အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

အိန္ဒက
သြဂုတ် ၁၄၊ ၂၀၀၈
Print

တော်လှန်ရေး၏ ခရီးအစ

မိုးကား တဖွဲဖွဲရွာလျှက်ရှိသည်၊ အချိန်ကား ဝါခေါင်လ အဖိတ်နေ့ညဖြစ်နေသော်လည်း မိုးသားတိမ်လိပ်တို့ ပိတ်မှောင်ကာ ဆီးထားသောကြောင့် လုံလောက်သောအလင်းမပေးနိုင်ရှာပေ၊ လင်းတခါ မှောင်တလှည့် အခြေအနေကို အခွင့်ကောင်းယူ၍ လူတချို့သည် မွန်အမျိုးသားတို့၏ အနာဂတ်အရေးကို ဆွေးနွေး နေလျှက် ရှိသည်။ ယင်းအဖွဲ့ကို နိုင်ပန်းသာ၊ ဗိုလ်သိန်းတို့ ဦးဆောင်ပြီး အကျေအလည် ဆွေးနွေး၍ မနက်ဖြန်အတွက် အစီအစဉ်များ ချမှတ်နေကြသည်၊ ဝါခေါင်လပြည့်နေ့ အာရုံ တက်ချိန်၊ တိမ်ညိုဖုံး၍ လရောင်မလင်းမှုကို အကာအကွယ်ပြုကာ မွန်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ဝင်များ သက်ဝင်လှုပ် ရှားနေကြပေပြီး။ ၎င်းတို့၏ ဦးတည်ချက်ကား မွန်ကျေးရွာများရှိ ကာကွယ်ရေး လက်နက်များကို သိမ်းဆည်းရန်ပင် ဖြစ် သည်၊ ထို့နေ့တွင် ဂျိုင်းမြစ်ကမ်းတလျှောက် ဇာသပြင်၊ တရနာ၊ ခရား၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကမ်းနီး အစရှိသည့်ကျေးရွာများရှိ ကာကွယ်ရေးအတွက် ထုတ်ပေးခဲ့သော သေနတ်အားလုံးကို ဦးစွာသိမ်းယူလိုက်ကြသည်၊ နောက်တစ်နေ့၌ ထုံးအိုင်၊ ကဒိုး၊ ကော့နှပ်ကျေးရွာများရှိ သေနတ်များကို သွေးထွက်သံ ယိုမှုမရှိဘဲ သိမ်းယူလိုက်ကြသည်။ ကောဇာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့် နေ့ဖြစ်စဉ်မှသည် မွန်တော်လှန်ရေး၏ နိဒါန်းခရီးကြမ်းကို စတင်ခဲ့သည်။

ထိုစဉ်ကာလ နိုင်ငံရေးအခြေအနေမှာ တည်ငြိမ်မှုကင်းမဲ့နေပေသည်။ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုအားဖြင့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ နောင်တွင် လွတ်လပ်လာမည့် မြန်မာ နိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ၏အနာဂတ်အရေးကို အလေးပေး ဆောင်ရွက်သွားမည်ဟု ဂတိကဝတ်များ ပြုခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်တချို့ လုပ်ကြံခံရပြီးနောက်ပိုင်း လွတ်လပ်ရေးရရှိပြီး တက်လာသော နိုင်ငံခေါင်းဆောင်များမှာ မဟာဗမာဝါဒီ လူမျိုးကြီးဝါဒကို ကိုင်စွဲလာခဲ့သည်။ ပါတီစုံစနစ်ဖြင့် တည်ထောင်ထားပြီး ဖြစ်လင့်ကစား မိမိတို့၏ပါတီအတွက်သာ ဦးတည်လုပ်ဆောင်လာခဲ့ကြသည်။ တိုင်းရင်းသားများ၏အရေးကိစ္စကို မျက်ကွယ်ပြုလာ ခဲ့ကြသည်။ အင်္ဂလိပ်များအုပ်ချုပ်သကဲ့သို့ ကျန်တိုင်းရင်းသားလူမျိုးများအပေါ် ကျွန်ပြုအုပ်ချုပ်လိုခဲ့ကြသည်။ ဤစိတ်ရင်း မမှန်သောအခြေအနေကြောင့် ပြည်တွင်းစစ်ကြီးမလွှဲမရှောင်သာ ဖြစ်လာခဲ့ပေသည်။

