အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ငြိမ်းချမ်းရေး ဆွေးနွေးမည့် မွန်ပြည်သစ် ကိုယ်စားလှယ်အဖွဲ့ မွန်ပြည်နယ် ရောက်
သတင်း
Share |

ငြိမ်းချမ်းရေး ဆွေးနွေးမည့် မွန်ပြည်သစ် ကိုယ်စားလှယ်အဖွဲ့ မွန်ပြည်နယ် ရောက်

အာကာ၊ ကောင်းဝါသတင်းဌာန

ဇန္နာဝါရီ ၃၀၊ ၂၀၁၂။

အစိုးရ ကိုယ်စားလှယ်များနှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မော်လမြိုင်မြို့ အတ္ထရံဟိုတယ်၌ ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ဒု-ဥက္ကဌ နိုင်ရော့စ ဦးဆောင်သည့် ဗဟိုကော်မတီ ၇ ဦးပါ မွန်ပြည်သစ် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့သို့ ရောက်ရှိပြီ ဖြစ်သည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်း   ဦးဆောင်သည့် အဖွဲ့နှင့် နိုင်ဟံသာ ဦးဆောင်သည့် မွန်ပြည်သစ်ပါတီတို့   ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့တွင်  အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်ရန် ဆွေးနွေးကြစဉ်။ (photo: အာကာ)

ဗဟိုဌာနချုပ် ရှိရာ ရေးချောင်းဖျားမှ နံနက်ပိုင်းတွင် စတင်ထွက်ခွာခဲ့ပြီး၊ နေ့လည်ပိုင်းတွင် မွန်ပြည်နယ် ရေးမြို့သို့ ရောက်ရှိကာ၊ ၎င်းမှတဆင့် ညနေ ၃ နာရီကျော်တွင် သံဖြူဇရပ်မြို့သို့ ရောက်ရှိလာခဲ့သည်။

မနက်ဖြန် (ဇန်နဝါရီလ ၃၀ ရက်နေ့) တွင် မော်လမြိုင်သို့ မသွားရောက်မီ သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်ရှိ ဟံသာထော ဘုန်းတော်ကြီးကျောင်းတွင် တည်းခိုမည် ဖြစ်ပြီး ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် ဆွေးနွေးလျက် ရှိသည်ဟု ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သီလဝန္တထံမှ ကြားသိရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးမည့် မွန်ပြည်သစ် ကိုယ်စားလှယ်များကို သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်ရှိ ကျေးရွာများမှ ပြည်သူ ၅၀၀ ကျော်က လာရောက် ကြိုဆိုကြကြောင်း ကြိုဆိုရေး အဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။

မွန်ပြည်သစ် ကိုယ်စားလှယ် အဖွဲ့က ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် အစိုးရ ကိုယ်စားလှယ် အပါအဝင် ပြည်နယ်အဆင့် ကိုယ်စားလှယ်များနှင့် ပူးပေါင်းတွေ့ဆုံမည် ဖြစ်ကြောင်း ဟံသာထောကျောင်းသို့ ရောက်ရှိနေသည့် ဆွေးနွေးရေး ဒု-အဖွဲ့ခေါင်းဆောင် နိုင်တလညီက ပြောသည်။

မည်သည့်အချက်များ ဆွေးနွေးမည်ကို မွန်ပြည်သစ်ဘက်က ကြိုတင် ပြောဆိုရန် ငြင်းဆိုသော်လည်း ဆွေးနွေးပွဲမှ ရလဒ်ကောင်းများ ဖြစ်ပေါ်လာမည်ဟု ယူဆသည်။

“ဒီနေ့အနေအထားအရ နှစ်ဖက်ညှိနှိုင်းမှုကနေ ပြေလည်မှု ရဖို့ များတယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု နိုင်တလညီက ပြောသည်။

မွန်ပြည်သစ် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်များ ဖြစ်သည့် နိုင်ရော့စ၊ နိုင်တလညီ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်သည့် နိုင်လရီဂကောင်း၊ ဗဟိုကော်မတီဝင်များ ဖြစ်သည့် မော်လမြိုင်ခရိုင် ဥက္ကဋ္ဌ နိုင်အေးမွန်၊ ထားဝယ်ခရိုင် ဥက္ကဋ္ဌ နိုင်ဗညားလယ်၊ သထုံခရိုင် အတွင်းရေးမှူး နိုင်ဧကနှင့် ဗဟိုစစ်ကော်မတီ ဒု-ဗိုလ်မှူးကြီး နိုင်ဗညားချမ်းနွန်တို့ ပါဝင်သည်။

ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ အပစ်အခတ် ရပ်စဲရေး သဘောတူချက် ရရှိပါက ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မွန်ပြည်သစ်ပါတီက အနှစ် ၅၀ ကျော်အတွင်း မြန်မာအစိုးရနှင့် ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲနိုင်မည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၄ ခုနှစ်မှစပြီး ယခင် နဝတအစိုးရနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် လေးကြိမ်တိုင် ဆွေးနွေးခဲ့ပြီးနောက် ၁၉၉၅ နှစ်လယ်ခန့်တွင် ပထမအကြိမ် အပစ်အခတ် ရပ်စဲရေး သဘောတူချက် ရရှိခဲ့ကာ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်းရန် ဗဟိုအစိုးရက ဖိအားပေးရာမှ ၁၅ နှစ်ကျော် ရယူထားသည့် အပစ်အခတ် ရပ်စဲရေး သဘောတူချက် ပျက်ပြယ်ခဲ့သည်။


Feedback; အကြံပြုရန်

ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


သတင်း ဇန္နာဝါရီ၊၂၀၁၂
သတင်း ဇန္နာဝါရီ၊၂၀၁၂


- ငြိမ်းချမ်းရေး ဆွေးနွေးမည့် မွန်ပြည်သစ် ကိုယ်စားလှယ်အဖွဲ့ မွန်ပြည်နယ် ရောက်

- မွန်လက်နက်ကိုင် တော်လှန်ရေးအတွက် လက်နက်စုဆောင်းသူ ကွယ်လွန်

- ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းဒေသရှိ ဒေသခံများ ထိုင်းနိုင်ငံသို့ ထွက်ခွာ

- ငြိမ်းချမ်းရေး ဆွေးနွေးရန် ကိုယ်စားလှယ်များကို မွန်ပြည်သစ် ရွေးချယ်ပြီးစီး

- မွန်အမျိုးသား ပါလီမန်တည်ထောင်မည်

- အပစ်အခတ် ရပ်စဲရေးတွင် မမွေ့လျော်ရန် မွန်ပြည်သစ် ပြော

- မွန်ပြည်သူများ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထောင်ထွက် မွန်ဘုန်းကြီး ပြော

- အမှိုက်ကောက် ရုန်းကန်သည့် မြန်မာ့ကလေးဘဝ ဓာတ်ပုံပြပွဲ ချင်းမိုင်တွင်ပြုလုပ်

- အပစ်ရပ်ရေး ဇန်နဝါရီတွင် မွန်ပြည်သစ် မဆွေးနွေးနိုင်သေး

- ငြိမ်းချမ်းရေး ဆွေးနွေးစဉ် အစိုးရတပ်ကို မပစ်ခတ်ရန် ကေအန်ယူက ညွန်ကြားထား

- ဘုရားသုံးဆူမြို့နယ်ခွဲ အနန်းကွင်းဘုရားပွဲတွင် ဗုံးပေါက်၊ ၄ ဦးသေဆုံး

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views