အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရေစီပါတီ ၄င်းတို့ဧ။် မူဝါဒ၊ သဘောထား၊ လုန်ငန်းစဉ်တို့ကို ဟောပြောတင်ပြ
ဟောပြောတင်ပြချက်
Share |

မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရေစီပါတီ
၎င်းတို့ဧ။် မူဝါဒ၊ သဘောထား၊ လုန်ငန်းစဉ်တို့ကို ဟောပြောတင်ပြ

တော်သလင်းလဆုတ် ၉ရက်။ အောက်တိုဘာ ၂၊ ၂၀၁၀။

မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရေစိပါတီဥက္ကဌ နိုင်ငွေသိန်း(နိုင်ဂျနူမွန်) က ၄င်းတို့ဧ။်မူဝါဒ ၊ သဘောထား လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ (၂၉)ရက် ညနေပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစိအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။

အဆိုပါ  ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်
ပြည်သူများအားလုံး
ကုႝဂြံဍဳိက္ေပင္ကုႝမၛဳႝအုိႆုီအုိတ္ညိအဵ
အားလံုး  မဂၤလာပါ

ကျွန်တော်က ဥိးနိုင်ငွေသိန်းပါ။ ဗော်ဒီမဝ်ကရေဇြီအလုံရးမန်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ All Mon Regions Democracy Partyရဲ့ ဥက္ကဌပါ။

ပြည်သူတို့ခင်ဗျား..
ဒီမိုကရေစီထွန်းကားရေးနှင့် တစ်ဦးချင်း လူ့အခွင့်အရေး အပြည့်အ၀ရရှိရေး။ လူမျိုးတစ်မျိုးချင်းတန်းတူရေးရှိသော ပြည်ထောင်စုနိုင်ငံတော်ကြီး ကြိုးပမ်းတည်ဆောက်ရာတွင် မွန်အမျိုးသားထုကလည်း ပြည်သူတရပ်လုံးနှင့်အတူ အပတ်တကုတ်ပါဝင်လျှက်ရှိပါသည်။

ထိုကဲ့သို အခါမလပ် ကြိုးပမ်းလျှက်ရှိစဉ် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်အစိုးရ၏ ပါတီစုံရွေးကောက်ပွဲ  ကျင်းပမည့် ကြေညာချက်ထွက်လာပြီး မရှေးမနှောင်းမှာပင် မွန်ဒေသအနှံ့မှ လူကြီးလူငယ်များနှင့် (၂)ကြိမ် လာရောက်၍ မော်လမြိုင်မြို့ တစ်နေရာတွင် စုရုံးခဲ့ကြသည်။ စုရုံးရာတွင် ကျင်းပတော့မည်ရွေးကောက်ပွဲအပေါ် အလေးအနက်ထား ဝေဖန်ပိုင်းခြား၊ နှီးနှော၊ သဘောထားချင်းဖလှယ်ကြသည်။ နောက်ဆုံးတွင် မွန်ဒေသအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အရွေးခံသင့်ကြောင်း အခိုင်အမာဆုံးဖြတ်ချက် ချကြသည်။ သို့ဖြစ်၍ ၂၀၁၀ ခုနှစ်၊ မေလ(၁၄)ရက်နေ့တွင် ပထမခေါင်းဆောင်၊ ဒုတိယ်ခေါင်းဆောင်ပုံစံအရ(၁၅) ဦးပါဝင်သော “ဗော်ဒီမဝ်ကရေဇြီအလုံရးမန်”  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ  All Mon Regions Democracy Party အမည်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ဆောက်ခွင့်ပြုခြင်းနှင့် မှတ်ပုံတင်ခွင့်ပြုခြင်းအတွက် တင်သွင်းလျှောက်ထားခဲ့ပါသည်။ လျှောက်ထားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ၂၀၁၀ခု၊ မေလ(၂၄)ရက်နေ့တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း အကြောင်း ပြန်ကြားခဲ့ပါသည်။

ပြည်သူတို့ခင်ဗျား..
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ နိုင်ငံရေးမူဝါဒသဘောထားနှင့် လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း အကျဉ်းချုပ်၍ဖော်ပြအပ်ပါသည်

(က)နိုင်ငံရေးဝါဒသဘောထား
၁။ပြည်သူတစ်ရပ်လုံးဒီမိုကရေစီနှင့် လူအခွင့်အရေးအပြည့်အ၀ရရှိစေရန်။
၂။တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေခံသော ခိုင်မာသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်။
၃။ စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန်။
၎။အဂတိ လိုက်စားမှုနှင့် အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်သွားရန်၊
၅။ လူမှုဖွံဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရန်
၆။ ငြိမ်းချမ်းသော၊ ကမ္ဘာ့လူနေမှုစနစ်ထွန်းကားလာရေးအတွက် ဆောင်ရွက်သွားရန်။

