အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရိုးရာကွမ်းစားခြင်းဓလေ့
ဆောင်းပါး

ဘယ်မအေရိုးမှမကောင်းပါဘူး

မောင်အဲရိုး
ဇန်နဝါရီ ၁၇ ၊၂၀၁၀။

ဟောပြောသူ=သခင်ကိုယ်တော်မှိုင်း
ရေးသားမှတ်တမ်းတင်သူ=သခင်ဘမောင်
အုတ်ကျစ်ကျော်အေးမန္တလေးတဲ့။ ၁၂၂၁မှာမန္တလေးမြို့ကိုတည်ထောင်ပါတယ်။ မန္တလေးမြို့ နှင့်နန်းတော်ကြီးကို တည်ဆောက်ရာမှာ လိုအပ်တဲ့ပစ္စည်းပစ္စယတွေကို အသစ်စက်စက် သုံးသင့်တာသုံးပြီး အမရပူရမြို့ဟောင်းကပစ္စည်း တွေ သုံးသင့်တာထည့်သုံးရသေးတယ်။

ရွှေဘိုပြောင်းဘို့ခဲယဉ်းတဲ့ အဆောက်အဦး အရာဝထ္တုကြီးတွေကလွဲရင် အကုန်လိုလို ပြောင်း ရွှေ့ကြရတယ်။ ဒီလို ပြောင်းရရွှေ့ရတဲ့အခါ ဆင်းရဲသားတောင်သူလယ်သမားများက သူတို့ လှည်းများနှင့်သူတို့အမရပူရမြို့ဟောင်းက မန္တလေးမြို့သစ်နေရာအထိ သယ်ယူပို့ဆောင်ပေး ရတယ်။ သယ်ယူပို့ဆောင်ခရယ်လို့ နန်းးတော်ကြီးကတနေ့ တကျပ်ခွဲသတ်မှတ်ပေးထား သတဲ။ ဒါပေမဲ့အခုခေတ်မှာလိုပေါ့ လှီးကြဖြတ်ကြတော့ဆင်းရဲသား လှည်းသမားများလဲ တကျပ်ငါးမတ်ဆိုသလိုရကြတယ်။

ဒီအချက်ကို ဆင်းရဲသားလှည်းသမားများကမကျေနပ်ကြဘူး။ ကျယ်ကျယ်လောင်လောင် လဲမပြောရဲကြတော့ တိုးတိုးတိတ်တိတ်ကြိတ်ပြီး ပြောကြသတဲ့။ မင်းနားတထောင်ဆို တဲ့အတိုင်းအဲဒီလိုတိုးတိုးတိတ်တိတ်ပြောဒါကိုပဲ နန်းတော်ကြီးကသိရလို့ အိမ်ရှေ့မင်းသား ကိုယ်တိုင်ရုပ်ဖျက်ပြီးဆင်းရဲသား လယ်သမားများထံ သွားရောက်စုံစမ်းတယ်။

တနေ့တော့ အိမ်ရှေ့မင်းသားကြီးဟာ နေ့ခင်း ၁၂ နာရီလောက်မှာ ဆင်းရဲသားလှည်းသမားများသစ်ပင်ရိပ်မှာ ထမင်း စားရင်းအနားယူနေတုံး ချည်လုံချီ ချည်အင်္ကျီံ တဘက်(မျက်နှာသုတ်ပုဝါ)ခေါင်းပေါင်းကြီးနဲ့ ဆင်းရဲသားလိုရုပ်ပြောင်း ၀င်သွားသတဲ့။ ပြီးတော့လှည်းသမားများနှင့် ရောက်တတ်ရာရာစကားပြောရင်း အမရပူရမြို့ဟောင်းက မန္တလေးမြို့ သစ်ကိုပစ္စည်းတွေသယ်ယူပို့ဆောင်ရတဲ့အတွက် တနေ့လှည်းခဘယ်လောက်ရသလဲလို့ မေးမြန်းကြည့်သတဲ့။

အသက်ခြောက်ဆယ်ခုနှစ်ဆယ်လောက်ရှိတဲ့ အဖိုးကြီးတယောက်က နန်းတော်ကြီးကတော့တကျပ်ခွဲပေးဘို့ အမိန့်ချ ထားသတဲ့။ ဒါနဲ့အိမ်ရှေ့မင်းသားက အဖိုးကြီးကို" ဘကြီးကအသက် ဘယ်လောက်ရှိပါပြီလဲ" လို့ထပ်မေးတော့ အဘိုးကြီးက"ဘကြီးအသက်လား ခုနှစ်ဆယ်ဆိုပါတော့ကွယ်" လို့ပြန်ဖြေသတဲ့။

