အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် မွန်ပြည်သစ် ပဏာမ သဘောတူ
သတင်း
Share |

ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် မွန်ပြည်သစ် ပဏာမ သဘောတူ

ကောင်းဝါသတင်းဌာန

ဖေဖော်ဝါရီလ၊ ၁ ရက်နေ့၊ ၂၀၁၂။

မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ပြည်နယ် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ အပစ်အခတ် ရပ်စဲရေး အပါအဝင် အချက် ၅ ချက်ပါ ပဏာမ သဘောတူချက်ကို ယနေ့ လက်မှတ်ရေးထိုးပြီ ဖြစ်သည်။

ဒု-ဥက္ကဌ နိုင်ရော့စ ဦးဆောင်သည့် ၁၂ ဦးပါ မွန်ပြည်သစ် ကိုယ်စားလှယ်အဖွဲ့နှင့် ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်များ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Starnd ဟိုတယ်တွင် နံနက် ၉ နာရီမှ စတင်တွေ့ဆုံပြီး ၁၀ နာရီကျော်တွင် လက်မှတ် ရေးထိုးကြခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ကိုယ်စားလှယ်များ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand ဟိုတယ်တွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ငြိမ်းချမ်းရေးအတွက် ဆွေးနွေး ( Burma VJ Media Network )

ပဏာမသဘောတူညီချက်ကို မွန်ပြည်သစ် ဗဟိုကော်မတီ၏ ခွင့်ပြုချက် ရယူပြီး လာမည့် ဖေဖော်ဝါရီလ တတိယပတ်တွင် ထပ်မံ အတည်ပြု လက်မှတ်ရေးထိုးသွားမည် ဖြစ်သည်။

“မွန်ပြည်သစ်ဘက်က နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်လာဖို့ကိုပဲ အဓိက တင်ပြတယ်” ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ယခင်မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်စိုးမြင့်က ပြောသည်။

ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ဘက်မှ တပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်ရန်၊ ၄၅ ရက်အတွင်း ဗဟိုအစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်ရန်၊ အကျဉ်းကျခံနေရသည့် မွန်ပြည်သစ်ပါတီဝင်များကို လွှတ်ပေးရန်၊ အစိုးရ ကိုယ်စားလှယ်များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပြည်တွင်းရှိ နိုင်ငံရေး အဖွဲ့အစည်းများ အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် စသည်တို့ကို တင်ပြခဲ့သည်။

“၁၉၉၅ ခုတုန်းကတော့ အပစ်အခတ် ရပ်စဲရေး လုပ်တာလောက်ပဲ ပြောတယ်။ နိုင်ငံရေး ဆွေးနွေးဖို့ လမ်းဖွင့်ထားတာ မရှိဘူး။ အခုက နိုင်ငံရေး ဆွေးနွေးဖို့ ခွင့်ပေးမယ်၊ ပင်လုံထက် ကျယ်ပြန့်တဲ့ ညီလာခံကို ကျင်းပပေးမယ်လို့ ပြောတယ်” ဟု ၁၉၉၅ ခုနှစ် အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်ရန် ဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် မွန်ပြည်သစ် ကိုယ်စားလှယ် နိုင်စိုးမြင့်က ပြောသည်။

၁၉၉၅ ခုနှစ်တွင် ယခင်နဝတ စစ်အစိုးရနှင့် ပထမအကြိမ် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရပြီးနောက် မွန်ပြည်သစ် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက နိုင်ငံရေး ဆွေးနွေးရန် တင်ပြခဲ့သော်လည်း မိမိတို့မှာ စစ်အစိုးရ ဖြစ်သည့်အတွက် နောင်တက်လာမည့် အရပ်သား အစိုးရနှင့်သာ ဆွေးနွေးရန် အကြောင်းပြန်ခဲ့သည်။

အပစ်အခတ် ရပ်စဲပြီး တရားဝင် ပါတီအဖြစ် ရပ်တည်ပါက အကျဉ်းကျ ခံနေရသည့် မွန်ပြည်သစ်မှ နိုင်ယက္ခနှင့် နိုင်မျိုးသွေး စသည်တို့ အလိုအလျောက် လွတ်မြောက်လာမည် ဖြစ်ကြောင်း ဦးအောင်မင်း၏ ပြောဆိုချက်ကို ကိုးကားပြီး နိုင်စိုးမြင့်က ပြောသည်။

မွန်စာပေ သင်ကြားမှုနှင့် ပတ်သက်ပြီး အစိုးရကျောင်းတွင် သင်ကြားလိုပါက သင်ကြားခွင့် ပေးမည် ဖြစ်ကြောင်း၊ မွန်ကျေးရွာများတွင် မွန်စာပေ သင်ကြားနိုင်ရန် ပြည်နယ်လွှတ်တော်က ဆောင်ရွက်ပေးနိုင်ကြောင်း အလွတ်သဘော တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က မွန်ပြည်သစ် ကိုယ်စားလှယ်များအား ပြောသည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း ဦးအောင်မင်း ခေါင်းဆောင်သည့် အဖွဲ့နှင့် မွန်ပြည်သစ် အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ စံခလပူရီမြို့တွင် ငြိမ်းချမ်းရေးအတွက် ပထမအကြိမ် ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယခုသဘောတူချက်မှ အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်လာပါက ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မွန်ပြည်သစ်ပါတီသည် မြန်မာအစိုးရနှင့် ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲနိုင်မည် ဖြစ်သည်။

