အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရိုးရာကွမ်းစားခြင်းဓလေ့
ဆောင်းပါး

အစိုးဝန်ထမ်းများ၏ လစာနှုန်းတိုးမြှင့်သတ်မှတ်ခြင်း

ဝန်ကြီးရုံး
ဇန်နဝါရီ ၁၅ ၊၂၀၁၀။

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ဝန်ကြီးရုံး
အမိန့်ကြော်ငြာစာ အမှတ် ၁၈၄/ ၂ဝဝ၉
နေပြည်တော်မြို့၊ ၁၃၇၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁) ရက်
(၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)

အကြောင်းအရာ။ ။ အစိုးရဝန်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ခြင်း
၁။ တပ်မတော်သည် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်လျက်ရှိ သည်နှင့်အညီ ဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေရန်လည်းကောင်း၊ တပ်မတော်နေ့သို့ ဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ နိုင်ငံတော် အစိုးရသည် ဝန်ထမ်းများ၏ လစာနှုန်းများကို တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။

၂။ သို့ပါ၍ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၏ တာဝန်ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများ၏ လစာနှုန်းထားများကို အောက်ဖော်ပြပါဇယား အတိုင်း တိုးမြှင့်သတ်မှတ်လိုက်သည်။ 


စဉ်

လက်ရှိလစာနှုန်း(ကျပ်)

အမှတ်စဉ်

တိုးမြှင့်လစာနှုန်း(ကျပ်)

၁။

၁၅၀၀၀- ၁၀၀၀- ၂၀၀၀၀

၃၅၀၀၀- ၁၀၀၀- ၄၀၀၀၀

၂။

၂၁၀၀၀- ၁၀၀၀- ၂၆၀၀၀

၄၁၀၀၀- ၁၀၀၀- ၄၆၀၀၀

၃။

၂၇၀၀၀- ၁၀၀၀- ၃၂၀၀၀

၄၇၀၀၀- ၁၀၀၀- ၅၂၀၀၀

၎။

၃၃၀၀၀- ၁၀၀၀- ၃၈၀၀၀

၅၃၀၀၀- ၁၀၀၀- ၅၈၀၀၀

၅။

၃၉၀၀၀- ၁၀၀၀- ၄၄၀၀၀

၅၉၀၀၀- ၁၀၀၀- ၆၄၀၀၀

၆။

၄၅၀၀၀- ၁၀၀၀- ၅၀၀၀၀

၆၅၀၀၀- ၁၀၀၀- ၇၀၀၀၀

၇။

၈၀၀၀၀- ၂၀၀၀- ၉၇၀၀၀

၁၀၀၀၀၀- ၂၀၀၀- ၁၁၀၀၀၀

၈။

၁၀၀၀၀၀- ၂၀၀၀- ၁၁၀၀၀၀

၁၂၀၀၀၀- ၂၀၀၀- ၁၃၀၀၀၀

၉။

၁၂၀၀၀၀- ၂၀၀၀- ၁၃၀၀၀၀

၁၄၀၀၀၀- ၂၀၀၀- ၁၅၀၀၀၀

၁၀။

၁၄၀၀၀၀- ၂၀၀၀- ၁၅၀၀၀၀

၁၀

၁၆၀၀၀၀- ၂၀၀၀- ၁၇၀၀၀၀

၁၁။

၁၆၀၀၀၀- ၂၀၀၀- ၁၇၀၀၀၀

၁၁

၁၈၀၀၀၀- ၂၀၀၀- ၁၉၀၀၀၀

၁၂။

၁၉၀၀၀၀- ၂၀၀၀- ၂၀၀၀၀၀

၁၂

၂၁၀၀၀၀- ၂၀၀၀- ၂၂၀၀၀၀

 

 

 

 

 

 

 


မှတ်ချက်။ ။ နှစ်တိုးများကို (၂) နှစ်လျှင် တစ်ကြိမ် ခံစားခွင့်ပြုရန်။
၃။ လက်ရှိလစာနှုန်းမှ တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲသွားသည့်အခါ နှစ်တိုးများကို လက်ရှိလစာနှုန်းအရ နှစ်တိုးကာလ များအတိုင်း နှစ်တိုးဆက်လက် ခံစားခွင့်ပြုရန်ဖြစ်သည်။ တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲမှုကြောင့် နှစ်တိုးကျရောက် သည့်နေ့များ ပြောင်းလဲသွားခြင်း မရှိစေရ။