ဒီလိုဆိုဘကြီးဟာမှန်နန်းရှင်တို့ ကုန်းဘောင်ဘုရင်တို့ ပုဂံဘုရင်တို့ကို ကောင်းကောင်းမှီတာပေါ့နော်ဟု မေးလိုက် တဲ့အခါ အဖိုးကြီးက မှီတာပေါ့မောင်ရဲ့ မှန်နန်းရှင် ကုန်းဘောင်တို့တွင် ဘယ်ကမလဲဘိုးတော်ဘုရင်ကိုတောင် ဘကြီးတို့ကောင်းကောင်းမှီတာပေါ့လို့ပြန်ပြောသတဲ့။ တဖန် အိမ်ရှေ့မင်းသားကဆက်ပြီး ဒါဖြင့်ကျွန်တော်တို့ လူငယ်တွေဗဟုသုတအဖြစ် မေးပါရစေ။ အခုမင်းတုန်းရှင်ဘုရင်အထိပေါ့ဗျာ အဲဒီဘကြီးမှီခဲ့တွေ့ကြုံခဲ့တဲ့မင်းတွေ မင်းတွေ ခေတ်မှာ ဘယ်မင်း ဘယ်လက်ထက်မှာ ဆင်းရဲသားများ တိုင်းသူပြည်သားများအတွက်ငဲ့ညှာထောက်ထားပြီး စားဝတ်နေရေးမျှတချောင်လယ်အော ကောင်းကောင်းမွန်မွန် စီမံအုပ်ချုပ်ပါ သလဲ။ ဘယ်မင်းလက်ထက်မှာ ဆင်းရဲ သားများ တိုင်းသူပြည်သားများအပေါ် ငဲ့ညှာထောက်ထားခြင်းမရှိဘဲ မကောင်းတဲ့အပြုအမူတွေနဲ့ ဆိုးဆိုးဝါးဝါးအုပ်ချုပ် ပါသလဲဆိုတာ သိပါရစေ ခင်ဗျာလို့မေးလိုက်သတဲ့။

အဲဒီအခါမှာတော့အဖိုးကြီးကမျက်နှာကြီးရှုံ့မဲ့လိုက်ပြီး အင်းမေးမှမေးတက်ပလေတူမောင်ရာ သူတို့ကြားအောင်တော့ မပြောရဲပါဘူး ဘကြီးတွေ့ခဲ့သိခဲ့ရသမျှတော့ မင်းဆိုတဲ့အကောင်တွေဟာ ဘယ်မအေရိုးမှမကောင်းဘူးကွဲ့၊ မယားကြီး မယားငယ် မယားအမြှောင်အမျိုးမျိုးယူပြီး သူတို့သားမယားဆွေမျိုးတစု ကောင်းစားရေးအတွက်လုပ်ကြတာပါပဲ။ တို့ဆင်းရဲသားတောင်သူလယ်သမား အလုပ်သမားတွေကတော့သူတို့ကောင်းစားရေးအတွက် အစတေးခံဘဝက မတက်ကြရပါဘူးလို့ ပြောလိုက်တဲ့အခါ အိမ်ရှေ့မင်းသားကြီးလဲ နောက်ထပ်ဘာမှမမေးရဲတော့ဘဲ အသာထပြန်လာ ခဲ့ရသတဲ့။

အခုခေတ်မှာလဲ ဆရာတွေ့ခဲ့ကြုံခဲ့ရသမျှ မင်းအစီုးရဆိုတဲ့အကောင်တွေဟာ အဲဒီဆင်းရဲသား လှည်းသမားကြီး ပြောသလိုဘဲ။ ပြည်သူလူထုကောင်းကျိုးကို အဓိကထားလုပ်ကြတာ မတွေ့ ရသေးပါဘူး။ တအိမ်ထောင် ကားတစီး တိုက်တလုံး တလဝင်ငွေရှစ်ရာ ဆိုတာလဲသူတို့ တစုအတွက်ပါဘဲဟု ပြောဆိုကာ ရယ်မောနေတော့သည်။
        
                                        မောင် အဲရိုးမြန်မာပြည်တွင်းမှ ပေးပို့ထားပါသည်
                  

 

 

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၁၀ ခုနှစ် ဆောင်းပါးများ



၂၀၁၀ ခုနှစ် ဆောင်းပါးများ


မွန်တော်လှန်ရေးအပေါ် နာလည်မှု ရှိနိုင်ကြပါစေ

မြန်မာလူမျိုးပထမဦးဆုံးဆရာဝန် (မွန်အမျိုးသားဒေါက်တာရှောလူး)

ဖါးစည်

Road Map မရှိတဲ့ ဒီအပစ်ရပ်ဇာတ်မျောမှာသမိုင်းရေးကြ

ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာ

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ(အပိုင်းနှစ်)

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ (အပိုင်းတစ်)

အစိမ်းရောင်ဝေဒနာ

လစ်လျူရှုခံနေရသော ရှေးဟောင်းမျိုးနွယ်တစ်ခု

အပူရိုက်လို့ ကွမ်းသီးပင်တွေသေ၊ စိုက်ပျိုးသူတွေ ဆုံးရှုံးမှုနဲ့ တွေ့ကြုံနေ

အဟိတ်သံယောဇဉ်

စစ်နှင့်နိုင်ငံရေး သေနင်္ဂဗျူဟာ တူရှူ စဉ်းစားချက်‏

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မည်ဆိုပါလျှင်

စနစ်ဆိုးတခုအားစုပေါင်းဆန့်ကျင်အံ့တုကြရာဝယ်

ဘယ်မအေရိုးမှမကောင်းပါဘူး

အစိုးဝန်ထမ်းများ၏ လစာနှုန်းတိုးမြှင့်သတ်မှတ်ခြင်း

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၄)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၃)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၁)

ဥပါယ်

ခေတ်လူငယ်များဧ။် သုံးသပ်ချက်

ပြသနာအရင်းခံက

ဘိုးတော်မောင်မောင်(ခ)သန့်ဇော်ရွှေဟာ

ရိုးရာကွမ်းစားခြင်းဓလေ့

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views