(ခ)ပါတီ၏လုပ်ငန်းစဉ်
နိုင်ငံရေးကဏ္ဍ
၁။ အခြေခံလူအခွင့်အရေးနှင့် ဒီမိုကရေစီကျင့်စဉ်များကို ပြည်သူများအပြည့်အ၀ခံစားကျင့်သုံးနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်။
၂။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်ရေးကို အဖြေရှာတည်ဆောက်မည်။
၃။ ပါတီစုံဒီမိုကရေစီနည်းဖြင့်  ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် တန်းတူ၊ရည်တူ  ပြည်နယ်များဖြင့် ဖွဲ့စည်းသော  ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်သွားမည်။
၎။ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို လျစ်လျုရှုပြီး လူတစ်စု၏ အကျိုးစီးပွားကို အကာအကွယ်ပေးသောစနစ် ပေါ်ပေါက်လာခြင်းမရှိစေရန် ဆောင်ရွက်သွားမည်။

စီးပွားရေးကဏ္ဍ
၁။ ခေတ်နှင့်လျော်ညီသည့် လွတ်လပ်သော ဈေးကွက် စီးပွားရေးစနစ်ကို ထူထောင်သွားမည်။
၂။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးထွားလာအောင် ဆောင်ရွက်မည်။
၃။ ခေတ်မီနည်းပညာများဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်။
၎။ တိုင်းရင်းသား ကုန်ထုတ်လုပ်ငန်းများအား ခေတ်မီ စက်မှုနည်းပညာနှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ဈေးကွက်ရရှိအောင် ဆောင်ရွက်သွားမည်။

လယ်ယာကဏ္ဍ
၁။ခေတ်မီနည်းပညာနှင့် နိုင်ငံခြားရင်းနှီုးမြှပ်နှံမှုများဖြင့် စက်မှုလယ်ယာလုပ်ငန်း တိုးတက်အောင် ဆောင်ရွက်မည်။
၂။ မြေယာမဲ့ ဆင်းရဲသော လယ်သမားများအတွက်သင့်လျော်သော  မြေဧကရရှိစေရန်နှင့် လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့်ရရှိရန် ကြိုးပမ်းသွားမည်။
၃။လယ်ယာမြေထွက်ကုန်များ၊ ဈေးကွက်ရရှိစေရေးအတွက် ကူညီဆောင်ရွက်သွားမည်။

အလုပ်သမားကဏ္ဍ
၁။ လူမျိုး၊ ဘာသာ၊ လိင်၊ ဒေသခွဲခြားခြင်းမရှိပဲ အလုပ်လုပ်ခွင့်တွင် တန်းတူအခွင့်အရေးရှိစေရမည်။
၂။ ရုံးအမှုထမ်းနှင့် အလုပ်သမားများ အလုပ်လုပ်နိုင်ခွင့်နှင့် လုပ်အားကုန်ခမ်းသည့်ကာလများ၌ ဘဝအာမခံချက်ရရှိစေမည့် လူမှုစနစ်ကို ထူထောင်မည်။
၃။ အလုပ်သမားများ ရရှိထိုက်သော အခွင့်အရေးများ ခံစားရရှိနိုင်ရန် ကြိုးပမ်းသွားမည်။

ပညာရေးကဏ္ဍ
၁။ လူတိုင်းစာတက်မြောက်ရေးစနစ်ကို အကောင်အထည်ဖော်မည်။
၂။ အခမဲ့မသင်မနေရ အခြေခံပညာရေးစနစ်ကို အကောင်အထည်ဖော်မည်။
၃။နိုင်ငံတော်၏ ကြီးကြပ်မှုအောက်တွင် ပုဂ္ဂလိကပညာရေးစနစ်ကို အားပေးမည်။
၎။ အထက်တန်းပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်များ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် ဆောင်ရွက်မည်။
၅။ တိုင်းရင်းသားတို့၏ ဒေသများတွင် သက်ဆိုင်သည့်တိုင်းရင်းသားလူမျိုးတို့၏ စာကိုသင်ကြားခွင့်ရရှိအောင် ဆောင်ရွက်မည်။

