အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

မရေရာသော ထိုင်းနိုင်ငံရေး

မင်းစိုင်းနွန်ဒေါ
စက်တင်ဘာ ၁၊ ၂၀၀၈။


သြဂုတ်လ ၂၆ ရက်နေ့က စခဲ့တဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လူထုဆန္ဒပြပွဲမှာ ယနေ့အရှိန်အဟုန်မပျက် ဆက်လက် သပိတ်မှောက်နေဆဲပဲ။ ထိုအတူ အစိုးရကို ထောက်ခံတဲ့ တန်ပြန်သပိတ်မှောက်သူများလည်း ဦးရေတိုးပွားလာ ပြန်တယ်။ မူလက ဝန်ကြီးချုပ်ရုံးကို သိမ်းပိုက်ပြီး သပိတ်မှောက်ခဲ့တဲ့ PAD နဲ့ ထောက်ခံသူများက အဝါရောင်သင်္ကေတ၊ တန်ပြန် သပိတ်မှောက်သမားများက အနီရောင်သင်္ကေတပါ။

မနေ့ကထိုင်းလွှတ်တော် နှစ်ရပ်ကြားနာပွဲရဲ့ အဖြေရလာဒ်က ဝန်ကြီးချုပ် စမတ် “လုံးဝအာဏာ မစွန့်နိုင်ဘူး၊ ဒီမိုကရေစီ နည်းအရ မဲစနစ်နဲ့ ဝန်ကြီးချုပ်ဖြစ်လာတာ၊ ဒီလိုသပိတ်မှောက်ပြယုံနဲ့ အစိုးရတစ်ဖွဲ့လုံးကိုပါ ဖျက်သိမ်းပေးရယင် နောင်မှာ အကျင့်တစ်ခုလို ဖြစ်သွားမယ်” သူ့မှာဘာ အပြစ်ရှိလို့လဲ။ ထောက်ပြလေ ဆိုသတဲ့။

တစ်ဖက်ကလည်း “ဝန်ကြီးချုပ်စမတ်ပြုတ်ကျရေး” အော်သံနဲ့ ဝန်ကြီးရုံးပေါ်ကနေ TV Live တိုက်ရိုက် အစီအစဉ်ပြပြီး သပိတ်ဆက်မှောက် နေပြန်တယ်။ ထောက်ခံသူများက ထမင်းထုပ်၊ ရေသန့်၊ သပိတ်မှောက်ဝတ်စုံ၊ ဆိုင်ကယ်ဦးထုပ် (ဦးခေါင်းအကာအကွယ်) အလှုငွေ၊ ပစ္စည်းတွေထည့်ဝင်ကြတယ်။

ဓမ္မသတ်တက္ကသိုလ်က နိုင်ငံရေးလေ့လာသူများအဆိုအရ အစိုးရယန္တရားတစ်နေ့ဆုံးရူံးမှုမှာ ထိုင်းဘတ်ငွေသန်း(၅၀)ခန့် ရှိပြီး အစိုးရ အဆိုအရ (၁၀)သန်းခန်းရှိမယ်လို့ဆိုနေပြန်တယ်။

ဇူလိုင်လကစပြီး ဘန်ကောက်မြို့တွင်းလိုင်းကါးနဲ့ မီးရထားခရီးစဉ်အချို့ အခမဲ့စီးနင်းခွင့်ပြုထားတဲ့ ဝန်ကြီးချုပ်စမတ်ဟာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေနဲ့ပြည်သူတွေကို လာဘ်ထိုးစည်းရုံးနည်းတစ်မျိုးလို့ ဆိုကြပြန်တယ်။

မနေ့ည(၇)နာရီခန့်မှာ မှုခင်းရဲဌာနချုပ်ရုံးရှေ့လူဝင်ထွက်ဂိတ်အနီး ဗုံးတစ်လုံးပေါက်ခဲ့တာ လက်သည်မပေါ်ခဲ့၊ ရဲသတင်း ရပ်ကွက်အဆိုအရ တတိယအုပ်စု (တန်ပြန်သပိတ်သမားများ)ကဖြစ်နိုင်တယ်။ လိုက်ပြီး စုံစမ်းနေတုံးပါပဲ၊ လေ့လာသူများက စစ်တပ်၊ရဲတွေကမဖြိုခွင်းပဲ သပိတ်ဒီအတိုင်းဆက်သွားနေယင် အုပ်စုနှစ်ဖက် ပဋိပက္ခတွေရှိလာနိုင်ပြီး အကြမ်းဖက် စိမ်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်တယ်။

ဝန်ကြီးချုပ်ရုံးလုံခြုံရေး လက်နက်များပျောက်ဆုံးခဲ့တဲ့ကိစ္စ ရဲတွေစုံစမ်းဖေါ်ထုတ်ပေးပါလို့ ဝန်ကြီးချုပ်ရုံးကိုသိမ်းထားတဲ့ သပိတ်သမားတွေ တောင်းဆိုနေပါတယ်။ နောက်ဆုံးအခြေအနေကတော့ မနက်ဖြန်မှာ အစိုးရနဲ့သပိတ်မှောက် အုပ်စုနှစ်ခုကြား  နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံဖြေရှင်း ရန်သာရှိကြောင်း။


မင်းစိုင်းနွန်ဒေါ

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views