားဘဲ တဦးနှင့်တဦး ပျော့ပျော့ပြောင်းပြောင်း ညှိနှိုင်း ဆွေးနွေးခြင်းအားဖြင့် အသက်ထက်ဆုံး အခင်အမင်မပျက် ပူးပေါင်း သွားကြရမည်ဟု ထင်မြင် ယူဆပါသည်။

တဦး၏ အမှား သို့မဟုတ် မိမိ၏ အမြင်နှင့် ကွဲလွဲပါလျှင် တဖက်နှင့်တဖက် တိုက်ခိုက် အပုတ်ချခြင်းသည် မည်သို့သော ညီညွတ်ရေးကို မရနိုင်ပါ။ ယုံကြည်ချက်တခုတည်း တူညီခဲ့ပါလျှင် ဝေဖန်-ညီညွတ်-ဝေဖန်နည်း ... ... ဝေဖန်ရေးကြောင့် ညီညွတ်ရေးကို ဖြစ်စေပြီး ပိုမိုညီညွတ်ရန် အပြုသဘောဆောင်သော ဝေဖန်ရေး ဆက်လက် ကျင့်သုံးသွားရန် ဖြစ်ပါသည်။

(၂) နိုင်ငံရေး လုပ်ငန်းတွင်
(က) နိုင်ငံရေး အဖွဲ့အစည်းအတွင်း ညီညွတ်ရေးသည် အထူးအရေးကြီး လိုအပ်ချက် ဖြစ်ပါသည်။ နိုင်ငံရေးအဖွဲ့အတွင်း ညီညွတ်ရေး၏ အဓိက လိုအပ်ချက်မှာ ဒီမိုကရေစီ အဖွဲ့အစည်း ဖြစ်ရပြီး ပါတီတွင်း ဒီမိုကရေစီ (၄) ရပ်ကို ကျင့်သုံးရမည်ဟု နိုင်ငံရေး ခေါင်းဆောင်များက ဖော်ကျူးကြပါသည်။ ပါတီတွင်း ဒီမိုကရေစီမှာ အများသိရှိကြပါမည်ဟု ယုံကြည်ပါသည်။ သို့သော် အလျဉ်းသင့်၍ အကြမ်းအားဖြင့် ဖော်ပြပါမည်။

ဒီမိုကရေစီပါတီတွင် တာဝန်ခံ ဆောင်ရွက်သူများသည် အောက်ခြေမှ ရွေးကောက် တင်မြှောက်သူများ ဖြစ်ရပါမည်။ အထက်မှ အောက်ခြေပါတီ အဖွဲ့အစည်းများသို့ အချိန်မှန်မှန် ညွှန်ကြားရပါမည်။ အောက်ခြေ အဖွဲ့အစည်းများကလည်း အထက် အဖွဲ့အစည်းများသို့ မှန်မှန် အစီရင်ခံရပါမည်။ အများစု၏ ဆုံးဖြတ်ချက် များကို အနည်းစုက လိုက်နာ ကျင့်သုံးရပါမည်။ သို့သော် အနည်းစု၏ ယုံကြည်ချက်များကို အစည်းအဝေးများတွင် ထပ်မံ တင်ပြခွင့် ပြုရပါမည်။

နောက်ဆုံး အရေးကြီးဆုံးအချက်မှာ ပါတီတွင်းတွင် ပါတီ၏ စည်းလုံးညီညွတ်မှုနှင့် ပြန်လည် ပြုပြင်သင့်သည့် နည်းဗျူဟာဆိုင်ရာများ ပါတီတွင်း ပုဂ္ဂိုလ်အရ ချို့ယွင်းချက်များကို အပြုသဘော ဝေဖန်ချက်များကို ပါတီ၏ အထက်အဆင့်နှင့် အောက်အဆင့်များကပါ ကျင့်သုံးရပါမည်။ ပါတီတွင်း ဝေဖန်သည့် ပါတီတွင်း မှားယွင်းချက်များကို ပြုပြင်နိုင်သော တခုတည်းသော နည်းလမ်းဖြစ်ပြီး ပါတီတွင်း ဝေဖန်ရေး ပျက်သုဉ်းသွား ပါက ပါတီတွင်း စည်းလုံးညီညွတ်ရေးကို ထိခိုက် ပျက်စီးသွားနိုင်ပါသည်။

(ခ) နိုင်ငံရေး အဖွဲ့အစည်း အချင်းချင်း ညီညွတ်ရေး တနည်းဆိုရလျှင် တပ်ပေါင်းစု တည်ဆောက်ရာတွင် အထူးခက်ခဲမှုများ ရှိပါသည်။ အင်အားကြီးမားသော ပါတီ၊ ပါတီကြီးများ မိမိတို့နှင့် လာရောက် ပေါင်းစည်းသော အဖွဲ့အစည်းငယ်များကို မိမိတို့ ပါတီကြီး၏ လက်အောက်ခံ အဖွဲ့အစည်းများ သတ်မှတ်၍ ပါတီကြီးများ၏ ဆုံးဖြတ်ချက်များကို ပြန်လည်ဝေဖန် သုံးသပ်ခွင့် မပေးဘဲ အတင်းအကျပ် နာခံ လုပ်ကိုင်စေခြင်းများသည် တပ်ပေါင်းစုကို ပျက်စီးစေသော အဓိကအချက် ဖြစ်သည်။ နိုင်ငံရေး တိုက်ပွဲတခု၊ သို့မဟုတ် လှုပ်ရှားမှုတခုခု လုပ်လျှင် တပ်ပေါင်းစုတွင်း ဆွေးနွေး၍ ပါတီကြီးငယ်များ အပြန်အလှန် ညှိနှိုင်း၍ လုပ်ရန် လိုအပ်ပါသည်။ ဤသို့ မကျင့်သုံးပါက တပ်ပေါင်းစု၏ စည်းလုံးညီညွတ်ရေးကို အနည်းနဲ့အများ ထိခိုက်သွားပါမည်။

ဤစာတမ်းကို ညီညွတ်ရေး တည်ဆောက်ရေးအတွက် အထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်၍ တင်ပြပါသည်။ မိမိတို့၏ ကိုယ်ပိုင် အခွင့်အာဏာအရ မိမိတို့ ဘာသာ ဆုံးဖြတ် ကျင့်သုံးနိုင်ကြပါစေ။

ဤစာတမ်းသည် ညီညွတ်ရေးအတွက် တခုသော အတိုင်းအတာ အထောက်အကူဖြစ်လျှင် ကျနော့်အတွက် အထူးဝမ်းမြောက်ပါမည်။

(စာရေးသူ နိုင်ငွေသိမ်းသည် မွန်အမျိုးသား ဒီမိုကရက်တစ် တပ်ဦး ခေါင်းဆောင်တဦး ဖြစ်သည်။)


နိုင်ငွေသိမ်း

ဤ "ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်မလဲ" ဆောင်းပါးသည် သြဂုတ် ၂၅ ရက်နေ့တွင် Mizzima Onlineသတင်းစာမျက်နှာတွင်ဖော်ပြထားပြီးဖြစ်သည်။

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views