အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မွန်လက်နက်ကိုင် တော်လှန်ရေးအတွက် လက်နက်စုဆောင်းသူ ကွယ်လွန်
သတင်း
Share |

မွန်လက်နက်ကိုင် တော်လှန်ရေးအတွက် လက်နက်စုဆောင်းသူ ကွယ်လွန်

အာကာ၊ ကောင်းဝါသတင်းဌာန

ဇန္နာဝါရီ ၃၀၊ ၂၀၁၂။
 

မွန်အမျိုးသား တော်လှန်ရေးအတွက် လက်နက်စုဆောင်းသူ နိုင်သောင်းရေး
(Photo- Nai layeh Rot)

မွန်လက်နက်ကိုင် တော်လှန်ရေး စတင်ရန်အတွက် လက်နက်စုဆောင်းရာတွင် ပါဝင်သူတဦး ဖြစ်သည့် အသက် ၉၃ နှစ်ရှိ နိုင်သောင်းရေးသည် ဇန်နဝါရီလ ၂၇ နေ့က ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့ ဘုရားသုံးဆူ (ထိုင်းဘက်ကမ်း) တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

မိဘနှစ်ပါး ဖြစ်သည့် နိုင်ဝင်းဦးနှင့် မိစိမ်းမြတို့မှ ၁၉၁၉ ခုနှစ်တွင် မွေးဖွားသည့် နိုင်သောင်းရေးသည် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငရွာ ဇာတိဖြစ်ပြီး အစိုးရ ပထမကြီးတန်းထိ ပရိယတ္တိစာပေကို သင်ကြားခဲ့ပြီးနောက် ၁၉၄၈ ခု မွန်လက်နက်ကိုင် တော်လှန်ရေး စတင်ချိန်တွင် ပါဝင်ခဲ့သည်။

မွန်ပြည်သူ့တပ်ဦး ဥက္ကဌ နိုင်အောင်ထွန်းနှင့် မျိုးချစ်ပုဂ္ဂိုလ်များက မွန်အမျိုးသား လက်နက်ကိုင် တော်လှန်ရေးအတွက် ၎င်းတို့ပိုင် ပငဆားကွင်းများကို ရောင်းချပြီး ကရင်ပြည်နယ် ဖာပွန်ဒေသဘက်သို့ လက်နက်ဝယ်ယူရန်အတွက် နိုင်သောင်းရေးကို စေလွှတ်ခဲ့သည်။

၁၉၅၈ ခုနှစ် မွန်ပြည်သူ့တပ်ဦး ဖဆပလ အစိုးရထံ လက်နက်အပ်နှံရာတွင် ပါဝင်ခြင်း မရှိပဲ နိုင်ရွှေကျင် ပြန်လည်ဖွဲ့စည်းသည့် မွန်ပြည်သစ်ပါတီတွင် ပါဝင်ခဲ့ပြီး အသက် ၅၀ အရွယ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် အနားယူခဲ့သည်။

“အဖေ့လို မျိုးချစ်ပုဂ္ဂိုလ်တယောက် ဆုံးသွားတာ အတိုင်းမသိ ဝမ်းနည်းပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ အဖေဟာ ကိုယ်ကျိုးမဖက်ပဲ အမျိုးသားရေးကို ဆောင်ရွက်ခဲ့လို့ပါပဲ” ဟု သားမက် ဖြစ်သူ မွန်အမျိုးသားရေးရာ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး နိုင်လယီရွတ်က ပြောသည်။

မွန်တော်လှန်ရေး စတင်သူများအနက် အသက်အကြီးဆုံး ဖြစ်သည့် နိုင်သောင်းရေးသည် မွန်ပြည်သစ်မှ အနားယူပြီးနောက် ထိုင်းနိုင်ငံသို့ ဝင်ရောက်ကာ ကန်ချနပူရီခရိုင် စံခလပူရီမြို့ ဝင်းကရွာတွင် နေထိုင်ခဲ့သည်။ ၎င်းနောက် တရုတ်ဖြူ ကူမင်တန် တည်ထောင်သည့် ကန်ချနပူရီခရိုင် စိုင်ရွတ်မြို့ ကန်းယန်ရွာသို့ ပြောင်းရွှေ့ပြီး ကျေးရွာအုပ်ချုပ်ရေး ကော်မတီဝင်အဖြစ် ခန့်အပ်ခံရသည်။

ထိုင်းအစိုးရက ၁၉၈၀ ခုနှစ်အလွန်တွင် ကူမင်တန်များကို ထိုင်းနိုင်ငံတွင်းမှ မောင်းမထုတ်မီ ၃ နှစ်ခန့်တွင် ထိုင်း-မြန်မာနယ်စပ်သို့ ပြောင်းရွှေ့ပြီးနောက် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ဂူပေါင်းရွာ (ကြံခင်းရွာ) ကို တည်ခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီး မိငွေစိန်နှင့် သားသမီး ၅ ဦး ကျန်ရစ်သည်။ ကျန်ရစ်သည့် ရုပ်ကလာပ်ကို တနင်္ဂနွေနေ့က ဘုရားသုံးဆူ ထိုင်းဘက်ကမ်းရှိ မွန်ဘုန်းတော်ကြီးကျောင်းတွင် မီးသင်္ဂြိုဟ်ပြီးစီးပြီ ဖြစ်သည်။


Feedback; အကြံပြုရန်

ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


သတင်း ဇန္နာဝါရီ၊၂၀၁၂
သတင်း ဇန္နာဝါရီ၊၂၀၁၂


- ငြိမ်းချမ်းရေး ဆွေးနွေးမည့် မွန်ပြည်သစ် ကိုယ်စားလှယ်အဖွဲ့ မွန်ပြည်နယ် ရောက်

- မွန်လက်နက်ကိုင် တော်လှန်ရေးအတွက် လက်နက်စုဆောင်းသူ ကွယ်လွန်

- ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းဒေသရှိ ဒေသခံများ ထိုင်းနိုင်ငံသို့ ထွက်ခွာ

- ငြိမ်းချမ်းရေး ဆွေးနွေးရန် ကိုယ်စားလှယ်များကို မွန်ပြည်သစ် ရွေးချယ်ပြီးစီး

- မွန်အမျိုးသား ပါလီမန်တည်ထောင်မည်

- အပစ်အခတ် ရပ်စဲရေးတွင် မမွေ့လျော်ရန် မွန်ပြည်သစ် ပြော

- မွန်ပြည်သူများ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထောင်ထွက် မွန်ဘုန်းကြီး ပြော

- အမှိုက်ကောက် ရုန်းကန်သည့် မြန်မာ့ကလေးဘဝ ဓာတ်ပုံပြပွဲ ချင်းမိုင်တွင်ပြုလုပ်

- အပစ်ရပ်ရေး ဇန်နဝါရီတွင် မွန်ပြည်သစ် မဆွေးနွေးနိုင်သေး

- ငြိမ်းချမ်းရေး ဆွေးနွေးစဉ် အစိုးရတပ်ကို မပစ်ခတ်ရန် ကေအန်ယူက ညွန်ကြားထား

- ဘုရားသုံးဆူမြို့နယ်ခွဲ အနန်းကွင်းဘုရားပွဲတွင် ဗုံးပေါက်၊ ၄ ဦးသေဆုံး

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views