အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား? ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား?

မင်းကာန်စီ
ဇူလိုင် ၂၈ ၊ ၂၀၀၈
Print

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနှင့် ပူးပေါင်းလုပ်ဆောင်မလား? ကုလလုံခြုံရေးကောင်စီ၏ ဖိအားပေးမှု နှင့်ရင်ဆိုင်မလား? ဆိုသည့်မေးခွန်းကို အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအား မေးလိုက်သည်။

နောက်လတွင် မြန်မာပြည်ကို သွားရောက်မည့်မစ္စတာဂမ်ဘာရီနှင့် တံခါးပိတ်တွေ့ဆုံဆွေးနွေးပြီးနောက် လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၅) နိုင်ငံက ဂမ်ဘာရီ၏ခရီးစဉ်သည် တိကျသောရလဒ်တစ်ရပ်ကို မျှော်လင့်ကြောင်း ကုလဆိုင်ရာအမေရိကန် သံအမတ် ဇာမေးကာလီဇတ် Zalmay Khalilzad က သတင်းထောက်အား ပြောပြပါသည်။

မစ္စတာဂမ်ဘာရီ၏ခရီးစဉ်ကို အခွင့်ကောင်းတစ်ခုအဖြစ် လက်ခံပါ၊ နိုင်ငံရေးတိုးတက်မှုမရှိရင် နိုင်ငံရေးမငြိမ်သက်မှုဆီ ဦးတည်နေတယ်လို့ ကျနော်တို့မြင်တယ်၊ အဲဒါကို လုံခြုံရေးကောင်စီက သာမန်ကိစ္စလို့ဆိုပြီး ဆက်လက်သည်းခံမှာ မဟုတ်ဘူးလို့ အမေရိကန်ကိုယ်စားလှယ်က ပြောပါသည်။

စစ်အစိုးရအနေနှင့် မျက်နှာသစ်တစ်ခု ဖွင့်လှစ်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံရေးလမ်းပြမြေပုံတစ်ရပ် သဘော တူရမည်၊ တစ်ချိန်တည်းမှာဘဲ ဒေါ်စုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း လွှတ်ပေးရမည်ဟု သူက ဆက်ပြောသည်။

အကယ်၍ ဘာမှတိုးတက်မှုမရှိဘူးဆိုရင် စစ်အစိုးရကို ပိုမိုအရေးယူဆောင်ရွက်ချက်များနှင့် ဖိအားပေးမှုကို ကျနော်တို့ လုပ်ဆောင်ရမည်ဟု ဆက်ပြောသည်။

လွန်ခဲ့သော (၆) လလောက်မှာ မြန်မာနိုင်ငံရေးဟာ နောက်သို့ပြန်ဆုတ်သွားနေတယ်လို့ ဗြိတိန်သံအမတ် ဂျွန်းဆိုဝါ John Sawers က လုံခြုံရေးကောင်စီ၏အဖွင့်အစည်းအဝေးမှာ ပြောကြားလိုက်သည်။

နိုင်ငံတကာ၏တောင်းဆိုချက်များကို ပြန်မပြော၊ နားမထောင်သည့် မြန်မာစစ်အစိုးရ၏လုပ်ဆောင်ချက်ကို ကျနော်တို့ အလုပ်လုပ်ဖို့ ခက်ခဲနေသည်ဟု ဗြိတိန်သံအမတ်က ဆက်ပြောသည်။

ကောင်စီ၏အလှည့်ကျဥက္ကဌဖြစ်သော ကုလသံအမတ် လီလုန်မင်းကလည်း အဖွဲ့ဝင် ၁၅ နိုင်ငံအနေနှင့် ဂမ်ဘာရီ၏ခရီးစဉ် ကို အပြည့်အဝ ထောက်ခံပြီး သူရဲ့ကြိုးပမ်းချက် အောင်မြင်သည်ကို မြင်တွေ့လိုကြောင်း ထပ်လောင်းပြောကြားသည်။

မေလတွင် နာဂစ်မုန်တိုင်းတိုက်ခိုက်မှုကြောင့် ဂမ်ဘာရီ၏ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်၊ လူ ၃၁ ယောက် လောက် သေဆုံးစေသည့်စက်တင်ဘာအရေးအခင်းပြီးနောက်ပိုင်း ဂမ်ဘာရီက မြန်မာပြည်ကို ၃ ကြိမ် သွားရောက်ခဲ့သည်။

ဗုဒ္ဓဟူးနေ့တုန်းကလဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဂမ်ဘာရီ၏ခရီးစဉ်အတွက် မိတ်ဆွေဆုံဆည်းပွဲ အစည်းအဝေးအပြီးတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်ရန် မြန်မာစစ်အစိုရအား တိုက်တွန်းလိုက်သည်။

မိတ်ဆွေဆုံဆည်းပွဲ အဖွဲ့အနေဖြင့် စစ်အစိုးရနှင့် ဒေါ်စုကြည်တို့ တွေ့ဆုံဆွေးနွေးပွဲ၊ ရွေးကောက်ပွဲ လုပ်ငန်းဆောင်တာ အပေါ် အယုံအကြည်ရှိမှုနှင့် ကုလရုံးချူပ်နှင့် ပူးပေါင်းဆောင်ရွက်မှု စည်းကမ်းချက်များနှင့် ပတ်သက်၍ သိသာထင်ရှားသော တိုးတက်မှုများ မြင်တွေ့လိုကြောင်း အထူးပြောကြားလိုက်သည်။

ဒီဇင်ဘာလကတည်းက ဖွဲ့စည်းထားသောထိုအဖွဲ့၏အစည်းဝေးတွင် Australia, Britain, China, France, India, Indonesia, Japan, Norway, Russia, Singapore, South Korea, Thailand, the United States, Vietnam, the European Community and the European Union နိုင်ငံများ ပါဝင်တက်ရောက်ခဲ့သည်။

 

မင်းကာန်စီ

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views