ယဉ်ကျေးမှုကဏ္ဍ
၁။လူမျိုးစုများ၏ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး တန်းတူရရှိစေရမည်။
၂။ လူမျိုးစုများနှင့် ဒေသများ၏သမိုင်းအမွေအနှစ်များကို ယင်းလူမျိုးစု ယင်းဒေသများ၏ ကြန်အင်လက္ခဏာအတိုင်း တည်ရှိစေရေးအတွက် အကာကွယ်ပြုမည်။ ထိန်းသိမ်းမည်။
၃။မွန်အပြောဘာသာစကား၊ မွန်အရေးဘာသာ စကားများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်။
၎။အမျိုးသားယဉ်ကျေးမှု ဖွဲ့ဖြိုးတိုးတက်ရေးအတွက် ဘာသာစကား၊ စာပေများလေ့လာရေးအတွက် အားပေးထောက်ကူမည်။

ကျန်းမာရေးကဏ္ဍ
၁။ညီမျှသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးမည်။
၂။ကုသမှုနှင့် ကာကွယ်ရေးကို ဟန်ချက်ညီအောင်ဆောင်ရွက်မည်။
၃။အန္တရာယ်ဖြစ်နိုင်ခြေရှိသောအုပ်စုများ၏ ကျန်းမာရေးအတွက်  ဥိးစားပေး ကာကွယ်စောင့်ရှောက်မှုပေးမည်။

လူငယ်ကဏ္ဍ
၁။လူငယ်တို့၏ ဗလ(၅)တန်တိုးတက်မှုကို ဆောင်ရွက်သွားမည်။

အမျိုးသမီးကဏ္ဍ
အမျိုသမီးတို့၏ အခွင့်အရေးကို  ကာကွယ်စောင့်ရှောက်သွားမည်။

မသန်မစွမ်းကဏ္ဍ
မသန်မစွမ်းသူ ပြည်သူတို့၏ လုနေမှုဘ၀ကို စောင့်ရှောက်မြင့်တင်သွားမည်။

နိုင်ငံခြားရေးကဏ္ဍ
၁။နိုင်ငံတကာဆက်ဆံရေးတွင် ကမ္ဘာ့ငြိမ်းချမ်းရေးကို  ထိန်းသိမ်းကာကွယ်ရန်နှင့် ဘက်မလိုက်နိုင်ငံခြားဝါဒကို ကျင့်သုံးပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ(၅)ချက်ကို ကျင်းသုံးမည်။
(က) တစ်ဦး၏နယ်မြေတည်တံ့ရေးနှင့် အချုပ်အခြာအာဏာပိုင်ရေးကို တစ်ဦးကရိုသေလေးစားရမည်။
(ခ)တစ်ဦးကိုတစ်ဦးမကျူးကျော်စေရ။
(ဂ)တူညီစွာနှင့် နှစ်ဦးနှစ်ဝ အကျိုးရှိစွာဆက်ဆံသွားမည်။
(ဃ)တစ်ဦး၏ပြည်တွင်းရေးကိစ္စတွင် တစ်ဦးက၀င်ရောက်စွက်ဖက်ခြင်းမပြုရ။
(င)ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲတည်ရှိစေရမည်။

မဟာမိတ်ကဏ္ဍ
ဤပါတီ၏ အခြေခံမူဝါဒနှင့် ကိုက်ညီသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။
မျက်မှောက်အခြေအနေတွင် တိုးတောင်းလှသောကာလအတွင်း မွန်ဒေသမြို့နယ် (၁၀)မြို့နယ်အလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်း၍ပါတီရုံးများကို  ဆိုင်းဘုတ်အသီးသီးဖြင့် ဖွင့်လှစ်ထားနိုင်ပြီးဖြစ်ပါသည်။ လျာထားချက်အရ ကိုယ်စားလှယ် (၅၆)ဦးပါဝင်ယှဉ်ပြိုင် အရွေးခံရန် ရှိသော်လည်း မမီမကမ်းဖြစ်၍ (၃၄)ဦးသာ ယျဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။ နိုင်ငံရေးဝါဒ  သဘောထားအရ ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို အားကြိုး မာန်တက် ဆောင်ရွက်သွားပါမည်။

ပြည်သူတို့ခင်ဗျား..
မွန်ဒေသလုံးဆိုင်ရာ ပြည်သူများကိုယ်စား တိုက်တွန်းလိုသည်မှာ  အကြောက်တရား ကင်းဝေးပြီး ချစ်ကြည်ရင်းနှီးစွာ ငြိမ်းငြိမ်းချမ်းချမ်း မတူတကွ အသက်ရှင်နေထိုင်သွားကြမည့် လူအဖွဲ့အစည်းကြီးဖြစ်လာစေရန် ကြိုးပမ်းကြပါစို့ နှိုးဆော်ရင်း နိဂုံးချုပ်ပါရစေ။