နေ့စားလုပ်အားခ

၎။ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈) နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခကျပ် (၅ဝဝ) မှ လုပ်ခ (၁ဝဝဝ) သို့ တိုးမြှင့်သတ်မှတ် လိုက်သည်။ 

တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ လစာနှုန်းများ 

၅။ တပ်မတော်အတွက် သတ်မှတ်ထားသောလစာနှင့် စရိတ်နှုန်းထားများအပြင် အငြိမ်းစားလစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးကောင်စီသို့ တင်ပြ၍ အတည်ပြုချက် ရယူဆောင် ရွက်ရန် ဖြစ်ပါသည်။ 

နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ခံစားခွင့်

၆။ နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားရေးဝန်ထမ်းများနှင့် အခြားအလားတူ ဝန်ထမ်းများသည် ပြည်ပတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်ရှိခံစားနေသော လစာနှုန်းများ အတိုင်းသာ နိုင်ငံခြားသုံးငွေဖြင့် ထုတ်ယူခံစားရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ ပြည်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ရသည့်အခါတွင် မိမိရာထူးအဆင့်နှင့် လျော်ညီစွာ သတ်မှတ်ထားသော လစာနှုန်း သစ်ကို ခံစားရန်ဖြစ်ပါသည်။ 
၇။ ဤအမိန့်ကြေငြာစာအရ ခံစားခွင့်များကို ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလအတွက် လစာမှစ၍ ခံစားခွင့် ရှိစေရမည်။ 
(ဗိုလ်ချုပ် လှထွန်း)
ဝန်ကြီး 

ဖြန့်ဝေခြင်း
၁။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌရုံးကာကွယ်ရေး ဌာန ကောင်စီ အထူးအမိန့်အမှတ်၊
၎/ အထူး/ ၂ဝဝ၉ ၏ နောက်ဆက်တွဲ (က)တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်သားများ၏ အခြေခံလစာ နှုန်းသစ်များ
အရာရှိများ၏ လစာ

၁။ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိများ၏ လစာနှုန်းထားသစ်များကိုအောက်ပါအတိုင်း သတ်မှတ်သည် - 


စဉ်

အဆင့်

လစာနှုန်း

၁။

ဗိုလ်ချုပ်မှူးကြီး

၁၂၀၀၀၀၀

၂။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး

၁၀၀၀၀၀၀

၃။

ဗိုလ်ချုပ်ကြီး

၈၀၀၀၀၀

၎။

ဒုတိယ ဗိုလ်ချုပ်ကြီး

၆၀၀၀၀၀

၅။

ဗိုလ်ချုပ်

၄၀၀၀၀၀

၆။

ဗိုလ်မှူးချုပ်

၃၀၀၀၀၀

၇။

ဗိုလ်မှူးကြီး

၂၁၀၀၀၀- ၂၀၀၀- ၂၂၀၀၀၀

၈။

ဒုတိယ ဗိုလ်မှူးကြီး

၁၉၀၀၀၀- ၂၀၀၀- ၂၀၀၀၀၀

၉။

ဗိုလ်မှူး

၁၇၀၀၀၀- ၂၀၀၀- ၁၈၀၀၀၀

၁၀။

ဗိုလ်ကြီး

၁၅၀၀၀၀- ၂၀၀၀- ၁၆၀၀၀၀

၁၁။

ဗိုလ်

၁၃၀၀၀၀- ၂၀၀၀- ၁၄၀၀၀၀

၁၂။

ဒုတိယဗိုလ်

၁၂၀၀၀၀

မှတ်ချက်။ နှစ်တိုးလစာကို (၂) နှစ် တစ်ကြိမ်ကျ ခံစားခွင့်ပြုသည်။
ဒုတိယဗိုလ်မှ ဗိုလ်ချုပ်မှူးကြီးအထိ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A) အဖြစ် တစ်လလျှင် ကျပ် (၅ဝဝဝ) ခံစားခွင့်ပြုသည်။

ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A) ကို အငြိမ်းစား လစာတွက်ရာတွင် ထည့်သွင်းတွက်ချက်ရ မည်။

နောက်ဆက်တွဲ (၃)

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ဝန်ကြီးရုံး
အမိန့်ကြော်ငြာစာအမှတ် ၁ဝ၆/ ၂ဝဝ၉
နေပြည်တော်မြို့၊ ၁၄၇၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁) ရက်
(၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)

