အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
လွတ်လပ်သည့် မွန်ကိုယ်ပိုင်ပြည်နယ် ရှိသင့်ကြောင်း သြစတေးလျ အထက်လွှတ်တော်အမတ် ပြော 
သတင်း
Share |

လွတ်လပ်သည့် မွန်ကိုယ်ပိုင်ပြည်နယ် ရှိသင့်ကြောင်း သြစတြေးလျ အထက်လွှတ်တော်အမတ် ပြော

ဗညားဟံသာ၊ ကောင်းဝါသတင်းဌာန

ဖေဖော်ဝါရီလ၊ ၆ရက်နေ့၊ ၂၀၁၂။

မွန်အမျိုးသားများအတွက် လွတ်လပ်သည့် ကိုယ်ပိုင်ပြည်နယ် ရှိသင့်ကြောင်း သြစတြေးလျ အထက်လွှတ်တော်အမတ်တဦး ဖြစ်သည့် Gary Humphries က မြို့တော် ကင်ဘာရာတွင် ကျင်းပသည့် ၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ပြောကြားခဲ့သည်။

သြစတြေးလျ အထက်လွှတ်တော်
အမတ် Gary Humphries
(ပုံ:garyhumphries.com)

“မွန်လူမျိုးတွေဟာ ကိုယ်ပိုင် ပြည်နယ်နဲ့ လွတ်လွတ်လပ်လပ် ထိုက်တန်မှု ရှိသင့်တယ်၊ မွန်ပြည်နယ်မှာ ဒီမိုကရေစီ အခွင့်အရေး ပေါ်ထွန်းလာဖို့အတွက် ဆက်လက်ပြီးတော့ ထောက်ခံ သွားမယ်” ဟု Gary Humphries က ထိုအခမ်းအနားတွင် ပြောသည်။ 

အခမ်းအနားသို့ လူ ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရသည့် Trevor Wilson လည်း တက်ရောက်ခဲ့ကာ မွန်ပြည်နယ်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာပါက သြစတြေးလျရောက် မွန်များအနေနှင့် မြန်မာနိုင်ငံရှိ မွန်လူမျိုးများကို ကူညီရန်အတွက် စဉ်းစားထားသင့်ကြောင်း ပြောကြားခဲ့သည်။
 
“မွန်ပြည်နယ်မှာ ရှိနေတဲ့ မွန်တွေကို ကူညီဖို့အတွက် ဘယ်အခန်းကဏ္ဍက ကိုယ်လုပ်ပေးနိုင်သလဲဆိုတာ စဉ်းစားထားသင့်တယ်” ဟု Trevor Wilson က ပြောသည်။

သြစတေးလျ မွန်အမျိုးသားနေ့ အခမ်းအနားတွင် မွန်လူမျိုးများက မိမိတို့၏ ရိုးရာအကများအပြင် ခေတ်သစ် ခေတ်ဟောင်း မွန်တေးသီချင်းများဖြင့် ဖျော်ဖြေကြပြီး၊ မွန်အစားအစာများဖြင့် ဧည့်ခံကျွေးမွေးကြသည်။

သမလ၊ ဝိမလ မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ၁၉၄၈ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။

(Photo:SiriMon Chan)

သာသနာသက္ကရာဇ် ၁၁၁၆ (အေဒီ ၅၇၃) တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် ဟံသာဝတီ မင်းနေပြည်တော်ကို တည်ထောင်ခဲ့သည်။


Feedback; အကြံပြုရန်

ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


သတင်း၊ ဖေဖော်ဝါရီလ၊၂၀၁၂
သတင်း၊ ဖေဖော်ဝါရီလ၊၂၀၁၂


- ဝင်းက ဘုရားဈေးတန်း ဆိုင်ခန်းအားလုံး မီးလောင်ပြာကျ

- မွန်ပြည်သစ် ငြိမ်းချမ်းရေး ထပ်မံဆွေးနွေးမည်

- ဖေဖော်ဝါရီ မကုန်မီ ငြိမ်းချမ်းရေးအတွက် မွန်ပြည်သစ် လက်မှတ်ထိုးဖွယ်ရှိ

- ဝန်ကြီးချုပ် ခရီးစဉ်အတွင်း လောင်းကစားဝိုင်း ယာယီပိတ်

- ဆင်းရဲသူ ၄ ဦးကို ထိုင်းဘတ်ငွေ တသိန်းခွဲကျော်ဖြင့် ပြန်ပေးလက်မှ ပြန်ရွေး

- KNU နယ်မြေအတွင်း ခနောက်စိမ်း တူးဖော်ရေး ကုမ္ပဏီအချို့ ရပ်နား

- ငြိမ်းချမ်းရေး စာချုပ်အတွက် စစ်ပွဲများ ရပ်ဆိုင်းရန်လိုအပ်

- လွတ်လပ်သည့် မွန်ကိုယ်ပိုင်ပြည်နယ် ရှိသင့်ကြောင်း သြစတြေးလျ အထက်လွှတ်တော်အမတ် ပြော 

- ရန်ကုန်တွင် ၁၅ နှစ်တာ အပိတ်ခံရသည့် မွန်အမျိုးသားနေ့ ပြန်လည်ကျင်းပခွင့်ရ

- ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် မွန်ပြည်သစ် ပဏာမ သဘောတူ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views