ကြေညာချက်များ
၂၀၁၁ ခုနှစ် ကြေညာချက်များ
၂၀၁၀ ခုနှစ် ကြေညာချက်များ

မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) ၏ ၂၁ရာစု ပင်လုံညီလာခံဖြစ်ပေါ်ရေးကြိုဆိုထောက်ခံကြ ထုတ်ပြန်ကြေငြာချက်

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာမှူအပေါ်
မွန်အမျိုးသားရေးရာအဖွဲ့ချူပ်၏ သဘောထား ထုတ်ပြန်ချက်


လာမည့်နိုဝင်ဘာ(၇)ရက် ရွေးကောက်ပွဲအပေါ် မွန်ပြည်သစ်ပါတီ၏ သဘောထားထုတ်ပြန်ချက်

မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရေစီပါတီ ၄င်းတို့ဧ။် မူဝါဒ၊ သဘောထား၊ လုန်ငန်းစဉ်တို့ကို ဟောပြောတင်ပြ (ဟောပြောကြေညာချက်)

(၆၃) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ သဘောထား ထုတ်ပြန်ချက်

မွန်ပြည်နယ်ရှိ အရွေးကောက်ခံ မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်အမျိုးသားဒီမိုကရေစီ
အဖွဲ့ချူပ် (NLD) ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်များသို့ အိတ်ဖွင့်ပေးစာ


(၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ထုတ်ပြန်ကြေငြာချက် (Akron, OH 44306)

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ
(၆၃)နှစ်မြောက် မွန်အမျိုးသားနေ့ဂုဏ်ပြုသဝဏ်လွှာ


(၆၃)နှစ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသားများ(မွန်ပြည်နယ်)မှပေးပို့သည့်သ၀ဏ်လွှာ

(၆၃)ကြိမ်မြောက် မွန်အမျိုးသားနေ့သို့
မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)မှ ပေးပို့သည့် သဝဏ်လွှာ


၆၃ နှစ် မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် မွန်အမျိုးးသားသွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်၏သဘောထားထုတ်ပြန် ကြေညာချက်

(၆၃)နှစ်မြောက် မွန်အမျိုးသားနေ့  သို့ ပေးပို့သော
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၏ ဂုဏ်ပြုသဝဏ်လွှာ


(၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ထုတ်ပြန်ကြေငြာချက်
မွန်ပြည်သစ်ပါတီ (ဗဟို)




၂၀၀၉ ခုနှစ် ကြေညာချက်များ
တစ်နှစ်ပြည့်မြောက် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ထုတ်ပြန်ကြေငြာချက်
MNDF -LA ထုတ်ပြန်ကြေညာချက်
ပအိုဝ်းလူငယ်အစည်းအရုံး ကြေညာချက်ထုတ်ပြန်
လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်
နိုင်မင်းနောင်ကျဆုံးခြင်းအတွက် မွန်အမျိုး သား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်
မြေ) ထ
ုတ်ပြန်ကြေငြာချက်

(၆၂)ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရတ်(SYCB)မှပေးပို့သည့် သဝဏ်လွှာ
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (၆၂)ကြိမ်မြောက်မွန်အမျိုးသားနေ့သို့ ပေးပို့သည့်ဂုဏ်ပြုသဝဏ်လွှာ 
(၆၂)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားများတွင် ဖတ်ကြားသည့်
(၆၂)ကြိမ်မြောက်မွန်အမျိုးသားနေ့အဓိဌာန်နှင့် အလေးအမြတ်ဂုဏ်ပြုခြင်း
(၆၂)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား သဘာပတိမိန့်ခွန်း
(၆၂)ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ ဥက္ကဌမိန့်ခွန်း 
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ)၏ (၆၂)ကြိမ်မြောက် မွန်အမျိုးသားနေ့ထုတ်ပြန်ကြေညာ ချက် (PDF Flie)
မွန်ပြည်သစ်ပါတီ ဗဟို ၆၂- ကြိမ်မြောက် မွန်အမျိုးသား နေ့ ထုတ်ပြန်ကြေငြာချက်
DPNS(H.Q)မှ (၆၂)ကြိမ်မြောက် မွန်အမျိုးသားနေ့ သို့ပေးပို့သည့် သဝဏ်လွှာ
၆၂ နှစ်မြောက်မွန်အမျိုးသားနေ့ သဘောထားကျေညာချက် (PDF File Download)
(၇) ကြိမ်မြောက်မွန်ပြည်သစ်ပါတီညီလာခံမှ ဆုံးဖြတ် ချက်များကို ကြိုဆိုထောက်ခံခြင်း

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views