မုန်တိုင်းထန်ထန်၊ ရေဆန်လေထန်ခရီး

၁၉၄၈  ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရှိပြီးဖြစ်သော်လည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် ဖေါ်ထုတ်ရေး အစီအစဉ်ကို ဖဆပလအစိုးရမှ လျစ်လျူရှုခဲ့ရာ KNU ကရင်အမျိုးသားအစည်းအရုံးမှ ၎င်း၊ မွန်လူမျိုးရေးရာအဖွဲ့ချုပ်မှ၎င်း ကြီးမှုး၍ လူထုဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပေသည်၊ သို့သော် ဖဆပလ အစိုးရသည် မွန်နှင့်ကရင်တို့၏ လိုလားချက်ကို အသိ အမှတ်မပြုယုံသာမက စစ်ရေးနည်းအရ အရေးယူမည့်အသွင် ဆောင်ရွက်လာခဲ့ရာ ကရင်များက ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းခဲ့သည်၊ မွန်များလည်း မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းခဲ့သည်၊ သို့သော် မွန်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (MNDO)  မှာ လက်နက်မရှိသေးပေ။ ဖြစ်ပွားနေသော အခြေအနေအပေါ် ရှိသည့် လူအင်အား၊ စိတ်ဓါတ် အင်အားဖြင့် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ခဲ့သည်၊ ၁၉၄၈ သြဂုတ်လလောက်တွင် မွန်ခေါင်းဆောင်များဖြစ်သော နိုင်လှမောင်၊ နိုင်ဘလွင်(နိုင်ရွှေကျင်)နှင့် ကရင်ခေါင်းဆောင်များဖြစ်သော စောဘဦးကြီး၊ စောသာဒင်၊ ဆရာသာထို၊ မန်းဘဇံ၊ မန်းဂျိမ်း စောဘယ်လိတို့သည် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ် ဖေါ်ထုတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး မွန် -ကရင် သဘောတူညီ ချက် (၄) ချက် အဓိဌာန်ပြုချက်များ ချမှတ်နိုင်ခဲ့သည်၊ အဆိုပါသဘောတူညီချက်မှာ -

(၁) မွန်နှင့်ကရင် ပူးပေါင်း၍ တိုက်ပွဲဝင်သွားမည်။
(၂) ထိုသို့တိုက်ပွဲဝင်ရာတွင် အသက်ကို ပဓါနမထားဘဲတိုက်ပွဲဝင်သွားမည်။
(၃) တဖွဲ့မှ မသိဘဲ အခြားတတိယအဖွဲ့နှင့်ပူးပေါင်းခြင်း မပြုလုပ်ရ။
(၄) ကြိုးပမ်းမှု အောင်မြင်သွားလျှင် မွန်နှင့်ကရင်ပြည်သူများ၏ ဆန္ဒနှင့်အညီ နယ်မြေကိစ္စများ ဆောင်ရွက်သွားမည်။

အဆိုပါမွန်နှင့်ကရင်သဘောတူညီချက်ရရှိပြီးနောက် ဖဆပလ အစိုးရအနေနှင့် မွန်၊ကရင်အဖွဲအစည်းအပေါ် သဘောထားမှု တင်းမာလာသည်၊ မော်လမြိုင်ခရိုင်ဘက်သို့ လုံခြုံရေးအကြောင်းပြကာ တပ်ရင်းတရင်း စေလွှတ်ခဲ့သည်၊ မွန်နှင့်ကရင်တို့၏ ရှေ့ဆက်ခြေလှမ်းများကို ဟန့်တားရန် ကြံစည်လာသည်။ မွန်နှင့်ကရင်ကျေးရွာများမှ ကာကွယ်ရေးလက်နက်ကိုသိမ်းဆည်း ရန်  ကြံစည်လာသည်။ အစိုးရ၏ အကြံအစည်ကို သိရှိသော မွန်လူငယ်များမှာ လက်နက် လုံးဝ မအပ်ရန် ကျေးရွာအနှံ့ လှုံ့ဆော်မှုပြု ခဲ့ကြသည်။ ဖဆပလ အစိုးရအနေနှင့်မွန်နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မွန်မျိုးချစ်ရဟန်းသံဃာတော်များကို ဖမ်းဆီးနှိပ်ကွပ်သတ်ဖြတ်ခြင်းများ တိုး၍ လုပ်ဆောင်လာသဖြင့် မလွဲမရှောင်သာတော့ဘဲ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ကိုင်စွဲ၍ ခုခံတော်လှန်စစ်ကို လုပ်ဆောင်ခဲ့ရလေသည်။

ထို့ကြောင့် ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၉ ရက်၊ ၁၃၁၀ ခုနှစ်ဝါခေါင်လပြည့်နေ့တွင် ဇာသပြင်ကျေးရွာမှ အစပြု၍ လက်နက် များကို သိမ်းဆည်းရာမှ မွန်တော်လှန်ရေး ဖြစ်စဉ်သန္ဓေ တည်လာခဲ့သည်။ တနည်းအားဖြင့်ဆိုလျှင် ပေါက်ကွဲ လုလုဖြစ်နေ သော မွန်အမျိုးသားများ၏ လွတ်လပ်ရေး လိုလားမှုဆန္ဒကို ဤဝါခေါင်လပြည့်က တပ်လှန့်လိုက်သည်။ ထို့ကြောင့် ဤဝါခေါင်လပြည့်နေ့သည် မွန်အမျိုးသားများ အတွက် မတရားမှုကို တော်လှန်သောနေ့ထူးနေ့မြတ်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။

 

အိန္ဒက

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views