အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ကရင်ပြည်နယ် ဝန်ကြီးချူပ် အပြန်ခရီး ကားချောဆွဲ ခံရ
သတင်း
Share |

ကရင်ပြည်နယ် ဝန်ကြီးချူပ် အပြန်ခရီး ကားချောဆွဲ ခံရ

ကောင်းဝါ

မေလ ၁၆ရက်၊ ၂၀၁၂။

ကရင်ပြည်နယ် ဝန်ကြီးချူပ် ဦးဇော်မင်းနှင့် ပြည်နယ်ဝန်ကြီးများ ယမန်နေ့ ဘုရားသုံးဆူမြို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဆက်ဆံရေးရုံး ဖွင့်ပွဲသို့ တက်ရောက်ပြီး၊ ယနေ့ အပြန်ခရီးတွင် ကားအစီး ၂၀ ကျော်ကို ချောဆွဲသွားကြောင်း ကားသမားများ၏ အဆိုအရ သိရသည်။

ဘုရားသုံးဆူရှိ စစ်တပ်၊ ရဲနှင့် မော်တော်ပီကယ်များက ဝန်ကြီးချုပ် အပြန်ခရီးအတွက် ကာများ လိုအပ်ကြောင်းကို မြို့ပေါ်ရှိ ကားသမားများအား ယမန်နေ့ညက ဖုန်းမှတဆင့် အကြောင်းကြားခဲ့သည်။

သုံးဆူ - သံဖြူဇရပ်လမ်းတွင် ပြေးဆွဲနေသည့် မော်တော်ကားများ (ဓါတ်ပုံ-အဇံ)

၎င်းပြင် ကားသမားများ အနေနှင့် ဝန်ကြီးချုပ် အပြန်ခရီးအတွင်း မလိုက်ပါနိုင်ပါက ဓါတ်ဆီ လီတာ ၄၀ နှင့် ညီမျှသည့် ကျသင့်ငွေကို ပေးဆောင်ရမည်ဟုလည်း ပြောသွားခဲ့ကြောင်း ကားသမားတဦးက ပြောသည်။
“ဒီမြို့မှာ ကားဘယ်နှစ်စီး ရှိတယ်ဆိုတာ သူတို့မှာ စရင်းအားလုံး ရှိတယ်၊ ကားပိုင်ရှင်တိုင်း ပေးရတယ်” ဟု သူက ပြောသည်။

ဘုရားသုံးဆူမြို့တွင် ကား အစီး ၂၀၀ ခန့် ရှိပြီး၊ ချောဆွဲရာသို့ လိုက်ပါသည့် ကားအစီး ၂၀ မှ လွဲ၍ ကျန်သည့် ကားများအတွက် ဓာတ်ဆီ လီတာ ၄၀ ဖိုး ထိုင်းဘတ်ငွေ ၂၄၀၀ ခန့်ကို ပေးဆောင်ကြရမည်ဟု ဆိုသည်။

KNU သည် မြန်မာအစိုးရကို နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့ပြီး၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အပစ်အခတ် ရပ်စဲကာ၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ပထမဆုံးအကြိမ် ဆက်ဆံရေးရုံး ဖွင့်လိုက်ခြင်း ဖြစ်သည်။

ရုံးဖွင့်ပွဲသို့ ယခင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ စွမ်းအင် ဝန်ကြီး ဦးသန်းဌေး ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်ကြီး စောမူးတူးစေဖော ဦးဆောင်သည့် KNU ဘက်မှ ကိုယ်စားလှယ်များ၊ ဒေသတွင်းရှိ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီ (MNSP) နှင့် ဒီကေဘီအေ ကိုယ်စားလှယ် စသည်တို့ အပါအဝင် ဒေသခံ ၄၀၀ ခန့် တက်ရောက်ကြသည်။

ယခု ဖွင့်လှစ်လိုက်သည့် ဆက်ဆံရေးရုံးသည် အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းတွင် ဖွင့်လှစ်လိုက်သည့် KNU ဆက်ဆံရေးရုံးများအနက် တတိယမြောက်ရုံး ဖြစ်သည်။ ဧပြီလအတွင်းက ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နှင့် တနင်္သာရီတိုင်း ထားဝယ်ဒေသတွင်လည်း KNU က ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခဲ့သည်။

မေလ ၁၃ ရက်နေ့တွင်လည်း သုံးဆူ အခြေစိုက် ခလရ ၂၈၃ က မော်တော်ကား ၁၅ စီးကို ချောဆွဲခဲ့သေးကြောင်း မြို့ခံများက ပြောသည်။

“ဟိုနေ့က ချောဆွဲခံရတဲ့ ကားတွေက ဒီနေ့ ပြန်ရောက်ပြီး၊ အများစုက ပြင်နေရတုန်းပဲ” ဟု ကားသမားနှင့် နီးစပ်သူတဦးက ပြောသည်။

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


သတင်း၊ မေလ၊၂၀၁၂
သတင်း၊ မေလ၊၂၀၁၂

- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ မွန်ပြည်နယ်မှ ပြန်လည် ထွက်ခွာ

- ရွှေတူးသည့် ကုမ္ပဏီ ၃၀၀ ကို ရွှေစင်များ ပေးသွင်းရန် သတ္တုတွင်းဝန်ကြီးဌာန သတိပေး

- ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၁၇) ဦး ပင်လယ်ပြင်တွင် သေဆုံး

- ပင်လယ်တွင်း မျောနေသည့် အိန္ဒိယနွယ်ဖွား စက်လှေတစီး

- ဘုရားသုံးဆူတွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်း

- ကရင်ပြည်နယ် ဝန်ကြီးချူပ် အပြန်ခရီး ကားချောဆွဲ ခံရ

- မြန်မာ-ထိုင်း သေမင်းတမန် ရထားလမ်း ပြန်လည် ဖောက်လုပ်မည်

- ဟံသာဝတီပြည် ပျက်သုဉ်းသည့်နေ့ အခမ်းအနား ရန်ကုန်တွင် ကျင်းပ

- သုံးဆူနယ်စပ် ပစ်ခတ်မှုကြောင့် ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့မှ ဗိုလ်မှူးတဦး ကျဆုံး

- ဘုရားသုံးဆူတွင် ပြန်ပေးဆွဲမှု ထပ်မံ ဖြစ်ပွား

- နိုင်ယက္ခ မိခင်ပါတီ ပြန်မည်

- ယုဇန ဆီအုန်းခြံမှ အလုပ်သမားအချို့ လုပ်အားခ ပြန်ရ

- ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံ ရပ်တန့်ပေးရန် သမတထံ စာတင်

- လုပ်အားခအတွက် ဆီအုန်းခြံ အလုပ်သမားများ ယုဇန ကုမ္ပဏီကို တရားစွဲရန် စီစဉ်

Untitled Document


Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views