Feedback From
Name of sender: N Aei Khoc
Email of sender: Myotaw@gmail.com
COMMENTS : မွန်လူမျိုးတို့နဲ့ဗမာလူမျိုးတွေဟာ မြန်မာတစ်ဝန်းမှာရှိတဲ့တိုင်းရင်းသားတွေအားလုံးတွေထဲမှာ စင်တူရိုးရာယဉ်ကျေးမှုများဆက်စပ်နေပါသဖြင့်မွန်+ဗမာသည်မြန်မာဟုအဓိပ္ပါယ်ဖေါ်နိုင်သည် မွန် နဲ့ဗမာတို့ အဓိကကိုးကွယ်ရာ ဗုဒ္ဓဘာသာဖြစ်ကြသည်။ ၄င်းမွန်ဗမာချစ်ကြည်ရေးကိုဦးစားပေးပြီးနိုင်ငံရေးလူမှုရေးပညာရေးတို့တက်အောင်ဖေါ်ဆောင်ပေးရန် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းမှတဆင့်နိုင်ငံတော်ဝန်ကြီး ဦးသိန်းစိန်ထံ မေတ္တာရပ်ခံအပ်ပါသည်။
မွန် ဆိုသည်မှာ ဗမာတို့၏အဓိကရန်သူမဟုတ်ပါ။
Feedback From
Name of sender: Min Nanda Kyaw
Email of sender: sanayminthar9@gmail.com
COMMENTS: မွန်-ဗမာနီးစပ်မှုရှိခြင်းမရှိခြင်းကို၊ မနူဟာဘုရင်မင်းမြတ်နှင့်အနော်ရထာမင်းကြီး လက်တွဲသာသနာပြုခဲ့ပုံကို၊ မွန်ဗမာရှေးသုံးရပ်ရာဇ၀င်မှာအတိအလင်းဖေါ်ပြထားပါတယ်။ မွန်စာပေကနေ-ဗမာစာပေပေါ်ပေါက်လာတာကိုလည်းလေ့လာမှတ်သား ရပါတယ်။ မနူဟာမင်းနှင့် နှစ်ပေါင်း(၇၀၀)လောက်ကွာခြားပြီးမှ ဦးကုလားရဲ့ မှန်နန်းရာဇ၀င်တော်ကြီးပေါ်ပေါက်လာတဲ့အချိန်မှာမှ မနူဟာဘုရင်ကို ပိဋကတ်သုံးပုံကြောင့်စစ်တိုက်ယူသည်ဟုမှတ်တမ်းတင်ခဲ့ကြောင်းတွေ့ရသည်။ ထိုအချိန်ကိုကြည့်လျှင် ဟံသာဝတီ-အင်းဝအရေးကြောင့် မွန်ဗမာသွေးဝမ်းကွဲစေရန် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ဟန်တူသည်။ ထိုဖြစ်စဉ်များကိုကြည့်လျှင် ယင်းအချိန်မှယခုထိ အထင်အမြင်လွဲနေခြင်းဖြစ်မည်။ သေချာလေ့လာလျင် မွန်ဗမာ(သုံး)ရပ်ရှေးရာဇ၀င်ကြီးသည် ဦးကုလားရာဇ၀င်ထက်စောကြောင်းလေ့လာရသည်။ ထို့ကြောင့် ဘာမဟုတ်သည်ကိစ္စလေးနှင့် နှစ်ပေါင်းအတော်ကြာ သွေးခွဲနေကြသော တို့ညီအစ်ကိုတတွေသည် အမှန်ကိုဖေါ်ထုတ်ပြီးလက်တွဲညီညီ ဒေသအကျိုးကိုလက်တွဲဆောင်ရွက်သွားကြရအောင်လေ------

Feedback; အကြံပြုရန်

ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


သတင်း၊ ဖေဖော်ဝါရီလ၊၂၀၁၂
သတင်း၊ ဖေဖော်ဝါရီလ၊၂၀၁၂


- ဝင်းက ဘုရားဈေးတန်း ဆိုင်ခန်းအားလုံး မီးလောင်ပြာကျ

- မွန်ပြည်သစ် ငြိမ်းချမ်းရေး ထပ်မံဆွေးနွေးမည်

- ဖေဖော်ဝါရီ မကုန်မီ ငြိမ်းချမ်းရေးအတွက် မွန်ပြည်သစ် လက်မှတ်ထိုးဖွယ်ရှိ

- ဝန်ကြီးချုပ် ခရီးစဉ်အတွင်း လောင်းကစားဝိုင်း ယာယီပိတ်

- ဆင်းရဲသူ ၄ ဦးကို ထိုင်းဘတ်ငွေ တသိန်းခွဲကျော်ဖြင့် ပြန်ပေးလက်မှ ပြန်ရွေး

- KNU နယ်မြေအတွင်း ခနောက်စိမ်း တူးဖော်ရေး ကုမ္ပဏီအချို့ ရပ်နား

- ငြိမ်းချမ်းရေး စာချုပ်အတွက် စစ်ပွဲများ ရပ်ဆိုင်းရန်လိုအပ်

- လွတ်လပ်သည့် မွန်ကိုယ်ပိုင်ပြည်နယ် ရှိသင့်ကြောင်း သြစတြေးလျ အထက်လွှတ်တော်အမတ် ပြော 

- ရန်ကုန်တွင် ၁၅ နှစ်တာ အပိတ်ခံရသည့် မွန်အမျိုးသားနေ့ ပြန်လည်ကျင်းပခွင့်ရ

- ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် မွန်ပြည်သစ် ပဏာမ သဘောတူ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views