အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ကြားမိကြားရာ အပိုင်းအစများ (၁)

ခေါဇာမှ ပေါတာကြီး
သြဂုတ် ၉၊ ၂၀၀၈
Print

အချိန်ကာလကား ၂၀၀၄ ခုနှစ် ဝန်းကျင်ခန့်ဖြစ်သည်၊ ယင်းအချိန်တွင် ဗိုလ်မှူးကြီး မျိုးဝင်း (ယခု အမှတ် ၁၉ စကခမှူး ဗိုလ်မှူးချုပ် မျိုးဝင်း) သည် ဗျူဟာမှူးတာဝန်ဖြင့် မွန်ပြည်နယ် ရေးမြို့နယ်ဘက်တွင် တာဝန်ကျနေချိန် ဖြစ်သည်။ သူ့၏ ဗျူဟာရုံးကို ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲတွင် အခြေချထားသည်။ ထိုဗျူဟာမှူး မျိုးဝင်းကား စစ်သားပီပီ စိတ်ထားတော် နုသလို၊ ကိုယ်ခန္ဓာလည်း နုလှပေသည်။

ခေါဇာမြို့နယ်ကို ရောက်ရောက်ချင်း ရိုးရိုးမွေ့ယာဖြင့် အိပ်လျှင် ကိုယ်လက်နာကျင်သဖြင့် ကျေးရွာလူကြီးများကို ဆူပူကြိမ်းမောင်းလေတော့သည်၊ ကျေးရွာလူကြီးများ မနေတာတော့ဘဲ ဂုံနီအိတ်ထဲကောက်ရိုး ထူထူထည့်ကာ ဗျူဟာမှူးအား အိပ်ခိုင်းတော့မှ အိပ်ပျော်သည် ဟုသတတ်။ နောက်တစ်နေ့တွင် သူ့အတွက် စိန်နဲ့မြ မွေ့ရာ အစုံလိုက်ဝယ်ပေးရန် ကျေးရွာလူကြီးများကို စေခိုင်းရာ ဘုန်းကြီးကျောင်းမှစ၍ မုဆိုးမအိမ်အလယ် နတ်ကွန်းအိမ်အဆုံး ငွေကောက်ခံပြီး ဝယ်ခဲ့ရလေသည်၊ ဤကား ဗျူဟာမှူး၏မိတ်ဆက်ခြင်းနိဒါန်း ကိုယ်ကာယပျော့ပြောင်းခြင်း၏ တစိပ်တဒေသတည်း။

ထို့အပြင် ဆရာဝန်များ၏ ညွှန်ကြားချက်အရ ကျန်းမာရေးအတွက် ဆိုကာ ဘလက်လေဘယ် စကော့ဝီစကီများ နေ့စဉ် တစ်ပုလင်းကျ ဆက်သရသည်။ ရေးမြို့နယ်ရှိ ကျေးရွာလူကြီးများမှာ ဤတာဝန်ကို နေ့စဉ်မပျက်မကွက် တာဝန်ယူရသည်။ ထို့အပြင် သူ့ကိုယ်သူ မိုးခေါင်ကျော်စွာ (ဦးမင်းကျော်) ဝင်စားသည်ဟု အရက်မူးရူးလာသည့်အခါများတွင် ပြောဆိုတတ် သေးသည်။ အဆိုပါ ဗိုလ်မှူးကြီး မျိုးဝင်းကို ရေးမြို့နယ်တခွင်လုံးမှ ရှားရှားပါးပါး အရက်ချက်စက်ရုံတည်ထောင်ခွင့် ရခွင့်သူ ရွှေတောင်ကြား ဦးထွန်းမြင့်က ဗိုလ်မှူးကြီး မျိုးဝင်း၏ဓါတ်ပုံတောင်းယူကာ ဘုရားစင်အနား၌ ကန်တော့ပွဲပေးပြီး ပူဇော် ကိုးကွယ်ထားသည်ဟု သိရသည်။

ဦးထွန်းမြင့်၏အဆိုအရကား "ဟာ ကိုးကွယ်ရမှာပေါ့၊ သူ ဒီမှာ ဗျူဟာမှူး တာဝန်ယူတဲ့နှစ်နှစ်အတွင်းမှာ သူ့အတွက် ဘလက်လေဘယ် ရောင်းရငွေသက်သက် ကျနော် နောက်အိမ်အသစ်တစ်လုံး ထပ်ဆောက်နိုင်ပြီးလေ ဟဲဟဲ"။

ထို့အပြင် ဗိုလ်မှူးကြီး မျိုးဝင်း၏စိတ်ပိုင်းဆိုင်ရာ နုသည့်အပိုင်းကိုလည်း အချင်းချင်းမို့လက်တို့ပြီး ပြောရပေဦးမည်။ သူ ခေါဇာမြို့တွင် ရှိနေစဉ်အတွင်း တွေ့သမျှ မိန်းမပျိုများကို အမိန့်ဖြင့် ဆင့်ခေါ်ကာ ကာရာအိုကေ သီချင်းများ စုံတွဲ သီဆိုလေ့ရှိသည်၊ သူ့အသံမှာ ကောင်းလှသည်ဟု ရွာသားတစ်ဦးက ဤသို့ မှတ်ချက်ချလေသည်။

