အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ညီလာခံ မကျင်းပမီ ငြိမ်းချမ်းရေးကိစ္စကို မွန်ပြည်သစ် ဆွေးနွေးမည်
သတင်း
Share |

မွန်ပါတီနှစ်ခု ပေါင်းမည်

အာကာ၊ကောင်းဝါ
တန်ဆောင်မုန်းလဆန်း ၁၅ ရက်၊ နိုဝင်ဘာ၂၅၊ ၂၀၁၁။

၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် မွန်နိုင်ငံရေးပါတီဟောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီသစ်တို့ ပူးပေါင်းရန် သဘောတူထားပြီ ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။

ပူးပေါင်းရန် အခြေအနေ ပေါ်ပေါက်လာခြင်းနှင့် မွန်ပြည်သူများ၏ တောင်းဆိုမှုကြောင့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (မွန်ဒီမို) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (ပါတီသစ်) ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှ ပူးပေါင်းရန် သဘောတူကြခြင်း ဖြစ်သည်။

မွန်အမျိုးသား ဒီမိုကရေစီအလံ နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တံဆိပ်

“မွန်မှာ ပါတီနှစ်ခု မရှိသင့်ဘူး။ ပေါင်းကို ပေါင်းရမှာပဲ။ ကျနော်တို့ နှစ်ဘက်လုံးက ဒီသဘောတရားကို လက်ခံတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းကလည်း “ကျနော်တို့ မွန်ပါတီနှစ်ခု ပေါင်းလိုက်ရင် ကျနော်တို့ မွန်ဒေသမှာ ရှိတဲ့ ပြည်သူတွေအတွက် အကျိုးရှိအောင် အများကြီး လုပ်နိုင်မယ်” ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် မှတ်ပုံတင်ပြီးနောက် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မွန်ဒီမို၏ ပါတီ ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားတွင် မွန်ဒီမိုအနေနှင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပါက မွန်ပါတီနှစ်ခု ဖြစ်လာနိုင်ပြီး မွန်ပြည်သူများ စိတ်ထွေပြားမှု ဖြစ်လာနိုင်သည့်အတွက် ပါတီခေါင်းဆောင်များက မွန်နိုင်ငံရေးပါတီ တခုတည်း ဖြစ်ရန်အတွက် (ပါတီသစ်) နှင့် ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

လွန်ခဲ့သည့် လအနည်းငယ်ကပင် မွန်ဒီမိုခေါင်းဆောင် နိုင်ငွေသိမ်းက ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် မိမိလူမျိုးစုအရေးအတွက် ပါတီသစ်နှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ပါတီသစ် ခေါင်းဆောင် နိုင်ငွေသိန်းကလည်း ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသား ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတခု ရှိသင့်သည်ဟူသော ယုံကြည်ချက်ကြောင့် အခြေအနေအရ ပါတီသစ် ပေါ်ပေါက်လာရခြင်းသာ ဖြစ်ပြီး ပါတီနှစ်ခု ကွဲနေခြင်း မဟုတ်ကြောင်း ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပရန် ရှိပြီး၊ ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်ပါက ပါတီနှစ်ခု တရားဝင် ပူးပေါင်းနိုင်မည် ဖြစ်သည်။

မွန်ဒီမိုဟု လူသိများသည့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ၅ နေရာ အနိုင်ရခဲ့ကာ၊ ၁၉၉၁ ခုနှစ်တွင် ပါတီခေါင်းဆောင်များ ဖမ်းဆီးခံရပြီး မွန်ပြည်နယ်နေ့ ဖြစ်သည့် ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံရသည်။

ပါတီသစ် ဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ၂၀၁၀ ခုနှစ် ဧပြီ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ၁၆ နေရာ အနိုင်ရရှိခဲ့သည်။


Feedback Form  
Date:
Sat, Dec 03, 2011 at 11:37 AM
Name of sender:
Min Chan Mon
Email of sender:





I appreciate the combination of the two parties

Feedback Form  
Date:
Fri, Dec 02, 2011 at 3:27 PM
Name of sender:
kyaw san oo
Email of sender:





ပူးပေါင်းလိုက်ကြတာကောင်းပါတယ်။


Feedback; အကြံပြုရန်

ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


သတင်း နိုဝင်ဘာ၊၂၀၁၁
သတင်း နိုဝင်ဘာ၊၂၀၁၁


မွန်ပါတီနှစ်ခု ပေါင်းမည်

ညီလာခံ မကျင်းပမီ ငြိမ်းချမ်းရေးကိစ္စကို မွန်ပြည်သစ် ဆွေးနွေးမည်

မွန်ခေါင်းဆောင်များ သမတ ဦးသိန်းစိန်အပေါ် ယုံကြည်မှု ကင်းမဲ့

မွန်ဒီမို ခေါင်းဆောင် ပြောင်း

ပြန်ပေးဆွဲခံရသည့် ထိုင်းအမျိုးသမီး ၃ ဦးအနက် ၂ ဦး ပြန်လွတ်

မွန်ပြည်သစ်ပါတီ ခေါင်းဆောင်ဟောင်းများဖြင့် မွန်ဒီမိုကို အားဖြည့်မည်

မွန်ပြည်သစ်နှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဗဟိုဌာနချုပ်တွင် ဆွေးနွေး

အစိုးရ၏ ငြိမ်းချမ်းရေးကိစ္စ မွန်ပြည်သစ် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

ဆက်ကြေးငွေ မရသည့်အတွက် ဝန်ထမ်းတန်းလျားကို မီးရှို့

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဘဝဇာတ်ကြောင်း ရုပ်ရှင်ကို မကြည့်ဝံ့သေး

ရွေးကောက်ပွဲတနှစ်ပြည့်မွန်နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှု ဘယ်အခြေ ရောက်ပြီလဲ

စစ်တပ်က သိမ်းယူထားသည့် မြေများကို ထုတ်ရောင်း

ဘန်ကောက် ရေကြီးခြင်းကြောင့်သုံးဆူနယ်စပ်တွင်စက်ရုံများပိတ်ရ

၁၂ နှစ်အရွယ် ကျောင်းသူတဦး စစ်ဗိုလ်၏ မုဒိမ်းကျင့် ခံရခြင်းမှ သီသီလေး လွတ်မြောက်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views