အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

နောက်ဆုံးတိုက်ပွဲ

မင်းစိုင်းနွန်ဒေါ
စက်တင်ဘာ ၃၊ ၂၀၀၈။


ယမန်နေ့ မနက်က ထိုင်းဝန်ကြီးချုပ် ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်အမိန့်ဟာ လေပေါ်မှာ လွင့်ပျယ်သွားသလို ဖြစ်နေပါပြီ၊ စစ်တပ်အကြီးအကဲက ဆန္ဒပြသူများအပေါ် အကြမ်းနည်းမသုံးပါဘူး၊ လုံခြုံရေးအရ စစ်တပ်အင်အား (၄၀၀) လက်နက် မကိုင်ပဲ စောင့်ကြည့်စေမယ်၊ ဝန်ကြီးချုပ်ရုံးကို သိမ်းထားတဲ့ ပီအေဒီ PAD ပါတီ အတိုက်အခံ ဆန္ဒပြအုပ်စုက အပြောအဟော နဲ့ သီချင်းအဆို မပျက်၊ ပြီးခဲ့တဲ့ရက်နေ့တွေထက် အင်အားပိုများလာသလိုပဲ။

သတင်းဌာနများအဆိုအရ အင်အား (၅၀၀) ခန့် ရှိတဲ့ ဝန်ကြီးချုပ်ကို ထောက်ခံသူ တန်ပြန်ဆန္ဒပြသမားများ အဓိကရုဏ်း စတင်ခဲ့လို့ နှစ်ဖက်ကြားရိုက်နှက်မှုတွေ ဖြစ်ပွားပြီး ရဲများ ကြားဝင် ဖျန်ဖြေမနိုင်တော့ပဲ လက်ကိုင်နံပါတ်တုတ်နဲ့ စစ်တပ် ဝင်ရောက်တော့မှ အခြေအနေပုံမှန် ပြန်ရောက်လာတယ်၊ တစ်ဦးသေ၊ (၄၀) ကျော် ဆေးရုံတင်လိုက်ရတယ်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းမှ အင်အား (၂၀၀၀၀) ကို ကိုယ်စားပြုတဲ့ အလုပ်သမားသမဂ္ဂက PAD ဆန္ဒပြမှုမှာ ပါဝင်လာပြီး အစိုးရရုံးတွေရဲ့ ရေ၊ မီး၊ တယ်လီဖုန်းလိုင်းတွေကို ဖြတ်တောက်မယ်၊ မီးရထား၊ လေယာဉ်၊ ဘတ်စ်ကား ဝန်ထမ်းတွေကအစ အစိုးရကို အမျိုးအမျိုး အကြပ်အကိုင်နေပြန်တယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာမှာစိုးရိမ်တာကြောင့် သက်ဆိုင်ရာ တိုင်းပြည်ရဲ့ အစိုးရက သတိပေးမှုတွေ ရှိလာခဲ့ပြီးနောက် ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်များ ပြည်တော်ပြန်ခဲ့ကြရတယ်။ အစိုးရရဲ့ တစ်နေ့ဝင်ငွေ ဆုံးရှုံးမှုကို မခန့်မှန်းနိုင်၊ အစိုးရရုံးထမ်း ၃၀၀၀ ခန့်ဟာလည်း မိမိဝန်ကြီး ရှိရာသို့ လိုက်ရှာပြီး ရုံးတက်နေရတယ်။

ထိုင်းရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် စမတ်ရဲ့ ပီပီပီ (People Power Party - PPP) မဲလိမ်မှုတွေ ရှိခဲ့တယ်၊ (PPP) ပါတီကို ဖျက်သိမ်းပေးဖို့ မနေ့ကတောင်းဆိုလိုက်ပြန်တော့ စမတ်ရဲ့ အကြပ်အတည်း နောက်ထပ်တစ်ရစ်ထပ်တိုး လာပြန်တယ်။

ဒီကြားထဲ စမတ်ကို ရုပ်သေးလိုကြိုးကိုင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပိုင်ဆိုင်တဲ့ မန်ချက်စတာ စီးတီးဘောလုံး အသင်းကို အာရပ်စော်ဘွား တစ်ယောက်ထံ စတာလင်ပေါင် သန်း(၂၀၀)ကျော်နဲ့ ရောင်းလိုက်တာ စမတ်ကို နောက်က ငွေကြေးထောက်ပံ့ပေးဖို့လား ဆိုပြီး ကောလဟာလ သတင်းတွေ ပြန့်လွင့်နေပြန်တယ်၊ အရပ်စကားနဲ့ ပြောနေကြတာကတော့ အနီရောင် သင်္ကေတ တန်ပြန် ဆန္ဒပြအုပ်စုက လူတစ်ယောက်ကို တစ်နေ့ ဘတ် (၅၀၀)နဲ့ ငှားထားတယ်ဆိုပဲ၊ ဒီမှာက  အဲဒီအုပ်စုကို "ဖွတ်ကြား" လို့ မြန်မာမှုပြုကြတယ်၊ မြန်မာပြည်က "ကြံ့ဖွတ်" တွေလိုပေါ့၊ အခုမပြုတ်တပြုတ် ငွေ့ငွေ့လေးသာ ကျန်တော့တဲ့ စမတ်က မြန်မာပြည်က "ကြံ့ဖွတ်" နယကကြီးမှာ နည်းနာယူပြီး "ဖွတ်ကြား" အဖွဲ့ကို ကော်ပီ ဆွဲထားဟန် တူတယ်။

အတိုက်အခံခေါင်းဆောင် စမ်မလောင်းဆိုလျှင် စိတ်ဓါတ် ကြံ့ခိုင်မှုနဲ့ အတွေ့အကြုံတွေအရ လက်ရှိ ဝန်ကြီးချုပ်ထက် အများကြီးရင့်ကျက်ပါတယ်၊ ၁၉၉၂ - ၉၃ ခု ဗိုလ်ချုပ်ကြီး ဆူချင်တာ လက်ထက်ကို မှီခဲ့လျှင် သိပါလိမ့်မယ်၊ စစ်တပ်က လက်နက်နဲ့ နှိမ်နင်းခဲ့တဲ့ အနေအထားနဲ့အခုအခြေအနေကိုသုံးသပ်လျှင် ဝန်ကြီးချုပ်နဲ့ အစိုးရ မဖျက်သိမ်းချင်းတော့ "နောက်ဆုံးတိုက်ပွဲ"ကို ဆက်လက်ဆင်နွဲ တိုက်ပွဲဝင် နေဦးမှာပဲ။

ထိုင်းသတင်းထောက်တစ်ဦး အဆိုအရ ဒီနေ့မှာ ထိုင်းအထက်လွှတ်တော်အမတ် (၁၄)ဦး၊ တတ်သိပညာရှင် (၅၈) ဦး၊ တက္ကသိုလ် (၂၆) ကျောင်းမှ ပါမောက္ခများက ထိုင်းနိုင်ငံ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး ဝန်ကြီးချုပ် "စမတ်" တိုင်းပြည်ရဲ့ မျက်နှာကို ထောက်ရှုပြီး လက်ရှိပါလီမာန်ကို ဖျက်သိမ်းသင့်ကြောင်း ထုတ်ဖော်ကြေငြာချက်တွေကို ကြည့်ယင် "စမတ်" အစိုးရ လက်မတင်လေးသာ ရှိတော့ပါကြောင်း။


မင်းစိုင်းနွန်ဒေါ

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views