အကြောင်းအရာ။ ။ နိုင်ငံတော်ဝန်ထမ်းများ၏ လစဉ်ပင်စင် သတ်မှတ်ခြင်းကိစ္စ
၁။ နိုင်ငံတော် အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ၄င်းတို့ အငြိမ်းစားယူ သည့်အခါ ၄င်းတို့၏ ပင်စင်လစာကို ဤဝန်ကြီးဌာန၏ ၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁ဝ၄/ ၂ဝဝ၉ တွင် သတ်မှတ်ဖော်ပြသည့် လစာနှုန်းပေါ်တွင် အခြေပြု၍ လက်ရှိတည်ဆဲ ပင်စင်နည်းဥပဒေ၊ ညွှန်ကြားချက်များအရ ခံစားခွင့်ပြုရန်ဖြစ်သည်။ 

၂။ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် (သို့မဟုတ်) မူလ အခြေခံ နည်းဥပဒေ အတွဲ (၁) အပိုဒ် ၈၆ (က) အရ ငြင်းပယ်ခွင့် ခံစားနေဆဲ ဝန်ထမ်းများအား ခွင့်ကုန်ဆုံးသည့်နေ့၌ အလုပ်ဝတ္တရားပြန်လည် ထမ်းဆောင်လျင် တိုးမြှင့်လစာနှုန်းအရ ခံစားခွင့်ရှိ မည့်လစာကို အမှန်တကယ် ထုတ်ယူရရှိ သော နောက်ဆုံးလစာအဖြစ် မှတ်ယူ၍ ပင်စင်တွက်ချက် ခံစားခွင့်ပြုရန်ဖြစ်ပါသည်။ 

၃။ လက်ရှိပင်စင်ခံစားနေကြသော အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို လက်ရှိခံစားနေသည့် အတိုင်းသာ ခံစား ရန်ဖြစ်ပါသည်။

၎။ ဤအမိန့်ကြော်ငြာစာအရ ခံစားခွင့်များကို ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီလအတွက် လစာမှစ၍ ခံစားခွင့်ပြုလိုက်သည်။ 

(ဗိုလ်ချုပ် လှထွန်း)
ဝန်ကြီး 

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၁၀ ခုနှစ် ဆောင်းပါးများ



၂၀၁၀ ခုနှစ် ဆောင်းပါးများ


မွန်သူဌေးကြီးဦးနိုင်အောက်(နဲာအံက်)

အပစ်ခတ်ရပ်စဲရေးကာလ နိဂုံးချုပ်သွားပြီးလော

တောတွင်းဥပဒေ။ မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ

မွန်ပြည်နယ်ရွေးကောက်ပွဲရလာဒ်အဖြေ အခြေအနေသိလောက်ပြီလေ

မွန်တော်လှန်ရေးအပေါ် နာလည်မှု ရှိနိုင်ကြပါစေ

မြန်မာလူမျိုးပထမဦးဆုံးဆရာဝန် (မွန်အမျိုးသားဒေါက်တာရှောလူး)

ဖါးစည်

Road Map မရှိတဲ့ ဒီအပစ်ရပ်ဇာတ်မျောမှာသမိုင်းရေးကြ

ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာ

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ(အပိုင်းနှစ်)

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ (အပိုင်းတစ်)

အစိမ်းရောင်ဝေဒနာ

လစ်လျူရှုခံနေရသော ရှေးဟောင်းမျိုးနွယ်တစ်ခု

အပူရိုက်လို့ ကွမ်းသီးပင်တွေသေ၊ စိုက်ပျိုးသူတွေ ဆုံးရှုံးမှုနဲ့ တွေ့ကြုံနေ

အဟိတ်သံယောဇဉ်

စစ်နှင့်နိုင်ငံရေး သေနင်္ဂဗျူဟာ တူရှူ စဉ်းစားချက်‏

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မည်ဆိုပါလျှင်

စနစ်ဆိုးတခုအားစုပေါင်းဆန့်ကျင်အံ့တုကြရာဝယ်

ဘယ်မအေရိုးမှမကောင်းပါဘူး

အစိုးဝန်ထမ်းများ၏ လစာနှုန်းတိုးမြှင့်သတ်မှတ်ခြင်း

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၄)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၃)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၁)

ဥပါယ်

ခေတ်လူငယ်များဧ။် သုံးသပ်ချက်

ပြသနာအရင်းခံက

ဘိုးတော်မောင်မောင်(ခ)သန့်ဇော်ရွှေဟာ

ရိုးရာကွမ်းစားခြင်းဓလေ့

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views