အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဝန်ကြီးချုပ် ခရီးစဉ်အတွင်း လောင်းကစားဝိုင်း ယာယီပိတ်
သတင်း
Share |

ဝန်ကြီးချုပ် ခရီးစဉ်အတွင်း လောင်းကစားဝိုင်း ယာယီပိတ်

ကောင်းဝါသတင်းဌာန

ဖေဖော်ဝါရီလ၊ ၁၈ ရက်နေ့၊ ၂၀၁၂။

ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ကြောင်း ပြသလို၍ ဘုရားသုံးဆူမြို့ပေါ်တွင် ဖွင့်ထားသည့် လောင်းကစားဝိုင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး အမိန့်ဖြင့် ကြိုတင် ပိတ်ထားခိုင်းသည်။

ဘုရားသုံးဆူတွင် တွယ်ကျင်စွာ လောင်းကစားနေသည့် ပန်းသီးပုံး လောင်းကစားရုံ မြင်ကွင်းတခု
(ပုံ-ကောင်းဝါ)

ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၅ ရက် ကြားကာလအတွင်း ထိုင်းနိုင်ငံမှတဆင့် နယ်စပ်ဘုရားသုံးဆူမြို့သို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း ရောက်ရှိဖွယ် ရှိသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများအတွင်း သတင်းပျံ့နေပြီး၊ လူမြင်ကွင်းတွင် ဖွင့်ထားသည့် လောင်းကစားဝိုင်းများကို ရပ်ကွက်လူကြီးများမှတဆင့် လွန်ခဲ့သည့် သုံးရက်ခန့်က ပိတ်ထားခိုင်းခြင်း ဖြစ်သည်။

“မြို့ထဲက လမ်းတွေကို ပြင်နေတယ်။ အိမ်ရှေ့မှာ ပန်းသီးပုံးတွေကို လုံးဝ မမြင်ရတော့ပါဘူး၊ အိမ်နောက်ဖေးကို ပြောင်းထားတယ်၊ ယာယီပါပဲ” ဟု သုံးဆူဒေသခံတဦးက ပြောသည်။

ဘုရားသုံးဆူမြို့ပေါ်တွင် ပန်းသီးပုံး ခေါ် အော်တိုလျှပ်စစ်လောင်းကစားနည်း၊ အနီထောင်၊ အန်ဂလုံ၊ ဖဲ စသည့် လောင်းကစားဝိုင်းများ မြို့ပေါ်နေရာအနှံ့တွင် နေ့စဉ် ဖွင့်ထားခဲ့ပြီး ၎င်းတို့အနက် ပန်းသီးပုံးမှာ အတွင်ကျယ်ဆုံး လောင်းကစားနည်း ဖြစ်သည်။

ပန်းသီးပုံးကို ထိုင်းစီးပွားရေး လုပ်ငန်းရှင်တဦးက လွန်ခဲ့သည့် ၅ နှစ်ကျော်က လာရောက်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များလည်း ဖွင့်လှစ်လာခဲ့ကာ လက်ရှိတွင် မြို့ပေါ်၌ လောင်းကစားစက် အလုံး ၅၀၀ ခန့် ရှိသည်။

ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါမှု ပပျောက်ရေး ခေါင်းစဉ်ဖြင့် သုံးဆူရှိ ပြည်ခိုင်ဖြိုးပါတီက မြို့ပေါ်ရှိ လောင်းကစားဝိုင်းများကို ပိတ်ပစ်ရန်နိုင်ရေးအတွက် လွန်ခဲ့သည့်လက မြို့နေပြည်သူတို့၏ ဆန္ဒကို နှစ်ကြိမ်တိုင် ကောက်ယူပြီး မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ပေ။