"ဝရိန်ဆော်သံနဲ့ ဆိုင်ကယ်အိပ်ဇောပေါက်သံ နှောပြီး ဆိုသွားသလိုဘဲ ဖိနောင့်နဲ့ ပေါက်ပြီး ဂုဏ်ပြုလိုက်ချင်တယ်" သူနှင့် တွဲဘက်သီဆိုရသော အမျိုးသမီးငယ်များမှာ တနေ့တခြား အဆိုကျွမ်းကျင်ကာလက်ရည်တက်လာသဖြင့် ဖြူဖြူကျော်သိန်း၊ ဆုန်သင်းပါတို့ခင်ဗျာ အသဲတထိပ်ထိပ် ရင်တဖိုဖိုနှင့် မိမိနေရာ မပျောက်ရေးအတွက် ဘုရား၌ ဆုတောင်းနေကြရမည်မှာ မလွဲပေ။

အဆိုပါ အမျိုးသမီးငယ်များမှာ မြန်မာဂီတလောကတွင် ဝင်ပြိုင်ရမည်ကို ဂုဏ်သိမ်ငယ်သည်ဟု ဆိုကာ ပရစ်တနေစပီးယား၊ မက်ဒေါနား စသည့်ကမ္ဘာကျော်အဆိုတော်များနှင့် အဆိုယှဉ်ပြိုင်နိုင်ရန် ဗိုလ်မှူးကြီး မျိုးဝင်းထံ အပူကပ်လေတော့သည်။ သူ့အပူ ကိုယ့်အပူဟု ဆိုစရာမလို။ တချို့အမျိုးသမီးများမှာ ရေဖျဉ်းရောဂါ စွဲသည်ဟုဆိုကာ ရေးမြို့ရှိ ဒေါက်တာမြဦးထံ သွားရောက် ဆေးကုနေရကြောင်းလည်း မကြားချင်အဆုံး ကြားနေရသည်။ ဤကား ဗိုလ်မှူးကြီး မျိုးဝင်း၏ တိုင်းရင်းသား ချစ်ကြည်ညီညွတ်ရေး စွမ်းရည်တည်း။

နအဖ ဗိုလ်မှူးကြီးများအနက် ဗိုလ်မှူးကြီး မျိုးဝင်းမှာ မြန်မာပြည်၏အနာဂတ်အရေးကို ပူပင်တတ်သူ တစ်ယောက်ဖြစ်ကြောင်း သံဖြူဇရပ်က ကျနော့်မိတ်ဆွေတဦး ပြောသည်၊ မြန်မာနိုင်ငံတွင် ခရီးသည်ပို့ဆောင်ရေး၌ အသုံးပြုနေသော မော်တော်ကား များမှာ အနော်ရထာမင်း သံခွေလှိမ့်နေသည့် ကာလမှ ထုတ်ထားသောကားများအဆင့်သာ ရှိသည်။

အရေအတွက်လည်း နည်းနေသဖြင့် အနန်းကွင်းကျေးရွာ၌ သူ ဗျူဟာမှူးအဖြစ် တာဝန်ယူရနေစဉ်အတွင်း ဤပြဿနာကို ဖြေရှင်းပေးခဲ့သည်။ ထိုင်းနိုင်ငံမှ ကားများကို ဘုရားသုံးဆူမှ သံဖြူဇရပ်အထိ တရားမဝင် ဆင်းလာချိန်တွင် နိုင်ငံတော်ဘဏ္ဍ တိုးတက်စေရန်အတွက် ကားတစီးလျှင် နှစ်သိန်းနူန်းဖြင့် အခွန်တော် ကောက်ယူပြီး ဆင်းခွင့်ပြုလေသည်၊ ထို့ကြောင့် သူ တာဝန်ယူခဲ့ချိန်တွင် ကျွန်ုတော် ကောက်ချက်ချမိသည်။

(၁) ကျန်းမာရေးကို လိုက်စားသောသူ (အရက်၊ မိန်းမ)။
(၂) ဆိုကရေးတီး ပြိုင်ပွဲကို အစဉ် ကျင်းပခဲ့သူ။
(၃) ခရီးသည်ပို့ဆောင်ရေးအတွက် မြန်မာနိုင်ငံတွင် ကားများ တိုးပွားအောင် လုပ်ဆောင်ခဲ့သောသူ။
(၄) နိုင်ငံတော်ဝင်ငွေ တိုးတက်အောင် လုပ်ဆောင်ပေးခဲ့သူ။
(၅) တချို့ပြည်သူတို့၏အကျိုးစီးပွားကို တိုးပွားအောင် လုပ်ဆောင်ပေးခဲ့သူ (ဒေါက်တာမြဦး၊ ဦးထွန်းမြင့် - ရွှေတောင်ကြား)။

ဤမျှ အရည်အချင်းနှင့်ပြည့်စုံသော စစ်ဗိုလ်တစ်ဦးကို ရေးမြို့နယ်ရှိ ပြည်သူများက လုံးဝမေ့ပျောက်၍ မရနိုင်တော့ပါ။ ထင်းခွဲသည့်အခါတိုင်း၊ ဝါးခုတ်သည့်အခါတိုင်း ဗိုလ်မှူးကြီး မျိုးဝင်းကို၏မျက်နှာအမှတ်နှင့် အံကြိတ်ကာ အားပါးတရ ခွဲခြမ်းခုတ်နေကြောင်း။

 

ခေါဇာမှ ပေါတာကြီး

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views