လောင်းကစားဝိုင်း မပိတ်ပစ်နိုင်ခြင်းမှာ မြို့နယ်အာဏာပိုင်များက လောင်းကစားဝိုင်းမှ ငွေကြေးများစွာ ရယူပြီး ခွင့်ပြုထားခြင်းကြောင့် ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ပန်းသီးပုံး ဖွင့်ခွင့်ရရန်အတွက် အကောက်အဖြစ် မြို့နယ်အာဏာပိုင်များအား တပုံးလျှင် ထိုင်းငွေ ၅၀၀ ဘတ် လစဉ် ပေးသွင်းရသည်ဟု လောင်းကစားဝိုင်း ပိတ်နိုင်ရေးအတွက် ကြိုးပမ်းနေသူတဦးက ပြောသည်။

“သူတို့က အကောက်ရနေတယ် ဆိုတော့ မပိတ်ဘူးပေါ့။ မပိတ်ပေးဘူးဆိုရင် ကျနော်တို့က ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ဘူး၊ ဆန္ဒပြတဲ့အဆင့်ထိ ဖြစ်လာနိုင်တယ်” ဟု သူက ပြောသည်။

လောင်းကစားဝိုင်းကြောင့် မြို့အတွင်း ခိုးဆိုး လုယက်မှု ပေါများပြီး၊ လူငယ်များ အကျင့်စာရိတ္တ ပျက်ပြားလာခြင်းကြောင့် အာဏာပိုင်များအနေနှင့် လောင်းကစားဝိုင်းကို ပိတ်သင့်ကြောင်း မြို့ခံတဦးက ပြောသည်။

“တနေ့ကတောင် ကလေးတယောက် နေ့လည် ကြောင်တောင် ပိုက်ဆံအိတ် ခိုးတယ်။ ဖမ်းမိတော့ ကျနော်ပန်းသီးပုံး ရှုံးလို့ ခိုးမိတယ်လို့ ပြောတယ်” ဟု အထက်ပါမြို့ခံက သာဓက ပြကာ ရှင်းပြသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ခရီးစဉ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးကိစ္စကို အဓိကထား လေ့လာဖွယ် ရှိပြီး၊ အထူးသဖြင့် ဘုရားသုံးဆူ ပတ်ဝန်းကျင်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် စက်မှုဇုန် တည်ဆောက်နိုင်ရေးကိစ္စကို လေ့လာဖွယ် ရှိသည်ဟု မြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းရှင်များက ခန့်မှန်းကြသည်။


Feedback; အကြံပြုရန်

ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


သတင်း၊ ဖေဖော်ဝါရီလ၊၂၀၁၂
သတင်း၊ ဖေဖော်ဝါရီလ၊၂၀၁၂


- ဝင်းက ဘုရားဈေးတန်း ဆိုင်ခန်းအားလုံး မီးလောင်ပြာကျ

- မွန်ပြည်သစ် ငြိမ်းချမ်းရေး ထပ်မံဆွေးနွေးမည်

- ဖေဖော်ဝါရီ မကုန်မီ ငြိမ်းချမ်းရေးအတွက် မွန်ပြည်သစ် လက်မှတ်ထိုးဖွယ်ရှိ

- ဝန်ကြီးချုပ် ခရီးစဉ်အတွင်း လောင်းကစားဝိုင်း ယာယီပိတ်

- ဆင်းရဲသူ ၄ ဦးကို ထိုင်းဘတ်ငွေ တသိန်းခွဲကျော်ဖြင့် ပြန်ပေးလက်မှ ပြန်ရွေး

- KNU နယ်မြေအတွင်း ခနောက်စိမ်း တူးဖော်ရေး ကုမ္ပဏီအချို့ ရပ်နား

- ငြိမ်းချမ်းရေး စာချုပ်အတွက် စစ်ပွဲများ ရပ်ဆိုင်းရန်လိုအပ်

- လွတ်လပ်သည့် မွန်ကိုယ်ပိုင်ပြည်နယ် ရှိသင့်ကြောင်း သြစတြေးလျ အထက်လွှတ်တော်အမတ် ပြော 

- ရန်ကုန်တွင် ၁၅ နှစ်တာ အပိတ်ခံရသည့် မွန်အမျိုးသားနေ့ ပြန်လည်ကျင်းပခွင့်ရ

- ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် မွန်ပြည်သစ် ပဏာမ သဘောတူ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views